Tuesday, November 14, 2017

စစ္အတြင္းကာလႏွင့္ ၁၉၄၂ခုႏွစ္ ရခိုင္ျပည္နယ္ လူမ်ိဳးေရးအေရးအခင္း ျဖစ္စဥ္အမွန္

,
ဒုတိယကမၻာစစ္ျဖစ္ပြားေနေသာ အခ်ိန္ကာလသည္ အေရးႀကီးေသာ အခ်ိန္အခါ ျဖစ္သည္။ ျပည္သူမ်ား၏ အသက္အိုးအိမ္ ဆုံးရွုံးမွု ပမာဏသည္လည္း ႏွိုင္းမရေလာက္ေအာင္ ႀကီးမားခဲ့ေပသည္။ ၁၉၄၁ မွ ၁၉၄၆ခုႏွစ္မ်ားအတြင္း ရခိုင္ေဒသတြင္ အုပ္ခ်ဳပ္ေရး ၃၊၄မ်ိဳး ေျပာင္းလဲေပၚေပါက္ခဲ့သည္။ ျပည္သူအားလုံး တစ္နည္းမဟုတ္ တစ္နည္း ေတာ္လွန္ေရး အခတ္အခဲ၊ စစ္ေဘးဒဏ္၊ လူမ်ိဳးေရးအဓိက႐ုဏ္း၏ အနိဠာ႐ုံမ်ား အလူးအလဲခံခဲ့ရေပသည္။ တန္ဖိုးရွိေသာ လူသားအရင္းအျမစ္မ်ား စေတးခံဘဝသို႔ တနည္းနည္းျဖင့္ ေရာက္ခဲ့ရသည္။ အထူးသျဖင့္ မူဆလင္ - ရခိုင္ အဓိက႐ုဏ္ေၾကာင့္ ျဖစ္ ပ်က္ခဲ့ေလသမၽွ နိုင္ငံေရး လူမ်ိဳးေရးဆက္ႏြယ္ေနပါသျဖင့္ ေရးသားတင္ျပသူမ်ားဘက္တြင္ ခ်ဲ႕ကားမွုမ်ား ဘက္လိုက္မွုမ်ားရွိခဲ့ေၾကာင္း ေတြ႕ ရသည္။

ေဒသတြင္းေန လူမ်ိဳးစုမ်ားၾကား အျပန္အလွန္ ယုံၾကည္ေလးစားမွုမ်ား ျဖစ္တည္လာေရးႏွင့္ ၿငိမ္းခ်မ္းေရးကို ေရွ႕ရွု၍ အတိတ္က ျဖစ္ပ်က္ခဲ့ေသာ ထိုအနိဠာ႐ုံမ်ားအား တင္ျပရာတြင္ ဘက္လိုက္မွု မရွိဘဲအတတ္နိုင္ဆုံး အမွန္ကန္ဆုံး အသင့္ေတာ္ဆုံးပုံစံျဖင့္တင္ျပရန္လိုအပ္ေပသည္။ ထိုသို႔တင္ျပရာတြင္လည္း အာဃတႀကီးထြားၿပီး ပဋိပကၡမ်ား ထက္မွန္ျဖစ္ေပၚေစနိုင္ေသာ ေသြးထိုးေျမာက္ပင့္ ေပးျခင္းမ်ိဳး သက္ေရာက္နိုင္ေသာ အေရးအသားမ်ိဳးက ိုအတတ္နိုင္ဆုံး ေရွာင္က်ဥ္းရမည္ ျဖစ္ေပသည္။

ဤအေၾကာင္းကို ရခိုင္ရိုဟင္ဂ်ာျပည္သူအမ်ား လက္ခံနိုင္ေရးကို ဦးတည္ၿပီး ရခိုင္အမ်ိဳးသား နိုင္ငံေရးေခါင္းေဆာင္ ဘုံေပါက္သာေက်ာ္၏ ေရးသားခ်က္မ်ားႏွင့္ အစၥေရးနိုင္ငံသား moshe yegar၏မွတ္တမ္းမ်ားကို ကိုးကား၍ တင္ျပလိုပါသည္။

၁၉၄၁ ခုႏွစ္ဦးပိုင္းတြင္ B.I.A ႏွင့္ဂ်ပန္တပ္မ်ားသည္ ေမာ္လၿမိဳင္၊ ပဲခူး၊ ရန္ကုန္ၿမိဳမ်ားသို႔ ေရာက္ရွိလာၿပီး စတင္ဗုံးၾကဲခ်ိန္မွလြဲ၍ အိႏၵိယလူမ်ိဳး ေပါင္းစုံတို႔သည္ ရရာလမ္းေၾကာင္းမ်ားျဖင့္ ျပည္ေတာ္ျပန္ခဲ့ၾကသည္။

ေတာင္ကုတ္လမ္းကို ျဖတ္ေက်ာ္ၿပီး ရခိုင္ျပည္မွတဆင့္ ကုန္ေၾကာင္း၊ေရေၾကာင္းျဖင့္ ဘဂၤလာ ႏွင့္ အိႏၵိယသို႔ထြက္ေျပးခဲ့ၾကသည္။ဤအခ်ိန္ကာလတြင္ (စစ္ႀကိဳကာလတြင္) ရခိုင္ျပည္ၿမိဳ ့ႀကီးမ်ား၌ မင္းမဲ့ စရိုက္လႊမ္းမိုးခဲ့သည္။လုယက္မွု တိုက္ခိုက္မွုမ်ား လူသတ္မွုမ်ား ေနရာေဒသအႏွ႕ံ ျပန႔္ႏွ႕ံ သြားသည္။

