Sunday, November 12, 2017

လော်ဘီစစ်ပွဲမှာ အချီကြီးကွဲရတဲ့ မြန်မာ

,
ဒီရက်ပိုင်းတွေမှာ နိုင်ငံတကာမှာ၊ မီဒီယာသတင်းစာမျက်နှာများမှာ၊ သံတမန်အစည်းအဝေးများမှာ မြန်မာနိုင်ငံရဲ့နာမည်ဟာ အကြီးအကျယ်မကောင်းသတင်းနဲ့ ကျော်စောနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဟိုးအရင်နှစ်များဆီက အရှေ့တောင်အာရှက စီးပွားရေးအကောင်းဆုံးနိုင်ငံ၊ ဒီမိုကရေစီစံပြ နိုင်ငံဆိုပြီး အကျော်ကြားဆုံးဖြစ်ခဲ့လေသမျှ အခုတော့ မြန်မာဆိုရင် လူမျိုးတုံးသတ်တာ၊ နှိပ်စက်တာနဲ့တွဲပြီး မြင်ကြတဲ့၊ ကြမ်းကြုတ်တဲ့ နိုင်ငံတစ်ခုလို နေ့ချင်းညချင်းဖြစ်သွားရပါတယ်။ ဒီမိုကရေစီသူရဲကောင်းလို့ ကမ္ဘာမှာထင်ရှားကျော်ကြားတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း ဘင်္ဂါလီလူမျိုးများဘက်ကနေ မရပ်တည်ဘဲ မြန်မာပြည်က လူမျိုးအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေဘက်က ရပ်တည်ခဲ့တဲ့အတွက် နိုင်ငံတကာက အပြစ်တင်တာကို ခံယူနေရပါတယ်။ ဒီလိုဖြစ်ရတာကို ဘယ်မြန်မာနိုင်ငံသားမှ မကြိုက်ပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်နေတာကိုတော့ လက်ခံရတာပေါ့။

သြဂုတ် ၂၅ ရက်က တစ်ကျော့ပြန်စခဲ့တဲ့ ရခိုင်အရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဂုဏ်သိက္ခာကို ကျဆင်းစေခဲ့တယ်။ တိုင်းပြည်ရဲ့ ရှေ့ဆက်တိုးတက်ရမယ့်လမ်းကို အဟန့်အတားကြီး စွာဖြစ်စေခဲ့တယ်ဆိုတာ မြန်မာခေါင်းဆောင်တွေလည်း ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အောက်တိုဘာအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြည်တွင်း၊ ပြည်ပက မြန်မာတွေကို ငွေကြေးအကူအညီပေးရေးတောင်းခံခဲ့ရတဲ့အထိပါ။ ပြည်တွင်း၊ ပြည်ပက မြန်မာတွေလည်း ဒီအရေးအတွက် အလွန်ရတက်မအေးဖြစ်နေပါတယ်။

ဘာဖြစ်လို့ ဒီအရေးက ဒါလောက်ကြီး ဆိုးဆိုးရွားရွားဖြစ်သွားခဲ့ရတာလဲ။ အမှန်တော့ မြန်မာနိုင်ငံက အခြေအနေနိမ့်ပါးအားနည်းနေတဲ့အချိန်မှာ အင်အားကြီးအုပ်စုဖွဲ့စနစ်တကျအနိုင်ယူတာကို ခံလိုက်ရတာပါ။ မြန်မာ့တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုရှိ၊ မရှိ ပြန်စိစစ်ဖို့ လိုပါတယ်။ တပ်မတော်ကလည်း နယ်မြေထိန်းသိမ်းရေးလုပ်ငန်းစဉ်မှာ လူ့အခွင့်အရေးချိုး ဖောက်မှုရှိ၊ မရှိ စိစစ်ခဲ့ပြီး ချိုးဖောက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂါလီတွေကလည်း အကြမ်းဖက်မှုတွေ ရှိခဲ့တာလည်း ငြင်းမရပါဘူး။ ဘင်္ဂါလီတွေမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက မြန် မာနိုင်ငံဘက်မှာ ကြီးပြင်းလာသူတွေလည်း ပါတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းရဲ့ မဆလအစိုးရလက်ထက်ကတည်းကနေ မြန်မာကို တရားမဝင် ဝင်ရောက်လာသူ ဘင်္ဂါလီတွေလည်း အများကြီးပါ။ ဒါပေမဲ့ သည်ဖြစ်ရပ်တွေက နိုင်ငံတကာအလယ်မှာ မှိန်ဖျော့ရပြီး မြန်မာနိုင်ငံက လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာတွေကပဲ တစ်ဖက်သတ်အကြမ်းဖက် အနိုင်ယူတဲ့ပုံစံ၊  မြန်မာစစ်တပ်နဲ့ အစိုးရကချည်းသက်သက် ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်တဲ့ပုံစံ ချည်းကသာ ပုံရိပ်အားကောင်း ကောင်းနဲ့ ပုံပေါ်နေပါတယ်။

