Saturday, October 14, 2017

မြန်မာစစ်တပ်က တပ်ရင်း ၇၀ ကျော် ပါဝင်တဲ့ တပ်မကြီး ၂ ခု ရခိုင်ပြည်နယ်ထဲမှာ ရွှေ့ပြောင်း တပ်ဖြန့်ထား

,
OCTOBER 14, 2017 ADMIN 1 သတင်း

“ကြွေတစ်လက် ကြက်တစ်ခုန်”October 13, 2017မြန်မာစစ်တပ်က တပ်ရင်း ၇၀ ကျော် ပါဝင်တဲ့ တပ်မကြီး ၂ ခု ရခိုင်ပြည်နယ်ထဲမှာ ရွှေ့ပြောင်း တပ်ဖြန့်ထားတယ်လို့ အရှေ့တောင်အာရှ စစ်ရေးလေ့လာ ဆန်းစစ်သူများက ပြောပါတယ်။ စစ်သည်အင်အား ၃၀,၀၀၀ ကနေ ၃၅,၀၀၀ အထိရှိတဲ့ ခြေလျင်တပ်ရင်း၊ ခြေမြန် တပ်ရင်း တွေ ရခိုင် ပြည်နယ်ထဲမှာ တပ်ဖြန့်နေရာ ယူထား တဲ့အချိန်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမေရိကန် သံအမတ်ကြီး တွေ့ဆုံပွဲ၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြည်သူလူထုကို မိန့်ခွန်း ပြောကြား တာတွေ အောက်တိုဘာ ၁၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ရှားတောင့်ရှားပါး၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံခြား သံတမန်တွေ့ဆုံပွဲမှာ ရိုဟင်ဂျာ ဆိုတာ ရှေးအစဉ်အဆက် နေထိုင် လာတဲ့ တိုင်းရင်းသား လူမျိုးမဟုတ်ဘဲ ဗြိတိသျှ ကိုလိုနီခေတ်မှာ အလုပ်ကြမ်းခိုင်းဖို့ ခေါ်သွင်း လာတဲ့ ဘင်္ဂါလီ တွေသာ ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။ မြန်မာပြည်သူ တွေရော၊ တပ်မတော်ရော ရိုဟင်ဂျာ ဆိုတာကို တိုင်းရင်းသား အဖြစ် လုံးဝလက်မခံတာ သံတမန်တွေ ရှင်းရှင်း လင်းလင်း သိသွား တာပေါ့။ မြန်မာ တစ်ပြည်လုံးက လက်မခံတဲ့ ကိစ္စကို အတင်း အဓမ္မ နိုင်ငံတကာ ဖိအားပေးရင်လည်း ပြည်သူလူထု နဲ့အတူ တညီတညွတ်တည်း စည်းစည်း လုံးလုံး တုံ့ပြန်သွားမယ် ဆိုတဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်ကလည်း မိန့်ခွန်းမှာ ပြောသွားတယ်။ဩဂုတ်လ ၂၅ ရက်နေ့က မြန်မာ ရဲစခန်း ၃၀ ကို ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု တွေနဲ့ စတင်ခဲ့တဲ့ ဒုက္ခသည် အစုလိုက်အပြုံလိုက် ထွက်ပြေးမှု ပြဿနာကြီးကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်တွေ တစ်ဆင့် ချင်း စနစ်တကျ တုံ့ပြန် ဖြေရှင်းနေတာ မြင်အောင် ကြည့်ဖို့ အရေးကြီးပါတယ်။ ပြဿနာ စတင်တဲ့အချိန်က တစ်လကျော် အတွင်း အရမ်းမြန်ဆန်တဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်ပွားသွားခဲ့တယ်။ အကြမ်းဖက် အဖွဲ့က လိမ်ညာ ဝါဒဖြန့်တာတွေ တဖြည်း ဖြည်းနဲ့ ဘူးပေါ်သလို ပေါ်လာတော့ မီဒီယာ တွေလည်း တွေဝေစပြုလာတယ်။ လူမျိုးတုံး သတ်ဖြတ် ခံနေရပါတယ်ဆိုတဲ့ သနားစရာ ရိုဟင်ဂျာ ဆိုသူတွေက ဟိန္ဒူ ဘာသာဝင်တွေကို အစုလိုက် အပြုံလိုက် ရက်ရက် စက်စက် သတ်ဖြတ် ထားတာ မျက်ဝါးထင်ထင် တွေ့ရပြီလေ။တခြား နိုင်ငံတွေက ဓာတ်ပုံ အတုတွေနဲ့ သတင်းမှား လျှောက်ဖြန့် တာတွေလည်း တစ်ခုချင်း ပေါ်လာတော့ လူလိမ် တွေမှန်း သိလာကြတယ်။ဒေါ်အောင်ဆန်း စုကြည်ဟာ ပြဿနာ မိုးမီးလောင်နေချိန်မှာ တည်တည် ငြိမ်ငြိမ် အေးအေးဆေး ကိုင်တွယ်ဖြေရှင်း လာခဲ့လို့ အခြေအနေဟာ အခုတော့ ကြွေတစ်လက်၊ ကြက်တစ်ခုန် ဆိုသလို ကိုယ့်ဖက်က အသာ စီးရမယ့် အနေအထား ဖြစ်လာပြန်ပါပြီ။မြန်မာ စစ်တပ်က စက်တင်ဘာ ၅ ရက်နေ့ ကတည်းက စစ်ရေးလှုပ်ရှားမှု ဘာမှ မရှိတော့ တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ စက်တင်ဘာ ၁၉ ရက် မိန့်ခွန်းမှာ အတိအလင်း ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့်လည်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေးသူ ဒုက္ခသည်တွေ တဖွဲဖွဲရှိနေဆဲပဲ။ အောက်တိုဘာလ ဆန်းမှာပဲ ဒုက္ခသည် ၂ သောင်းလောက် နယ်စပ်မှာ စုရုံးရောက်ရှိနေလို့ သတင်း မီဒီယာတွေက မေးမြန်းကြတယ်။ တဖက်သတ် အပစ်အခတ် ရပ်ထားတဲ့ ARSA အကြမ်းဖက် အဖွဲ့ဟာ တစ်လပြည့်တဲ့ အောက်တိုဘာ ၁၀ ရက်နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်စရင် အရပ်သားတွေပါ ထိခိုက်သေဆုံးမှာ စိုးရိမ်လို့ ဆိုတဲ့အဖြေနဲ့ ARSA အကြမ်းဖက်အဖွဲ့က သူတို့ကို ရွာမှာ မနေ နိုင်အောင် အတင်းခြိမ်းခြောက် မောင်းထုတ်လို့ ဆိုတဲ့ အဖြေတွေ ပေးကြတယ်။ အများထင် သလို စစ်တပ်ကြောင့် မဟုတ်ဖူး။
ဒါတွေအပြင် သူတို့ ထုတ်မပြောတဲ့ နောက်အဖြေ တစ်မျိုးရှိသေးတယ်။ အများစုဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခေတ္တ ခိုလှုံနေထိုင်ပြီး အမေရိကန်၊ ဥရောပစတဲ့ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ ပြောင်းရွှေ့ အခြေချ နေထိုင်ဖို့ ရည်ရွယ်ချက်ရှိကြတယ်။ ဒီအဖြေမျိုးကို ဒုက္ခသည်စခန်းတွေမှာ လက်ရှိ ရောက်နေသူများက ထုတ်ဖော် ပြောနေကြပါပြီ။
အသက်ဘေးရန် မလုံခြုံတဲ့ မြန်မာနိုင်ငံကို မပြန်ချင်သလို၊ လူဦးရေ ထူထပ်ကျပ်သိပ်နေပြီး အလုပ်ရှားပါး ဆင်းရဲတဲ့ ဘင်္ဂလားဒေ့ရှ် မှာလည်း မနေချင်ကြောင်း၊ တတိယနိုင်ငံ တစ်ခုခုကို ပို့ပေးဖို့သာ ကုလသမဂ္ဂက စီစဉ် ပေးစေ လိုကြောင်း တောင်းဆို နေကြပါတယ်။
မြန်မာပြည်မှာ ကျီးလန့်စာစား ဆင်းဆင်းရဲရဲ ပင်ပင် ပန်းပန်း လုပ်ကိုင် စားသောက် ရတာ ထက် နိုင်ငံတကာ လှူဒါန်းမှု အကူအညီတွေနဲ့ ဒုက္ခသည် စခန်းမှာ စားလိုက် အိပ်လိုက် ဒချိဒချိ ကလေးတွေမွေးလိုက်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်သွားဖို့ သာသာ ယာယာ ထိုင်စောင့်နေရုံ ဘဝမျိုးပေါ့။
ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ ဘဝမျိုးကို ကြီးလှ စွာသော ဆင်းရဲ ဒုက္ခဆိုးအဖြစ် အနောက် နိုင်ငံတွေက ထင်မြင်ယူဆ ကြပေ မယ့်၊ မြန်မာပြည်လို နိုင်ငံမျိုးမှာ ဒီထက် အခြေအနေ ဆိုးတဲ့ တိုင်းရင်းသား ကျေးရွာတွေ အများကြီး ဆိုတာ သူတို့ မသိကြဘူး။ ထိုင်းနယ်စပ် က ဒုက္ခသည် စခန်းတွေမှာ နေထိုင် ခဲ့ရတဲ့ မြန်မာ တိုင်းရင်းသားတွေကို မေးကြည့်ပါလား။
အခုပြဿနာရဲ့ တစိတ် တဒေသကလည်း အဲဒီချမ်းသာတဲ့ နိုင်ငံကြီးတွေက သိန်းချီတဲ့ မူစလင် ဒုက္ခသည်တွေကို သူတို့တိုင်းပြည်မှာ လက်မခံ ချင်တော့ မြန်မာပြည်ကို အတင်း ဖိအားပေး နေကြတဲ့သဘောဆိုတာ နားလည် ထားရပါမယ်။
ထွက်ပြေး ဒုက္ခသည်တွေကို ပြန်လည် လက်ခံ ရာမှာ ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူ စာချုပ်ပါ စည်းမျဉ်း ဥပဒေတွေ အတိုင်းသာ စိစစ် လက်ခံမယ်ဆိုတာ နှစ်ဖက် အစိုးရ သဘောတူ ထားပြီးပါပြီ။ ဒါပေမယ့်၊ အခုတကြိမ်မှာတော့ မြန်မာ လူဝင်မှုကြီးကြပ်ရေးက bio-metrics လို့ခေါ်တဲ့ လက်ဗွေ စတာတွေပါ စိစစ် မှတ်တမ်း ယူမယ်လို့ ထုတ်ဖော် ကြေညာ ထားတယ်။ အရင် တုန်းကလို အုတ်အရောရော ကျောက် အရောရော ပြန်ပြီး လက်ခံ တာမဟုတ်ဘဲ သေသေ ချာချာ စိစစ်မယ် ဆိုရင် အခု ဟိုဖက် နိုင်ငံကို ထွက်ပြေးသူဆိုတဲ့ ၅ သိန်းကျော်ထဲက အများစုဟာ မြန်မာနိုင်ငံကို ပြန်လာလို့ မရ နိုင်တော့ဘူးလို့ နိုင်ငံရေး လေ့လာသူတွေ သုံးသပ် နေကြတယ်။
ဒါကြောင့်၊ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဧက ၂,၀၀၀ ကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းတစ်ခု တည်ဆောက် တော့မယ် လို့ ကြေညာပြီး၊ ၆ လစာအတွက် ဒေါ်လာ သန်း ၄၃၀ ကျော် လိုအပ်မယ်လို့ နိုင်ငံတကာကို အကူအညီ တောင်းနေပါပြီ။ ဒီယုန်မြင်လို့ ဒီချုံထွင်ပြီး၊ မျောက်ပြဆန်တောင်း ဆိုတာ ဒါမျိုးကိုခေါ်တာနေမှာ။
အခုဖြစ်ပေါ်နေတဲ့ မိုးလေဝသ အရိပ်အကဲကို ကြည့်ရတာ မြန်မာအစိုးရနဲ့ တပ်မတော်က ဒီအခြေအနေကို လိမ္မာပါးနပ်စွာ ကိုင်တွယ် နိုင်မယ်ဆိုရင် ရေရှည်မှာ မြန်မာနိုင်ငံဖက်က အသာစီး အခြေအနေ ဖြစ်ပေါ်လာပါလိမ့်မယ်။ နှစ်နိုင်ငံ သဘောတူညီထားတဲ့ စည်းမျဉ်း ဥပဒေတွေ အတိုင်း တိတိကျကျ စစ်ဆေး စိစစ်ပြီးမှ လက်ခံဖို့ အရေးကြီးပါတယ်။ တချို့က ကြံ့ဖွတ် ပါတီဝင်ကဒ်တွေကို အထောက် အထားအဖြစ် တင်ပြနေတာမျိုး လက်ခံလို့ မဖြစ်ဖူး။ နိုင်ငံသားကဒ်၊ နိုင်ငံခြားသားကဒ်၊ ယာယီ နေထိုင်ခွင့်အထောက်အထား စတဲ့ အစိုးရ လူဝင်မှုကြီးကြပ်ရေး စာရွက် စာတမ်းတွေသာ တရားဝင်တယ်။ မြန်မာနိုင်ငံရဲ့ အားနည်း ချက်တစ်ခုက စာရွက်စာတမ်း အတုအပ လုပ်ဖို့ အလွန်လွယ်ကူ တာပဲ ဖြစ်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်က ပုံနှိပ်စက် ကောင်းကောင်း နဲ့ အတုတွေ လုပ်ပြီး ဝင်မလာ နိုင်အောင် သေသေချာချာ စစ်ဆေး ရပါ လိမ့်မယ်။ ဒါဆိုရင် အရင်က ခိုးဝင်နေထိုင်သူ တွေ ပြန်ဝင်မလာ နိုင်အောင် အတော်များများ လျှော့ချ နိုင်ပါလိမ့်မယ်။
