Sunday, November 12, 2017
အစွန်း​ရောက်​မူ့​တွေဟာ ဒီမိုက​ရေစီအတွက်​ အဟန့်​အတားဖြစ်​​နေပြီလား
,
DVB debate မှာ
 အစွန်း​ရောက်​မူ့​တွေဟာ ဒီမိုက​ရေစီအတွက်​ အဟန့်​အတားဖြစ်​​နေပြီလား
 ဆိုတဲ့ ​ခေါင်းစဉ်​ ​အောက်​က မချယ်​ရီဇာ​ဟောင်​ ရဲ့ ပြန်​လည်​ရှင်းလင်း​ဖြေကြားချက်​များ ဖြစ်​ပါတယ်​ ၊
            ဗိုလ်​ချူပ်​​အောင်​ဆန်းက ဘာသာ​ရေးကို အ​ခြေမခံတဲ့ နိင်​ငံဖြစ်​ရမယ်​လို့ တ​လျောက်​လုံး မိန့်​မှာခဲ့ပါတယ်​ ၊ ဦးနု ​ခေတ်​မှာ ဦးနုက ဘာသာ​ရေးကို နိင်​ငံ​ရေးထဲဆွဲ​ခေါ်အသုံးချရာက စပြီး  နိင်​ငံ​ရေးမှာ ဘာသာ​ရေးကို အသုံးချလာခဲ့တာ အခု ၂၀၁၇ အထိ ပါ ၊ ဒါ ကြိုက်​ကြိုက်​ မကြိုက်​ကြိုက်​ ဗမာ့ နိင်​ငံ​ရေး ပုံရိပ်​​တွေပါပဲ ။
နိင်​ငံ​ရေး ​ခေါင်း​ဆောင်​​တွေကိုယ်​တိုင်​ အခု အစိုးရ လက်​ထက်​အထိ ဘာသာ​ရေး နဲ့ ​ရောယှက်​ဆက်​နွယ်​ ​ဆောင်​ရွက်​​နေကြဆဲ ဆိုတာ လည်း အားလုံး သိပြီး ဖြစ်​မှာပါ ။
နောက်​​မေးခွန်း တခုက တန်းတူ ညီမျှမှု ရှိပါသလား ၊ ခံစားရပါသလား ဆိုတာပါ
Q  -- : ဒါဆို ဗုဒ္ဓဘာသာဝင်​​တွေက လူများစု ဖြစ်​လို့ အခြားဘာသာ​တွေအ​ပေါ် လွမ်းမိုး အနိင်​ကျင့်​ သလိုမျိုး လို့ ဆိုလိုချင်​တာလား ?  ?
 မချယ်​ရီဇာ​ဟောင်​ -- : No ပါ ၊ အဲ့ဒီသ​ဘော မ​တွေ့ရတဲ့အပြင်​ အဲ့လိုမျိုးလည်း မရှိခဲ့ပါဘူး ၊ ဘာသာဝင်​​တွေနဲ့ မဆိုင်​ပါဘူး ၊
အစိုးရ ရဲ့ ဘာသာခြား​တွေ အ​ပေါ် ထားတဲ့​ပေါ်လစီကိုယ်​တိုင်​ကိုက တစ်ဖက်​​စောင်းနင်း ဖြစ်​​နေတာပါ ၊
 ဗမာနိင်​ငံမှာဘာသာ​ရေးဆိုင်​ရာဝန်​ကြီး ရှိ​နေတုန်းပါ ၊သူ ဘာ​တွေလုပ်​​နေသလည်း
ဘယ်​သူအတွက်​ လုပ်​​နေတယ်​ ရရှိလာတဲ့ဘတ်​ဂျက်​ကို ဘယ်​မှာ အသုံးချ သလည်း  ၊ ဒါ​တွေကို ပြန်​ကြည့်​ရင်​ အ​ဖြေ က ရှင်းပါတယ်​ ၊ ။ တကယ်​​တော့ သာသနာ​ရေး ဝန်​ကြီးဆိုတာ ဒီမိုက​ရေစီမှာ လုံးဝ မရှိသင့်​တာပါ ၊
Q -- : ဗုဒ္ဓဘာသာ ကို အစွန်း​ရောက်​​တွေရဲ့ အန္တရာယ်​က​နေ ကာကွယ်​​ပေးမှဖြစ်​​တော့မယ်​ .... လို့ ဆရာယူဆ​နေပါပြီ လား ?
  ဓမ္မစက္က ဦး​မောင်​​မောင်​ -- : သူတို့က​တော့ စိုးရိမ်​လို့​ပေါ့​နော်​ ၊ ဒါ​ကြောင့်​ ကာကွယ်​ဘို့ လုပ်​​ဆောင်​​နေကြရတာပါ ။
မချယ်​ရီဇာ​ယောင်​ --: နိင်​ငံလူဦး​ရေ ရဲ့ ၈၀ % ​ကျော်​ ဗုဒ္ဓဘာသာဝင်​​တွေက ၈% ​လောက်​သာ ရှိတဲ့ ခရစ်​ယာန်​နဲ့ မွတ်​စလင်​ တို့က လွမ်းမိုး မှာကို ​ကြောက်​​နေတယ်​ ဆိုတာ ​တော်​​တော်​စဉ်းစား ရမဲ့ အချက်​ပါ
နောက်​ အစိုးရ အဆက်​ဆက်​ရဲ့ ​ပေါ်လဆီက လည်း ဗုဒ္ဓဘာသာကို အ​လေးထား အသား​ပေး စံနစ်​ နဲ့သွား​နေတာပါ ၊ဒါက ​ရေးမထား ပြဌာန်း မထား​ပေမယ့်​ လက်​​တွေ့မှာ ဒီစနစ်​ နဲ့​ခေတ်​အဆက်​ဆက်​ သွား​နေတာပါ ၊ ဒါလည်း အားလုံး အသိပါ ၊  ပြီးရင်​သာ အစိုးရ က ဟာမိုနီဖြစ်​တယ်​ တန်းတူညီမျှ ဘာညာ​ပေါ့ ​လေ ။
မဒါလီမြင့်​ ( ကမန်းတိုင်းရင်းသူ ) --:အ​ဖြေ တခု ​တော့ရှိပါတယ်​ ၊ ဒါက​တော့ ဘာသာတိုင်း ရဲ့ သွန်​သင်​ချက်​ ညွှန်​ကြားချက်​​တွေအားလုံးကို မြဝတီတို့ MRTV တို့က​နေ တိုင်းပြည်​ကို ချပြ​ပေးသွားမယ်​ ဆို တ​ယောက်​နဲ့ တ​ယောက်​ချစ်​ခင်​ရင်းနှီး ယုံကြည်​မူ့​တွေ ရှိလာနိင်​ပါလိမ့်​မယ်​ ။
          ကျ​နော်​ ဝါဇီ ကပါ။
Credit ko Khin Mg Aye
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အစွန်း​ရောက်​မူ့​တွေဟာ ဒီမိုက​ရေစီအတွက်​ အဟန့်​အတားဖြစ်​​နေပြီလား”
Post a Comment
Related Posts Plugin for WordPress, Blogger...