Wednesday, November 15, 2017

မောင်တောမြို့နယ်အတွင်းရှိ ပိုင်ရှင်မဲ့မိုးစပါးများ စနစ်တကျရိတ်သိမ်းရောင်းချပြီး မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

,
မောင်တောမြို့နယ်အတွင်းရှိ ပိုင်ရှင်မဲ့ မိုးစပါးများ စနစ်တကျရိတ်သိမ်းရောင်းချပြီး မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

မောင်တောမြို့နယ် ကျေးရွာဒေသအလိုက် နေရပ်စွန့်ခွာသူများ၏ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း၍ မောင်တောဒေသအတွင်းရှိ မိုးစပါးစိုက်ပျိုးထားသည့် ဧက ၄၅၂၈၆ ဧကအ တွင်းရှိ မိုးစပါးများကို အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ ရိတ်သိမ်းခြွေလှေ့စက် ၄၄ စီးဖြင့် လတ်တလောရင့်မှည့်နေသော မိုးစပါးများကို အလေအလွင့်ဖြစ်မသွားစေရန် ရိတ်သိမ်းခဲ့ရာ နိုဝင်ဘာ ၁၃ ရက်အထိ ၁၇၁၄ ဒသမ ၂၄ ဧကကို ရိတ်သိမ်းပေးနိုင်ခဲ့သည်။

ထိုသို့ရိတ်သိမ်းရာတွင် မြို့သူကြီးကျေးရွာအုပ်စု ကံကျတောင်ကျေးရွာမှ ၄၈ ဒသမ ၆ ဧက၊ ရာဇဘီကျေးရွာမှ ၂၆ ဧက၊ သောင် ပိုင်ညာကျေးရွာမှ ၂၄ ဒသမ ၅ ဧက၊ ကံပူး ကျေးရွာအုပ်စု ကံပူးကျေးရွာမှ ၃၂၇ ဒသမ ၅ ဧက၊ ကျောင်တောင်ကျေးရွာအုပ်ကျောင်း တောင်ကျေးရွာမှ ၄၇၆ ဒသမ ၂ ဧက၊ ၀ါးချ ကျေးရွာအုပ်စု အုန်းတောကျေးရွာမှ ၁၂၈ ဒသမ ၉ ဧက၊ နွားရုံတောင်ကျေးရွာအုပ်စု နွားရုံတောင်ကျေးရွာမှ ၂၀၃ ဒသမ ၃၂ ဧက၊ အလယ်သံကျော် ကျေးရွာအုပ်စု အလယ်သံကျော် ကျေးရွာမှ ၂၂၅ ဒသမ ၇ ဧက၊ သံဒါ ကျေးရွာအုပ်စု သံဒါကျေးရွာမှ ၁၉၈ ဒသမ ၈၂ ဧက၊ ကျီးကန်းပြင်ကျေးရွာအုပ်စု ကျီးကန်းပြင်ကျေးရွာမှ ၉ ဒသမ ၇ ဧက၊ မြင်းလွှတ်ကျေးရွာအုပ်စု၊ မြင်းလွှတ်ကျေးရွာမှ ၄၅ ဧကတို့အား ရိတ်သိမ်းနိုင်ခဲ့ပြီး စပါးတင်းပေါင်း ၆၅၆၂၈ တင်း ထွက်ရှိခဲ့သည်။

ရိတ်သိမ်းခြွေလှေ့ပြီး ထွက်ရှိလာသော မိုးစပါးများကို ရောင်းချ၍ ရရှိလာသည့်ငွေများကို ဘဏ်တွင် ငွေစာရင်းတစ်ခုဖွင့်လှစ်၍ နိုင်ငံတော်မှ ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ရရှိလာသည့်ငွေကြေးများကို မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပြန်လည်အသုံးချသွားမည် မဟုတ်ဘဲ နေရပ် စွန့်ခွာသူ လယ်ပိုင်ရှင်များ ပြန်လည်ရောက်ရှိလာချိန်တွင် ပြန်လည်ပေးအပ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားခြင်းဖြစ်သည်။

ကျန်ရှိနေသည့် မိုးစပါးစိုက်ဧက ၂၈၇၅ ဒသမ ၆၉ ဧကကို အမြန်ဆုံးရိတ်သိမ်းခြွေ လှေ့နိုင်ရန် ရိတ်သိမ်းခြွေလှေ့စက်၂၅ စီးထပ် မံဖြည့်တင်း၍ စုစုပေါင်းရိတ်သိမ်းခြွေလှေ့စက် ၆၉ စီးဖြင့် အချိန်မီ ဆက်လက်ရိတ်သိမ်းရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။ ရိတ်သိမ်းပြီးစပါးများကို သိုလှောင်ထိန်းသိမ်းရာတွင် အခက်အခဲများရှိနေသဖြင့် ဒေသန္တရ ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချပြီး စပါး ရောင်းရငွေများကို ထိန်းသိမ်းထားရှိရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မောင်တောဒေသအတွင်း ပိုင်ရှင်မဲ့စပါးများ ရိတ်သိမ်းရောင်းချပြီး နိုင်ငံတော်ဘတ်ဂျက်သို့ ထည့်သွင်းမည်ဆိုသည့် သတင်းဖော်ပြချက်မှာ မှန်ကန်မှုမရှိပါ ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

==========

Eleven Media Group

http://news-eleven.com/news/21355
ဖေအောင်

https://m.facebook.com/story.php?story_fbid=880566462111890&id=100004756336334

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မောင်တောမြို့နယ်အတွင်းရှိ ပိုင်ရှင်မဲ့မိုးစပါးများ စနစ်တကျရိတ်သိမ်းရောင်းချပြီး မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ ”

Post a Comment

Related Posts Plugin for WordPress, Blogger...