ရခိုင္လူဦးေရးမ်ားေသာေဒသမ်ားတြင္ အယူသီးေသာ ရခိုင္လူငယ္မ်ားက ဦးေဆာင္ ေဆာင္ ရြက္ျခင္း ျဖစ္သည္။ဤအခ်ိန္ကာလသည္ အိႏၵိယနိုင္ငံတြင္လည္း ဟိႏၵဴ – မူဆလင္လူမ်ိဳးေရး မုန္းတီး မွုႀကီး ထြားေနခ်ိန္ အျပန္အလွန္ တိုက္ခိုက္ေနခ်ိန္လည္း ျဖစ္ေနသည္။ ဒရိယသမဂၢ၊ ျဗဟ္မူသမဂၢတို႔ဦးစီး၍ မူဆလင္မုန္းတီးေရး စာအုပ္စာေပမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ထုတ္ေဝျဖန႔္ျဖဴးေနခ်ိန္ျဖစ္ရာ ၎မွတဆင့္ ျမန္မာနိုင္ငံသို႔လည္းလူမ်ိဳးေရးပဋိပကၡ ဂယက္ရိုက္ခတ္လာျခင္းမ်ိဳးျဖစ္သည္။

ရခိုင္အမ်ိဳးသားနိုင္ငံေရး ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဘုံေပါက္သာေက်ာ္ (ေမာ္ကြန္းဝင္ပထမအဆင့္)ဆိုအရ ၁၉၄၂-ခုႏွစ္ဦးတြင္ ၿဗိတိသၽွအစိုးရ အိႏၵိယသို႔ ဆုတ္ခြါရာ ရခိုင္ျပည္ အုပ္ခ်ဳပ္ေရးကို အေရးပိုင္ ဦးေက်ာ္ခိုင္(အိုင္စီးအက္စ္)အား စစ္ဥပေဒျဖင့္ အုပ္ခ်ဳပ္ရန္အာဏာလႊဲအပ္ခဲ့သည္။ ဦးေက်ာ္ခိုင္သည္ မာရွယ္ေလာျဖင့္ အုပ္ခ်ဳပ္ခဲ့သည္။ထိုအခ်ိန္တြင္ပုံမွန္စစ္တပ္မ်ားလည္း ဆုတ္ခြါၿပီး ရဲစခန္း ရဲတပ္ဖြဲ႕ဝင္ မ်ားတြင္သာ လက္နတ္ခဲ့ယမ္းမ်ားရွိသည္။ ရဲတပ္ဖြဲ႕ဝင္ အမ်ားစုမွာ ရခိုင္ အမ်ိဳးသား မ်ားျဖစ္ ၾကသည္။ အျခားတဖက္တြင္ ေျမပုံ၊ မင္းျပား၊ ေျမာက္ဦး၊ ေပါက္ေတာၿမိဳ႕နယ္မ်ားတြင္ ရခိုင္အယူသီးမ်ားက ဦးေဆာင္၍ စစ္အာဏာျဖင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးမ်ား ထူေထာင္ခဲ့သည္။ထိုအစြန္းေရာက္မ်ားအား ရခိုင္ဂုဏ္သေရရွိ သမာဓိလူႀကီးမ်ား၊ ပညာတတ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ ရခိုင္တိုင္းရင္းသား ညီညြတ္ ေရးအဖြဲ႕က ထိန္းသိမ္း နိုင္စြမ္းမရွိခဲ့ေခ်။

ေျမာက္ဦးၿမိဳ႕နယ္ကို ဦးဂႏၶာမာလည္းေကာင္း၊ မင္းျပားၿမိဳနယ္ကို ဦးသိန္းေက်ာ္ေအာင္၊ ဦးေက်ာ္ယ၊ ဦးပန္းေအာင္တို႔ကလည္းေကာင္း၊ ေပါက္ေတာၿမိဳ႕နယ္ကို ဦးထြန္းလွေအာင္ကလည္းေကာင္း ငါ့မင္း ငါ့ခ်င္း စနစ္မာရွယ္ေလာ စနစ္ျဖင့္ အုပ္ခ်ဳပ္လၽွက္ရွိသည္။ စစ္ေတြ႕၊ ဘူးသီးေတာင္၊ ေမာင္းေတာနယ္မ်ားမွအပ ရခိုင္ျပည္တစ္ျပည္လုံးတြင္ ၿဗိတိသၽွအုပ္ခ်ဳပ္ေရး ပ်က္ျပားသြားသည္။ ၿဗိတိသၽွ အုပ္ခ်ဳပ္ေရးကို ဆက္ခံသူ ဦးေက်ာ္ခိုင္(အေရးပိုင္း) major က ထိန္းခ်ဳပ္ထား၍ မရနိုင္ေတာ့ေခ်။ အေရးပိုင္း ဦးေက်ာ္ခိုင္သည္ အျမဲတမ္း အရက္မူးၿပီး မာရွယ္ေလာျဖင့္ ၾကမ္းတမ္းစြာ အုပ္ခ်ဳပ္သူတစ္ဦးျဖစ္သည္။
၁၉၄၂ ခုႏွစ္ မတ္လခန႔္က မူဆလင္-ရခိုင္အဓိက႐ုဏ္း ေျမပုံၿမိဳနယ္ ရက္ေခ်ာင္း၊ ပန္းခါး၊ ပိုင္းႏွင့္မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းႀကီးၿမိဳတို႔မွ စတင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အစမထမတြင္ နယ္ခံ မူဆလင္မ်ားႏွင့္ရခိုင္ေခါင္းေဆာင္ပိုင္းအၾကား အျပန္အလွန္ တိုက္ခိုက္ျခင္းမျပဳၾကရန္ ၿငိမ္းခ်မ္းေရး စာခ်ဳပ္တစ္ခု နိုင္ခဲ့ေသာ္လည္း ၎စာခ်ဳပ္သည္ မၾကာခင္ပ်က္ျပားခဲ့သည္။ ေျမပုံ မင္းျပားနယ္မ်ားတြင္ မူဆလင္(ရိုဟင္ဂ်ာ) ရြာမ်ားကိုမီးတင္ရွို႔ျခင္း၊ လူအမ်ားအျပား အစုလိုက္အျပဳံလိုက္ သတ္ျဖတ္ျခင္း၊ေစ်း ဆိုင္မ်ား လုယက္ျခင္း ျပဳလာသျဖင့္ ထိုနယ္မ်ားမွ လူမ်ားသည္ ေျမာက္ဘက္ ေက်ာက္ေတာ္ၿမိဳ႕သို႔ ထြက္ေျပး တိမ္းေရွာင္သြားခဲ့သည္။

