Wednesday, November 1, 2017

ဒါ ''သီတဂူတရားပွဲ''တဲ့လား

,
လက်ရှိအချိန်ကာလ မှာ ကမ္ဘာ ပေါ်မှာ သန်းပေါင်း ခွန်နှစ်ထောင်
ကျော်တဲ့ လူသားများ  အသက်ရှင်နေထိုင်  နေကြပါတယ် ။
ဒီလူသားတွေ အားလုံးဟာ  မွေးဖွားကြီးပြင်းရာ ဒေသနဲ့မိဘ ရဲ့ ဘာသာစကားတွေ
တတ်မြောက်လာသလိုပဲ  ဒေသနဲ့မိဘအုပ်ထိန်းသူ
အစုကို  လွှမ်းမိုးတဲ့ ဘာသာတရား တခုခု ရှိနေခဲ့ရင်  ဘာသာဝင်
ဖြစ်လာကြတယ် ။  မိရိုးဖလာ ဆိုပါတော့ ။

ယုံကြည်ကိုးကွယ်ရာ  ဘာသာတရား တခုခုရဲ့ အင်္ဂါရပ်တွေ နဲ့
ပါဝင်ကိုက်ညီနေလို့  ဘာသာတရား အဖြစ် မှတ်တမ်းပြုစု ထားကြတဲ့
ဘာသာတရားတွေ စုစုပေါင်း ကမ္ဘာအနှံ့ မှာဆိုရင်  လေးထောင်
ကျော်လောက် ရှိတယ်လို့  ဆိုကြပါတယ် ။ အမ် ားစု ကေတာ့
လူနည်းစု မျိုးစုလေးတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေ ဖြစ်ပြီး
ကမ္ဘာတဝှမ်း  ထင်ရှားပျံ့နှံ့ပြီး  လူဦးရေများစွာ ကိုးကွယ်ကြတဲ့
ဘာသာတရားကြီး တွေကတော့  ဆယ်ခုတောင် မပြည့်တတ်ပါဘူး ။

ဘာသာတရားတွေဟာ  အရေးပါပါတယ် ။ လူသားတွေရဲ့
အပြုအမူ နဲ့ စိတ်နေစိတ်ထား ဆိုင်ရာ ဆုံးဖြတ်လုပ်ဆောင်ချက်တွေကို
လွှမ်းမိုးပြု ပြင်နေတာကြောင့်ပါ ။ ဘာသာတရားမဟုတ်တဲ့
အယူဝါဒ များစွာလည်း ကမ္ဘာမှာ ပေါ်ထွန်းနေခဲ့ပြီး ဖြစ်ပေမဲ့
ဒါတွေကို မလေ့လာမိတဲ့  ဒါမှမဟုတ် လေ့လာမိတာတောင်
မိမိရဲ့  နှစ်သက်စွဲလမ်း ယုံကြည်လက်ခံပြီး  ဖြစ်နေတဲ့
ဘာသာတရား ကိုသာ အမှန်အဖြစ်  စွဲကိုင်ထားသူတွေက
ဒီနေ့အထိ  ကမ္ဘာ ရဲ့ လူများစုကြီး  ဖြစ်နေတုန်းပါပဲ ။

ဒါကြောင့် လူများစုကြီးတွေရဲ့ စိတ်နေသဘောထား နဲ့ အပြုအမူ
တွေကို  လွှမ်းမိုးပြု ပြင် ထိန်းကျောင်း  ပေးနေတဲ့ ဘာသာတရား
တွေရဲ့  အခြေခံ အယူအဆ သဘောတွေဟာ ငြိမ်းချမ်းတဲ့ လူ့ဘောင်
လောက နဲ့ ကမ္ဘာကို ဖန်တီးနိုင်သလိုပဲ  စစ်တလင်းတွေကတဆင့်
သွေးပင်လယ်တွေ မုန်တိုင်းတွေကိုလည်း  ဖြစ်လာစေနိုင်ပါတယ် ။
ဖြစ်လာစေခဲ့ဖူးပါတယ် ။ လက်ရှိလည်း  ကမ္ဘာမှာ ဖြစ်နေကြဆဲ ပါ ။

