Tuesday, November 7, 2017

ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ပႏၲဳႏွင့္ သေဘၤာေကြ႕ေက်းရြာမ်ား၌ လႈိဏ္ဂူမ်ားရွာေဖြေတြ႕ရွိ(ကာကြယ္ဦးစီးခ်ဳပ္ရံုး)

,
ေနျပည္ေတာ္ ၊၂၀၁၇ ႏို၀င္ဘာ- ၆

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ပႏၲဳႏွင့္ သေဘၤာေကြ႕ေက်းရြာမ်ား၌ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား ျပဳလုပ္ထားသည့္ လႈိဏ္ဂူမ်ားေတြ႕ရွိေၾကာင္း သတင္းအရ ႏုိ၀င္ဘာ ၅ ရက္နံနက္ပိုင္းတြင္ လုံၿခံဳေရး တပ္ဖြဲ႕၀င္မ်ားက အဆိုပါေက်းရြာမ်ားသုိ႔ သြားေရာက္ရွာေဖြရာ ေက်ာက္ပႏၲဳ ေက်းရြာအလယ္ရွိ ေတာင္ကုန္းငယ္၌ အလ်ား ၁၅ ေပ၊ အနံ ၁၀ ေပ၊ အျမင့္ ၅ ေပရွိ သစ္လုံးမ်ားမုိးထားၿပီး ပ်ဥ္ခင္းထားေသာ လူလုပ္လႈိဏ္ဂူတစ္ခုကို ေတြ႕ရွိခဲ့ကာ စစ္ေဆးခ်က္မ်ားအရ ယခင္က အၾကမ္းဖက္သမားမ်ား သုိ၀ွက္ထားသည့္ ေရစိုပ်က္စီးေနေသာ ဆန္အိတ္ ၁၃ အိတ္ႏွင့္ ေရပုံအမည္း ၁ ပုံးတုိ႔အား ရွာေဖြ ေတြ႕ရွိခဲ့သည္။

ဆက္လက္ၿပီး သေဘၤာေကြ႕ေက်းရြာသုိ႔ ထပ္မံသြားေရာက္ရွာေဖြခဲ့ရာ ေက်းရြာ၏ အေရွ႕ဘက္ေတာင္ကုန္း၌ အျမင့္ ၄ ေပ၊ အနံ ၃ ေပရွိၿပီး ေက်ာက္သားအား ထြင္းထား ေသာ လႈိက္ဂူတစ္ခုအား ရွာေဖြေတြ႕ရွိခဲ့သည္။ အဆုိပါလႈိဏ္ဂူသည္ အေပါက္၀မွ ေပ ၂၀ ခန္႔၀င္ေရာက္သြားပါက လမ္းခြဲ ၂ ခုရွိကာ ယာဘက္လမ္းခြဲ၏ အရွည္သည္ ေပ ၃၅ ခန္႔ရွိၿပီး ေဘး၀ဲယာနံရံမ်ား၌ ၂ ေပခန္႔ရွိလူေနထုိင္ အိပ္စက္ႏုိင္ရန္ေနရာမ်ားႏွင့္ အဆုံး၌ ၅ ေပပတ္လည္အက်ယ္ရွိ ေျမလြတ္တစ္ခုတုိ႔ကိုျပဳလုပ္ထားေၾကာင္း၊ ၀ဲဘက္လမ္းခြဲ၏ အရွည္သည္လည္း ေပ ၄၀ ခန္႔ရွည္လ်ာၿပီး ေဘး၀ဲယာနံရံမ်ား၌ ၂ ေပခန္႔ရွိ လူေနထုိင္ အိပ္စက္ရန္ေနရာမ်ားႏွင့္  လမ္းအဆုံး၌ ထြက္ေပါက္ တစ္ခုတို႔ကို ျပဳလုပ္ထားေၾကာင္းႏွင့္ ၎လႈိဏ္ဂူသည္ ယခင္က အၾကမ္းဖက္သမားအင္အား ၂၀ ဦးမွ ၂၅ ဦးခန္႔ေနထုိင္ခဲ့ေၾကာင္းတုိ႔အား စစ္ေဆးေတြ႕ရွိရၿပီး လႈိဏ္ဂူအတြင္းမွ ဆန္အိတ္ပိုင္း ၅ ပိုင္း၊ ဆီပုံးခံြ ၁ ခု၊ သေဘၤာေကြ႕ေက်းရြာေန မာမတ္တူေဆာင္း(ဘ)မုိဟာမတ္ကာလာမ်ာႏွင့္ ေက်ာက္ပႏၲဳေက်းရြာေန အဒူဟာလိပ္(ဘ)အာဘူဟာရွိန္းတုိ႔၏ အမည္မ်ားပါရွိသည့္ ေက်ာင္းသားကတ္ ၂ ခု၊ ကိုရမ္က်မ္း စာအုပ္ ၃ အုပ္ႏွင့္ ေဟာင္းႏြမ္းေနသည့္ အက်ႌ ၃ ထည္တို႔အား ရွာေဖြေတြ႕ရွိရသည္။