ရခိုင္နိုင္ငံေရး ေခါင္းေဆာင္ ဘုံေပါက္သာေက်ာ္ အဆိုအရ ေက်ာက္ေတာ္တြင္ အဓိက႐ုဏ္းကို တားဆီးရန္ ဆရာႀကီး ဦးေသာၾကာေအာင္၊ ဦးပညာသီဟႏွင့္ သူကိုယ္တိုင္ ႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေခ်။

စစ္ေသြးႂကြေခါင္းေဆာင္ သိန္းေက်ာ္ေအာင္က ကုလား(၂၀၀)ကို သူတစ္သီးတည္း သတ္ျဖတ္ခဲ့ၿပီး ေမာင္ေက်ာ္ယက ကုလားဦးေရ(၃၀၀)ကို တစ္ဦးတည္း သတ္ခဲ့သည္ စသည္ျဖင့္ဂုဏ္တု ဂုဏ္ၿပိဳင္ အသားယူေနခဲ့သည္ဟု ဆို၏။

ေျမပုံ၊ မင္းျပားမွ စစ္ေျပး ရိုဟင္ဂ်ာမ်ားက ေက်ာက္ေတာ္တြင္ ေခါင္းတုတ္ရြာ အလယ္ကၽြန္းကို အေျခခံ၍ ကန္ကတုတ္မ်ားျပဳလုပ္ကာ က်ဴးေက်ာ္ရန္ကို ကာကြယ္ရန္ ႀကိဳးစားခဲ့ေသာ္လည္း လက္နတ္ခ်င္းမမၽွ၍ မေအာင္ျမင္ခဲ့ေခ်။ ရိုဟင္ဂ်ာလူမ်ိဳး အမ်ားအျပား သတ္ျဖတ္ခံရၿပီး ပုန္းေအာင္က်န္ရစ္ေနသူ အခ်ိဳ႕မွာ ဘူးသီးေတာင္ နယ္သို႔ အသက္လုထြက္ေျပးခဲ့ရသည္။

ဤေနရာတစ္ခုတည္းတြင္ ရိုဟင္ဂ်ာလူမ်ိဳး တစ္ေသာင္းခန႔္ သတ္ျဖတ္ခံခဲ့ရသည္ဟု ဆို၏။ ရိုဟင္ဂ်ာတို႔တြင္ တုတ္ဓါး ႏွင့္ အရပ္လုပ္ ေသနတ္မ်ားသာရွိၿပီး ရခိုင္တို႔ တြင္ ရိုင္ဖယ္လ္ ေသနတ္မ်ားရွိေနျခင္းေၾကာင့္ ျဖစ္သည္။
၎ ရိုင္ဖယ္လ္ ေသနတ္မ်ားကို အဂၤလိပ္အေရးပိုင္း ဦးေက်ာ္ခိုင္သည္ အစိုးရ ရဲခန္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ားမွလည္းေကာင္း၊ ၿဗိတိသၽွ ကရင္တပ္ဖြဲ႕မ်ား ေနရပ္ျပန္ရာတြင္ ေရာင္းခ်ခဲ့၍လည္းေကာင္း ရခိုင္တို႔ ရရွိခဲ့သည္ဟု ဆိုၾကသည္။

ကရင္တပ္ဖြဲ႕ဝင္မ်ားထံမွ ရိုင္ဖယ္လ္ေသနတ္မ်ားႏွင့္ ခဲယမ္းမီးေက်ာက္မ်ား  ရရွိခဲ့ေၾကာင္းကို ဘုံေပါက္သာေက်ာ္၏ စာအုပ္တြင္ ေအာက္ပါအတိုင္း ေဖၚျပထားသည္ကို ေတြ႕ရ သည္။

၁၉၄၂ ခုႏွစ္ မတ္လ (၂၃)ရက္ေန႔ ဂ်ပန္တို႔က စစ္ေတြ႕ကို ဗုံးၾကဲရာတြင္ ပလုတ္ေတာင္ တန္လ်ားမ်ားမွ ခဲယမ္းမီးေက်ာက္မ်ား ကၽြန္ေတာ္အလိုက္ယူျခင္း၊ ကရင္စစ္သား စစ္တပ္မ်ားကို ဆြယ္ယူျခင္း စသည္တို႔ကိုျပဳၿပီး စစ္ေတြ႕ ေရႊျပားေတာင္ကို ေမာင္စိန္ထြန္းအိမ္မွ ေလာင္ေခ်ေခ်ာင္းသို႔ ေလးပင္တပ္ေလွျဖင့္ စစ္ေျပးကရင္ အမ်ိဳးမ်ားႏွင့္ က်ည္ဆန္တို႔ကို အေခါက္ေခါက္ပို႔ၿပီး။ ဤအခ်ိန္ကာလသည္ ၿဗိတိသၽွအစိုးရ ဆုတ္ခြါေနဆဲ ဂ်ပန္တပ္မ်ား ဝင္လာေနစ အခ်ိန္ျဖစ္သည္။ ဤလက္နတ္မ်ားျဖင့္ ဆုတ္ခြါေနသူ ၿဗိတိသၽွတပ္ကို တိုက္ရန္မလိုအပ္ေပ။ လိုသည္ဟုဆိုလၽွင္လည္း အင္အားရွိေသာဂ်ပန္တပ္ႏွင့္B.I.A တပ္မ်ားကသာ တိုက္ခိုက္မည္ျဖစ္သည္။

