Wednesday, November 1, 2017

တရားဥပဒေကို ၀ယ်ကြေးနဲ့ဝယ်ယူခဲ့တာ

,
သူရရွှေမန်းသား ခင်ရွှေသမက်တိုးနိုင်မန်းက ဇေကမ္ဘာ company မှာ စစ်တပ်အသိုင်းအ၀ိုင်းက လူငယ်တွေရယ်၊ ကြံ့ခိုင်ရေးအသိုင်းအ၀ိုင်ကလူငယ်တွေရယ်ကိုအလုပ်တွေခန့်ပေးထားပြီး အုပ်စုဖွဲ့ ထားတယ်။ သူက စစ်တပ်ကလာတဲ့သူ။ DSA အပတ်စဉ် ၄၁ ကဆင်းလာတဲ့သူ။ စစ်လော်ဘီရဲမိုးနဲ့တပတ်စဉ်ထဲတွေ။ သီဟသူရတင်အောင်မြင့်ဦးရဲ့ သားတေဇာစောဦးနဲ့ ငယ်ပေါင်းတွေ။ လက်ရှိ ဇေကမ္ဘာ လုပ်ငန်းမှာ အမာခံလူမိုက်အဖွဲ့ ကို အင်အား ၃၀၀လောက်နဲ့ဖွဲ့ စည်းထားတယ်။ မင်္ဂလာဒုံထဲက လူမိုက်တွေလဲပါတယ်။ တိုးနိုင်မန်းဆိုတာ  ဦးနှောက်ကင်ဆာဖြစ်လို့ စကာင်္ပူမှာ နှစ်ခါခွဲ ပြီးထားသူ။ စိတ်ဂနာမငြိမ်ဘဲ စိတ်ကူးယဉ်နိုင်ငံရေး၇ူးနေရသူ။ သူ့ ဦးနှောက် ကင်ဆာဖြစ်တုန်းကဆို အရမ်းကိုက်လို့ မူးယစ်ဆေးပြားတွေ သုံးပြီးဝေဒနာကို
ကျော်လွားခဲ့ရသူ။ မူးယစ်ဆေးပြားကလည်း မခက်ပါဘူး ခင်ရွှေကိုယ်တိုင် လုပ်တာ ဆိုတော့ လွယ်ပါတယ်။ အဲဒီ ဇေကမ္ဘာ company မှာ သူရရွှေမန်းမိန်းမခင်လေးသက်ရဲ့ တူအရင်း ရဲလင်ကျော်ဆိုတာက ဒါရိုက်တာ ။တရုတ်စစ်စစ်။ ခင်ရွှေရဲ့ မူးယစ်ဆေး စီးပွားရေးကို ဦးဆောင်လုပ်ပေးနေရသူ။ သူက တိုးနိုင်မန်းရဲ့လက်ထောက်လဲဖြစ်တယ်။ တိုးနိုင်မန်း ဖွဲ့ စည်းထား
တဲ့ လူမိုက်အဖွဲ့ က လယ်သမားအိမ်တွေကိုဖျက်ဆီးခဲ့တာဖြစ်တယ်။ ဟိုတခါ ခင်ရွှေဖျက်ဆီးခဲ့ တဲ့ ဘုန်းကြီးကျောင်းကိုလည်း
အဲဒီအဖွဲ့ က ဖျက်ဆီးခဲ့ တာဖြစ်တယ်။ အဲဒီအဖွဲ့ မှာ မင်္ဂလာဒုံ ၀ါယာလက်ထဲက လူမိုက်တွေပါနေတယ်။ သိန်းစိန်ခေတ်က လက်ပတ်နီ စွမ်းအားရှင်တွေအဖြစ် လုပ်ဆောင်ခဲ့ ကြသူတွေဖြစ်တယ်။ မယုံရင် အဲဒီလူအုပ်ကို ဆေး
စစ်ကြည့်ပါ။ အများစုက မူးယစ်ဆေး သုံးစွဲထားတာ တွေ့ ရပါလိမ့်မယ်။ ခင်ရွှေဆိုတာရွှေမန်းပြောတဲ့အတိုင်းလုပ်ရသူပါ။ ရွှေမန်းက
သူ့ နာ မည်မခံချင်တဲ့ ပုံရိပ်ဆိုးတွေကို ခင်ရွှေကို လုပ်ခိုင်းတာပါ။ ဒီလယ် မြေ အမှုကို ပြန်လည်စစ်ဆေးဖို့ လိုအပ်နေပါတယ်။ တရားမျှတမှု မရှိ ဘဲ ခင်ရွှေ တို့ ဖက်က အနိုင်ရသွားတာပါ။ တိုးနိုင်မန်းက ဒီအမှုမှာ သိန်း
ထောင်ချီ အကုန်ခံပြီး တရားဥပဒေကို ၀ယ်ကြေးနဲ့ဝယ်ယူခဲ့တာလဲဖြစ်ပါတယ်။ ပြန်ပြီးတရားစွဲဖို့လိုအပ်ပါမယ်။အ၀တ်အစားကို အနီရောင်ဝတ်ခိုင်းတာက NLD ပါတီ ဖက်က လိုလို ပုံစံဖမ်းပြီး အောက်တန်းကျထားတာဖြစ်ပါတယ်။

https://m.facebook.com/groups/725402727666105?view=permalink&id=751982165008161

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရားဥပဒေကို ၀ယ်ကြေးနဲ့ဝယ်ယူခဲ့တာ”

Post a Comment

Related Posts Plugin for WordPress, Blogger...