Monday, October 23, 2017

ဒေါ်အောင်ဆန်းစုကြည် ရာထူးကနှုတ်ထွက်သင့်တယ်လို့ Muhammad Yunus ပြော

,
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ကို မြန်မာစစ်တပ်က လုပ်ပိုင်ခွင့်အပြည့်အဝ မရရှိအောင် ထိန်းချုပ် ကန့်သတ်ထားတယ်ဆိုရင် ရာထူးက နှုတ်ထွက်သင့်တယ်လို့ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် Muhammad Yunus က ပြောလိုက်ပါတယ်။ Aljazeer သတင်းဌာန က မေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်လို့ စစ်တပ်ကသာ နောက်ကွယ်က ထိန်းချုပ်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘဲဖြစ်နေတယ် ဆိုတဲ့ ပြောဆိုတဲ့အပေါ် Yunus က တုန့်ပြန်ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ဖြစ်နေတဲ့အတွက် ကျနော့်အနေနဲ့ သူ့ကိုပဲ ရာနှုန်းပြည့် အပြစ်တင်ရမှာဖြစ်ပါတယ်၊ သူဟာ ရိုဟင်ဂျာတွေ ခံစားနေရတာနဲ့ ပတ်သက်ပြီး တခွန်းတပါဒမှ မပြောခဲ့သလို၊ အပြစ်တင်သမျှတွေကိုလည်း သူတဦးတည်း ခေါင်းခံနေတယ်၊ ပြောသင့်တာတွေ မပြောဘူးဆိုရင် ခေါင်းဆောင် မပီသပါဘူး လို့ Aljazeer သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ဒါ့ပြင်  Aljazeer သတင်းဌာနကတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားတဲ့အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်သူအဖြစ် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ပုံရိပ်ကို ကာကွယ်စောင့်ရှောက်စေလိုကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဒီအတွင်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ့်ရဲ့အထူးကောင်းမွန်တဲ့  နိုင်ငံတကာပုံရိပ်ကို အထိခိုက်မခံသင့်ကြောင်း တိုက်တွန်းလိုက်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆွာရတ်  ကပြောပါတယ်။

လေးကြိမ်မြောက် အိန္ဒိယ ဘင်္ဂလားဒေ့ရှ် ပူးတွဲအတိုင်ပင်ခံကော်မရှင် ဆွေးနွေးပွဲအပြီးမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ပြောဆိုခဲ့တာပါ။

ဒါ့ပြင် မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရမှာဖြစ်ပြီး၊ ဒီပြဿနာအပေါ် ရေရှည်ဖြေရှင်းချက်တရပ်လည်း ရှိသင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

https://m.facebook.com/story.php?story_fbid=10156815200023128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဒေါ်အောင်ဆန်းစုကြည် ရာထူးကနှုတ်ထွက်သင့်တယ်လို့ Muhammad Yunus ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...