သို႔ျဖင့္၍ ကရင္တပ္မွရေသာ ဤလက္နတ္မ်ားကို မူဆလင္မ်ားအား တိုက္ခိုက္ ႏွင္ထုတ္ရာတြင္ အသုံးျပဳခဲ့သည္ဟု သုံးသပ္မိပါသည္။
ဤအေျခအေနမ်ိဳးေၾကာင့္ ရခိုင္ျပည္အတြင္းဘက္ ၿမိဳ႕မ်ားတြင္ ရိုဟင္ဂ်ာမူဆလင္ ဦးေရငါးေသာင္း (၅၀၀၀၀)ေက်ာ္ အသက္ဆုံးရွုံးခဲ့ရသည္။

ေျမပုံ၊ မင္းျပား၊ ေျမာက္ဦး၊ ေက်ာက္ေတာ၊ ေပါက္ေတာ ပုဏၰားကၽြန္းၿမိဳ႕နယ္မ်ားမွ ရိုဟင္ဂ်ာရြာေပါင္း ႏွစ္ရာ(၂၀၀)ေက်ာ္ မီးရွို႔ဖ်က္ဆီးျခင္းခံခဲ့ရၿပီး လူေပါင္း ႏွစ္သိန္း (၂၀၀,၀၀၀)ေက်ာ္ ေမာင္းေတာ၊ ဘူးသီးေတာင္နယ္မ်ားသို႔ ၁၉၄၂ ခုႏွစ္ ဧၿပီလႏွင့္ ေမလ ေလာက္တြင္ ေတာေတာင္မ်ားကို ျဖတ္သန္းေက်ာ္လႊာ၍ ထြက္ေျပးတိမ္းေရွာင္ ခဲ့ၿပီးျဖစ္သည္။

ထို႔ေၾကာင့္ လိုက္လံတိုက္ခိုက္ေနေသာ ရခိုင္မ်ားသည္ ရေသ့ေတာင္ၿမိဳ႕ႏွင့္ ဘူးသီးေတာင္ အေရွ႕ဘက္ျခမ္းမွ ေက်ာ္လြန္၍ မထိုးေဖါက္နိုင္ခဲ့ေခ်။ ဤအခါ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ ရခိုင္အခ်ိဳ႕ သတ္ျဖတ္ခံရၿပီး အမ်ားစုမွာ ရခိုင္ျပည္ အတြင္းပိုင္းသို႔ ထြက္ေျပးခဲ့ရသည္။ ထိုသို႔ထြက္ေျပးရာတြင္ ဘူးသီးေတာင္ ဆိပ္ကမ္း၌ သေဘၤာေပၚ အလုယက္တက္ရာ လူအဆမတန္မ်ားသြားၿပီး သေဘၤာ နစ္ျမဳပ္ သြားသျဖင့္ လူ(၃၀၀)ေက်ာ္ ေရနစ္ေသဆုံးခဲ့ရသည္။

ေမာင္းေတာၿမိဳ႕နယ္တြင္ အဓိက ႐ုဏ္းအရွိန္ ျပင္းထန္ျခင္းမရွိခဲ့ေခ်။ ေမာင္းေတာၿမိဳ႕မွ ရခိုင္အမ်ိဳးသား အမ်ားစုသည္ တဖက္နိုင္ငံ အဂၤလိပ္ အစိုးရ လက္ေအာက္သို႔ ထြက္ေျပးခိုလွုံေနခဲ့သည္။ အဂၤလိပ္အစိုးရက ရခိုင္ဒုကၡသည္မ်ားကို ဘဂၤလာရွိ ဒိုင္နာစ္ဖူရ္စခန္းတြင္လည္းေကာင္း ရခိုင္ျပည္နယ္ အနယ္နယ္အရပ္ရပ္မွ ထြက္ေျပး ခိုလွုံလာေသာ ရိုဟင္ဂ်ာဒုကၡသည္မ်ားကို ေရာင္ဖူရ္စခန္းတြင္လည္းေကာင္း ေနရာခ်ထားေပး၍ ေစာင့္ ေရွာက္ခဲ့ေပသည္။

တခ်ိဳ႕က မူဆလင္-ရခိုင္ အဓိက႐ုဏ္းကို မူဆလင္မ်ားက ၿဗိတိသၽွ ရာရ္ပူတ္စစ္သားမ်ားထံမွ လက္နတ္ရ၍ စတင္ခဲ့သည္ဟုဆိုသည္။ ရာရ္ပူတ္မ်ားက မူဆလင္မ်ားအား လက္နတ္ေပးအပ္ခဲ့လၽွင္ မူဆလင္ဦးေရးမ်ားၿပီး နယ္စပ္က်ေသာ ေမာင္းေတာ ဘူးသီးေတာင္နယ္မ်ားမွသာ အဓိက႐ုဏ္း စတင္ရန္ရွိပါသည္။ ယခုမွာမူ ရခိုင္ဦးေရးမ်ားေသာ ေျမပုံ၊ မင္းျပားၿမိဳနယ္မ်ားမွ စတင္ခဲ့ျခင္း ျဖစ္သည္။

အဓိက႐ုဏ္စတင္ခဲ့ေသာ ၁၉၄၂ခုႏွစ္ဦးပိုင္းတြင္ ရာရ္ပူတ္စစ္သားမ်ားသည္ စစ္ေတြ႕ၿမိဳ႕ေပၚတြင္ရွိေနဆဲျဖစ္ေၾကာင္း ဘုံေပါက္သာေက်ာ္က ၎၏ ေတာ္လွန္ေရး ခရီးဝယ္စာအုပ္တြင္ ထင္ရွားစြာ ေရးသားထားသည္ကို ေတြ႕ရသည္။

