Sunday, November 5, 2017

နောက်ကြောင်းပြန်ဝေဖန်ရေးမလုပ်ဖို့ မီဒီယာကို ဦးခင်ညွန့် သတိပေး

,
"စနစ်ပေါ်မှာလဲ မူတည်တယ်ကွ၊ ငါတို့ကလဲ အရင်က စစ်အစိုးရလေ၊ စစ်အစိုးရဆိုတော့ စစ်အစိုးရ ပုံစံအတိုင်း လုပ်ရတာ၊ အခုက ဒီမိုကရေစီ စနစ်လေကွ၊ ဒီမိုကရေစီစနစ်ဆိုတာ ဒီမိုကရေစီ စနစ်အတိုင်း သွားတယ်၊ သို့သော်ငြားလည်း တို့ ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ရမယ်...ဒါဘဲ"

(ဦးခင်ညွန့်)
________________________

သမိုင်းကြောင်းအရဝေဖန်ခြင်းသည် နောက်ကြောင်းပြန်ခြင်းမဟုတ်ပါ။ ရှေ့သို့သွားရန် အတိတ်ဖြစ်ရပ်များမှ

သင်ခန်းစာယူခြင်းဖြစ်ပါသည်။

Forgive , But Don't Forget ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပါမည်။ မေ့ဖျောက်ပစ်ရန်မလုပ်စကောင်းပါ။

သမိုင်းဖြစ်ရပ်မှန်များကို ရှာဖွေတင်ပြနေခြင်းကို အမျိုးသားရင်ကြားစေ့ရေးကို ခုတုံးလုပ်ကာ တားဆီးနေကြသူများသည်

အသိဉာဏ်အားဖြင့် ဦးခင်ညွန့် နောက်လိုက်များသာ ဖြစ်လိမ့်မည်။

ဆရာကြီး ဒေါက်တာသန်းထွန်း၏ ကျော်ကြားသော အမှာစကားကို အမြဲနှလုံးသွင်း၍

ရှာဖွေပါ၊ လေ့လာပါ၊သုံးသပ်ပါ၊ ဖြန့်ဝေပါဟု အကြံပြုပါရစေ

" သမိုင်း မသိရင် အ တယ်"  ( ဒေါက်တာသန်းထွန်း)

မြန်မာနိုင်ငံနှင့် လျော်ညီသော ဒီမိုကရေစီဟုဆိုလျှင်

ဒီမိုကရေစီအခြေခံ ပြည့်စုံပြီး မြန်မာလူ့အသိုင်းအဝန်းနှင့် ဆီလျော်ခြင်းဟု အဓိပ္ပာယ်ရသည်။

၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီအခြေခံနှင့် ဆီလျော်ပါ၏လောဟု မေးခွန်းကို ဦးခင်ညွန့် မည်သို့ ဖြေမည်နည်း။

မြန်မာအိမ်၊ တရုတ်အိမ်၊ ကုလားအိမ်၊ အမေရိကန်အိမ်၊အင်္ဂလိပ်အိမ်၊ စသည်ဖြင့် အကွဲကွဲအပြားပြား ဆင်ယင်မွမ်းမံမှုများရှိသော်လည်း

အမိုး၊ အကာ၊ တံခါး၊ မီးဖို၊ အိမ်သာ စသော အိမ်၏ အခြေခံ အင်္ဂါရပ်များ ရှိရမည်။

ဦးသန်းရွှေ၏ ၂၀၀၈ အခြေခံဥပဒေသည်ကား အမိုးမပါသော အိမ် ပုံပမာတည်း။ ဒီမိုကရေ-အိမ်ဟု သတ်မှတ်ရန်မသင့်။

ထို့အတူ ဦးနေဝင်း၏  ၁၉၇၄ အခြေခံဥပဒေသည်လည်း အမိုးမပါသော အိမ် ပုံပမာတည်း။ ဆိုရှယ်လစ်-အိမ်ဟု သတ်မှတ်ရန်မသင့်။

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်၊ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဟူ၍ အရေခြုံထားသော အာဏာရှင်စနစ်သာဖြစ်ပေသည်။

ထို အင်္ဂါမစုံ ဗီဇမမှန်သော စနစ်ဆိုးမှန်သမျှကိုကို ပြည်သူအားလုံးက ဖျက်သိမ်းပစ်ရမည် ဖြစ်ပါသည်။

https://m.facebook.com/story.php?story_fbid=993705670762561&id=661818940617904

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နောက်ကြောင်းပြန်ဝေဖန်ရေးမလုပ်ဖို့ မီဒီယာကို ဦးခင်ညွန့် သတိပေး”

Post a Comment

Related Posts Plugin for WordPress, Blogger...