Sunday, November 12, 2017

မန်မာနိုင်ငံအား အမေရိကန်စစ်ရေးအကူအညီပေးနေမှုများရပ်ဆိုင်းထားရမည် ဟုဆို။

,
( နိုဝင်ဘာ - ၁၁၊ ၂၀၁၇ )  လူမျိုးတုန်းသုတ်သင်မှု့များအား ရက်စက်ယုတ်မာစွာ ကျုးလွန်ကြောင်း မြန်မာ့တပ်မတော်က တာဝန်ခံသည်အထိ မြန်မာနိုင်ငံအား အမေရိကန်စစ်ရေးအကူအညီပေးနေမှုများရပ်ဆိုင်းထားရမည် ဟုဆို။ ယိုလိမ်ညာအရေးလှုပ်ရှားသူ ဝေေ၀နု- မျိုးမင်း- ထွန်းခင်တို့က မြန်မာ့တပ်မတော်ရက်စက်ယုတ်မာမှု့ များအတွက် အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန်အရေးယူပေးရန် အကူအညီတောင်း။ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ပေးရမည်ဟုဆို ။ အပိုင်း ( ၂ )
*********************************************************

( နိုဝင်ဘာ-၆၊ ၂၀၁၇ ) ရက်စွဲပါ RFA မှ Roseanne Gerin ရေးသားသော Rohingya Activists Urge Aung San Suu Kyi to Stop Myanmar Military Atrocities ကို ဆီလျှော်အောင် မြန်မာပြန်ဖော်ပြပါသည်။ )

နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည် ယိုလိမ်ညာများအရေးနှင့်ပတ်သက်၍ နှုတ်ဆိတ်နေမှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ထိုးနှက်မှု့အောက်တွင် ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြားသူများက ဒေသအတွင်း" လူမျိုးစုများအား သုတ်သင်ရေး " ဟု ခေါ်ဆိုထားပြီး မြန်မာနိုင်ငံက ပယ်ချထားသည်။

မကြာသေးမီက ဖြိုခွင်းမှု့ နှစ်ကြိမ်ဖြစ်ပွားခဲ့သော ရခိုင်ဒေသသို့ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့ပြီး နောက်တစ်နေ့မှာပင် အမေရိကန်နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင်ဟောင်း ကွန်ဂရက်အမတ်တစ်ဦးဖြစ်သူ အီလွိုက်အန်ဂျယ်နှင့် အောက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီဥက္ကဌဟောင်း စတိဗ်ချာဗို့တိုက ယိုလိမ်ညာတို့အပေါ်လူမျိုးသုတ်သင်မှု့အတွက် မြန်မာစစ်တပ်အပေါ် အရေးယူမည့် ဥပဒေ ၂-ရပ်ကို တင်သွင်းလိုက်သည်။

အဆိုပါဥပဒေတွင် လူမျိုးတုန်းသုတ်သင်မှု့များအား ရက်စက်ယုတ်မာစွာ ကျုးလွန်ကြောင်း တာဝန်ခံသည့်အချိန်အထိ မြန်မာနိုင်ငံအား အမေရိကန်၏စစ်ရေးအကူအညီပေးနေမှုများမှ ရပ်ဆိုင်ထားရန်၊ ပြစ်မှု့ကျုးလွန်သူများအပေါ် ကုန်သွယ်ရေးအရ၄င်း၊ ဗီဇာနှင့်အခြား ဘဏ္ဍာရေးကန့်သတ်ချက်များချမှတ်ရန်တို့ပါဝင်သည်။ လူမျိုးသုတ်သင်ခြင်းခြင်း၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု့ကျုးလွန်ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်ခြင်းများနှင့်စပ်လျှဉ်း၍အစီရင်ခံစာတင်ပြခြင်း၊ စစ်ရာဇ၀တ်မှု့မှုကျုးလွန်ခြင်းအပေါ်တွင် စုံစမ်းစစ်ဆေး၍ တရားစွဲတင်နိုင်ရန် ပြင်ဆင်ခြင်းနှင့် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်းတို့ပါဝင်မည် ဖြစ်ပါသည်။

 “ မြန်မာစစ်တပ်က ဖွဲ့ စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့ရာမှာ ဒီလိုကျူးလွန်မှု့တွေက အပြစ်လွတ်လုပ်ဆောင် နိုင်အောင် ခွင့်ပြုထားတာသာဖြစ်ပြီး တကယ်တမ်း... ဒေါ်အောင်ဆန်းစုကြည်တို့လို အရပ်သားခေါင်းဆောင်တွေအနေနဲ့ စစ်တပ်ရဲ့ စစ်ရေးအလွဲသုံးစားမှုတွေကို ဟန့်တားနိုင်ဖို့ အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းတခုမှ အဲဒီမှာ မပါပါဘူး .. “ ဟု နိုဝင်ဘာ ၁-ရက်နေ့ ယိုလိမ်ညာအရေး တက်ကြွလှုပ်ရှားသူ ၃ ဦးရှေ့ တွင် ကျွန်ဂရက်မတ် အန်ဂျယ်ကပြောကြားခဲ့သည်