မြန်မာပြည်ကို ပြန်ဝင်ခွင့် မရသူတွေကလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ စားဝတ် နေရေး အဆင်ပြေနေရင် ဒီဖက်ကို ပြန်လာဖို့ထက် ဟိုမှာနေဖို့ ပိုပြီး စိတ်အား သန်မယ့်အပြင် သူဌေးနိုင်ငံတွေကို သွားပြီး အခြေချဖို့ မျှော်လင့်ချက်တွေ ရှိသေးတယ်။ မြန်မာပြည်မှာ နေတုန်းကလည်း ရိုဟင်ဂျာ ဒုက္ခသည်ဆိုပြီး တခြားနိုင်ငံတွေကို ကုန်းလမ်း၊ ရေလမ်းအပြင် လေယာဉ်နဲ့ပါ သွားပြီး ခိုလှုံခွင့် ယူကြတာ ဒုနဲ့ဒေး အများကြီးမှ အများကြီး။ ခုလည်းပဲ၊ ဘင်္ဂလားဒေ့ရှ်က လက်ခံထားသရွေ့ ဘယ်မှာ နေရနေရ သူတို့အတွက်က မထူး ဘူးလေ။
ပြီးတော့လည်း၊ ၁၉၉၃ ခုနှစ် ဒုက္ခသည် ပြန်လည် လက်ခံရေး နှစ်နိုင်ငံ သဘောတူ စာချုပ်မှာ အရေးကြီးတဲ့ အချက်တစ်ခုက “မိမိစိတ်ဆန္ဒအလျောက် ပြန်လာချင်သူ ဖြစ်ရမည်” လို့ ကန့်သတ် ထားပါတယ်။ ပြန်မလာချင် သူကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဇွတ်အတင်း ပြန်ပို့လို့မရဘူး။ ဒါပေမယ့်၊ အရင်တုန်း ကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ လူလည်ကျ တာကို မြန်မာစစ်အစိုးရတွေ ခံခဲ့ရ ပါတယ်။ ဒုက္ခသည် စခန်းတွေကို ပေးပို့ ထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေကို အဆမတန် လျှော့ချ လိုက်တဲ့အပြင် စခန်း လုံခြုံရေး အစောင့်တွေက နှိပ်စက် အနိုင်ကျင့်တာ၊ လုယက်တာ၊ မုဒိန်းကျင့်တာ၊ ပြည့်တန်ဆာ လုပ်ခိုင်းတာ စတဲ့နည်းမျိုးစုံနဲ့ မနေချင်အောင်၊ မနေနိုင် အောင်လုပ်ပြီး မြန်မာပြည်ကို မပြန်ပြန် အောင် ဇွတ်လုပ်ခဲ့တယ်။
အခုလည်းပဲ၊ ပွဲဆူနေတုန်း နိုင်ငံတကာ ထောက်ပံ့ ကူညီမှုတွေ ဒလဟောရနေချိန်မှာ ရွှေလက် ကမ်းလင့် ကြိုဆိုနှင့်ပြီး နာမည် ကောင်းယူ နေကြတယ်။ (အခုလာမယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ဒီပြဿနာက အတော် အရေးကြီးတယ်။) တဖြည်းဖြည်း သွေးအေးလို့ အကူအညီတွေ လျော့ကျလာရင် ငြိုငြင်ပြီး မောင်းထုတ်မှာ သေချာတာပေါ့။ အဲဒီ အချိန်မှာ ဂျီအီးတပ်က တာဝန် ယူတည်ဆောက် မယ့် နယ်စပ ခြံစည်းရိုးကြီးနဲ့ ပင်လယ်ပြင်က မြန်မာ့ ရေတပ်ကိုသာ အားကိုးရမှာ အမှန်ပါ။