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ် ရေးလက်အောက် ရှိစဉ်မှာရော၊ ဒီမိုကရေစီအပြောင်းအလဲကာလ မှာရော ရခိုင်က ဘင်္ဂါလီကိစ္စကို ဆူလာလိုက်ရှင်းလိုက်၊ ငြိမ်သွားလိုက်နဲ့ ပြီးပြီးရောထားလိုက်လုပ် နေခဲ့ပါတယ်။ အသေအချာအရေး ယူဖြေရှင်းကိုင်တွယ်တာမလုပ်ခဲ့ ပါဘူး။ မြန်မာအစိုးရဘက်ကသာ ဒီလိုဖြစ်နေပေမယ့် ဘင်္ဂါလီလော်ဘီများကတော့ ၂၀၀၆ ခုနှစ် လောက်ကတည်းက သည်ကိစ္စကို အချိန်ယူပြီး အဆက်မပြတ်လှုပ်ရှားခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့အ မည်ကို ကမ္ဘာသိအောင် သူတို့က ကြိုးစားခဲ့တယ်။

၂၀၀၇ နဲ့ ၂၀၀၈ မှာ ဘင်္ဂါ လီတွေ ပင်လယ်ထဲမျောတဲ့ဇာတ် လမ်းတွေကစပြီး သူတို့ဟာ နိုင်ငံတ ကာရဲ့အာရုံစိုက်မှုကို ခံရအောင် စလုပ်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာသတင်းဌာနတွေကလည်း ရိုဟင်ဂျာလော်ဘီတွေကို စတင် အင်တာဗျူးတွေလုပ်၊ သတင်းတွေလုပ်ပြီး စတင် စင်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှုကသာ အဓိကဖြစ်နေတဲ့အတွက် နိုင်ငံတကာအစိုးရများရဲ့ စိတ်ဝင်စားမှုမရခဲ့ပါဘူး။ အသိအမှတ်ပြုရုံလောက်သာ ရှိပါတယ်။ မြန်မာနဲ့ အခြေပြု လုပ်ကိုင်နေကြတဲ့ လူ့အခွင့်အရေးအဖွဲ့များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလည်း မြန်မာဒီမို ကရေစီရရေးနဲ့ ငွေကြေးတွေ ရနေတဲ့အတွက် သည်ကိစ္စကို သိပ်မ လှုပ်ရှားသေးကြပါဘူး။

