Friday, November 3, 2017

သာသနာဟာ ဒီ့ထက်​ မြန်​မြန်​ကွယ်​​ပျောက်​ဖို့ပဲ ရှိပါတယ်

,
ဟိုဘုန်းကြီးအ​ကြောင်း ကိုယ်​​တွေ့ကြုံဖူးတာ​လေး ​ဖောက်​သည်​ချပါဦးမယ်​။ ဘယ်​ဘုန်းကြီးလဲဆို ​"တ​ယောက်​နဲ့တပိုင်း ​ဒေသနာ" ကို မြွက်​ကြားခဲ့တဲ့ ဟိုသာသနာပိုင်​ဘုန်းကြီး​ပေါ့။ နည်းနည်းထင်​ရှား​အောင်​ ထပ်​​ပြောရရင်​ အဲ့သည်​ဘုန်းကြီးဟာ တရား​ဟောတဲ့အခါ အင်္ဂလိပ်​လိုလည်း နည်းနည်းညှပ်​​ပြောတတ်​တယ်​၊ အသံသြဇာကို နားလည်​တဲ့အ​လျောက်​ တရားပွဲမစခင်​ အသံချဲ့စက်​ကိုင်​တဲ့လူကို ​ဘေ့စ်​နည်းန​ည်းတင်​လိုက်​ဦး၊ ထရက်​ဘယ်​နည်းနည်း​လျှော့၊ ​ဗော်​လရွမ်းကို ထပ်​တင်​ စသဖြင့်​ ဆရာလုပ်​တတ်​ပါတယ်​။

လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၂၅ နှစ်​​လောက်​ကို ပြန်​သွားရင်​ ကျ​နော်​က ရန်​ကုန်​စက်​မှုတက္ကသိုလ်​​ကျောင်းသားဘဝ။ စက်​မှုတက္ကသိုလ်​ဗုဒ္ဓဘာသာမိသားစုအသင်းမှာ အမှု​ဆောင်​။ ခုလို ဘာသာမဲ့ မဟုတ်​​သေးဘူး။ သာ​ရေးနာ​ရေးမှာ တက်​ကြွတဲ့ ကြက်​ဖ​လေး​ပေါ့။

တရက်​ စက်​မှုတက္ကသိုလ်​ရဲ့ ပင်​မ​ဆောင်​ စု​ဝေးခန်းမမှာ အဲ့သည်​ဘုန်းကြီး တရားပွဲရှိတယ်​။ ဒါ​ပေမယ့်​ အချိန်​တန်​တဲ့အထိ ဘုန်းကြီးက ​ရောက်​မလာ။ အ​​တော်​ကြီးကို ​နောက်​ကျ​နေတယ်​။ တနာရီ​လောက်​​နောက်​ကျပြီးမှ ဘုန်းကြီး ​ပေါက်​ချလာတယ်​။

ပင်​မ​ဆောင်​​အောက်​မှာ ဆင်းကြိုကြတဲ့အထဲက ဗုဒ္ဓဘာသာမိသားစုဥက္ကဋ္ဌ သတ္ထုတွင်းအင်​ဂျင်​နီယာဌာနမှူး ပါ​မောက္ခက ခရီးဦးကြိုပြုပြီး နှုတ်​ဆက်​စကား​ပြောရာမှာ .... "အရှင်​ဘုရား၊ နည်းနည်းေ​နာက်​ကျသွားတယ်​​နော်​၊ လမ်း​မှာ ယာဉ်​​ကြော​တွေ ပိတ်​သလားဘုရား" ​ပေါ့။ ဆရာက အပြစ်​တင်​တာမဟုတ်​ပါဘူး။ ဒီလိုပဲ အဘိယာစက ပြုတာပါ။

သို့​သော်​ ကိုယ်​​တော်​က သူ့ကို ​ကြောတယ်​လို့ ထင်​ပုံရတယ်​။ " ​လေယာဉ်​ပျံဘယ်​အချိန်​ဆိုက်​သလဲဆိုတာ ခင်​ဗျားသိလား" လို့ ​ဒေါသတကြီး​ပြောပြီး ​တရား​ဟောခန်းမဆီ တန်းသွားပါ​လေ​ရော။ (အဲ့တုန်းက သူက ခုအချိန်​လို တကာ တကာမ​တွေကို မင်းငါနဲ့ မ​ပြော​သေးဘူး)

ဒါကို မြင်​တဲ့ကျ​နော်​ဟာ ပထမဦးဆုံးအ​တွေ့အကြုံမှာတင်​ ဒီဘုန်းကြီးကို မကြည်​ညိုနိုင်​​​တော့ဘူး။ ဟယ်​... ဒါလား သာသနာပြုဆရာ​တော်​ဆိုတာ။ ​ပြော​တော့ တို့​မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါ​စေ...ဆို။ ​မေတ္တာရန်​သူ ​ဒေါသမူ...ဆို။ အ​ပြောတခြား အကျင့်​တခြားပါလား။ ပါးစပ်​က ဘုရားဘုရား၊ လက်​က ကားယားကားယား ဆိုတာ ဒါမျိုးပါလား​ပေါ့​လေ။ ကျ​နော့်​​မှာ ​နေရာမှာတင်​ တထိုင်​တည်း သံ​ဝေဂ​တွေ ရတယ်​။

အခု​နောက်​ပိုင်း သူ​ဟော​တဲ့တရား​တွေမှာ လူမျိုးတုန်းသတ်​ဖြတ်​မှုကို အား​ပေးအား​မြှောက်​ပြုတဲ့ သ​ဘော​တွေပါလာ​တော့ မကြည်​ညိုရုံမျှမက ရွံရှာစက်​ဆုပ်​မှုလည်း ဖြစ်​မိပါတယ်​။ ဒီလိုလူ သာသနာပြုပုံနဲ့ဆို သာသနာဟာ ဒီ့ထက်​ မြန်​မြန်​ကွယ်​​ပျောက်​ဖို့ပဲ ရှိပါတယ်​။

ဒါက​တော့ တချိန်​က ကြုံခဲ့ဘူးတဲ့ အဲ့ဒီ အိမ်​ရှင်​ဧည့်​သည်​ ဘုန်းကြီးအ​ကြောင်းပါ။
သီတဂူ စဏ္ဍာလမင်းသဖွယ်​ လှန်​ကာပြခြင်း ကင်းကြပါ​စေဗျာ။

https://m.facebook.com/story.php?story_fbid=10155841358629723&id=795834722

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သာသနာဟာ ဒီ့ထက်​ မြန်​မြန်​ကွယ်​​ပျောက်​ဖို့ပဲ ရှိပါတယ်​”

Post a Comment

Related Posts Plugin for WordPress, Blogger...