Wednesday, October 25, 2017

၁၉၈၂ နိုင်ငံသားဥပဒေ

,
၁၉၈၂ နိုင်ငံသားဥပဒေက ဗုဒ္ဓဘာသာဝင်တွေအတွက် မဟုတ်ဘဲ အခြားဘာသာဝင်တွေကို ဖိနှိပ်ချုပ်ချယ်လိုတဲ့ ဥပဒေသာဖြစ်တယ်။ ဒါပေမဲ့ လူရိုင်းတွေက မိမိတို့ရေးဆွဲထားတဲ့ ၁၉၈၂ ဥပဒေကိုလဲ ၁၉၉၀မှာ ခြေနဲ့ဖျက်ပြန်တယ်။
၁၉၈၂ ဥပေဒအရ ယခင်အမျိုးသားမှတ်ပုံတင်ကဒ်ပြား (NRC) ကိုင်ဆောင်ထားသူတွေရဲ့ သားသမီးတွေကို နိုင်ငံသားစီစစ်ရေးကဒ်ထုတ်ပေးရမှာ ဖြစ်တယ်။ ဒါပေမဲ့ လူရိုင်းတွေက နစကဖွဲ့စည်းပြီး ရိုဟင်ဂျာတို့လက်ဝယ်ရှိ NRC အားလုံးကို သိမ်းယူကာ ဝှိုက်ကဒ်များသာ ကိုင်ဆောင်စေခဲ့တယ်။ ၂၀၁၄ တွင် အဆိုပါ ဝှိုက်ကဒ်အားလုံးကိုလဲ ပြန်လည်သိမ်းယူခဲ့တယ်။ ထိုသို့သိမ်းယူပြီးတဲ့နောက် ၁၉၈၂ ဥပဒေမှာ မပါတဲ့ NVC ကို အစားထိုးဖို့ ကြိုးစားတယ်။
လူရိုင်းတို့ရဲ့ သဘောသဘာဝအရ လူရိုင်းတွေက ဥပဒေကို လိုက်နာလေ့မရှိကြပေ။ မိမိတို့ရဲ့ ပြောစကားတွေကိုလဲ လေးစားလေ့မရှိကြပေ။ မြန်မာနိုင်ငံရဲ့ လူရိုင်းတွေကလဲ ရိုဟင်ဂျာတွေကို “ခိုးဝင်ဘင်္ဂလီ”ဟု ခေါင်းစဉ်တပ်ပြီး မိမိတို့ရေးသားသမျှ ဥပဒေတွေ၊ မှတ်တမ်းတွေကို ခြေနဲ့ဖျက်ကြတယ်။
၁၉၉၀ မှစပြီး ရိုဟင်ဂျာတို့အား အိမ်ထောင်စုစာရင်း ဥပဒေနဲ့အညီ အိမ်ထောင်စုလူဦးရေစာရင်း၊ (ပုံစံ ၆၆/၆) ထုတ်ပေးခြင်း၊ မွေးစာရင်းထုတ်ပေး ခြင်းတို့ကို ရပ်တန့်ပြီး “လူမျိုးတုံးသတ်ဖြတ်ရေး” စီမံကိန်းအဖြစ် ရိုဟင်ဂျာအားလုံးကို နိုင်ငံမဲ့၊ စာရင်းမဲ့၊ ခိုးဝင် ဘင်္ဂလီအဖြစ် ဖော်ပြလိုကြတယ်။
နိုင်ငံတော်ပိုင် မီဒီယာတွေအားလုံးကနေ ဝါဒဖြန့်ပြီး ဗုဒ္ဓဘာသာဝင်အများစုကို အယုံသွင်းနိုင်ခဲ့ပေမဲ့ လူရိုင်းတို့အမြင်ကျဉ်းကြတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို မမြင်ကြပေ။
စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် ယခုအခါလဲ ၅သိန်းကျော် ဘင်္ဂလားဒေ့ခ်ျဘက် ထွက်ပြေးတော့ အဆိုပါလူရိုင်းတွေက မိမိတို့ကြွေးကြော်နေတဲ့ “ခိုးဝင်ဘင်္ဂလီ " တွေကို နိုင်ငံသားအဖြစ် ပြန်လည်ခေါ်ယူဖို့ နိုင်ငံတကာအား ကတိကဝတ်တွေပေးနေကြပြီ။
“ခိုးဝင်ဘင်္ဂလီ”ဆိုရင် မြန်မာနိုင်ငံရဲ့ ဥပဒေအရ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့ပြန်လည်လက်ခံချင်တာလဲ။ ယခုပြန်လည်လက်ခံမည်ဟု ကတိကဝတ်ပေးနေခြင်းဟာ မိမိတို့ကိုယ်တိုင် “ငါတို့က လူရိုင်းတွေပါ။
ပြောချင်သလို ပြော၊ ရေးချင်သလိုရေး၊ ရက်စက်ကြမ်းကြုတ်ချင်သလို ကြမ်းကြုတ်တဲ့ လူရိုင်းတွေပါ။ ငါတို့မှာ အရှက်မရှိလို့ ယခုလို ပြန်လည်တောင်းပန်ခြင်းဖြစ်ပါတယ်” လို့ ပြောတာနဲ့ တူနေပါပြီ။

(Maung Zaw Min)

https://m.facebook.com/story.php?story_fbid=362784127493592&id=100012860228733

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၁၉၈၂ နိုင်ငံသားဥပဒေ”

Post a Comment

Related Posts Plugin for WordPress, Blogger...