အဓိက႐ုဏ္းကာလ အိႏၵိယဒုကၡသည္ စခန္းတြင္ ရခိုင္တစ္ေသာင္း (၁၀,၀၀၀)ခန႔္ႏွင့္ ရိုဟင္ဂ်ာ ဒုကၡသည္ ေျခာက္ေသာင္း (၆၀,၀၀၀)ေက်ာ္ရွိခဲ့ၿပီး စစ္ၿပီးေခတ္ ျမန္မာနိုင္ငံအစိုးရ (ဗိုလ္ခ်ဳပ္ ေအာင္ဆန္းအစိုးရ)က စီစစ္၍ ဝင္ခြင့္လက္မွတ္မ်ား ထုတ္ေပးကာ အဆိုပါ စစ္ေျပးဒုကၡသည္ ရခိုင္ႏွင့္ ရိုဟင္ဂ်ာမ်ားအားျပန္လည္ လက္ခံေခၚယူၿပီး ျပန္လည္ေနရာ ခ်ထားေပးခဲ့ပါသည္။

လြတ္လပ္ ေရးရၿပီးေခတ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏုအစိုးရ လက္ထက္တြင္လည္း ယူခဲ့ပါေသးသည္။ အခ်ိဳ႕ မွာမွု ဘဂၤလားေဒသတြင္ က်န္ရစ္ခဲ့ေၾကာင္းသိရသည္။

ဤအဓိက႐ုဏ္း ကာလအတြင္း ရခိုင္ျပည္နယ္ အတြင္းဘက္မွ ထြက္ေျပး တိမ္းေရွာင္ခဲ့သူမ်ား မိမိတို႔၏ မူလေနရပ္ျပန္ရန္ အခြင့္အလမ္း မရခဲ့ဘဲ ေမာင္းေတာ၊ ဘူးသီးေတာင္နယ္မ်ားတြင္ ထိုစဥ္မွစ၍ အေျခစိုက္ ေနထိုင္လာခဲ့ၾကသည္။

၎တို႔၏မူရြာ မ်ားႏွင့္ လယ္မ်ား၊ ယာမ်ားႏွင့္အိမ္မ်ားသည္ ရခိုင္တို႔၏ လက္ေအာက္သို႔ ေရာက္ရွိခဲ့ရသည္။

Zawgyi

မူရင္းေရးသူကိုမေတြ႕လို႔ credit မေပးနိုင္ပါ။

=======================

စစ်တွင်းကာလနှင့် ၁၉၄၂ခုနှစ် ရခိုင်ပြည်နယ် လူမျိုးရေးအရေးအခင်း ဖြစ်စဉ်အမှန်

ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေသော အချိန်ကာလသည် အရေးကြီးသော အချိန်အခါ ဖြစ်သည်။ ပြည်သူများ၏ အသက်အိုးအိမ် ဆုံးရှုံးမှု ပမာဏသည်လည်း နှိုင်းမရလောက်အောင် ကြီးမားခဲ့ပေသည်။ ၁၉၄၁ မှ ၁၉၄၆ခုနှစ်များအတွင်း ရခိုင်ဒေသတွင် အုပ်ချုပ်ရေး ၃၊၄မျိုး ပြောင်းလဲပေါ်ပေါက်ခဲ့သည်။ ပြည်သူအားလုံး တစ်နည်းမဟုတ် တစ်နည်း တော်လှန်ရေး အခတ်အခဲ၊ စစ်ဘေးဒဏ်၊ လူမျိုးရေးအဓိကရုဏ်း၏ အနိဠာရုံများ အလူးအလဲခံခဲ့ရပေသည်။ တန်ဖိုးရှိသော လူသားအရင်းအမြစ်များ စတေးခံဘဝသို့ တနည်းနည်းဖြင့် ရောက်ခဲ့ရသည်။ အထူးသဖြင့် မူဆလင် - ရခိုင် အဓိကရုဏ်ကြောင့် ဖြစ် ပျက်ခဲ့လေသမျှ နိုင်ငံရေး လူမျိုးရေးဆက်နွယ်နေပါသဖြင့် ရေးသားတင်ပြသူများဘက်တွင် ချဲ့ကားမှုများ ဘက်လိုက်မှုများရှိခဲ့ကြောင်း တွေ့ ရသည်။

ဒေသတွင်းနေ လူမျိုးစုများကြား အပြန်အလှန် ယုံကြည်လေးစားမှုများ ဖြစ်တည်လာရေးနှင့် ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အတိတ်က ဖြစ်ပျက်ခဲ့သော ထိုအနိဠာရုံများအား တင်ပြရာတွင် ဘက်လိုက်မှု မရှိဘဲအတတ်နိုင်ဆုံး အမှန်ကန်ဆုံး အသင့်တော်ဆုံးပုံစံဖြင့်တင်ပြရန်လိုအပ်ပေသည်။ ထိုသို့တင်ပြရာတွင်လည်း အာဃတကြီးထွားပြီး ပဋိပက္ခများ ထက်မှန်ဖြစ်ပေါ်စေနိုင်သော သွေးထိုးမြောက်ပင့် ပေးခြင်းမျိုး သက်ရောက်နိုင်သော အရေးအသားမျိုးက ိုအတတ်နိုင်ဆုံး ရှောင်ကျဉ်းရမည် ဖြစ်ပေသည်။

ဤအကြောင်းကို ရခိုင်ရိုဟင်ဂျာပြည်သူအများ လက်ခံနိုင်ရေးကို ဦးတည်ပြီး ရခိုင်အမျိုးသား နိုင်ငံရေးခေါင်းဆောင် ဘုံပေါက်သာကျော်၏ ရေးသားချက်များနှင့် အစ္စရေးနိုင်ငံသား moshe yegar၏မှတ်တမ်းများကို ကိုးကား၍ တင်ပြလိုပါသည်။

၁၉၄၁ ခုနှစ်ဦးပိုင်းတွင် B.I.A နှင့်ဂျပန်တပ်များသည် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်မြိုများသို့ ရောက်ရှိလာပြီး စတင်ဗုံးကြဲချိန်မှလွဲ၍ အိန္ဒိယလူမျိုး ပေါင်းစုံတို့သည် ရရာလမ်းကြောင်းများဖြင့် ပြည်တော်ပြန်ခဲ့ကြသည်။

