Monday, October 30, 2017

ေျမပုံက မူဆလင္ဒုကၡသည္စခန္းကုိ လာေရာက္သည့္ RI အဖြဲ႔ တားဆီးခံရ By RiA |

,
ေျမပုံ၊ ေအာက္တုိဘာ ၂၉ ရက္။ မူဆလင္ဒုကၡသည္စခန္းသုိ႔ က်န္းမာေရး စစ္ေဆးႏုိင္ရန္ လာေရာက္သည့္ Relief International (RI) အဖြဲ႔၏ ခရီးစဥ္ကုိ အင္အား ၁၀၀ ထက္မနည္း ပါဝင္သည့္ လူအုပ္က တားဆီးခဲ့သည္။

ျပည္နယ္အစုိးရ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေျမပုံၿမဳိ႕နယ္ရွိ မူဆလင္ ဒုကၡသည္စခန္းတြင္း က်န္းမာေရး စစ္ေဆးမႈမ်ား ေဆာင္ရြက္ႏုိင္ရန္ RI အဖြဲ႔သည္ ေျမပုံၿမဳိ႕နယ္သုိ႔ ေအာက္တုိဘာလ ၂၅ ရက္ေန႔က ေရာက္ရွိ လာၿပီးေနာက္ ၿမိဳ႕ပတ္​လမ္​း၊ မီးစက္​အနီး ယခုလုိ တားဆီးခံခဲ့ရျခင္း ျဖစ္ေၾကာင္း ေျမပုံၿမဳိ႕နယ္ရဲတပ္ဖြဲ႔က ေျပာသည္။

ၿမဳိ႕နယ္အုပ္ခ်ဴပ္ေရးမွဴး အပါအဝင္ ဌာနဆုိင္ရာ တာဝန္ရွိသူမ်ားက အဆုိပါ လူအုပ္ကုိ ဖယ္ရွားရန္ ေတာင္းဆုိခဲ့ေသာ္လည္း ဖယ္ေပးျခင္း မရွိေသာေၾကာင့္ RI အဖြ႔ဲအေနျဖင့္ လွည့္ျပန္ခဲ့ရသည္။

ျဖစ္စဥ္တြင္ တာဝန္ရွိသူမ်ားျဖစ္သည့္ ရခုိင္အမ်ဳိးသမီးကြန္ရက္အဖြဲ႔၏ ဥကၠဌ ေဒၚခင္သိန္းႏွင့္ တြဲဘက္အတြင္းေရးမွဴး မေအးဝင္းၾကည္၊ ၿမဳိ႕မိၿမဳိ႕ဖအဖြဲ႔ဝင္ ဦးသန္းညြန္႔တုိ႔ကုိ ၿမဳိ႕နယ္ရဲတပ္ဖြဲ႔က ျပစ္မႈဆုိင္ရာအမွတ္ ၁၅၇/၂၀၁၇၊ ျငိမ္းစုစီဥပေဒပုဒ္မ ၁၉ ျဖင့္ ေအာက္တုိဘာလ ၂၆ ရက္ေန႔ညတြင္ အမႈဖြင့္ခဲ့ၿပီး တရား႐ုံးတင္ စစ္ေဆးႏုိင္ရန္ မ်က္ျမင္သက္ေသမ်ားကုိ ေခၚယူစစ္ေဆးလ်က္ရွိသည္။

“ ဦးေဆာင္သူ ၃ ဦးကုိ အမႈဖြင့္ထားတယ္၊ မ်က္ျမင္သက္ေသေတြကုိလည္း ေခၚစစ္ေနတယ္။ ဘယ္ေန႔ ႐ုံးတင္မလဲ ဆုိတာကေတာ့ မသိရေသးပါဘူး” ဟု ေျမပုံၿမဳိ႕နယ္ရဲစခန္း စခန္းမွဴး ဒုရဲမွဴး ေအာင္တင္မုိးက RiA သုိ႔ ေျပာသည္။

