Friday, November 3, 2017

အင်ဒရူးကာနယ်ဂျီလ် ပြောသည့် အောင်မြင်ခြင်း(၁၀)ချက်

,
၁၈၄၈ ခုနှစ်မှာ အမေရိကကို သူရောက်တော့ သူ့လက်ထဲမှာ ၁ ဒေါ်လာပဲ ရှိခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ သာမာန်လူမှ မဟုတ်ခဲ့တာ။ ဘာမဆို ကြိုးစားရင် ရတယ်လို့ နားလည်တဲ့သူရဲ့ သူမတူအောင် ကြိုးစားအားထုတ်မှုတွေကြောင့် ၁၉၀၁ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်။
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအလုပ်လုပ်ရမလဲ၊ ဘယ်အချက်တွေက အောင်မြင်သူတစ်ယောက်ဖြစ်စေမလဲ၊ တစ်နည်း အောင်မြင်ခြင်းရဲ့ လှို့ဝှက်ချက်တွေကို ရှာဖွေတဲ့အခါ သူ့ရဲ့ လက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့ "10 Rules of Success" ကို အောင်မြင် ချင်သူတွေအတွက် ပြန်လည်မျှဝေပေးပါတယ်။

၁- ရည်မှန်းချက်ကို သိရှိပါ။ လက်တွေ့ကျတဲ့ အစီအမံတစ်ခုကို ရေးဆွဲ ပြီး အချိန်မဆိုင်းပဲ အခုပဲ ထလုပ်လိုက်ပါ။

၂ - မဟာမိတ် စိတ် ပိုင်ရှင် ဖြစ်ပါစေ။ ခင်ဗျားမှာ မရှိတာကို ရှိနေတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး အလုပ်လုပ်ပါ။

၃ - ကိုယ်သွားနိုင်တာထက် ပိုသွားပါ။ ကိုယ်လုပ်နိုင်တာထက် ပိုမိုပြီး ထပ်ခါထပ်ခါပြုလုပ်ခြင်းက အထက်ကို တွန်းတင်ပို့တဲ့ အသေချာ ဆုံးသောအောင်မြင်မှု သော့ချက်တစ်ခု ဖြစ်တယ်။

၎ - ယုံကြည်မှုကို တည်ဆောက်ပါ။ မိမိကိုယ်နဲ့ မိမိရဲ့ ရပ်တည်ချက်ကို ခိုင်မာတဲ့ ယုံကြည်မှုရှိခြင်းက ပြီးပြည့်စုံတဲ့ စိတ်ချယုံကြည်မှုကို ဖြစ်စေ ပြီး သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားနိုင်တယ်။

၅ - ပင်ကိုယ်အရည်အချင်းကို ပြုစုပျိုးထောင်ပါ။ အများက လုပ်ပါလို့ မပြောခင် မိမိအသိစိတ်နဲ့ လုပ်ပါ။

၆ - စိတ်ကူးတွေကို ချဲ့ထွင်ပါ။ "ဒီလောက်ဆို တော်ပြီ" ဆိုတာထက် ပိုတွေးနိုင်ရမယ်။ ပိုလုပ်နိုင်ရမယ်။

၇ - စိတ်ကို အမြဲတမ်း ထက်သန်အောင် ကြိုးစားအားထုတ်ပါ။အပြုသဘောဆောင်တဲ့ စိတ်အခြေအနေက သင့်ကို အမြဲတမ်း အများတကာထက် အလုပ်ပိုလုပ်နိုင်စေသလို၊ အများတကာရဲ့ လေးစားမှုနဲ့လည်း ထိုက်တန်စေတယ်။

၈ - တိတိကျကျ တွေးပါ။ ကိစ္စတစ်ခုသုံးသပ်ရာတွင် မိမိ၏ ကိုယ်ပိုင် စိတ်ကူးယဉ်တွေးတောထားသည့် အချက်အလက်များကို ခွဲခြားသိရှိရန်၊ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုများနှင့် ပြဿနာများ၏ အချက်အလက်များကို ခွဲခြား၍ ပကတိအမှန်အတိုင်း သုံးသပ်တွေးတောခြင်းက အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်စေပါတယ်။

၉ - လက်ရှိဘာလုပ်နေသည်ကို အမြဲစူးစိုက်ပါ။ မိမိရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်များမှ သွေဖွယ်စေမည့် အတွေးများ၊ အလုပ်များကို အမြဲသတိပြုခြင်းက အောင်မြင်မှု၏ နောက်ထပ် သော့ချက်တစ်ခု ဖြစ်တယ်။

၁၀ - အခက်အခဲရဲ့ အကျိုးရလဒ်ကို သိရှိပါ။ အခက်အခဲကြုံလာတိုင်းမှာ စိတ်မပျက်ပါနဲ့။ ဘယ်အရာမဆို ဒင်္ဂါးပြားတစ်ပြားလိုပဲ ပြဿနာ တစ်ဖက်၊ အကျိုးပြုရလဒ်တစ်ဖက်ရှိပါတယ်။

အင်ဒရူးကာနယ်လ်ဂျီ

Ref: Myanmar Leader

https://m.facebook.com/story.php?story_fbid=922430384599325&id=292134354295601

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အင်ဒရူးကာနယ်ဂျီလ် ပြောသည့် အောင်မြင်ခြင်း(၁၀)ချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...