Tuesday, November 14, 2017

သင်ဘာကို ရွေးမလဲ?

,
အိန္ဒိယနိုင်ငံ ဒေလီမြို့က ကုမ္ပဏီကြီးတစ်ခုရဲ့ ရှေ့မှာ စမူဆာရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။
စမူဆာဟာ အရသာရှိလွန်းတာကြောင့် ကုမ္ပဏီက ၀န်ထမ်းအများစုဟာ နေ့လည်စာစားချိန်တွေမှာ စမူဆာလာဝယ်စားလေ့ ရှိကြပါတယ်။
တစ်နေ့ကျတော့ ကုမ္ပဏီရဲ့ မန်နေဂျာဟာလည်း စမူဆာဝယ်ဖို့အတွက် ဆိုင်ကိုရောက်လာပါတယ်။
သူဟာစမူဟာကို တစ်ကိုက် နှစ်ကိုက်လောက် ၀ါးပြီးတဲ့နောက် စမူဆာတွေကြော်နေတဲ့ ဆိုင်ရှင်ကို မေးလိုက်ပါတယ်။

“ခင်ဗျားက ခင်ဗျားဆိုင်ကိုလည်း ကောင်းကောင်းထိန်းသိမ်းနိုင်တယ်၊ စီမံခန့်ခွဲမှုလည်းအရမ်းကောင်းတယ်၊ ခင်ဗျားရဲ့ ပါရမီနဲ့ အချိန်တွေကို စမူဆာရောင်းရင်း ဖြုန်းပစ်နေတယ်လို့ မထင်ဘူးလား၊ ခင်ဗျားသာ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်မယ်ဆို ကျွန်တော့်လို မန်နေဂျာတစ်ယောက်ဖြစ်နေပြီလို့ မထင်ဘူးလား”

ဒီတော့ စမူဆာသည်ကြီး ပြုံးရင်းနဲ့ ပြန်ပြောတယ်…
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကို ပြန်စဉ်းစားကြည့်လိုက်၊ အဲ့ဒီအချိန်တုန်းက ကျွန်တော်က ခြင်းလေးနဲ့ စမူဆာလိုက်ရောင်းတယ်၊ အဲ့ဒီအချိန်လောက်တုန်းကပဲ မိတ်ဆွေအလုပ်စ၀င်မယ်၊ အဲ့ဒီအချိန်တုန်းက ကျွန်တော်က တစ်လကို ရူပီး ၁၀၀၀ လောက်ပဲရပေမယ့် မိတ်ဆွေကတော့ ရူပီး ၁၀၀၀၀ လောက်ရမယ်။
ခုကျွန်တော်တို့တွေ ဖြတ်သန်းလာတဲ့ ၁၀ နှစ်အတွင်းမှာ ပြောင်းလဲမှုတွေဖြစ်လာတယ်၊ ကျွန်တော်က နာမည်ရတဲ့ ဆိုင်တစ်ဆိုင်ပိုင်နေပြီး မိတ်ဆွေကတော့ မန်နေဂျာကြီး ဖြစ်နေပြီ။
ဒါပေမယ့် မိတ်ဆွေက ရူပီး ၁ သိန်းဝင်တယ်ဆို၊ ကျွန်တော်ကလည်း အဲ့လောက်ဝင်ငွေရှိတာပဲ။ ဒါကြောင့် ကျွန်တော့အလုပ်က ပိုကောင်းတယ်လို့ ပြောလို့ရတယ်။

ဘာလို့လည်းဆိုတော့ ကျွန်တော့်ကလေးတွေရဲ့ အနာဂါတ်ကြောင့်ပဲ။ ကျွန်တော်က ကျွန်တော့်အလုပ်ကို အနည်းဆုံးသော ၀င်ငွေကနေစခဲ့ပေမယ့် ကျွန်တော့် သား၊ သမီးတွေကတော့ အဲ့လို သုညကနေ စဖို့မလိုတော့ဘူး။ သူ့ကိုခိုင်မာတဲ့ စီးပွားရေးတစ်ရပ် ကျွန်တော်ပေးနိုင်ပြီ။
ဒါပေမယ့် မိတ်ဆွေရဲ့ ကလေးတွေကတော့ ဒီလိုမဟုတ်ဘူး။ မိတ်ဆွေဖြတ်သန်းလာခဲ့သလိုပဲ သူတို့လည်း အစကနေ ပြန်လည်ဖြတ်သန်းရဦးမယ်။

မိတ်ဆွေရဲ့ သားသမီးတွေက မန်နေဂျာတွေ ဖြစ်လောက်တဲ့ အချိန်မှာ ကျွန်တော့်သားသမီးတွေက ဒီလုပ်ငန်းကိုတိုးချဲ့နေပြီး သူဌေးလေးတွေတောင် ဖြစ်နေလောက်ပြီ။
ဒီတော့ ပြောစမ်းပါဦး၊ ဘယ်သူက အချိန်နဲ့ ပါရမီတွေကို ဖြုန်းပစ်နေတာလဲဆိုတာ။”
ဒီတော့မှ မန်နေဂျာကြီးဟာလည်း နှုတ်ဆိတ်လို့ ပြန်ထွက်သွားတော့တယ်။

ဒီဇာတ်လမ်းလေးဟာ စွန့်ဦးတီထွင်ချင်သူတွေ၊ ကိုယ်ပိုင်စီးပွားရေးနဲ့ ဘ၀ကိုရပ်တည်လိုသူတွေအတွက် ကောင်းမွန်တဲ့ ဥပမာတစ်ခုဖြစ်ပြီး ၀န်ထမ်းဘ၀နဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ကို နှိုင်းယှဉ်သုံးသပ်ပြသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်တာနဲ့ လစာကောင်းကောင်းနဲ့ ၀န်ထမ်းလုပ်တာ ၂ ခုရွေးရမယ်ဆို သင်ဘာကို ရွေးမလဲ?
Credit -Momolay

AGENDA မှ သုံးသပ်ချက်*
ကိုယ်ပိုင်လုပ်ငန်းဆိုတာ တည်ထောင်ခါစမှာသာ သုညကစ၊ အမှားတွေနဲ့ တော်တော်ရုန်းကန်ရပေမဲ့ ကိုယ့်ရဲ့နောက်မျိုးဆက်ဆက်တွေကတော့ ဘယ်တော့မှ ကိုယ့်လိုမျိုး သုညကစ မလိုတော့ပါဘူး။

#AgendaKnowledge
Crd:AGENDA Facebook page ကို Like & Follow လုပ်ထားမယ်ဆိုရင် စိတ်ဓာတ်ခွန်အားစာပေများနှင့် အောင်မြင်သောဘဝအတွက် အတုယူစရာ သင်ခန်းစာများကို နေ့စဉ်ဖတ်ရှုနိုင်ပါပြီ။

https://m.facebook.com/aksprivateschool/photos/a.380057588993556.1073741828.379384385727543/541771642822149/?type=3

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သင်ဘာကို ရွေးမလဲ?”

Post a Comment

Related Posts Plugin for WordPress, Blogger...