တောင်ကုတ်လမ်းကို ဖြတ်ကျော်ပြီး ရခိုင်ပြည်မှတဆင့် ကုန်ကြောင်း၊ရေကြောင်းဖြင့် ဘင်္ဂလာ နှင့် အိန္ဒိယသို့ထွက်ပြေးခဲ့ကြသည်။ဤအချိန်ကာလတွင် (စစ်ကြိုကာလတွင်) ရခိုင်ပြည်မြို ့ကြီးများ၌ မင်းမဲ့ စရိုက်လွှမ်းမိုးခဲ့သည်။လုယက်မှု တိုက်ခိုက်မှုများ လူသတ်မှုများ နေရာဒေသအနှ့ံ ပြန့်နှ့ံ သွားသည်။

ရခိုင်လူဦးရေးများသောဒေသများတွင် အယူသီးသော ရခိုင်လူငယ်များက ဦးဆောင် ဆောင် ရွက်ခြင်း ဖြစ်သည်။ဤအချိန်ကာလသည် အိန္ဒိယနိုင်ငံတွင်လည်း ဟိန္ဒူ – မူဆလင်လူမျိုးရေး မုန်းတီး မှုကြီး ထွားနေချိန် အပြန်အလှန် တိုက်ခိုက်နေချိန်လည်း ဖြစ်နေသည်။ ဒရိယသမဂ္ဂ၊ ဗြဟ်မူသမဂ္ဂတို့ဦးစီး၍ မူဆလင်မုန်းတီးရေး စာအုပ်စာပေများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ဖြူးနေချိန်ဖြစ်ရာ ၎င်းမှတဆင့် မြန်မာနိုင်ငံသို့လည်းလူမျိုးရေးပဋိပက္ခ ဂယက်ရိုက်ခတ်လာခြင်းမျိုးဖြစ်သည်။

ရခိုင်အမျိုးသားနိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဘုံပေါက်သာကျော် (မော်ကွန်းဝင်ပထမအဆင့်)ဆိုအရ ၁၉၄၂-ခုနှစ်ဦးတွင် ဗြိတိသျှအစိုးရ အိန္ဒိယသို့ ဆုတ်ခွါရာ ရခိုင်ပြည် အုပ်ချုပ်ရေးကို အရေးပိုင် ဦးကျော်ခိုင်(အိုင်စီးအက်စ်)အား စစ်ဥပဒေဖြင့် အုပ်ချုပ်ရန်အာဏာလွှဲအပ်ခဲ့သည်။ ဦးကျော်ခိုင်သည် မာရှယ်လောဖြင့် အုပ်ချုပ်ခဲ့သည်။ထိုအချိန်တွင်ပုံမှန်စစ်တပ်များလည်း ဆုတ်ခွါပြီး ရဲစခန်း ရဲတပ်ဖွဲ့ဝင် များတွင်သာ လက်နတ်ခဲ့ယမ်းများရှိသည်။ ရဲတပ်ဖွဲ့ဝင် အများစုမှာ ရခိုင် အမျိုးသား များဖြစ် ကြသည်။ အခြားတဖက်တွင် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များတွင် ရခိုင်အယူသီးများက ဦးဆောင်၍ စစ်အာဏာဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးများ ထူထောင်ခဲ့သည်။ထိုအစွန်းရောက်များအား ရခိုင်ဂုဏ်သရေရှိ သမာဓိလူကြီးများ၊ ပညာတတ်များဖြင့် ဖွဲ့စည်းထားသော ရခိုင်တိုင်းရင်းသား ညီညွတ် ရေးအဖွဲ့က ထိန်းသိမ်း နိုင်စွမ်းမရှိခဲ့ချေ။

မြောက်ဦးမြို့နယ်ကို ဦးဂန္ဓာမာလည်းကောင်း၊ မင်းပြားမြိုနယ်ကို ဦးသိန်းကျော်အောင်၊ ဦးကျော်ယ၊ ဦးပန်းအောင်တို့ကလည်းကောင်း၊ ပေါက်တောမြို့နယ်ကို ဦးထွန်းလှအောင်ကလည်းကောင်း ငါ့မင်း ငါ့ချင်း စနစ်မာရှယ်လော စနစ်ဖြင့် အုပ်ချုပ်လျှက်ရှိသည်။ စစ်တွေ့၊ ဘူးသီးတောင်၊ မောင်းတောနယ်များမှအပ ရခိုင်ပြည်တစ်ပြည်လုံးတွင် ဗြိတိသျှအုပ်ချုပ်ရေး ပျက်ပြားသွားသည်။ ဗြိတိသျှ အုပ်ချုပ်ရေးကို ဆက်ခံသူ ဦးကျော်ခိုင်(အရေးပိုင်း) major က ထိန်းချုပ်ထား၍ မရနိုင်တော့ချေ။ အရေးပိုင်း ဦးကျော်ခိုင်သည် အမြဲတမ်း အရက်မူးပြီး မာရှယ်လောဖြင့် ကြမ်းတမ်းစွာ အုပ်ချုပ်သူတစ်ဦးဖြစ်သည်။
၁၉၄၂ ခုနှစ် မတ်လခန့်က မူဆလင်-ရခိုင်အဓိကရုဏ်း မြေပုံမြိုနယ် ရက်ချောင်း၊ ပန်းခါး၊ ပိုင်းနှင့်မင်းပြားမြို့နယ် ပန်းမြောင်းကြီးမြိုတို့မှ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစမထမတွင် နယ်ခံ မူဆလင်များနှင့်ရခိုင်ခေါင်းဆောင်ပိုင်းအကြား အပြန်အလှန် တိုက်ခိုက်ခြင်းမပြုကြရန် ငြိမ်းချမ်းရေး စာချုပ်တစ်ခု နိုင်ခဲ့သော်လည်း ၎င်းစာချုပ်သည် မကြာခင်ပျက်ပြားခဲ့သည်။ မြေပုံ မင်းပြားနယ်များတွင် မူဆလင်(ရိုဟင်ဂျာ) ရွာများကိုမီးတင်ရှို့ခြင်း၊ လူအများအပြား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊စျေး ဆိုင်များ လုယက်ခြင်း ပြုလာသဖြင့် ထိုနယ်များမှ လူများသည် မြောက်ဘက် ကျောက်တော်မြို့သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ရခိုင်နိုင်ငံရေး ခေါင်းဆောင် ဘုံပေါက်သာကျော် အဆိုအရ ကျောက်တော်တွင် အဓိကရုဏ်းကို တားဆီးရန် ဆရာကြီး ဦးသောကြာအောင်၊ ဦးပညာသီဟနှင့် သူကိုယ်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