တကယ်လို့၊ ဖွံ့ဖြိုးတိုးတက်တဲ့ အမေရိကန်၊ ဥရောပ၊ ဆော်ဒီအာရေဗျ သူဌေး နိုင်ငံကြီး တွေက ဒုက္ခသည် တွေကို လက်ခံခေါ် ယူမယ် ဆိုရင် လူကုန်ကူးတဲ့ ဂွင်အကြီးကြီးတောင် ဖြစ်လာ ပါလိမ့်မယ်။ အဲလိုသာဆိုရင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို နိုင်ငံပေါင်းစုံက ရိုလိမ်ညာတွေ ဝင်လာမစဲ တသဲသဲတောင် ဖြစ်နေဦးမယ်။ ထိုင်း၊ မလေးရှားက မြန်မာဒုက္ခသည်စခန်းတွေမှာ အဲဒီလို အယောင်ဆောင်တွေ ဝင်လာပြီး၊ အမေရိကား၊ ဗြိတိန်၊ ဂျပန်ကို ရောက်လာတာ အများကြီး တွေ့ဖူးပါတယ်။ ဆေးရုံ လာတက်တော့ မြန်မာပြည်ကလို့ ပြောပြီး မြန်မာ ဆရာဝန်နဲ့တွေ့တော့ ဘင်္ဂါလီ စကားပြန် ခေါ်ပေးရတာမျိုးတွေ ရှိတာပေါ့။
အောက်တိုဘာ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြည်သူသို့တင်ပြချက် မိန့်ခွန်းကို အတိုချုပ်ရင်၊ ဒီပြဿနာကို လုပ်ငန်းစဉ် ၃ ခုနဲ့ စီမံဆောင်ရွက်မယ်။
(၁) လူသားချင်းစာနာတဲ့ အကူအညီတွေပေးရေး၊ ပြန်လည်လက်ခံရေး

(၂) ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး

(၃) ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေး – တို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတကာ တံထွေးခွက်မှာ ပက်လက် မျောမတတ် ပြစ်တင်ရှုတ်ချခံခဲ့ရပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ့ အင်အားကို ယုံကြည်စွာ ကြံ့ကြံ့ခံ ရင်ဆိုင် နေပါတယ်။ ခုလို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေချမှတ်ပြီး အလုပ်နဲ့ သက်သေ ပြရင်း တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ ကြိုးစားနေတာ နားလည်စွာ ထောက်ခံကူညီပေးကြဖို့ အရေးကြီးပါတယ်။
မြန်မာပြည်မှာ အခုတလော လူထု ထောက်ခံပွဲ တွေ၊ ဘာသာပေါင်းစုံဆုတောင်းပွဲတွေ လုပ်နေ တာဟာ အပိုသက်သက်၊ မရောင်ရာဆီလူး၊ ကြောင်ရေချိုးနေတာ မဟုတ်ပါဘူး။ မြန်မာ ပြည်မှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းကတဆင့် နိုင်ငံတကာပြည်သူတွေကို မြန်မာတနိုင်ငံလုံးရဲ့ ဆန္ဒသဘောထား ထုတ်ဖော်ပြသနေတာ ဖြစ်ပါတယ်။ အထူးသဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာပေါင်းစုံ ပြည်သူလူထုက ထောက်ခံ အားပေးနေတယ်ဆိုတဲ့ သတင်း စကား တကမ္ဘာလုံးကြားသွားအောင် လုပ် ကြတာပါ။
ဒေါ်အောင်ဆန်း စုကြည် ပြောသွားတဲ့ အချက် တွေထဲက နံပါတ် (၁) အကူအညီပေးရေးကိစ္စမှာ လုံးဝ ဟန့်တားနှောင့်ယှက်မှု မလုပ်ကြ စေချင်ဘူး။ နိုင်ငံတကာ NGO တွေက မူစလင်တွေ ကိုပိုပေးလည်း မုဒိတာပွားပြီး အသာ ကြည့်နေလိုက်ပါ။ ဒီထက်ကောင်းတဲ့ အခြေအနေ ရောက်လာဖို့ မြန်မာ အစိုးရမှာ အစီအစဉ်တွေ ရှိပါတယ်။
