Thursday, November 9, 2017

မောင်တောဒေသအခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်မှဗိုလ်မှူးကြီးကျော်ဟန်နှင့်မိုးမခသတင်းဌာနဆက်သွယ်မေးမြန်းချက်

,
”မေယုခရိုင်ကိုခြေကုပ်ယူပြီးတော့ ရက္ခိုင်တစ်ပြည်နယ်လုံးလွတ်မြောက်အောင်ကြိုးပမ်းနိုင်မှာဖြစ်ပါတယ်”(ဗိုလ်မှူးကြီး ကျော်ဟန်)
မိုးမခ 👉 အခုဖြစ်ပွါးနေတဲ့ ရက္ခိုင်-မူဆလင်အဓိကရုဏ်းနဲ့ပတ်သက်လို့ ဗိုလ်မှူးရဲ့ အမြင်သဘောထားလေး ပြောပြပေးလို့ရမလားရှင့်။
ဗိုလ်မှူးကြီး 👉 တကယ်တန်းပြောရရင် တော့ ဒါကနိုင်ငံရေးလှည့်ကွက်ပဲလေ။ တစ်ကောင်ထိုးကျွေးလိုက်မယ်။ ပြီးတော့ နှစ်ကောင်စားပြီး ကင်းဝင်မယ်။ အခုထိုးကျွေးလိုက်တာက စစ်သား၊ ရဲသားတွေပေါ့လေ။ ပြီးတော့အေအေနဲ့ မူဆလင်လွတ်မြောက်ရေးအဖွဲ့တွေကို ရန်တိုက်ပေးမယ်။ နှစ်ဖက်စလုံး အင်အားချည့်နဲ့နေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီးတိုက်မယ်။ လူထုထောက်ခံမှုရယူမယ်။ ဒီသဘောပါပဲ။
မိုးမခ 👉 ဆိုလိုတာက ခုဖြစ်ပွါးနေတဲ့ ပြဿနာတွေကို တပ်မတော်ကပဲ ဖန်တီးတယ်လို့ ဆိုလိုရှင်တာလားရှင့်။
ဗိုလ်မှူးကြီး 👉 ဟုတ်တယ်။ စစ်တပ်က ဖန်တီးတာပါပဲ။ ဒီလိုဖန်တီးတယ်လို့ ယုံကြည်လို့ရတဲ့ သမိုင်းအထောက်အ ထားတွေလည်းရှိတယ်။ သက်သေ သာဓကတွေလည်းရှိတယ်။ ဗမာတွေ အကြောက်ဆုံးက တိုင်းရင်းသားအချင်း ချင်း စည်းလုံးညီညွတ်ရေးပဲလေ။ ဒါကြောင့် နည်းမျိုးစုံနဲ့သွေးခွဲ အုပ်ချုပ်ဖို့ အချိန်တိုင်းကြိုးစားနေတယ်။ အထူးသ ဖြင့် ၂၀၂၀ မှာ ရက္ခိုင့်တပ်မတော်က ပြည်သိမ်း တိုက်ပွဲစမယ်ဆိုတဲ့သတင်း ပေါက်ကြားသွားတော့ ရက္ခိုင်မူဆလင် ပဋိပက္ခကို အမြန်ဆုံးဖန်တီး လိုက်တာပဲ လို့ ယုံကြည်ပါတယ်။ နောက်ဝီရသူတို့ အလိုတော်ပြည့်တို့လို ဘုန်းကြီးတွေကို အသုံးချပြီး ဘာသာရေးသွေးထိုးပေး တယ်
မိုးမခ 👉 ရက္ခိုင်နဲ့ မူဆလင်ကြားမှာ ညီညွတ်ရေးပျက်ပြားသွားအောင် ဖန်တီးလိုက်တာပေါ့လေ။ ဒီ့အပြင်တခြား ဘာရည်ရွယ်ချက်တွေများရှိမယ်လို့ ထင်ပါသလဲ။
ဗိုလ်မှူးကြီး 👉 တခြားရည်ရွယ်ချက် ကတော့ မူဆလင်တွေကိုတိုက်မယ်ဆိုပြီး ရက္ခိုင့်တပ်မတော်ရဲ့ထိုးစစ်ကို ခုခံဖို့ ပြင်ဆင်တာလည်းပါနိုင်တယ်။ ဒါမှ မဟုတ် ပဋိပက္ခထဲရက္ခိုင့်တပ်မတော်ကို ဆွဲသွင်းချင်တာလည်းရှိမယ်။ ရက္ခိုင့်တပ်မတော်ကိုသူတို့ဖက်ပါအောင် စည်းရုံးချင်တာလည်းဖြစ်နိုင်ပါတယ်။