တချိန်က  ဘာသာတရား  ဘာသာစကား  လူမျိုး  နိုင်ငံ မတူတဲ့
လူ့အဖွဲ့အစည်းတွေဟာ  ဒီ မတူကွဲပြားမှု တွေပေါ် အခြေခံပြီး
တုတ် ဒါး လေး မျှား နဲ့ သစ်သားလှေ လောက် လုပ်တတ်ချိန်မှာတည်းက  ယာယီကိစ္စ အကြောင်းအမျိုးမျိုးပြပြီး
စစ်ပွဲတွေဖြစ်  လူတွေသတ်  အနိုင့်အထက်ပြု  ခဲ့ကြ တယ် ။
ဘုရင် အစရှိတဲ့ ဦးဆောင်သူတွေရဲ့  ငါ့နိုင်ငံ  ငါ့လူမျိုး ငါ့ဘာသာ
တရား  အတွက်  ဆင်နွှဲတဲ့စစ် ဟာ တရားတယ်  မြင့်မြတ်တယ်
သေဖို့ သတ်ဖို့ရာ ထိုက်တန်တယ် ဆိုတဲ့  ဝါဒမှိုင်းတွေအောက်မှာ
လူသားပေါင်း  သန်းပေါင်းများစွာဟာ…… ဘယ်သူမှ  မခံစားချင်တဲ့
ဆင်းရဲဒုက္ခ အမျိုးမျိုး ကို  ခံစားခဲ့ရပြီးပါပြီ ။

ဒုတိယကမ္ဘာစစ် ရဲ့ နောက်ပိုင်းမှာ ကမ္ဘာ ရဲ့ နိုင်ငံရေး  စစ်ရေး
အရွေ့တွေကို ဦးဆောင်နေကြတဲ့  အာဏာကြီးမားတဲ့ နိုင်ငံကြီး
တွေဟာ  သင်ခန်းစာတွေ ထုတ်ယူနိုင်ခဲ့ကြပါတယ် ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက  ဘာသာတရားတွေရဲ့
ဖိနှိပ်မှု  အမျိုးမျိုးအောက်မှာ  သေရင်း တွေးရင်း  တွေးရင်း သေရင်း
အသက်ဆက်ခဲ့ရတဲ့  အတွေးအခေါ်ပညာရှင်များရဲ့  အတွေးအခေါ်
များဆီမှ ဆိုပါစို့ ။

လူတွေဟာ  လူမျိုး  နိုင်ငံ  စီးပွား  အရေးတွေအတွက်  အခြားသူ
အခြား ကိုယ်လို လူသားတွေကို  ရက်ရက်စက်စက်  သတ်ဖြတ်
အနိုင်ကျင့် ခြင်းကို  သမိုင်းတလျှောက်  မရှက်တတ်စွာ  ပြု ခဲ့ကြ
ပြီးပြီ …။ ယုတ်စွအဆုံး  ငြိမ်းချမ်းခြင်း ကို ဒီဘဝ အတွက်
ငြိမ်းချမ်းရုံမျှ မက  သေပြီးတာတောင်  ထပ်ငြိမ်းချမ်းသာယာ တဲ့
ကောင်းကင်ဘုံတွေ  နိဗ္ဗာန်တွေ  နတ်ပြည်တွေ ကို  ပေးစွမ်းနိုင်ပါတယ်
ဆိုတဲ့  ဘာသာတရားတွေအတွက်တောင်  ရက်ရက်စက်စက်
သတ်ကြ သေကြ နဲ့ အရှက်ရစရာ  တွေလည်း  ဖြစ်ခဲ့ကြပြီးပြီ ။

