ရဟန်းသံဃာတော်များ စုစည်းညီညွတ်လျက် သမ္မပ္ပဓာန်လုံ့လ အားထုတ်မှုဖြင့် ဗုဒ္ဓသာသနာတော် အတွက်သာမက မြန်မာနိုင်ငံ တော်တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးအတွက် သံဃာတော် အားလုံးက လည်း ဘုရားရှင်၏ လမ်းညွန်ဒေသနာတော် များနှင့်အညီ ပါဝင်ကူညီ ဆောင်ရွက်ပေး ရန် တာဝန်ရှိသည်ဟု မှတ်ယူထားကြောင်း လည်း ဆရာတော်ကြီးက မိန့်ကြားသည်။
ထို့အတူ နိုင်ငံတော်အတွင်း ဖြစ်ပေါ် တတ်သော မညီညွတ်မှု၊ မအေးချမ်းမှုများကို ညီညွတ်အေးချမ်းမှုများ ရရှိလာအောင်၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး တစ်ဦးအပေါ် တစ်ဦး စာနာထောက်ထားပြီး အကျိုးလိုလားသော မေတ္တာ စေတနာများဖြင့် အချင်းချင်း ကူညီရိုင်းပင်း လျက် အေးချမ်း ဖွံ့ဖြိုး တိုးတက် သော လူသားများ အဖြစ် ရှင်သန်နေထိုင် ခွင့် ရရှိအောင် ဘုရားတပည့်တော်များက ဓမ္မဝိနယနှင့်အညီ ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူကြောင်းလည်း ဆက်လက် မိန့်ကြားခဲ့သည်။
သံဃာ ကွဲပြားနေလျှင် ငြင်းခုံမှုဝိဝါဒ၊ ဆန့်ကျင်မှုဝိဂ္ဂဟ၊ ကိုယ်နှုတ်ထိပါး ခိုက်ရန်ပွားမှု ကလဟ စသည်တို့ဖြစ်ကြ၍ လူ နတ် ဗြဟ္မာ သတ္တဝါတို့ ဒုက္ခကြီးစွာ ရောက်ကြရမည်သာ ဖြစ်ကြောင်း၊ အကြင်မြို့၊ အကြင်ရွာ၊ အကြင်တိုင်းပြည်၊ အကြင်ကျောင်းတိုက်၊ အကြင်အသင်းအဖွဲ့၌ အချင်းချင်း စိတ်ဝမ်းကွဲပြားကြလျှင် ထိုမြို့၊ ထိုရွာ၊ ထိုတိုင်းပြည်၊ ထိုကျောင်းတိုက်၊ ထိုအသင်းအဖွဲ့သည် မချမ်းသာဘဲ ဆင်းရဲနေမည်သာ ဖြစ်သည်ဟုလည်း ဥက္ကဋ္ဌ ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
The Ladies News
Posted: November 11, 2017
https://m.facebook.com/story.php?story_fbid=1949925261930089&id=100007379025151