မိုးမခ 👉 တပ်မတော်ရဲ့ ရည်ရွယ်ချက် ဘယ်အတိုင်းအတာထိ အောင်မြင် တယ်လို့ ဆိုနိုင်မလဲရှင့်။
ဗိုလ်မှူးကြီး 👉 မအောင်မြင်ပါဘူး။ မအောင်မြင်တဲ့အပြင် ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့ အခြေအနေရောက် သွားတယ်။ ရက္ခိုင့်တပ်မတော်ကို ပဋိပက္ခထဲ ဆွဲသွင်းမယ့်အကြံအစည် ပျက်သွားတယ်။ မေယုခရိုင်ကိုလည်း လက်လွတ်ဆုံးရှုံးရတော့မယ်။ လူထု ထောက်ခံမှုလည်း ကျဆင်းနေတယ်။ ကုလသမဂ္ဂကလည်း ဒဏ်ခတ်အရေးယူ တော့မယ်ကြားတယ်။ ဒီတော့ ကိုယ့်အတတ်ကိုယ် ပြန်စူးတယ်..လို့ ဆိုနိုင်ပါတယ်။
မိုးမခ 👉 မအောင်မြင်တဲ့ အကြောင်း တရားကရော ဘာတွေဖြစ်မလဲရှင့်။
ဗိုလ်မှူးကြီး 👉 ဗိုလ်ချုပ်ရဲ့ အမြော် အမြင်ကြီးမှုကြောင့်လို့ ပြောလို့ရပါတယ်။ ခါတိုင်း ဗမာကပဲ ရက္ခိုင်နဲ့မူဆလင်ကို ကစားနေတယ်။ ခုတော့ ပြန်ကစားခံ လိုက်ရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့လေ။ နှစ်ဖက်လုံးက ဗမာစစ်တပ်ရဲ့ လှည့် ကွက်ကို သိထားတယ်။ အချင်းချင်း လည်း အတိုင်းအတာတစ်ခုထိ ယုံကြည် မှု တည်ဆောက်ထားနိုင်တယ်။ မူဆလင် အဖွဲ့တွေကလည်း အစိုးရ လက်နက်ကိုင် တွေကိုပဲ ပစ်မှတ်ထားတယ်။ ဒေသခံ လူထုမထိခိုက်အောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ တချို့ ကြားညပ်သွားတာ။ ကြောက်လန့်ပြီး ထွက်ပြေးကြတာတော့ ရှိတယ်ပေါ့လေ။ ဒါက သဘာဝပါပဲ။ စစ်ဆိုတာ ဒီအတိုင်းပဲ လေနော။
မိုးမခ 👉 တကယ်လို့ မေယုခရိုင်က တပ်မတော်ဆုတ်ခွါသွားရရင်ရော ရက္ခိုင်တိုင်းရင်းသားတွေ အကြမ်းဖက် ခံရနိုင်တာ မရှိဘူးလားရှင့်။
ဗိုလ်မှူးကြီး 👉 မရှိနိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ဘယ်ကွေ့ရောက်ရင် ဘာတက်နဲ့လှော်ရမယ်ဆိုတာ ရက္ခိုင့်တပ်မတော်မှာ မဟာဗျူဟာ ကြိုတင်ရေးဆွဲပြီးသားရှိတယ်။ ဗမာတပ်တွေဆုတ်သွားတာနဲ့ နယ်စပ်မှာချထားတဲ့ ရက္ခိုင့်တပ်မတေ် တပ်ရင်းတပ်ဖွဲ့တွေက ချက်ချင်း နေရာဝင်ယူလိုက်လို့ရတယ်။ တခြားအင်အားစုတွေနဲ့ပူးတွဲကော်မတီဖွဲ့ပြီး အခြေအနေငြိမ်သက်အောင် ပြန် ထိန်းသိမ်းလို့ရပါတယ်။ ရက္ခိုင့် တပ်မ တော်သာ ရက္ခိုင်ပြည်ကို ဒီနေ့ အုပ်ချုပ် ခွင့်ရရင် မနက်ဖြန်မှာ ပြဿနာ ငြိမ်းအေး သွားပါလိမ့်မယ်။
