Thursday, November 9, 2017

မြန်မာ့တပ်မတော်ကို လက်နက်မရောင်းကြဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို

,
■ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို အကြမ်းဖက်နေတဲ့ မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချတာတွေကို တာဝန်ယူမှု-တာဝန်ခံမှု ရှိတဲ့အချိန်အထိ ရပ်ဆိုင်းကြဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက စက်တင်ဘာလ (၂၈) ရက်နေ့ မနေ့က လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။

မိမိတို့အနေနဲ့ လူမျိုးတမျိုးကို တိုင်းပြည် ပျောက်ကွယ်သွားအောင် ရက်စက်ကြမ်းကြုပ်စွာ ပုံမှန်စစ်ဆင်နေတဲ့ မြန်မာအာဏာပိုင်တွေကို စိုးရွံ့နေဖို့ မလိုကြောင်း၊ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ တပ်အရာရှိတွေကို ရာထူးတာဝန်ကနေ ချက်ချင်းဖယ်ရှားရမှာ ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်တာတွေအတွက် ပြစ်ဒဏ် စီရင်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

တချိန်ထဲမှာပဲ ရိုဟင်ဂျာမွတ်ဆလင်အရေးနဲ့ ပတ်သက်လို့ အင်အားအပြည့် အသုံးချပြီး ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အမေရိကန် အထက်လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

ရီပတ်ဘလစ်ကန် အမတ် ၄ ဦးနဲ့ ဒီမိုကရက်တစ် အမတ် ၁၇ ဦးလက်မှတ်ထိုးထားတဲ့ ဒီစာမှာ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာ အကူအညီပေးရေးဌာန အနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

https://m.facebook.com/story.php?story_fbid=10156710129503128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာ့တပ်မတော်ကို လက်နက်မရောင်းကြဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...