စစ်သွေးကြွခေါင်းဆောင် သိန်းကျော်အောင်က ကုလား(၂၀၀)ကို သူတစ်သီးတည်း သတ်ဖြတ်ခဲ့ပြီး မောင်ကျော်ယက ကုလားဦးရေ(၃၀၀)ကို တစ်ဦးတည်း သတ်ခဲ့သည် စသည်ဖြင့်ဂုဏ်တု ဂုဏ်ပြိုင် အသားယူနေခဲ့သည်ဟု ဆို၏။

မြေပုံ၊ မင်းပြားမှ စစ်ပြေး ရိုဟင်ဂျာများက ကျောက်တော်တွင် ခေါင်းတုတ်ရွာ အလယ်ကျွန်းကို အခြေခံ၍ ကန်ကတုတ်များပြုလုပ်ကာ ကျူးကျော်ရန်ကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း လက်နတ်ချင်းမမျှ၍ မအောင်မြင်ခဲ့ချေ။ ရိုဟင်ဂျာလူမျိုး အများအပြား သတ်ဖြတ်ခံရပြီး ပုန်းအောင်ကျန်ရစ်နေသူ အချို့မှာ ဘူးသီးတောင် နယ်သို့ အသက်လုထွက်ပြေးခဲ့ရသည်။

ဤနေရာတစ်ခုတည်းတွင် ရိုဟင်ဂျာလူမျိုး တစ်သောင်းခန့် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆို၏။ ရိုဟင်ဂျာတို့တွင် တုတ်ဓါး နှင့် အရပ်လုပ် သေနတ်များသာရှိပြီး ရခိုင်တို့ တွင် ရိုင်ဖယ်လ် သေနတ်များရှိနေခြင်းကြောင့် ဖြစ်သည်။
၎င်း ရိုင်ဖယ်လ် သေနတ်များကို အင်္ဂလိပ်အရေးပိုင်း ဦးကျော်ခိုင်သည် အစိုးရ ရဲခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှလည်းကောင်း၊ ဗြိတိသျှ ကရင်တပ်ဖွဲ့များ နေရပ်ပြန်ရာတွင် ရောင်းချခဲ့၍လည်းကောင်း ရခိုင်တို့ ရရှိခဲ့သည်ဟု ဆိုကြသည်။

ကရင်တပ်ဖွဲ့ဝင်များထံမှ ရိုင်ဖယ်လ်သေနတ်များနှင့် ခဲယမ်းမီးကျောက်များ  ရရှိခဲ့ကြောင်းကို ဘုံပေါက်သာကျော်၏ စာအုပ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်ကို တွေ့ရ သည်။

၁၉၄၂ ခုနှစ် မတ်လ (၂၃)ရက်နေ့ ဂျပန်တို့က စစ်တွေ့ကို ဗုံးကြဲရာတွင် ပလုတ်တောင် တန်လျားများမှ ခဲယမ်းမီးကျောက်များ ကျွန်တော်အလိုက်ယူခြင်း၊ ကရင်စစ်သား စစ်တပ်များကို ဆွယ်ယူခြင်း စသည်တို့ကိုပြုပြီး စစ်တွေ့ ရွှေပြားတောင်ကို မောင်စိန်ထွန်းအိမ်မှ လောင်ချေချောင်းသို့ လေးပင်တပ်လှေဖြင့် စစ်ပြေးကရင် အမျိုးများနှင့် ကျည်ဆန်တို့ကို အခေါက်ခေါက်ပို့ပြီး။ ဤအချိန်ကာလသည် ဗြိတိသျှအစိုးရ ဆုတ်ခွါနေဆဲ ဂျပန်တပ်များ ဝင်လာနေစ အချိန်ဖြစ်သည်။ ဤလက်နတ်များဖြင့် ဆုတ်ခွါနေသူ ဗြိတိသျှတပ်ကို တိုက်ရန်မလိုအပ်ပေ။ လိုသည်ဟုဆိုလျှင်လည်း အင်အားရှိသောဂျပန်တပ်နှင့်B.I.A တပ်များကသာ တိုက်ခိုက်မည်ဖြစ်သည်။

သို့ဖြင့်၍ ကရင်တပ်မှရသော ဤလက်နတ်များကို မူဆလင်များအား တိုက်ခိုက် နှင်ထုတ်ရာတွင် အသုံးပြုခဲ့သည်ဟု သုံးသပ်မိပါသည်။
ဤအခြေအနေမျိုးကြောင့် ရခိုင်ပြည်အတွင်းဘက် မြို့များတွင် ရိုဟင်ဂျာမူဆလင် ဦးရေငါးသောင်း (၅၀၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော၊ ပေါက်တော ပုဏ္ဏားကျွန်းမြို့နယ်များမှ ရိုဟင်ဂျာရွာပေါင်း နှစ်ရာ(၂၀၀)ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး လူပေါင်း နှစ်သိန်း (၂၀၀,၀၀၀)ကျော် မောင်းတော၊ ဘူးသီးတောင်နယ်များသို့ ၁၉၄၂ ခုနှစ် ဧပြီလနှင့် မေလ လောက်တွင် တောတောင်များကို ဖြတ်သန်းကျော်လွှာ၍ ထွက်ပြေးတိမ်းရှောင် ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် လိုက်လံတိုက်ခိုက်နေသော ရခိုင်များသည် ရသေ့တောင်မြို့နှင့် ဘူးသီးတောင် အရှေ့ဘက်ခြမ်းမှ ကျော်လွန်၍ မထိုးဖေါက်နိုင်ခဲ့ချေ။ ဤအခါ ဘူးသီးတောင်မြို့နယ်တွင် ရခိုင်အချို့ သတ်ဖြတ်ခံရပြီး အများစုမှာ ရခိုင်ပြည် အတွင်းပိုင်းသို့ ထွက်ပြေးခဲ့ရသည်။ ထိုသို့ထွက်ပြေးရာတွင် ဘူးသီးတောင် ဆိပ်ကမ်း၌ သင်္ဘောပေါ် အလုယက်တက်ရာ လူအဆမတန်များသွားပြီး သင်္ဘော နစ်မြုပ် သွားသဖြင့် လူ(၃၀၀)ကျော် ရေနစ်သေဆုံးခဲ့ရသည်။

