Monday, November 6, 2017

၂၀၀၈ အခြေခံဥပဒေကို ပြင်နိုင်မည့်သူကို ထုတ်ပြခဲ့တဲ့NLD နှင့် မဖွဲ့ခင်ကတည်းက ကျဆုံးနေပြီးသား၈၈မျိုးဆက်ပါတီသစ်

,
NLDပါတီကပဲ ၂၀၀၈ အခြေခံဥပဒေကို ပြင်နိုင်မဲ့ သူကို ထုတ်ပြတဲ့အတွက် ဦးကိုနီလို ပညာရှင်တွေ အသတ်ခံရတဲ့ နစ်နာဆုံးရှုံးမှု့ဟာ NLD ပါတီရဲ့ သူ့လူကိုယ့်ဘက်သား အယောင်ပြ လက်ထောက်ချလို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့် ပြောရသလည်း မေးရင် အခုထိ ဦးကိုနီရဲ့ အမှု့၊ ဗမာပြည်တပြည်လုံး မျက်နှာပျက်၊ သိက္ခာကျ၊ အစိုးရသစ်ကိုယ်တိုင် ဖြေရှင်းရတဲ့ ကိစ္စကို မသိချင်ယောင် ဆောင်နေလို့ပဲ ဖြစ်ပါတယ်။ ပြည်ထဲရေး နဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးတွေကို ၂၀၀၈ အခြေခံဥပဒေကြောင့် အစိုးရသစ်က ကိုင်တွယ်လို့ မရဘူးဆိုတာ အကြောင်းပြချက် သပ်သပ် ဖြစ်ပါတယ်။ သိရဲ့သား ခေါင်းငုံ့ဝင် သဘောထူထားပြီးမှ အစိုးရသစ်အဖြစ် ဖွဲ့စည်းထားတယ်၊ အခြေခံဥပဒေကို ကျော်ပြီး ကိုယ့်ဖာသာကိုယ် အတိုင်ပင်ခံရယူထားတယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေ အထက်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေတာကို ငြင်းလို့ မရသလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတအထက်မှာ ကျမ ရှိတယ်လို့ ပြောထားပြီးသားပါ။ ပြဿနာဖြစ်မှ ၂၀၀၈ အခြေခံဥပဒေကို အပြစ်ပြောဖို့ လူစုထားတာဟာ သိပ်ယုတ်မာတဲ့ NLD ခေါင်းဆောင်တွေရဲ့ တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးဖို့ လုပ်ထားတဲ့ အစီအမံ ဖြစ်ပါတယ်
- ၈၈ မျိုးဆက် ပါတီဟာ မတည်ထောင်ခင်ကတည်းကကျဆုံးသလဲ ပြောရရင် အနောက်တံခါးပွင့်ပြီ ရှိသမျှအစ္စလာမ်ဘာသာဝင် အားလုံးကို ခိုးဝင်တွေလို့ ပြောထားတာ ၈၈ မျိုးဆက်ပါတီကို ဦးဆောင်မဲ့ ကိုကိုကြီးပါ။ နောက်တချက်က ၈ျပန်မှာရိုဟင်ဂျာ အသုံးအနှုန်းကြောင့် ဗမာပြည်ရဲ့ နိုင်ငံရေးကို ရှုပ်ထွေးစေတယ်လို့ လူမျိုးတမျိုးကိုအပြစ်ပုံချတဲ့ လုပ်ရပ်ပါ။
-
ဗမာပြည်ရဲ့ နိုင်ငံရေးမှာ ကိုကိုကြီးဟာ အခန်းကဏ္ဍ တခု ရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊ ထောင်ကျတဲ့သမိုင်းတွေ ငြင်းမရပါဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည် လို ကမ္ဘာမှာ  သြဇာရှိတဲ့ အမျိုးသမီးတယောက်၊ ဗမာပြည်သူတွေ ထောက်ခံတဲ့ မိန်းမတယောက်က ရိုဟင်၈ျာ ရှိတယ် မရှိဘူး မပြောရဲတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည် တောင် ရိုဟင်၈ျာ မရှိဘူးလို့ ကမ္ဘာကြီးကို ပြောတောင် ကမ္ဘာကြီးက လက်မခံတဲ့ အခြေအနေမှာ ၈၈ အရေးတော်ပုံကြီးရဲ့ တန်ဖိုးတွေ၊ တောင်းဆိုမှု့တွေကို မေ့ပြီး ၂၀၀၈ အခြေခံဥပဒေကို မပြင်ဘူး၊စစ်တပ်နဲ့ ထိပ်တိုက်မတွေ့ဘူး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ထွက်ပေါ်လာမဲ့ ၈၈ မျိုးဆက်ပါတီဟာ မဖွဲ့ခင်ကတည်းက ကျဆုံးနေပြီးသား
ဖြစ်သလို၊ ၈၈ အရေးတော်ပုံသမိုင်းကိုလည်း တတ်နိုင်တဲ့ဖက်ကနေဖျက်ဆီးပြီးသား ဖြစ်နေပါပြီ။
Nyein Chan Aung

https://m.facebook.com/groups/1744758135735583?view=permalink&id=2017668911777836

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၀၀၈ အခြေခံဥပဒေကို ပြင်နိုင်မည့်သူကို ထုတ်ပြခဲ့တဲ့NLD နှင့် မဖွဲ့ခင်ကတည်းက ကျဆုံးနေပြီးသား၈၈မျိုးဆက်ပါတီသစ်”

Post a Comment

Related Posts Plugin for WordPress, Blogger...