ဒီတော့ ဒီလောက် စုတ်ပဲ့နိမ့်ကျ နေခဲ့ရတဲ့  လူ့သမိုင်းမှာ
အနည်းဆုံးအနေနဲ့  ဘယ်အကြောင်း ဘယ်တရား အတွက်
ဘယ်အမှုကိုပဲ ပြု ပြု အနည်းဆုံးတော့  အခြားသူတွေရဲ့
အသက်  ဘဝ နဲ့ ဆိုင်တဲ့  အခြေခံအကျဆုံး  ရသင့်ရထိုက်တဲ့
ကျူးကျော် ပြီး ယုတ်ညံ့စွာ မဖျက်ဆီး အပ်တဲ့  အခြေခံလူသား
အခွင့်အရေး  တွေကိုတော့  တို့တွေလို  အင်အားကြီးပြီး
လူတကာကို  အနိုင်ကျင့်လို့ရတဲ့ သူတွေကအစ  မချိုးမဖောက်
လိုက်နာရအောင် ……လို့  တိုင်ပင်ခဲ့ကြပါတယ် ။ ဒါဟာ ကုလသမဂ္ဂ
ဆိုတာရဲ့  အစ ပါပဲ ။

ဒီလူ့အခွင့်အရေး  အခြေခံအယူအဆ ဟာ  အတွေးအခေါ်ပညာ ရဲ့
အဆင့်ဆင့် ဖွံ့ဖြိုးလာမှုကနေ  ပေါ်ပေါက်လာခဲ့ရတာပါ ။
ဘာသာတရားတွေက မဟုတ်ပါဘူး ။ ဘာသာတရား တွေဟာ  ထုတ်ဖော်ဟောကြားသူတွေ ကိုယ်တိုင် မသိနိုးနား ကျူးလွန်မိခဲ့ကြတဲ့
ယုံကြည်မှု လွန်ကဲခြင်း အမှားတွေ ကိုယ်စီပါခဲ့ကြပြီးသားပါ ။
ဒါကတော့  '' ငါ ပြသော ငါ ဟောသော အယူမှလွဲ၍  ကျန်အယူတွေဟာ
မိစ္ဆာဒိဋ္ဌိ  ဖြစ်တယ်  မှားသော အယူတွေဖြစ်တယ်  ၄င်း အယူ ယူသူ
များဟာလည်း  လူ့အသိ လူ့တန်ဖိုး မပြည့်မှီသူများ ဖြစ်တယ် ''
ဆိုတဲ့ ဟောချက်တွေ  ကိုယ်စီ ပြောခဲ့ကြတာပဲ  ဖြစ်ပါတယ် ။

ဒီအမှား က မိမိဘာသာတရားကို ယုံကြည်မှု အားကောင်းလာတာနဲ့
အမျှ  အခြားဘာသာတရား ကိုးကွယ်ယုံကြည်သူများကို  လူ့ဘဝ
အရည်အသွေး  လူ့အသိဥာဏ်  လူ့တန်ဖိုး  မပြည့်စုံသူများ
ချေ ခ်ြတ္ရမည့္သူမ် ား  သနားစရာသတၱဝါမ် ား အဖြစ်  တဆင့်နိမ့်
သတ္တဝါ အဖြစ် မြင်လာစေဖို့  ဖန်တီးမိနေစေပါတယ် ။ ဒါကြောင့်
ဘာသာတရားတွေဟာ  '' လူ ဖြစ်ကာမျှ ဖြင့်  ပေးအပ်သင့်သော
ရရှိသင့်သော  ညီမျှ သင့်သော  လေးစားသင့်သော  အခြေခံ
လူ့အခွင့်အရေး '' သဘောတရား တွေကို ထုတ်လုပ်ပေးနိုင်လောက်အောင်  အဆင့်မမှီ ခဲ့ကြပါဘူး ။