၂၀၁၀ က စပြီး မြန်မာနိုင်ငံ မှာ ဒီမိုကရေစီအပြောင်းအလဲဖြစ် လာပြီ။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ကလည်း တိုက်ရိုက်လမ်းပွင့်သွား ပြီဆိုတာဟာ မြန်မာနိုင်ငံအတွက် တော့ ပျော်စရာသတင်းဖြစ်ပေ မယ့် မပျော်နိုင်သူတွေလည်း အ များကြီးပါ။ သည်အထဲမှာ နိုင်ငံ ရပ်ခြားကနေ မြန်မာဒီမိုကရေစီ ရေးပြလှုပ်ရှားနေသူတွေ၊  လူ့အ ခွင့်အရေးအဖွဲ့အစည်းတွေ၊ အစိုး ရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံအတွက် တင်ဆက်နေတဲ့ သတင်းဌာနအ ချို့ပါ ပါတယ်။ ဘာကြောင့်လဲဆို တော့ ပြည်တွင်းနဲ့ တိုက်ရိုက်ဆက် သွယ်လို့ရတဲ့အတွက် ငွေကြေးအ ကူအညီများ၊ ထောက်ပံ့မှုများက ပြည်တွင်းကိုပဲ တိုက်ရိုက်သွားကုန် ကြပါပြီ။ နိုင်ငံတကာအကူအညီ ပေးရေးအဖွဲ့တွေကလည်း ပြည် တွင်းက လူတွေနဲ့သာ တိုက်ရိုက် အလုပ်လုပ်လာကြပါပြီ။ ဒါ ကြောင့် သူတို့အတွက် အထောက် အပံ့တွေအလွန်နည်းလာပါတယ်။ ယခင်က ပုန်းလျှိုးကွယ်လျှိုးနား ထောင်ခဲ့ရတဲ့ ပြည်ပသတင်းဌာန တွေလည်း ပရိသတ်တွေအတော် ကျဆင်းခဲ့တာကို နှစ်စဉ်မီဒီယာ စစ်တမ်းတွေမှာ အထင်အရှားပြ နေပါတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာ တီဗီလိုင်းအစုံနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေက အားကောင်းတယ်။ မီဒီယာတွေက လည်း ပိုကောင်းလာတဲ့အတွက် ဟိုတစ်ချိန်ကလို ပြည်ပသတင်း ဌာနတွေကို တကူးတက နား ထောင်စရာမလိုတော့ပါဘူး။

အဲဒီတော့ သူတို့ကို ထောက် ပံ့ပေးနေတဲ့ ငွေကြေးအခြေအနေ တွေကလည်း မကောင်းတော့ပါ ဘူး။ တချို့လှုပ်ရှားသူတွေ၌ နိုင် ငံခြားမှာ အလုပ်လက်မဲ့တွေဖြစ်၊ အဖွဲ့အစည်းတွေနဲ့ သတင်းဌာန အချို့ဆို ဖျက်သိမ်းရမယ့်အခြေ အနေတောင် ရောက်လုနေပါပြီ။  ဒီအချိန်မှာ သူတို့အနေနဲ့ ဆက် လှုပ်ရှားလို့ရမယ့် ငွေကြေးအ ထောက်အပံ့ဆက်ရနိုင်မယ့်အ ကြောင်းရင်းကို လိုက်ရှာနေကြပါ တယ်။ မြန်မာနိုင်ငံသားတွေအ တွက် ဘင်္ဂါလီဟာ ရင်နာစရာဖြစ် ပေမယ့် သူတို့အတွက် အသက် ဆက်ပေးမယ့် ငွေတွင်းကြီးပါပဲ။ ဒါကြောင့် သူတို့ဟာ လူ့အခွင့်အ ရေးကို တွင်တွင်ပြောပြီးတော့ ဘင်္ဂါလီဘက်ကနေ လော်ဘီတွင် တွင်လုပ်ကြပါတော့တယ်။

