Saturday, October 14, 2017

သူရိယ​နေဝန်းဂျာနယ်​( ယခုသံမဏိနှင်းဆီ) ဂျာနယ်

,
သူရိယ​နေဝန်းဂျာနယ်​( ယခုသံမဏိနှင်းဆီ) ဂျာနယ်​က

အသတ်​ခံရတဲ့ ဦးမိုးဟိန်း(AAPP)ရဲ့တူဟာ

ပြည်​ထဲ​ရေးရဲ့သတင်းထုတ်​ပြန်​ချက်​အရ လူမှု​ရေး​ဖောက်​ပြန်​လို့

အသတ်​ခံရတာဆိုပြီးထုတ်​ပြန်​ထား​ပေမဲ့...

အဲ့ဒီကိစ္စ​တွေမတိုင်​ခင်​လွန်​ခဲ့တဲ့ ၂၀၁၄ နိုဝင်​ဘာလ ကုန်​ပိုင်းမှာ

သူရိယ​နေဝန်းဂျာနယ်​အမည်​နဲ့ထုတ်​​ဝေစဉ်​က

စိန်​​မျောက်​​မျောက်​ရုရှားနိုင်​ငံ​မော်​စကိုမှာ​သောင်းကျန်းတဲ့သတင်း

ဖော်​ပြပါရှိခဲ့တယ်​ အဲ့ဒီသတင်းပါပြီး ၃ ရက်​​လောက်​အကြာမှာ

စိန်​​မျောက်​​မျောက်​အပါဝင်​ဗိုလ်​ချုပ်​မြင့်​​အောင်​သားနဲ့အ​ယောက်​၂၀ ​လောက်

သူရိယ​နေဝန်းဂျာနယ်​တိုက်​ကို ညသန်း​ခေါင်​​လောက်​မှာ​ရောက်​လာခဲ့တယ်

အဲ့ဒီအချိန်​က ဂျာနယ်​တိုက်​မှာညတာဝန်​ကျဝန်​ထမ်းတစ်​​ယောက်​ပဲရှိတယ်

စိန်​​မျောက်​​မျောက်​နဲ့ဗိုလ်​ချုပ်​မြင့်​​အောင်​သားအဖွဲ့ဟာ

ဂျာနယ်​တိုက်​ထဲဝင်​လာပြီးနယ်​ကိုဖြန့်​ဖို့ကျန်​ရှိ​နေ​သေးတဲ့

ဂျာနယ်​အ​စောင်​ ၇၀၀ နဲ့ ကွန်​ပြူတာ အလုံး၂၀​ကျော်​ကို

အတင်းအဓမ္မယူ​ဆောင်​သွားပြီးဖျက်​ဆီးလိုက်​ကြတယ်

အဲ့ဒီ​နောက်​မှာသူရိယ​နေဝန်းဂျာနယ်​လည်းခဏကွယ်​​ပျောက်​ခဲ့တယ်

သူရိယ​နေဝန်းအမည်​နဲ့လုပ်​ကိုင်​စဉ်​က ဂျာနယ်​တိုက်​ဟာ

အခြားလူရဲ့ထုတ်​​ဝေခွင့်​လိုင်​စင်​နဲ့ငှါးရမ်းလုပ်​ကိုင်​​နေရတဲ့အတွက်

အခုလိုပြဿနာ​တွေဖြစ်​တဲ့အခါ မူရင်းထုတ်​​ဝေခွင့်​လိုင်​စင်​ပိုင်​ရှင်​ကို

အမျိုးမျိုးဖိအား​ပေးတဲ့အတွက်​ လိုင်​စင်​ပိုင်​ရှင်​မှ

ထုတ်​​ဝေခွင့်​လိုင်​စင်​ငှါးရမ်းထား​ပေးတာကိုပြန်​ရုတ်​သိမ်းခဲ့ရတယ်​...

ဒါ​ကြောင့်​...သူရိယ​နေဝန်းဂျာနယ်​ဟာ ခဏတာရပ်​ဆိုင်းထားခဲ့ရတယ်

စိန်​​မျောက်​​မျောက်​သတင်းကဒီလိုပါ...

စိန်​​မျောက်​​မျောက်​တို့ဟာ ရုရှားနိုင်​ငံ​မော်​စကိုမြို့မှာ

လည်​ရင်းပတ်​ရင်းပြဿနာဖြစ်​​တော့ လမ်းမှာရပ်​ထားတဲ့

ကား၁၀စီး​ကျော်​ကိုမီးပုံရှို့ပြီးပိုက်​ဆံ​တွေပုံ​အော​လျော်​ခဲ့တယ်

အဲ့ဒါကိုမျက်​မြင်​ကိုယ်​​တွေ့မြင်​ခဲ့တဲ့​မော်​စကို​ရောက်​မြန်​မာတစ်​​ယောက်​က

ဓာတ်​ပုံရိုက်​ထားပြီး အဲ့ဒီဓာတ်​ပုံနဲ့သတင်းဖြစ်​စဉ်​ကို

သူရိယ​နေဝန်းဂျာနယ်​တိုက်​ကို ​ပေးပို့ခဲ့တယ်​...

သူရိယ​နေဝန်းဂျာနယ်​တိုက်​က အဲ့ဒီသတင်းကို

မော်​စကိုမှာသာတဲ့လ ​ခေါင်းစီးနဲ့ထည့်​သွင်း​ဖော်​ပြခဲ့ပြီး

၃ ရက်​​လောက်​အကြာမှာ စိန်​​မျောက်​​မျောက်​နဲ့ဗိုလ်​ချုပ်​မြင့်​​အောင်​သား

အဖွဲ့​တွေကလာ​ရောက်​​သောင်းကျန်းပြီး နယ်​ကိုဖြန့်​​ဝေဖို့ကျန်​တဲ့

ဂျာနယ်​အ​စောင်​ ၇၀၀ နဲ့ ကွန်​ပြူတာ အလုံး ၂၀ ​လောက်​ကို

သိမ်းဆည်းယူ​ဆောင်​သွားတာဖြစ်​တယ်​....

စိုင်းမဟာထွန်း (တန့်​ယန်းသား)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သူရိယ​နေဝန်းဂျာနယ်​( ယခုသံမဏိနှင်းဆီ) ဂျာနယ်​”

Post a Comment

Related Posts Plugin for WordPress, Blogger...