အခြားဘာသာတရားတွေမှာလည်း ထင်ရှားတဲ့ ဥပမာအဖြစ်
အပျက်တွေ ရှိနေပေမဲ့ မြန်မာလို ရေးတဲ့စာဖြစ်ပြီး
မြန်မာတွေ အများစု ဖတ်မဲ့စာ ဖြစ်တာမို့
ဒါကို  မြန်မာစာ မြန်မာစကား နဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကို
သက်ဝင်သူ အများစု အတွက်  လတ်တလော ထင်ရှားတဲ့
ဥပမာ တခုနဲ့ သက်သေပြ ချင်ပါတယ် ။ လွန်ခဲ့တဲ့ ရက်က
သီတဂူ ဆရာတော်ဟာ သံတောင်မြို့  က တပ်မတော် သားတွေရဲ့
တရားပွဲမှာ တရားဟောပါတယ် ။ ဒီတရားထဲ ထင်ရှားတဲ့
အချက်တခုက

'' သီဟို၌ မှာ ဒုဋ္ဌဂါမဏိ မင်း ဟာ ကျေးကုလား တမီလ် လူမျိုး
သန်းပေါင်းများစွာ (သူပြောတဲ့အတိုင်းပါ )ကို  စစ်မက်ပြု
သတ်ဖြတ်ခဲ့တာအတွက်  အပါယ်ကျမှာ စိုးပြီး အိပ်မရ ဖြစ်တဲ့အခါ
ရဟန္တာ ရှစ်ပါး  ကြွလာပြီး  ရှင်းပြပါတယ်တဲ့ ။
သန်းနဲ့ချီသော လူတွေကို သတ်ပေမဲ့  ဗုဒ္ဓဘာသာရဲ့ သရဏဂုံ နဲ့
ငါးပါးသီလ ကို လုံခြုံ စောင့်ထိန်းသူ လူစင်စစ် ပီသသူ တယောက်နဲ့ တပိုင်းသာ ပါတဲ့အတွက်  တယောက်နဲ့တပိုင်းစာသာ  အကုသိုလ် ဖြစ်ပါတယ်''
တဲ့ ။

ဒါဟာ ကျမ်းဂန်လာ တရား ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ ကျမ်းဂန်လာ
တရားတိုင်းဟာ  ကျမ်းဂန်လာမို့ မှန်ကိုမှန်နေတယ် ဆိုရင်
သီတဂူ ဆရာတော်ရဲ့ ဆရာဖြစ်တဲ့ ဗုဒ္ဓ ကိုယ်တိုင်ရဲ့ ဟောကြားချက် ဖြစ်တဲ့ ဝိဘဇ္ဇဝါဒ (ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်၍ ကိုယ်တိုင်ကျင့်ကြံ
ပြီး မှန်သောကောင်းသော အကျိုးကို ပေးမှ လက်ခံယုံကြည်
လိုက်နာကျင့်ကြံ အပ်တယ် ဆိုတဲ့ ဝါဒ ) ကို  ကျနော်တို့
လွှင့်ပြစ်လိုက်ဖို့ပဲ  ရှိပါတယ် ။

သီတဂူ ဆရာတော်ဟာ…

လူသားသန်းပေါင်း ခွန်နှစ်ထောင်ကျော်ထဲက  ဗုဒ္ဓဘာသာရဲ့
သရဏဂုံ သုံးပါးနဲ့ ငါးပါးသီလ ကို လိုက်နာသူ တွေကလွဲရင်
ကျန်တဲ့လူတွေကို  လူအဖြစ် မသတ်မှတ်ဘူးလား???

ကျမ်းလာအတိုင်း ဟောတာပါ ဆိုရင် ဒီနေ့ခောတ်လို လူသားမှန်
သမျှ  လေးလေးစားစား တန်ဖိုးထားခံရဖို့  ဝိုင်းဝန်းကြိုးစား
နေတဲ့ ခောတ်ကြီးမှာ ဒီတရားမျိုး  ဒီသဘောထားမျိုး  မဟောသင့်
မထားသင့်ကြောင်း  ကိုယ်တိုင်ကဆင်ခြင်သုံးသပ်နိုင်တဲ့
ဥာဏ်ပညာ မရှိဘူးလား ???