အဆုိပါ ၃ ဦးအနက္ မေအးဝင္းၾကည္မွာ စက္တင္ဘာလ ၁၂ ရက္ေန႔က အမ်ဳိးသမီးတစ္ဦး (မူဆလင္ဒုကၡသည္မ်ားသုိ႔ ရိကၡာေရာင္းသည္ဟု စြပ္စြဲခံရေသာ ေျမပုံၿမဳိ႕နယ္ ရြာသစ္ေက ေက်းရြာေန ေဒၚစုိးေခ်) ကုိ အုပ္စုဖြဲ႔႐ုိက္ႏွက္ခဲ့မႈတြင္ တာဝန္ရွိသူမ်ားအျဖစ္ စြပ္စြဲခံထားရသည့္ ၃ ဦးအနက္ တစ္ဦးျဖစ္ၿပီး ထုိစဥ္က ပုဒ္မ ၃ ခုျဖင့္ တရားစြဲဆုိခံထားရသူလည္း ျဖစ္သည္။

ယခုလုိ ေျမပုံၿမဳိ႕နယ္အတြင္း မူဆလင္ဆန္႔က်င္ေရးလႈပ္ရွားမႈမ်ား ဆက္တုိက္ျဖစ္ေပၚေနျခင္းႏွင့္ ပတ္သက္ၿပီး တစ္လအတြင္း ႏွစ္ႀကိမ္ဆက္တုိက္ ပါဝင္ခဲ့ေသာ ရခုိင္အမ်ဳိးသမီးကြန္ရက္သုိ႔ RiA မွ ဆက္သြယ္ခဲ့ေသာ္လည္း “ယခုမအားေသး”  ဟုဆုိကာ တယ္လီဖုန္းကုိ ခ်ပစ္ခဲ့ၾကသည္။

စက္တင္ဘာလ ဒုတိယသီတင္းပတ္အတြင္းက ေျမပုံၿမဳိ႕နယ္သုိ႔ RiA သတင္းအဖြဲ႔မွ ကုိယ္တုိင္ သြားေရာက္ခဲ့ၿပီး ႏွစ္ဘက္ လူ႔အသုိင္းအဝန္း ဆက္ဆံေရးမ်ားကုိ ေမးျမန္းစုံစမ္းခဲ့ရာတြင္ မူဆလင္မုန္းတီးေရးလႈပ္ရွားမႈမ်ားကုိ ဦးေဆာင္ေန သူမ်ားသည္ ၿမဳိ႕၏ ၾသဇာရွိသူမ်ား ျဖစ္ေနၿပီး ၿမဳိ႕နယ္အုပ္ခ်ဴပ္ေရး တာဝန္ရွိသူမ်ားကပင္ ၎တုိ႔ႏွင့္ ေကာင္းမြန္သည့္ ဆက္ဆံေရးလုိလားသည္ကုိ ေတြ႔ခဲ့ရသည္။

ေျမပုံၿမဳိ႕နယ္အတြင္း မူဆလင္ဒုကၡသည္စခန္းသုိ႔ ရိကၡာသယ္ယူ ပုိ႔ေဆာင္ေရး ကိစၥရပ္မ်ားအပါအဝင္ မူဆလင္မ်ားႏွင့္ အစုိးရအဖြဲ႔ အစည္းမ်ား၏ ဆက္ဆံေရးကုိပင္ အဆုိပါ လႈပ္ရွားမႈမ်ားကုိ ဦးေဆာင္ေနသူမ်ားသုိ႔ သတင္းဖလွယ္ေနရသည္ကုိ RiA ကုိယ္တုိင္ေတြ႔ျမင္ခဲ့ရသည္။