သူတို့တွေအပြင် မြန်မာပြည်က ဘင်္ဂါလီအရေးဟာ နိုင်ငံတကာ စာမျက်နှာနိုင်ငံရေးကစားလိုတဲ့ နိုင်ငံတွေအတွက် အခွင့်ကောင်းပါ။ ပြည်တွင်းမှာ ထောက်ခံမှုအင်အားကျဆင်းနေတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားက နိုင်ငံရေးသမားတွေ၊ အမျိုးသမီးတွေကို ကားမောင်းခွင့်တောင်မရှိ ဖိနှိပ်ထားတဲ့ အရှေ့အလယ်ပိုင်းက သူဌေးနိုင်ငံ တွေ၊ မွတ်စလင်တွေ၊ အကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်မှု တွေကို ဖွတ်စညက်ကြေအောင် ခံနေရတဲ့ ဗြိတိန်နဲ့ အမေရိကန်လို နိုင်ငံတွေအတွက် သူတို့တွေရဲ့ မွတ်စလင်ကမ္ဘာကို ထောက်ခံ ကြောင်း၊ လူ့အခွင့်အရေးကို ထောက်ခံကြောင်း ပြဖို့အတွက် မြန်မာက ရခိုင်အရေးဟာ အခွင့် ကောင်းကြီးဖြစ်လာပါတယ်။ ဥပ မာဆိုရင် အမေရိကန်ဟာ ဆီးရီးယားမှာ မွတ်စလင်အရပ်သားတွေ ကို အမြောက်အမြားသေရအောင် ဗုံးကြဲခဲ့ဖူးတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြသော ဘင်္ဂလီအချို့ကို စက်တင်ဘာလဆန်းပိုင်းကတွေ့ရစဉ်  (ဓာတ်ပုံ−အေအက်ဖ်ပီ)

ဒါ့အပြင် မွတ်စလင်နိုင်ငံအချို့ကို သမ္မတထရန့်လက်ထက်မှာ အမေရိကန်လာခွင့်ပိတ်ပါတယ်။ ဗြိတိန်ဆိုရင်လည်း တခြားဥရောပ နိုင်ငံတွေလို မွတ်စလင်ဒုက္ခသည်တွေကို လက်ခံရမှာစိုးလို့ ဥရောပသမဂ္ဂကတောင် ထွက်ဖို့ လုပ်နေ တာပါ။ ဒါပေမဲ့ ဘင်္ဂါလီအရေးမှာ တော့ အမေရိကန်ဟာ မဟာကရုဏာပြပြီး လူ့အခွင့်အရေးကို ကြွေး ကြော်ပြီး မွတ်စလင်ကမ္ဘာနဲ့ ပူးပေါင်းပြပါတယ်။ မြန်မာကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောနေကြတဲ့ နိုင်ငံတွေအားလုံးဟာ မြန်မာက ဘင်္ဂါလီအရေးကို အသုံးချပြီး နိုင်ငံတကာစာမျက်နှာမှာ သူတို့ပုံရိပ်ကောင်းရဖို့ ကြိုးစားမှုတွေ ရှိလာပါတယ်။

ဘင်္ဂါလီအရေးမှာ မြန်မာဒီမို ကရေစီပြောင်းလို့ ခွင်ပျောက်နေတဲ့ သူတွေနဲ့ မီဒီယာတွေ၊ သူတို့ ရဲ့ပုံရိပ်တွေ နိုင်ငံတကာမှာ ကောင်းလာဖို့ ကြိုးစားချင်တဲ့ နိုင်ငံတွေ၊ အကျင့်ပျက်ခြစားမှုများကြောင့် နာမည်ပျက်နေတဲ့ ကုလ သမဂ္ဂလို အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြန်မာကို နာမည်ဖျက်ဖို့ မြန်မာအရေးကနေ သူတို့ပုံရိပ်ကောင်းယူဖို့၊ အခွင့်ကောင်းယူဖို့ အားသွန်ခွန်စိုက် ကြိုးစားကြတော့တာပါပဲ။ အကြီးအကျယ် ဘင်္ဂါလီတွေကို ရှေ့တန်းရောက်ဖို့ ဆွယ် ကြ တင်ကြ လော်ဘီလုပ်ကြတော့တာပါပဲ။