အလားတူ ယေန႔တြင္လည္း လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက အဆိုပါေက်းရြာ ၂ ရြာ၌ ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိစဥ္ ေက်ာက္ပႏၲဳေက်းရြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၂၀၀၀ ခန္႔အကြာ၌ အက်ယ္ ၃ ေပ၊ အျမင့္ ၅ ေပခြဲ၊ အရွည္ ေပ ၁၃၀ ခန္႔ရွိ ေက်ာက္လႈိဏ္ဂူ (ေဒသအေခၚကာဆင္းဂူ)တစ္ခုအား ထပ္မံ ရွာေဖြေတြ႕ရွိခဲ့သည္။

အဆုိပါလႈိဏ္ဂူမ်ားေတြ႕ရွိခဲ့သည့္ေက်းရြာမ်ားႏွင့္ အနီးတစ္၀ုိက္တုိ႔အား လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက အေသးစိတ္ စစ္ေဆးရွာေဖြလ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများရှာဖွေတွေ့ရှိ

နေပြည်တော် ၊ နိုဝင်ဘာ- ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများတွေ့ရှိကြောင်း သတင်းအရ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများသို့ သွားရောက်ရှာဖွေရာ ကျောက်ပန္တု ကျေးရွာအလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသော လူလုပ်လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကာ စစ်ဆေးချက်များအရ ယခင်က အကြမ်းဖက်သမားများ သိုဝှက်ထားသည့် ရေစိုပျက်စီးနေသော ဆန်အိတ် ၁၃ အိတ်နှင့် ရေပုံအမည်း ၁ ပုံးတို့အား ရှာဖွေ တွေ့ရှိခဲ့သည်။

ဆက်လက်ပြီး သင်္ဘောကွေ့ကျေးရွာသို့ ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်း၌ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိပြီး ကျောက်သားအား ထွင်းထား သော လှိုက်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါလှိုဏ်ဂူသည် အပေါက်ဝမှ ပေ ၂၀ ခန့်ဝင်ရောက်သွားပါက လမ်းခွဲ ၂ ခုရှိကာ ယာဘက်လမ်းခွဲ၏ အရှည်သည် ပေ ၃၅ ခန့်ရှိပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိလူနေထိုင် အိပ်စက်နိုင်ရန်နေရာများနှင့် အဆုံး၌ ၅ ပေပတ်လည်အကျယ်ရှိ မြေလွတ်တစ်ခုတို့ကိုပြုလုပ်ထားကြောင်း၊ ဝဲဘက်လမ်းခွဲ၏ အရှည်သည်လည်း ပေ ၄၀ ခန့်ရှည်လျာပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိ လူနေထိုင် အိပ်စက်ရန်နေရာများနှင့်  လမ်းအဆုံး၌ ထွက်ပေါက် တစ်ခုတို့ကို ပြုလုပ်ထားကြောင်းနှင့် ၎င်းလှိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမားအင်အား ၂၀ ဦးမှ ၂၅ ဦးခန့်နေထိုင်ခဲ့ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လှိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်း ၅ ပိုင်း၊ ဆီပုံးခွံ ၁ ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း(ဘ)မိုဟာမတ်ကာလာမျာနှင့် ကျောက်ပန္တုကျေးရွာနေ အဒူဟာလိပ်(ဘ)အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသားကတ် ၂ ခု၊ ကိုရမ်ကျမ်း စာအုပ် ၃ အုပ်နှင့် ဟောင်းနွမ်းနေသည့် အကျႌ ၃ ထည်တို့အား ရှာဖွေတွေ့ရှိရသည်။

အလားတူ ယနေ့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာ ၂ ရွာ၌ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိစဉ် ကျောက်ပန္တုကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ အကျယ် ၃ ပေ၊ အမြင့် ၅ ပေခွဲ၊ အရှည် ပေ ၁၃၀ ခန့်ရှိ ကျောက်လှိုဏ်ဂူ (ဒေသအခေါ်ကာဆင်းဂူ)တစ်ခုအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါလှိုဏ်ဂူများတွေ့ရှိခဲ့သည့်ကျေးရွာများနှင့် အနီးတစ်ဝိုက်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

https://m.facebook.com/story.php?story_fbid=1504918979628962&id=526503167470553

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ပႏၲဳႏွင့္ သေဘၤာေကြ႕ေက်းရြာမ်ား၌ လႈိဏ္ဂူမ်ားရွာေဖြေတြ႕ရွိ(ကာကြယ္ဦးစီးခ်ဳပ္ရံုး)”

Post a Comment

Related Posts Plugin for WordPress, Blogger...