ယင္းအျပင္ စက္တင္ဘာလအတြင္းက ျဖစ္ေပၚခဲ့ေသာ မူဆလင္ ဒုကၡသည္မ်ားကုိ ရိကၡေရာင္းသူဟု စြပ္စြဲခ်က္ျဖင့္ လူအုပ္စု၏ ႐ုိက္ႏွက္မႈကုိ ခံရသည့္ ေဒၚစုိးေခ်၏ ျဖစ္စဥ္တြင္လည္း တာဝန္ရွိသူ ၃ ဦးကုိ ေျမပုံၿမဳိ႕နယ္ ရဲစခန္းမွ ျပစ္မႈအမွတ္ ၁၃၂/၂၀၁၇ ျပစ္မႈဆုိင္ရာဥပေဒပုဒ္မ ၃၂၃၊ ၅၀၀၊ ၃၅၄ စသည့္ ပုဒ္မ ၃ ခုျဖင့္ အမႈဖြင့္ တရားစြဲဆို ခဲ့ေသာ္လည္း အမႈ၏ ေနာက္ဆက္တြဲမ်ားကုိ စုံစမ္းရယူရန္ ခက္ခဲေနသလုိ အမႈမွာ ေက်ေအး လိုက္ၿပီဟုပင္ RiA ၏ သတင္းရင္းျမစ္မ်ားက ဆုိသည္။



ဓာတ္ပုံ – RI အဖြဲ႔၏ ခရီးစဥ္ကုိ တားဆီးခဲ့သည့္ လူအုပ္ (ဓာတ္ပုံ – RiA)

(Unicode Version)

မြေပုံက မူဆလင်ဒုက္ခသည်စခန်းကို လာရောက်သည့် RI အဖွဲ့ တားဆီးခံရ

By RiA |

မြေပုံ၊ အောက်တိုဘာ ၂၉ ရက်။ မူဆလင်ဒုက္ခသည်စခန်းသို့ ကျန်းမာရေး စစ်ဆေးနိုင်ရန် လာရောက်သည့် Relief International (RI) အဖွဲ့၏ ခရီးစဥ်ကို အင်အား ၁၀၀ ထက်မနည်း ပါဝင်သည့် လူအုပ်က တားဆီးခဲ့သည်။

ပြည်နယ်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် မြေပုံမြို့နယ်ရှိ မူဆလင်ဒုက္ခသည်စခန်းတွင်း ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် RI အဖွဲ့သည် မြေပုံမြို့နယ်သို့ အောက်တိုဘာလ ၂၅ ရက်နေ့က ရောက်ရှိလာပြီးနောက် ယခုလို တားဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း မြေပုံမြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။

မြို့နယ်အုပ်ချူပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါလူအုပ်ကို ဖယ်ရှားရန် တောင်းဆိုခဲ့သော်လည်း ဖယ်ပေးခြင်း မရှိသောကြောင့် RI အဖွ့ဲအနေဖြင့် လှည့်ပြန်ခဲ့ရသည်။

MyaeBone-1

ဖြစ်စဥ်တွင် တာဝန်ရှိသူများဖြစ်သည့် ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့၏ ဥက္ကဌ ဒေါ်ခင်သိန်းနှင့် တွဲဘက်အတွင်းရေးမှူး မအေးဝင်းကြည်၊ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းညွန့်တို့ကို မြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုဆိုင်ရာအမှတ် ၁၅၇/၂၀၁၇၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့ညတွင် အမှုဖွင့်ခဲ့ပြီး တရားရုံးတင် စစ်ဆေးနိုင်ရန် မျက်မြင်သက်သေများကို ခေါ်ယူစစ်ဆေးလျက်ရှိသည်။

“ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်ထားတယ်၊ မျက်မြင်သက်သေတွေကိုလည်း ခေါ်စစ်နေတယ်။ ဘယ်နေ့ ရုံးတင်မလဲ ဆိုတာကတော့ မသိရသေးပါဘူး” ဟု မြေပုံမြို့နယ်ရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်တင်မိုးက RiA သို့ ပြောသည်။

