Friday, November 3, 2017

ဒေါ်​အောင်​ဆန်းစုကြည်​ မမြ၀င်း​ရောဂါရ​နေဟု ကို​ကျော်​ကိုကိုဝေဖန်

,
နိုဝင်​ဘာ (၃)၊ ၂၀၁၇၊ ရန်​ကုန်
The Nyang News

ဒေါ်​အောင်​ဆန်းစုကြည်​အ​နေဖြင့်​ မမြ၀င်း​ရောဂါရ​​သည့်​အ​ခြေအ​နေဖြစ်​​ကြောင်း ဗကသဥက္ကဌ​ဟောင်းတစ်​ဦးဖြစ်သူ ကိုကျော်ကိုကိုက
ဝေဖန်​​ပြောကြားလိုက်​သည်​။

နာမည်​​ကျော်မြန်မာ့ရုပ်ရှင်​​ဇာတ်​​​ကား တစ်​ကားဖြစ်သည့် ​​ဗိုလ်​​အောင်​ဒင်​ဇာတ်​ကား၌ ဦးဘချစ်​ နှင့်​ ဗိုလ်​​အောင်​ဒင်​ နှစ်​ဘက်​စလုံးကို မပြတ်မသားရပ်​တည်​ခဲ့​သော မမြ၀င်း၏ အ​ခြေအ​နေနှင့်​ ဒေါ်​အောင်​ဆန်းစုကြည်​ကို ခိုင်းနှိုင်းကာ ၄င်းက ​ဝေဖန်​​ပြောဆိုခဲ့ခြင်း ဖြစ်​သည်​။

"စစ်​တပ်​ကို ​ချော့မြူ​ရေးသွား​လုပ်နေရင်​​တော့ ​လှေနံနှစ်​ဖက်​နင်းတာလို့ပဲ ကျွန်​​တော်​က ​ပြောရလိမ့်​မယ်​" ဟု ကို​ကျော်​ကိုကိုက ​​ပြောသည်​။

NLD အစိုးရ၏ မောင်းနှင်​အားမှာ ဒေါ်​အောင်​ဆန်းစုကြည်​တစ်​ဦးတည်းအ​ပေါ်တွင်​ မှီတည်​​နေခြင်းဖြစ်​ရာ ဒေါ်​အောင်​ဆန်းစုကြည်​၏ အ​တွေးအ​ခေါ်ဆုံးဖြတ်​ချက်​မှားယွင်းပါက အစိုးရအဖွဲ့၏ လုပ်​​ဆောင်​ချက်​လည်း မှားယွင်းသွားလိမ့်​မည်​ဖြစ်​​ကြောင်း ၄င်းက ​ဆိုသည်​။

မမြ၀င်း​ရောဂါဆိုတာက သူ့အ​ပေါ်မှာ အများကြီးတည်​တယ်​။ သူ့အ​ပေါ်မှာ အများကြီး စကား​ပြောတယ်​။ ဘာလို့လဲဆို​တော့ ဥပမာဗျာ၊ တပ်​ကလုပ်​တဲ့ကိစ္စ​တွေကို မဟန့်​တားဘူး။ ​ဖေ​ဖေတည်​​ထောင်​ခဲ့တဲ့တပ်​မ​တော်​။ စည်းရုံးလို့ရမယ်​ဆိုတဲ့ အ​တွေးမျိုး​တွေ။ ​နောက်​ပြီး ခရိုနီဆိုတာ ပြည်​သူ့အတွက်​တကယ်​အလုပ်​လုပ်​​ပေးရင်​ ​ကောင်းတဲ့သူလည်း ရှိပါတယ်​၊ ခရိုနီလို့မ​ပြောပါနဲ့၊ တိုင်​ကွန်းလို့ခ်ါပါတို့ ။ တပ်​ကလူ​တွေ ဆန်​ရှင်​​တွေ ပိတ်​ဆို့ထားတာကို အ​မေရိကန်​သွားပြီး ဖွင့်​​ပေးဖို့ အိုဘားမားတို့​ခေတ်​ကတည်းက ​တောင်းဆိုခဲ့တာ​တွေ။ ဒါ​တွေကိုကြည့်​ခြင်းအားဖြင့်​ ရှင်းရှင်း​ပြောရင်​ သူတက်​လာပြီးသက်​တမ်းတစ်​​လျောက်​မှာ လူထု​ထောက်​ခံမှုကိုရဖို့ ကြိုးပမ်းတာထက်​ စစ်​တပ်​ရဲ့​ထောက်​ခံမှုရ​အောင်​၊ စစ်​တပ်​က သူနဲ့အတူ ပြုပြင်​​ပြောင်းလဲ​ရေးကိုလုပ်​ဖို့ ​သွေး​ဆောင်​တဲ့အ​နေနဲ့ လုပ်​​နေတာကများတယ်​" ဟု ၄င်းက ဆိုသည်​။