ချမ်းသာတဲ့ မွတ်စလင်နိုင်ငံတွေဟာ သည်အရေးမှာ အနောက်တိုင်းသားပညာရှင်၊ မြန်မာပညာ တတ်တွေအထိ ငွေသန်းချီသုံးပြီး အပြင်းအထန်လော်ဘီ(စည်းရုံး ဆွဲဆောင်)လုပ်နေပါတယ်။ ဥပမာနယူးယောက်တိုင်းမ်နဲ့ ဝါရှင်တန် ပို့စ်လို သတင်းစာမှာ တကယ့်ပြန် ကြားရေးကျွမ်းကျင်သူပညာရှင်တွေကိုငှားပြီး ဆောင်းပါးတွေ ဆက်တိုက်ပါအောင်လုပ်သလို မြန်မာအစိုးရဘက်က ပြန်ရေးတဲ့ ဆောင်းပါးဆိုရင် ဟိုအရင်က လည်း ရေးသူအာဘော်အနေနဲ့တောင် ထည့်မပေးတော့ဘူးလို့ အနောက်နိုင်ငံက မြန်မာသံအရာရှိတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ မြန်မာကိုယ်တိုင်ကလည်း အားနည်းချက်တွေ ဗရပွရှိပြီး စင်းလုံးချောမဟုတ်တာတော့ အမှန်ပါပဲ။ ရခိုင်ဒေသမှာ သွေးထွက်သံယိုမှုတွေရှိခဲ့တာလည်း အမှန်ပါပဲ။ ပြည်တွင်းက ဘာသာရေးအစွန်းရောက်တွေကြောင့် သူ တို့ရဲ့စွပ်စွဲချက်တွေ မှန်သလိုဖြစ် စေခဲ့ပါတယ်။

ဥပမာ ဘာသာရေး အစွန်း ရောက်မရှိဘူးလို့ ပြောနေတဲ့ အချိန်မှာ မြန်မာပြည်တွင်းက နေ မွတ်စလင်ဘာသာဝင်တွေကို နှိပ်စက်မှုတွေ၊ အစွန်းရောက်အပြု အမူတွေက မြန်မာပြည်က နှိပ်စက်မှုတွေရှိနေတယ်၊ ဘာသာရေးခွဲ ခြားမှုတွေ ရှိနေတယ် ဆိုတာကို သက်သေနဲ့တကွ ပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ တစ်ဖက်က ပြောသမျှဟာ အမှန်လို့ ယူဆစရာ ဖြစ်သွားရပါတယ်။ ဒါက တော့ တိုင်းပြည်ရဲ့ ပညာရေးနိမ့် ကျမှုကြောင့်လည်း ပါပါတယ်။ ဆိုရှယ်မီဒီယာတွေရှိလာချိန်မှာ ဒါဟာ နိုင်ငံတကာနဲ့ တိုက်ရိုက်ထိ တွေ့နေရတယ်။ ကိုယ်လုပ်သမျှကို တစ်ဖက်က ချက်ချင်း ထောက် ပြစရာဖြစ်နေတယ်ဆိုတာကို မြန် မာပြည်တွင်းမှာ သဘောပေါက် နားလည်သူနည်းပါတယ်။ နိုင်ငံတကာအလယ်မှာ ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာ သဘောမပေါက်ကြဘဲ မွတ်စလင်ဆန့်ကျင်ရေး၊ မုန်းတီးရေးတွေနဲ့ မဲဆွယ်သူတွေ၊ သတင်းလိမ်တွေနောက် ကောက်ကောက်ပါအောင် လိုက်ကြတာကဘင်္ဂါလီလော်ဘီတွေအတွက် အကြီးအကျယ် အခွင့်သာစေခဲ့ပါတယ်။

ဒါကြောင့် ပြည်တွင်းကနေ မွတ်စလင်ဆန့်ကျင်မှုတွေ လုပ်ပြလေ၊ ဘင်္ဂါလီတွေကို နှိပ်စက်မှုတွေ ပြလေ၊ ဘင်္ဂါလီလော်ဘီတွေက အကြိုက်တွေ့လေပါပဲ။ ဒါတွေကို ဓာတ်ပုံနဲ့တကွ ဂြိုဟ်တုကနေပါ ရိုက်ယူအထောက်အထားတွေ ပြပြီး အမေရိကန်လွှတ်တော်မှာ၊ ကုလသမဂ္ဂမှာ၊ နိုင်ငံတကာအလယ်မှာ သူတို့က မြန်မာပြည်ရဲ့ရက်စက်မှုတွေကို သက်သေထူကြပါတယ်။