 “ ဒါ့ကြောင့် ကျွန်တော်ယူဆတာကတော့ ယခုအချိန်မှာ ကျွန်တော်တို့အားလုံး ကျနော်တို့ရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြီး လက်ရှိ(မြန်မာ)စစ်ခေါင်းဆောင်တွေရဲ့ စစ်ရေးအရ အလွဲသုံးမှုကျုးလွန်နေတာကို စွဲချက်တင်နိုင်ဖို့လုပ်သင့်ပြီလို့ ထင်ပါတယ် .. “ အန်ဂျယ်က ပြောသည်

အဆိုပါဥပဒေကြမ်းအတည်ပြုနိုင်ခဲ့လျှင်  အမေရိကန်အထောက်အပံ့ပေးထားသောပွဲလမ်းများ၌ မြန်မာနိုင်ငံအကြီးတန်းစစ်တပ်အရာရှိများ တက်ရောက်ခြင်းမှ ပယ်ဖျက်ထားသည့် အောက်တိုဘာလ ၂၄ ရက်စွဲပါ အမေရိကန်အစိုးရထုတ်ပြန်ကြေညာချက်ထက်ပို၍ ပြင်းထန်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်ကဆောင်ရွက်နေလျှက်သော ကယ်ဆယ်ရေးလုပ်ငန်းများမှာ အမေရိကန်အကူအညီများ ရရှိနိုင်ရန် အရည်အချင်းပြည့်မှီခြင်းမရှိဟု ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

အဆိုပါ အရေးယူမှု့များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၊ နိုင်ငံတကာ NGO အဖွဲ့အစည်းများနှင့် မီဒီယာတို ၀င်ရောက်နိုင်ခွင့်ကိုလည်း တောင်းဆိုထားသည်၊

သို့သော် အမေရိကန်အစိုးရအနေဖြင့် ယိုလိမ်ညာများအပေါ် မြန်မာစစ်တပ်၏ ပြုမူဆက်ဆံနေမှု့များအား လူမျိုးသုတ်သင်ရေး လက္ခဏာနှင့်ကိုက်ညီသည်သည်ဟု ယခုအချိန်အထိ မဖော်ပြနိုင်သေးချေ။

“ အမေရိကန်က လုံလုံလောက်လောက် ဆောင်ရွက်နေခြင်းမရှိပါဘူး၊ ကျွန်တော်တို့ က အဲ့ဒီတာဝန်ရှိသူတွေကို တရားစီရင်ရေး လမ်းကြောင်းပေါ်ရောက်တဲ့အထိ ထပ်မံဖိအားပေးစေချင်ပါတယ်.. “ ဟု မြန်မာနိုင်ငံတွင် ယို လိမ်ညာများအား  စနစ်တကျအကြမ်းဖက် ညှဉ်းပန်းနှိပ်စက်နေပြီး လူမျိုးတုန်းသတ်ဖြတ်နေကြောင်း ပြောဆို လေ့ရှိသူ ထွန်းခင်က ဆိုသည်။


“ အမေရိကန်က ပိုပြီးပြင်းပြင်းထန်ထန် အရေးယူရပါမယ်၊ ခုတော့...အမေရိကန်ဟာ လုံလောက်အောင် ဖိဖိစီးစီး ဆောင်ရွက်ခြင်းမရှိပါဘူး၊ အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်၊ သူတို့က လူမျိုးရေး သုတ်သင်ရာ ရောက်တယ်လို့ စဉ်းစားသည် ဖြစ်စေ မစဉ်းစားသည်ဖြစ်စေ၊ မြန်မာကိုလက်နက်ရောင်းချမှု့ပိတ်ဆို့ရေးတွေ၊ စီးပွားရေးအရယူပိတ်ဆို့မှုရည်ညွှန်းတာတွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ပို့ပေးပြီး ယိုလိမ်ညာတွေရဲ့ဘ၀ဖြစ်တည်မှု့ကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂမှာ အမြန်ဆုံးတောင်းဆိုရမှာဖြစ်တယ်...” ဟု ထွန်းခင်က ဆက်လက်ပြောကြားလိုက်သည်။

( ဤတွင် မူရင်းဆောင်းပါး အဆုံးသတ်သည်။ ဖော်ပြပါဓါတ်ပုံအချို့မှာ မူရင်းဆောင်းပါးမှ မဟုတ်သော်လည်း ဆက်စပ်သတင်းများမှဖြစ်သည်။ )

http://www.rfa.org/english/news/myanmar/rohingya-activists-urge-aung-san-suu-kyi-to-stop-myanmar-military-atrocities-11062017163114.html
=====
#Htay Oung

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မန်မာနိုင်ငံအား အမေရိကန်စစ်ရေးအကူအညီပေးနေမှုများရပ်ဆိုင်းထားရမည် ဟုဆို။”

Post a Comment

Related Posts Plugin for WordPress, Blogger...