မိုးမခ 👉 မေယုခရိုင်ကျသွားရင် ရက္ခိုင်တွေအတွက် နစ်နာဆုံးရှုံးတယ် ဆိုနိုင်မလားရှင့်။
ဗိုလ်မှူးကြီး 👉 မဆိုနိုင်ပါဘူး။ သူတို့က ရက္ခိုင်ပြည်နယ်က ခွဲထွက်ဖို့ တောင်း ဆိုနေတာမှ မဟုတ်ဘဲလေ။ အခုလည်း ဒေသခံတွေရဲ့ ကိုးဆယ့်ရှစ်ရာခိုင်နှုန်း လောက်က မူဆလင်တွေပဲ။ ဘာထူး လို့လဲ။ မေယုခရိုင်သာ လွတ်မြောက်နယ် မြေဖြစ်သွားလို့ရှိရင် ရက္ခိုင်လွတ်မြောက် ရေး တပ်တွေလည်း အခြေချလို့ရမယ်။ အင်အားတိုးချဲ့တည်ဆောက်နိုင်မယ်။ မေယုခရိုင်ကို ခြေကုတ်ယူပြီးတော့ ရက္ခိုင်တစ်ပြည်နယ်လုံး လွတ်မြောက် အောင်ကြိုးပမ်းနိုင်မှာ ဖြစ်ပါတယ်
မိုးမခ 👉 ကုလသမဂ္ဂတပ်တွေ ၀င်လာ ရင်ရော ဘာတွေဖြစ်လာနိုင်မလဲ။
ဗိုလ်မှူးကြီး 👉 ကုလသမဂ္ဂတပ်တွေ ၀င်မယ်ဆိုရင် တရုတ်​က ခွင့်ပြုမှရမယ်။ ဒီအခြေအနေရောက်လာရင် တရုတ် တပ်ဖွဲ့တွေကိုပါ စေလွှတ်သင့်တယ်။ တရုတ်နယ်စပ်မှာရှိနေတဲ့ ရက္ခိုင့်တပ်မ တော်ကိုလည်း တပါတည်းလိုက်ပါခွင့် ပေးစေချင်တယ်ဆိုတာ ကျွန်တော်တို့ ဗိုလ်ချုပ်က တရုတ်ကာကွယ်ရေး ဦးစီး ချုပ်ကို အကြံပြုတင်ပြထားပါတယ်။ သူတို့ကလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ပြန်ကတိပေး ပါတယ်။
မေး 👉 ရက္ခိုင့်တပ်မတော်ရဲ့ ဘင်္ဂလီ မူဆလင်တွေအပေါ်ထားတဲ့သဘောထား ကို သိပါရစေရှင့်​။
ဗိုလ်မှူးကြီး 👉 သူတို့လည်းရက္ခိုင်တွေနဲ့ ဘ၀တူပါပဲ။ ရက္ခိုင်တွေလိုပဲဗမာနိုင်ငံရေး သမားတွေ ကစားတာခံနေရတယ်။ နေရပ်စွန့်ခွါထွက်ပြေးနေရတယ်။ ဟိုတလောကဆို ဗမာစစ်တပ်က လူသတ်မှု၊ မုဒိန်းမှုတွေပါ ကျုးလွန်ခဲ့ တယ်လို့သိရပါတယ်။ ရက္ခိုင့် တပ်မတော်ကိုဖွဲ့စည်းထားတာ လူသားအချင်းအချင်း အနိုင်ကျင့် အကြမ်းဖက်ဖို့ မဟုတ်ဘူး။ ဘ၀တူမဟာမိတ်များနဲ့ပူးပေါင်းပြီး ရက္ခိုင်ပြည်လွတ်လပ်ရေးရ အောင် တိုက်ပွဲဝင်သွားဖို့ဖြစ်ပါတယ်။
ဟုတ်ကဲ့။ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
……………………………………………………………………….
Credit- moemakha journal

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မောင်တောဒေသအခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်မှဗိုလ်မှူးကြီးကျော်ဟန်နှင့်မိုးမခသတင်းဌာနဆက်သွယ်မေးမြန်းချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...