အထက်ကပြောခဲ့တဲ့အတိုင်း ဒီအကြောင်းအရာတွေကြောင့် သြဂုတ်လနောက်ဆုံးပတ်ကစခဲ့တဲ့ ဘင်္ဂါလီပြဿနာဟာ အခု နိုဝင်ဘာရောက်ချိန်မှာ မြန်မာပြည်က ကမ္ဘာ့အလယ်မှာ အလွန်နာမည်ပျက်သွားခဲ့ပါပြီ။ အမေရိကန်၊ ဗြိ တိ၊ သြစတြေးလျလို မြန်မာကို အကူအညီပေးနေသော နိုင်ငံကြီးများ၊ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးတွေမှာ အကြီးအကျယ်ပံ့ပိုးနေတဲ့ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂကဲ့သို့ အဖွဲ့တွေရဲ့အကူအညီတွေ ရုပ်သိမ်းခံရပြီး တခြားပိတ်ဆို့အရေးယူမှုတွေ ခံရဖို့ အလားအလာတွေ ရင်ဆိုင်နေရပါပြီ။ ခရီးသွားလုပ်ငန်းလည်း သိသိသာသာကျဆင်းပြီး စီးပွားရေးပါ ကျဆင်းမယ့် အနေအထားလည်း ရောက်လာပါပြီ။

လာမည့်ရက် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း ဒီကိစ္စကြာင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိအားပေးမှုတွေကို ခံရဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ရှိသမျှ အားအင်နဲ့ အဆိုးဆုံး အခြေအ နေကနေ လွတ်အောင်ရုန်းဖို့ ကြိုး စားနေပါတယ်။

နိုင်ငံတကာမှာရှိတဲ့ မြန်မာသံတမန်တွေနဲ့ မြန်မာလူမျိုးပညာ ရှင်တွေကလည်း နိုင်ငံတကာကို ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရှင်းပြ နိုင်ဖို့ ပြင်ဆင်နေပါတယ်။ အလှူ ငွေတွေ ကောက်ခံပြီး ရခိုင်ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုး လုပ်ဆောင်ဖို့ ကြိုးစားနေကြပါတယ်။ လောလောဆယ် ရခိုင်အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်နိုင်မှုက ရခိုင် ပြည်နယ်နဲ့ ဒေသခံရခိုင်နဲ့ တခြားတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီခြင်းပါပဲ။ ထို့အတူ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မယ့် အစွန်းရောက်အပြု အမူတွေနဲ့ အွန်လိုင်းပေါ်က အရည်မရ၊ အဖတ်မရ အစွန်းရောက်မှုတွေကို ရှောင်ကြင်ဖို့ပါပဲ။ ဒါ့ အပြင် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့ သံတမန်ရေးရာစစ်ပွဲမှာ မြန်မာ ကောင်းကောင်းခုခံနိုင်ဖို့ အရပ် သားအစိုးရအနေနဲ့ ယခုထက်ပိုတဲ့ အားထုတ်မှုနဲ့ ဗျူဟာတွေရှိရ မှာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာ သိသိသာသာ အသာစီးရနေတဲ့ လော်ဘီစစ်ပွဲနဲ့ ပြည်တွင်းက အရိပ်သုံးပါး နားမလည်သူတွေအကြား ဒေါ်အောင်ဆန်းစုကြည် ဒီတောင်ကြီးကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါ တယ်။
Byမောင်မောင်ကျော် အတွဲ (၁၆)၊ အမှတ် (၃၅)

The light

https://m.facebook.com/story.php?story_fbid=1949919498597332&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လော်ဘီစစ်ပွဲမှာ အချီကြီးကွဲရတဲ့ မြန်မာ”

Post a Comment

Related Posts Plugin for WordPress, Blogger...