မောင်းတောမြို့နယ်တွင် အဓိက ရုဏ်းအရှိန် ပြင်းထန်ခြင်းမရှိခဲ့ချေ။ မောင်းတောမြို့မှ ရခိုင်အမျိုးသား အများစုသည် တဖက်နိုင်ငံ အင်္ဂလိပ် အစိုးရ လက်အောက်သို့ ထွက်ပြေးခိုလှုံနေခဲ့သည်။ အင်္ဂလိပ်အစိုးရက ရခိုင်ဒုက္ခသည်များကို ဘင်္ဂလာရှိ ဒိုင်နာစ်ဖူရ်စခန်းတွင်လည်းကောင်း ရခိုင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှ ထွက်ပြေး ခိုလှုံလာသော ရိုဟင်ဂျာဒုက္ခသည်များကို ရောင်ဖူရ်စခန်းတွင်လည်းကောင်း နေရာချထားပေး၍ စောင့် ရှောက်ခဲ့ပေသည်။

တချို့က မူဆလင်-ရခိုင် အဓိကရုဏ်းကို မူဆလင်များက ဗြိတိသျှ ရာရ်ပူတ်စစ်သားများထံမှ လက်နတ်ရ၍ စတင်ခဲ့သည်ဟုဆိုသည်။ ရာရ်ပူတ်များက မူဆလင်များအား လက်နတ်ပေးအပ်ခဲ့လျှင် မူဆလင်ဦးရေးများပြီး နယ်စပ်ကျသော မောင်းတော ဘူးသီးတောင်နယ်များမှသာ အဓိကရုဏ်း စတင်ရန်ရှိပါသည်။ ယခုမှာမူ ရခိုင်ဦးရေးများသော မြေပုံ၊ မင်းပြားမြိုနယ်များမှ စတင်ခဲ့ခြင်း ဖြစ်သည်။

အဓိကရုဏ်စတင်ခဲ့သော ၁၉၄၂ခုနှစ်ဦးပိုင်းတွင် ရာရ်ပူတ်စစ်သားများသည် စစ်တွေ့မြို့ပေါ်တွင်ရှိနေဆဲဖြစ်ကြောင်း ဘုံပေါက်သာကျော်က ၎င်း၏ တော်လှန်ရေး ခရီးဝယ်စာအုပ်တွင် ထင်ရှားစွာ ရေးသားထားသည်ကို တွေ့ရသည်။

အဓိကရုဏ်းကာလ အိန္ဒိယဒုက္ခသည် စခန်းတွင် ရခိုင်တစ်သောင်း (၁၀,၀၀၀)ခန့်နှင့် ရိုဟင်ဂျာ ဒုက္ခသည် ခြောက်သောင်း (၆၀,၀၀၀)ကျော်ရှိခဲ့ပြီး စစ်ပြီးခေတ် မြန်မာနိုင်ငံအစိုးရ (ဗိုလ်ချုပ် အောင်ဆန်းအစိုးရ)က စီစစ်၍ ဝင်ခွင့်လက်မှတ်များ ထုတ်ပေးကာ အဆိုပါ စစ်ပြေးဒုက္ခသည် ရခိုင်နှင့် ရိုဟင်ဂျာများအားပြန်လည် လက်ခံခေါ်ယူပြီး ပြန်လည်နေရာ ချထားပေးခဲ့ပါသည်။

လွတ်လပ် ရေးရပြီးခေတ် ဝန်ကြီးချုပ်ဟောင်း ဦးနုအစိုးရ လက်ထက်တွင်လည်း ယူခဲ့ပါသေးသည်။ အချို့ မှာမှု ဘင်္ဂလားဒေသတွင် ကျန်ရစ်ခဲ့ကြောင်းသိရသည်။

ဤအဓိကရုဏ်း ကာလအတွင်း ရခိုင်ပြည်နယ် အတွင်းဘက်မှ ထွက်ပြေး တိမ်းရှောင်ခဲ့သူများ မိမိတို့၏ မူလနေရပ်ပြန်ရန် အခွင့်အလမ်း မရခဲ့ဘဲ မောင်းတော၊ ဘူးသီးတောင်နယ်များတွင် ထိုစဉ်မှစ၍ အခြေစိုက် နေထိုင်လာခဲ့ကြသည်။

၎င်းတို့၏မူရွာ များနှင့် လယ်များ၊ ယာများနှင့်အိမ်များသည် ရခိုင်တို့၏ လက်အောက်သို့ ရောက်ရှိခဲ့ရသည်။

Unicode
မုရင်းရေးသူ မတွေ့လို့ credit မပေးနိုင်ပါ။

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “စစ္အတြင္းကာလႏွင့္ ၁၉၄၂ခုႏွစ္ ရခိုင္ျပည္နယ္ လူမ်ိဳးေရးအေရးအခင္း ျဖစ္စဥ္အမွန္”

Post a Comment

Related Posts Plugin for WordPress, Blogger...