စစ်သားတွေကို ဟောတာမို့  စစ်သားတွေ အကုသိုလ်မကြောက်အောင်
ဟောတာပါ ဆိုရင်  ဗုဒ္ဓဓမ္မ ရဲ့ မွန်မြတ်လှတဲ့ အနှစ်သာရ တွေထဲက
တခုဖြစ်တဲ့ သတ္တဝါ ဝေနေယျ ကို  မေတ္တာထားရမယ် ဆိုတဲ့သဘော
ကို သွေဖီလှည့်ဖျားရာ မကျဘူးလား ???

လက်တွေ့မှာ တကယ်တမ်း သတ်ရသေရမဲ့ စစ်သားတွေကို
ငါတို့ဘာသာဝင်မဟုတ်ရင် ဘာအပြစ်မှ မဖြစ်ဘူး  ကြောက်စရာ
မလိုဘူး  စိတ်ဖြောင့်ဖြောင့် သတ်လို့ရတယ်  လို့ ပြောတာဟာ
ဟစ်တလာ လို လူမျိုးစွဲ ဘာသာစွဲ ပြင်းထန်လွန်းတဲ့ စိတ်ထား
ဖြစ်မနေဘူးလား ???

စစ်သား ဟာ စစ်ဖြစ်တဲ့အခါ စစ်သားဝတ္တရားအတိုင်း ကျင့်ရမှာပါ ။
ကိုယ် အပြစ်ဖြစ်မှာ မပူနဲ့ လို့ ထပ်မြှောက်ပေးစရာ မလိုပါဘူး ။
ရန်သူကို ရန်သူလိုကျင့် တယ် ဆိုတာ လူတွေရဲ့ လောဘသားကောင်
တွေရဲ့ အလုပ်ဖြစ်ပါတယ် ။ ဓမ္မ ရဲ့ အလုပ် မဟုတ်ပါဘူး ။
ငါ့ဘာသာဝင် မဟုတ်ရင် လူစင်စစ် မဟုတ်ဘူး ဆိုတာ
ဗုဒ္ဓ ဟောခဲ့တဲ့ တရား မဟုတ်ပါဘူး ။ ထေရဝါဒ ဗုဒ္ဓဘာသာ နဲ့
ပတ်သက်ရင် ကမ္ဘာ မှာပါ အထင်ရှားဆုံး ဦးဆောင်ရဟန်းတပါး
ထားရမဲ့ သဘောထားလည်း မဟုတ်ပါဘူး ။

ဒီလို ရဟန်းကြီးက ဒီလိုဟောဖြစ်နေမှတော့ ကျန်သောကျန်သော
ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထားမှာ ငါ့ဘာသာဝင် မဟုတ်ရင်
လူစင်စစ်မဟုတ်ဘူး  လူ့အရည်အသွေး မပြည့်ဝဘူး
လူကိုသတ်တဲ့ အကုသိုလ်လည်း မဖြစ်ဘူး   လို့ ခံယူသွားကြဖို့
အခွင့်အလမ်း သိပ်များနေပါပြီ  ။ ဒါဟာ ဘာသာရေး အခြေပြု
အမုန်းတရား  အကြောက်တရား နဲ့ ရက်စက်လိုစိတ် တွေကို
တားဆီးဖြေဖျောက် ပေးရမဲ့အစား  ဓမ္မဦးဆောင် ရဟန်းကိုယ်တိုင်က
မြှောက်ထိုးပင့်ကော် လုပ်ပေးသလို  ဖြစ်သွားပါပြီ ။

ကျနော်  တခုပဲ မေးချင်ပါတော့တယ် ။

ဒါ  ''တရား '' တဲ့လား  ဗျာ…။


https://m.facebook.com/story.php?story_fbid=747281412130090&id=100005447135884

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒါ ''သီတဂူတရားပွဲ''တဲ့လား”

Post a Comment

Related Posts Plugin for WordPress, Blogger...