သို့​သော် ​ယင်းသို့လုပ်​​ဆောင်​​နေ​သော်​လည်း တို့တာဝန်​အ​ရေး(၃)ပါး၊ စစ်​မူ (၆) ချက်​ စ​သည့်​ တပ်​မ​တော်​ဘက်​မှ အ​သေဆုပ်​ကိုင်​ထား​သောမူဝါဒများ​ကြောင့်​ ပြုပြင်​​ပြောင်းလဲ​ရေးကိစ္စမှာ လွယ်​ကူမည်​မဟုတ်​​ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကိုပြင်​ဆင်​​ရေးကို၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေတွင်​ မပါ​၀င်​သောနည်းလမ်းဖြင့်​သာ လူထုအင်​အားဖြင့်​ ​ဆောင်​ရွက်​သင့်​​ကြောင်း ကို​ကျော်​ကိုကိုက ​ပြောသည်​။

ထို့အတူ ညီညွတ်​​ရေးလုပ်​​ဆောင်​ရာ၌ ​ရေရှည်​ညီညွတ်​မှုကို လိုလားပါက မိမိမူ​ပေါ်တွင်​မိမိ ခိုင်​ခိုင်​မာမာ ရပ်​တည်​ရမည်​ဖြစ်​​ကြောင်း၊ နိုင်​ငံ​တော်​အာဏာ၏မူရင်း​သည် ပြည်​သူ့ထံမှဆင်းသက်​လာပြီး ပြည်​သူက​ရွေးချယ်​​သော နိုင်​ငံ​ရေးပါတီ၏ လက်​ထဲတွင်​သာ ရှိရမည်​ဖြစ်​​ကြောင်း၊ ​ဒေါ်​အောင်​ဆန်းစုကြည်​အ​နေဖြင့်​ ပြည်​သူ့မူဖြင့်​ ညီညွတ်​​ရေးလုပ်​ခြင်းကိုသာ လက်​ခံနိုင်​ပြီး မူကင်းမဲ့စွာ တဖက်​သတ်​လိုက်​​လျော​ချော့မြူ​နေခြင်း၊ စစ်​တပ်​နှင့်​ပူး​ပေါင်းခြင်းကို ပရိယာယ်​တစ်​ခုအဖြစ်​လည်း လက်​မခံနိုင်​​ကြောင်း ၄င်းကဆိုသည်​။

ယခုအ​ခြေအ​နေအတိုင်း ဆက်​သွား​နေမည်​ဆိုပါက နိုင်ငံအ​နေဖြင့်​ ဖွံ့ဖြိုးဆဲနိုင်​ငံအဖြစ်​မှ ကျဆုံးနိုင်​ငံအဖြစ်​သို့ ဆုတ်​ယုတ်​မှုသာ ဖြစ်​​ပေါ်လာနိုင်​​ကြောင်းလည်း ၄င်းကေ​၀ဖန်​ပြော​ဆိုသည်​။

"​ မမြ၀င်း​ရောဂါကို ပြတ်​ပြတ်​သားသား ဆန့်​ကျင်​ဖို့ လိုတယ်​။ လှေနံနှစ်​ဖက်​နင်း​နေရင်​​တော့ ​အဆင်​မ​ပြေဘူး။ ကျွန်​​တော်​တို့ ဖြစ်​​ချင်​တာက​တော့ ပြည်​သူအတွက်​ ပြတ်​ပြတ်​သားသား ရပ်​ရင်​ရပ်​၊ မရပ်​ဘူးဆိုရင်​လည်း ရတယ်​။ ကိစ္စမရှိဘူး။ ပြည်​သူက သူတို့ရဲ့ ပြည်သူလူထြု​ကားထဲက ​တော်​လှန်​နိုင်​တဲ့​ခေါင်း​ဆောင်​ကို၊ အ​တွေ့အကြုံရှိတဲ့သူကို၊ အရာရာဟာ ပြည်​သူအဆုံးအဖြတ်​ပေးတယ်​ဆိုတဲ့ အ​တွေးအ​ခေါ်၊ သမိုင်းကိုအဆုံးအဖြတ်​​ပေးတာ ပြည်​သူပါဆိုတဲ့ အ​တွေးအ​ခေါ်ရှိတဲ့သူကို ပြတ်​ပြတ်သားသား ​​ယုံကြည်​တယ်​ဆိုရင်​​တော့ ​ဘယ်​သူ၊ဘယ်​၀ါကိုမှ ဖက်​တွယ်​​နေစရာမလိုဘူး။ ပြည်​သူလူထုဟာ သူတို့ရဲ့ မှန်​ကန်​သင့်​​တော်​တဲ့ ​ခေါင်း​ဆောင်​သစ်​ကို ​ရွေးချယ်​သွားနိုင်​လိမ့်​မယ်​လို့ ယုံကြည်​တယ်​" ဟု ကို​ကျော်​ကိုကိုက ဆိုသည်​။

ဓာတ်​ပုံ - ငြမ်း

မူရင်းလင့် - https://m.facebook.com/story.php?story_fbid=2002884253302959&id=1867433203514732

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်​အောင်​ဆန်းစုကြည်​ မမြ၀င်း​ရောဂါရ​နေဟု ကို​ကျော်​ကိုကိုဝေဖန်​”

Post a Comment

Related Posts Plugin for WordPress, Blogger...