နံပါတ် (၂) ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အစီအစဉ် တွေမှာ လက်ရှိ လူဦးရေအချိုးအစားကို အပြောင်း အလဲလုပ်ဖို့ မြန်မာစစ်တပ်က ရည်မှန်းချက်တွေ ရှိထားကြောင်း အရှေ့တောင် အာရှ စစ်ရေးလေ့လာ ဆန်းစစ်သူတွေက ယူဆပါတယ်။ အရင်က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၊ ပြဿနာ ဖြစ်ပွားရာ မြို့နယ် သုံးခုရဲ့ လူဦးရေ အချိုးအစားဟာ မူစလင် ၉၀% ၊ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူက ၁၀% ရှိခဲ့ပါတယ်။ အခုနယ်မြေရှင်းလင်းပြီး လူ ၅ သိန်းလောက် ထွက်ပြေးသွားလို့ လစ်လပ်နေတဲ့ နေရာ ဒေသမှာ မူစလင် ၆၀% နဲ့ ကျန်ဘာသာဝင် ၄၀% နေရာချထားပေးဖို့ အစီအစဉ်ရှိကြောင်း သိရတယ်။
ဒီလို အချိုးအစား မျှလာမယ်ဆိုရင် ဘာသာ တစ်ခုက တစ်ခုကို ဗိုလ်ကျ အနိုင်ကျင့် တာမျိုးနည်းပါးသွားမယ်လို့ ယူဆရပါတယ်။ ရခိုင်၊ မြို၊ ဒိုင်းနက်နဲ့ မရမာကြီး တိုင်းရင်းသား လူမျိုးစုတွေဟာ မူစလင် အင်အားကြီး ထွားလာတဲ့ ဒီအရပ် ဒေသကို စွန့်ခွာရွှေ့ပြောင်း သွားကြတာမို့ သူတို့ ပြန်လာပြီး နေထိုင် နိုင်အောင် စစ်တပ်က လုံခြုံရေး တာဝန် ယူမယ်လို့ ဆိုပါတယ်။
ပြီးတော့၊ လူဦးရေအချိုအစား မျှတအောင် ခွဲဝေနေရာချပြီးတဲ့အခါ နံပါတ် (၃) အနေနဲ့ ဒေသတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ပြီး စီးပွားရေး တိုးတက်ဖွံ့ဖြိုး လာအောင် ဖန်တီးပေးဖို့ နိုင်ငံတကာ အကူအညီတွေနဲ့ ဆောင်ရွက်မှာပါ။ လယ်လုပ်ငန်း၊ ရေလုပ်ငန်းတွေအပြင် နိုင်ငံသားနဲ့ တရားဝင် နေထိုင်ခွင့် ရှိသူတွေ အတွက် စက်မှုကဏ္ဍအလုပ်အကိုင်တွေ ပေါများလာအောင် လုပ်ဆောင်ပေးဖို့ စီမံကိန်း တွေ ရှိပါတယ်။
နယ်မြေသိမ်းပိုက် ခွဲထွက်ချင်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ မီးမွှေး ဖန်တီးလိုက်တဲ့ ပြဿနာကြောင့် မြန်မာနိုင်ငံ၊ ဒေါ်အောင်ဆန်း စုကြည်၊ မြန်မာ့ တပ်မတော် တို့သာမက ဗုဒ္ဓဘာသာလည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့ရပါတယ်။
ဒါပေမယ့်လည်း၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဘယ်သူ ဘယ်ဝါကိုမှ လက်ညှိုးထိုး အပြစ်မတင်ဘဲ ပြည်သူ့အားနဲ့ ရင်ဆိုင် ဖြေရှင်းဖို့ ပညာရှိစွာ လုပ်ကိုင် ဆောင်ရွက်နေပါတယ်။
ဒါကြောင့်၊ အခုအချိန်မှာ အားလုံး ဂုဏ်သိက္ခာ ရှိစွာ ကမ္ဘာ့အလယ် ထယ်ဝါနိုင်ဖို့အရေး ဝိုင်းဝန်းကြိုးစားကြရပါတော့မယ်။
Credit : Min Myat Maung
ANW#

https://m.facebook.com/story.php?story_fbid=1986005631642186&id=100006983055411

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာစစ်တပ်က တပ်ရင်း ၇၀ ကျော် ပါဝင်တဲ့ တပ်မကြီး ၂ ခု ရခိုင်ပြည်နယ်ထဲမှာ ရွှေ့ပြောင်း တပ်ဖြန့်ထား”

Post a Comment

Related Posts Plugin for WordPress, Blogger...