Sunday, November 5, 2017

၁၇၆၉ ကမ္ဘာပထမဆုံး ရေနွေးငွေ့သုံး ကား( ပြင်သစ်)

,
(ပုံစံတူကို ပြန်လည်တည်ဆောက်ပြီး မောင်းနှင်ပြခြင်း)

၁၇၆၉ တွင် မြန်မာနိုင်ငံတွင် အလောင်းမင်းတရား၏ သားတော် ဆင်ဖြူရှင်မင်း နန်းတတ်နေချိန် ဖြစ်သည်။ မြန်မာတို့ ဓားလှံလေးမြားနှင့် ယိုးဒယားကို တိုက်ခိုက်နေစဉ် ပြင်သစ်တို့သည် စက်မှုကိရိယာများကို တီတွင် စမ်းသပ်နေကြသည်။

နောင် နှစ် ၃၀ အကြာ မြန်မာ အိမ်ရှေ့စံ ကနောင်မင်းက အနောက်တိုင်းပညာရပ်များအပေါ် အခြေခံ၍ စက်ကိရိယာများ လက်နက်များ တီတွင်ရန် ကြိုးစားခဲ့သည်။ မြန်မာ့သမိုင်းတွင် ပထမဆုံးနှင့် တခုတည်းသော စက်မှုတော်လှန်ရေးဖြစ်သည်။ အားပေးမှု မရပဲ ကျဆုံးခဲ့သည်။

အနောက်တိုင်းသားတို့သည် ကိုယ်ပိုင် တီတွင်မှုကို အားပေးသည့်အတွက် ရှေ့တန်းရောက်ကြသည်။ မကြာခင် ကမ္ဘာကို ထိုအင်အားဖြင့် နယ်ချဲ့ကြသည်။ ယခုအထိလည်း စီးပွားရေးနယ်ချဲ့နေကြဆဲ ဖြစ်သည်။

မြန်မာတို့ကား  တီတွင်မှုကို အားမကိုး၊ ဝယ်သုံးနေကြသဖြင့် ဂျင်းထည့်ခံ အဟောင်းအမြင်းများသာ အကောင်းစားလုပ်၍ သုံးနေရသည်။

ဥပမာ ရေငုပ်သင်္ဘာကို ကိုယ်တိုင်တည်ဆောက်ဖို့ စိတ်မကူးနိုင်၊ အစွမ်းရှိသူများကိုလည်း နေရာမပေး၊ ပညာရှင်များကို အာဏာပြ၍ ဦးနှောက်စီးထွက်မှု ဖြစ်ပေါ်ကာ လူ့အရင်းအမြစ် ခေါင်းပါးလာသည်။ ထိုအခါ ရေငုပ်သင်္ဘာအဟောင်းကို ဝယ်ရန်သာ ကြိုးစားရတော့သည် (မဝယ်ရသေး)။ လွန်ခဲ့သော နှစ် ၃၀ က ရေငုပ်သင်္ဘာဖြင့် စူပါအင်အားကြီး အိမ်နီးချင်း နှစ်နိုင်ငံကို ယှဉ်ရန် ဘယ်တော့မှ ဖြစ်နိုင်မည် မဟုတ်။

အနှစ် ၆၀ ဘတ်ဂျတ်အများဆုံး သုံးကာ ကာကွယ်ရေးဦးစားပေး ကြိုးစားသည်ဆိုသော်လည်း ဘင်္ဂလားနှင့် ယိုးဒယားလောက်ကို ယှဉ်နိုင်ဖို့ပင် အနိုင်နိုင်။

တရုတ်နဲ့ အိန္ဒိယဆီက လက်နက်ဝယ်ပြီး တရုတ်နဲ့ အိန္ဒိယ့ကို ကာကွယ်မည်ဆိုသည်မှာ ဖြစ်နိုင်ပါ၏လော။ လိုက်လေ ဝေးလေ၊ ငွေကုန် သံပြာ ဖြစ်ရုံသာ။

အမျိုးသားရေးစစ်စစ်ဟူသည် အမျိုးသားထုတ်ကုန်ရှိရမည်၊ အမျိုးသားနည်းပညာရှိရမည်၊ အမျိုးသားလက်နက်ရှိရမည်။ သို့မဟုတ်ပဲ သီချင်းလေးဆိုရင်း သယံဇာတ ထိုးရောင်းပြီး အသစ်အဆန်းပေါ်သမျှ လိုက်ဝယ်နေရလျှင် သမင်မွေးရင်း ကျားစားရင်း ပြောင်သလင်းခါရုံသာရှိတော့မည်။

https://m.facebook.com/story.php?story_fbid=1124420607691066&id=661818940617904

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ၁၇၆၉ ကမ္ဘာပထမဆုံး ရေနွေးငွေ့သုံး ကား( ပြင်သစ်)”

Post a Comment

Related Posts Plugin for WordPress, Blogger...