အဆိုပါ ၃ ဦးအနက် မအေးဝင်းကြည်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က အမျိုးသမီးတစ်ဦး (မူဆလင်ဒုက္ခသည်များသို့ ရိက္ခာရောင်းသည်ဟု စွပ်စွဲခံရသော မြေပုံမြို့နယ် ရွာသစ်ကေ ကျေးရွာနေ ဒေါ်စိုးချေ) ကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့မှုတွင် တာဝန်ရှိသူများအဖြစ် စွပ်စွဲခံထားရသည့် ၃ ဦးအနက် တစ်ဦးဖြစ်ပြီး ထိုစဥ်က ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရသူလည်း ဖြစ်သည်။

ယခုလို မြေပုံမြို့နယ်အတွင်း မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး တစ်လအတွင်း နှစ်ကြိမ်ဆက်တိုက် ပါဝင်ခဲ့သော ရခိုင်အမျိုးသမီးကွန်ရက်သို့ RiA မှ ဆက်သွယ်ခဲ့သော်လည်း “ယခုမအားသေး”  ဟုဆိုကာ တယ်လီဖုန်းကို ချပစ်ခဲ့ကြသည်။

စက်တင်ဘာလ ဒုတိယသီတင်းပတ်အတွင်းက မြေပုံမြို့နယ်သို့ RiA သတင်းအဖွဲ့မှ ကိုယ်တိုင် သွားရောက်ခဲ့ပြီး နှစ်ဘက် လူ့အသိုင်းအဝန်း ဆက်ဆံရေးများကို မေးမြန်းစုံစမ်းခဲ့ရာတွင် မူဆလင်မုန်းတီးရေးလှုပ်ရှားမှုများကို ဦးဆောင်နေ သူများသည် မြို့၏ သြဇာရှိသူများ ဖြစ်နေပြီး မြို့နယ်အုပ်ချူပ်ရေး တာဝန်ရှိသူများကပင် ၎င်းတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေးလိုလားသည်ကို တွေ့ခဲ့ရသည်။

မြေပုံမြို့နယ်အတွင်း မူဆလင်ဒုက္ခသည်စခန်းသို့ ရိက္ခာသယ်ယူပို့ဆောင်ရေး ကိစ္စရပ်များအပါအဝင် မူဆလင်များနှင့် အစိုးရအဖွဲ့အစည်းများ၏ ဆက်ဆံရေးကိုပင် အဆိုပါ လှုပ်ရှားမှုများကို ဦးဆောင်နေသူများသို့ သတင်းဖလှယ်နေရသည်ကို RiA ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။

ယင်းအပြင် စက်တင်ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သော မူဆလင်ဒုက္ခသည်များကို ရိက္ခရောင်းသူဟု စွပ်စွဲချက်ဖြင့် လူအုပ်စု၏ ရိုက်နှက်မှုကို ခံရသည့် ဒေါ်စိုးချေ၏ ဖြစ်စဥ်တွင်လည်း တာဝန်ရှိသူ ၃ ဦးကို မြေပုံမြို့နယ်ရဲစခန်းမှ ပြစ်မှုအမှတ် ၁၃၂/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃၊ ၅၀၀၊ ၃၅၄ စသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် တရားစွဲဆို ခဲ့သော်လည်း အမှု၏ နောက်ဆက်တွဲများကို စုံစမ်းရယူရန် ခက်ခဲနေသလို အမှုမှာ ကျေအေးလိုက်ပြီဟုပင် RiA ၏ သတင်းရင်းမြစ်များက ဆိုသည်။



ဓာတ်ပုံ – RI အဖွဲ့၏ ခရီးစဥ်ကို တားဆီးခဲ့သည့် လူအုပ် (ဓာတ်ပုံ – RiA)

#RiA #Burmese #Arakan #Updatenews #Muslim #Refugees #Myaebon #Relief_International

https://goo.gl/xaNca1

https://m.facebook.com/story.php?story_fbid=1983141975289499&id=1563545443915823

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ ေျမပုံက မူဆလင္ဒုကၡသည္စခန္းကုိ လာေရာက္သည့္ RI အဖြဲ႔ တားဆီးခံရ By RiA | ”

Post a Comment

Related Posts Plugin for WordPress, Blogger...