Monday, November 6, 2017

အဓမ္မမှုကျူးလွန်သည့် တရုတ်နိုင်ငံသားအား ထောင်တစ်နှစ်သာချမှတ်မှု ရဲတပ်ဖွဲ့က အယူခံတက်မည်

,
ပြင်ဦးလွင်မြို့နယ်မှ မှန်ဘီလူးစက်ရုံလုပ်သား အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် တရုတ်နိုင်ငံသားကို မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်သာ ချမှတ်ခဲ့သည့်အပေါ် ပြစ်မှုပြစ်ဒဏ် မျှတမှုမရှိဟုဆိုကာ ခရိုင်တရားရုံးသို့ အယူခံတက်မည်ဖြစ်ကြောင်း ပြင်စာရဲစခန်းမှူးရဲအုပ် အောင်ဆန်းဝင်းက ပြောသည်။


လွန်ခဲ့သည့် ဖေဖော်ဝါရီက ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ မှန်ဘီလူးစက်ရုံပလတ်စတစ်ဌာန တာဝန်ခံတရုတ်နိုင်ငံသားအား အောက်တိုဘာလကုန်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်  တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့သည်။

‘‘ပြစ်မှုပြစ်ဒဏ် နည်းတယ် ထင်တဲ့အတွက် ခရိုင်ရုံးကို အယူ ခံတက်ဖို့ ရှိတယ်။ မြို့နယ်ရုံးက နေ အမှုတွဲတောင်းထားတုန်းပဲ ရှိသေးတယ်’’ဟု ရဲအုပ်အောင်ဆန်းဝင်းက ပြောသည်။

မှန်ဘီလူးစက်ရုံတွင် အလုပ် သမားခေါင်းဆောင်အဖြစ် လုပ် ကိုင်နေသည့် (၂၁)နှစ်အရွယ် အမျိုးသမီးသည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၂ နာရီက ညဆိုင်း(ညပိုင်းအလုပ်ချိန်) တာဝန်ကျသဖြင့် အခြားအလုပ်သမားများနှင့်အ တူ လုပ်ကိုင်နေစဉ် တရုတ်နိုင်ငံသားက အရက်မူးကာ ရောက်ရှိလာပြီး အလုပ်ကိစ္စပြောစရာရှိသည် ဆိုကာ ရုံးခန်းအတွင်းခေါ်ဆောင်ခဲ့သည်။ ထို့နောက် တံခါးသော့ပိတ်ကာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုဖြစ်စဉ်မတိုင်မီ နှစ်လခန့် ကလည်း စက်ရုံဝင်းအတွင်းရှိ မှောင်နေသောနေရာသို့ ပွေ့ဖက် ၍ အတင်းဆွဲခေါ်သဖြင့် ရုန်းကန် ထွက်ပြေးခဲ့ရကြောင်း တိုင်တန်း ချက်များတွင် ဖော်ပြထားသည်။

စက်ရုံအလုပ်သမားအား အ လိုမတူဘဲ သားမယားပြုကျင့်ခဲ့ သည့် အသက်(၃၀)အရွယ် တရုတ်နိုင်ငံသားကို ရာဇသတ် ကြီးပုဒ်မ ၃၇၆/၃၅၄ ဖြင့် ပြင်စာ ရဲကင်းစခန်းတွင် အမှုဖွင့်ခဲ့ပြီး တရားရုံးတွင် ပုဒ်မ ၃၇၆ ဖြင့် စွဲ ချက်တင်ခဲ့သည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၆ သည် ထောင်ဒဏ်၁၀ နှစ်အထိဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်

Byဖြိုးဖြိုးဇော်


http://www.7daydaily.com/story/112154


0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အဓမ္မမှုကျူးလွန်သည့် တရုတ်နိုင်ငံသားအား ထောင်တစ်နှစ်သာချမှတ်မှု ရဲတပ်ဖွဲ့က အယူခံတက်မည်”

Post a Comment

Related Posts Plugin for WordPress, Blogger...