Sunday, November 5, 2017

အမျိုးသားရေးဝါဒ vs ရီးရယ်ပေါ်လစ်တစ်

,
       အကြံပက်စက်တဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ယုတ်မာရက်စက်တဲ့စစ်အာဏာရှင်တွေ၊သစ္စာမရှိတဲ့
ခရိုနီတွေ၊ရယ်ဒီကယ်အတွေးရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေက အမျိုးသားရေးဝါဒကို real politics
ဖြစ်သယောင် ခေတ်စကားလုံးတွေ၊ပုံတိုပတ်စတွေနဲ့ အမျိုးမျိုးသွေးထိုးလှုံ့ဆော် ပုံဖျက်ခဲ့ကြပါတယ်။
အမျိုးသားရေးဝါဒမှာလည်း သူ့လက္ခဏာနဲ့သူ ကောင်းမွန်တဲ့အတွေးအခေါ်တွေရှိပါတယ်။ဒါပေမဲ့
လုပ်စားသမားတွေပြောတဲ့ ဘာသာရေးဗန်းပြ အောက်လမ်းနည်းတွေတော့ မဟုတ်ပါဘူး။လက်ရှိဲနိုင်ငံရေးသမားအတော်များများ လက်ကိုင်ထားကျင့်သုံးနေတာတွေက ဘာသာရေးမှာ အမျိုးဘာသာသာသနာဆိုတဲ့အစွဲနဲ့ နိုင်ငံရေးမှာ မဟာဗမာအစွဲက
အတော်ကြီးပါတယ်။သိသိသာသာနဲ့မသိမသာသာကွဲပါတယ်။ရယ်ဒီကယ်အတွေးတွေ ကဲပါတယ်။
       real politics က တိုင်းပြည်နဲ့လူမျိုး၊နိုင်ငံသားတိုင်းရဲ့ အကျိုးကို အဓိကထားကြည့်တဲ့မူပါ။လူမျိုး
တစ်မျိုး၊ဘာသာတစ်ခု အကျိုးသာကြည့်တတ်တဲ့ကျဉ်းမြှောင်းတဲ့ အတွေးအခေါ်မဟုတ်ပါဘူး။ရေရှည်
အမြင်ပါ။တိုးတက်တဲ့အမြင်ပါ။တိုင်းပြည်ပြိုကွဲအောင်လုပ်တဲ့အမြင်မဟုတ်ပါဘူး။သံဃာဂိုဏ်းကွဲ
အောင်လုပ်တဲ့ အမြင်မဟုတ်ပါဘူး။
        တိန့်ရှောင်ဖိန်ရဲ့ ကြောင်ဖြူကြောင်မဲက realpoliticsပါ။ရှီကျင့်ဖျင်ရဲ့ OBOR က real politicsပါ။မြစ်ဆုံနဲ့ကျောက်ဖြူခွချက်က တရုတ်ရဲ့real politicsပါ။မြန်မာနဲ့ဘင်္ဂလားခွချက်က တရုတ်
ရဲ့ real politicsပါ။
        ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံစာချုပ်က realpoliticsပါ။၄၇ ဖွဲ့စည်းပုံက real politicsပါ။ဂျပန်
တစ်လှည့် အင်္ဂလိပ်တစ်လှည့်ချဉ်းကပ်တာ realpolitics ပါ။
        ဗိုလ်ချုပ်ကို လုပ်ကြံခံရတာ nationalistတွေကြောင့်ပါ။စစ်အာဏာရှင်တွေလက်ထဲ တိုင်းပြည်
ထိုးအပ်ခဲ့တာ nationalistတွေပါ။ ၇၄ ဖွဲ့စည်းပုံကလည်း nationalist တွေဆွဲခဲ့တာပါ။အဆင်းရဲဆုံး
တိုင်းပြည်ဖြစ်ခဲ့တာလည်း nationalist ကြောင့်ပါ။တိုင်းပြည်သယံဇာတတွေ ရောင်းချပြီး ကိုယ်ကျိုး
ရှာသွားတဲ့သူတွေက radical nationalist တွေပါ။လူသားအရင်းအမြစ်တွေကို အောက်ခြေကနေ အ
မြစ်ဖြတ် အညွန့်တုန်းစေခဲ့တာ radical nationaist တွေပါ။ပြည်တွင်းစစ်တွေကို မီးထိုးပေး
ခဲ့တာ radical nationalist တွေပါ။ပြည်တွင်းမှာလူမျိုးရေးဘာသာရေးအသွင် ဖန်တီးပြီးတိုင်းပြည်မ
ငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်နေတာက radicalnationalist တွေပါ။
         Stockholm syndrome က ဒေါ်စုကို ပြောရမယ့်စကားမဟုတ်ပါဘူး။ဒေါ်စုလုပ်နေတာ real politics
ပါ။မမြဝင်းရောဂါက စစ်ခေါင်းဆောင်တွေနဲ့ ရယ်ဒီကယ်အတွေးသမားတွေ၊ဟိုယောင်ဒီယောင်တွေကို
ပြောရမဲ့စကားပါ။ဟိုလိုမှ ဒီလိုမှဆိုတဲ့ သူငယ်နာမစင်သေးတဲ့ နိုင်ငံရေးကလိမ်ခြုံတွေကို သွားပြောပါ။

        အခုဒေါ်စုရဲ့ ချဉ်းကပ်မှုတွေဖြစ်တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်မှု၊လက်ရှိ နိုင်ငံတော်
အတိုင်အပင်ခံနေရာ၊NCAလမ်းကြောင်းပါဝင်မှု၊၂၁ ရာစု ပင်လုံအပါအဝင် နောက်ဆုံးရခိုင်အရေး၊ကိုဖီအာနန်အစီရင်ခံ
စာအကောင်အထည်ဖော်မှုတွေဟာ real politicsတွေပါပဲ။အခုလည်းပဲ radical တွေရဲ့ တိုက်ခိုက်မှု၊
သွားပုပ်လေလွင့်ပြောဆိုမှု၊ထိုးနှက်မှုတွေ ပြည်တွင်းပြည်ပမှာ လုပ်နေကြတာပါပဲ။ဒေါ်စုအနေနဲ့တော့
သူ့လမ်းကြောင်းနဲ့သူ မမှိတ်မသုန်ဆက်လက်ချီတက်ဆဲပဲဆိုတာတော့ အားလုံးသိမြင်ကြပါတယ်။


https://m.facebook.com/story.php?story_fbid=1126224184178621&id=100003731511447

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမျိုးသားရေးဝါဒ vs ရီးရယ်ပေါ်လစ်တစ်”

Post a Comment

Related Posts Plugin for WordPress, Blogger...