Wednesday, November 8, 2017

ဖက်ဒရယ် vs အမျိုးသားရေးဝါဒ

,
ဒေါ်စုလျှောက်နေရတဲ့လမ်းက ဆူးခင်းလမ်းပါ။ဒေါ်စုနားမှာ ဝိုင်းနေကြတဲ့သူတွေ(တရားဝင်ရော၊
တရားမဝင်ရော)အတော်များများကလည်း ဒေါ်စုရဲ့အားပေါ် အမှီပြုနေကြပေမဲ့ ဒေါ်စုရဲ့မူဝါဒကို အလုံးစုံသဘောကျတာတော့ မဟုတ်ပါဘူး။လတ်တလောလိုအပ်ချက်အရ အရောင်မပြကြသေးတာပါ။ဒေါ်စုလက်ကိုင်ပြုတာ လစ်ဘရယ်လစ်ဇမ်ပါ။ပြောတာဆို
တာ၊လုပ်တာကိုင်တာကြည့်ရင် သိနိုင်ပါတယ်။ဒါပေမယ့် စိတ်ကူးယှဉ်တော့ မဟုတ်ပါဘူး။pragmatic ပါ။
သူနဲ့အတူ အလုပ်လုပ်နေကြတဲ့ NLD ပါတီတွင်းမှာရော၊ပါတီပြင်ပမှာသာမက သူရင်ဆိုင်နေရတဲ့ပြည်မက ပြည်သူအများစုက
လည်း တစ်နည်းပြောရရင်ဗုဒ္ဓဘာသာအများစုကလည်း အမျိုးသားရေးဝါဒီတွေဖြစ်နေပါတယ်။အနုအရင့်ကွဲရင်သာကွဲမယ်၊ဒါမှမဟုတ်
ကိုယ့်ကိုယ်ကိုယ် လစ်ဘရယ်အမည်ခံပေမဲ့အုံပုန်းအမျိုးသားရေးဝါဒီတွေ ဖြစ်နေတတ်တယ်။ဘာလို့ အဲလိုပြောသလဲဆိုတော့ အရပ်သားအစိုးရကာလ အတွင်းမှာပဲ ပါတီပေါင်းစုံ၊အဖွဲ့အစည်းပေါင်းစုံရဲ့ လုပ်ပုံကိုင်ပုံ၊အပြောအဆိုတွေ ကြည့်ရင်သိသာပါတယ်
စစ်တပ်အပါအဝင်ပါ။
       
ဒီနေရာမှာ အမျိုးသားရေးဝါဒက မကောင်းဘူးလား၊လက်မခံရဘူးလားလို့ မေးနိုင်ပါတယ်။ပြိုကွဲနေတဲ့သူတစ်ပါးလက်အောက် ရောက်နေတဲ့အခြေအနေ အချိန်အခါမှာ စုစည်းဖို့၊တွန်းလှန်ဖို့ အလွန်ကောင်းတဲ့ ဝါဒပါ။သို့သော်လည်းပဲ စုစည်းနေ
တဲ့ ပြည်ထောင်စုနိုင်ငံတွေမှာ၊ဖစ်ဒရယ်သွားဖို့ တာစူနေတဲ့နိုင်ငံတွေမှာ အမျိုးသားရေးဝါဒီတွေ အားကောင်းလာရင်၊နိုင်ငံရေးသမားတွေ ခုတုံးလုပ်ခံရရင်ဖြင့် တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ဖြစ်နိုင်တယ်(balkanization)ဆိုတာတော့ မမေ့ပါနဲ့။
     
ဒီနေရာမှာ ဒေါ်စုဦးဆောင်တဲ့ NLD ကို မယှဉ်သာတဲ့ အခြားပါတီအတော်များများကလည်း ထောက်ခံမှုအလွယ်တကူရစေဖို့က အမျိုးသားရေး(အမျိုးဘာသာ သာသနာ)ဆိုတဲ့ အလံကိုပဲ ကိုင်ကြပါတယ်။ပါတီပေါ်လစီကို တိတိကျကျမေးပြီဆိုရင် ဒေါ်စုကလွဲ
ပြီး ကျန်ခေါင်းဆောင်တော်တော်များများ လစ်ဘရယ်လေသံတွေ ပျောက်ကုန်ပါတယ်။ထောက်ခံမှုမရမှာ စိုးရိမ်သလို ကိုယ်တိုင်ခံယူချက်မခိုင်မှာမှုကို ဖော်ပြနေပါတယ်။နောက်တစ်ခုကလစ်ဘရယ်လက်ခံရင်ပဲ အမျိုးဘာသာသာသနာပျက်မဲ့ပုံ၊ပြင်ပနိုင်ငံတွေ ဝင်ရောက်ချယ်လှယ်တော့မယ့်ပုံ၊ကိုယ်ပိုင် အမျိုးသားရေးလက္ခဏာတွေပဲ မြောင်းထဲရောက်သွားမဲ့ပုံ၊ယဉ်ကျေးမှုတွေပဲ ပွန်းပဲ့ပြီး ဖြစ်ချင်တိုင်းဖြစ် နေချင်သလိုနေတဲ့ဘဝတွေ ရောက်မဲ့ပုံတွေ ပြောကြဆိုကြ ရေးကြဟောကြတာတွေလည်းတွေ့နေရပါတယ်။
         
တိုင်းရင်းသားအများစုက အစိုးရရဲ့ပေါ်လစီကိုအမြဲတမ်း ဒေါက်ထောက်ကြည့်နေတယ်ဆိုတာ မမေ့သင့်ဘူး။လက်ရှိ NCA လမ်းကြောင်းသွားမယ့်ဗမာအပါအဝင် တိုင်းရင်းသားအားလုံးအနေနဲ့ ဒေါ်စုကို ယုံကြည်မှုအပြည့်ရှိပေမဲ့လို့ အခြားသူတွေအား
လုံး(NLD၊စစ်တပ်၊အတိုက်အခံအားလုံး)အပေါ်မှာထိုသို့သော ယုံကြည်မှုမျိုး မထားနိုင်ကြပါဘူး။ဒါကိုလည်း နားလည်ပေးရမှာပါပဲ။အာဏာရှိသူတွေကအတိအကျ အာမခံချက်မျိုး၊သဘောထားခံယူချက်မျိုးတွေ ပေးဖို့၊ပြဖို့လိုပါတယ်။လစ်ဘရယ်အခြေခံ
တွေ အားမကောင်းပဲ ဖစ်ဒရယ်သွားဖို့ တော်တော်ခက်ခဲနိုင်ပါတယ်။secularism (လောကီသက်သက်)ကျင့်သုံးရင်တော့
ဗုဒ္ဓဘာသာအများစု လက်ခံမှာ မဟုတ်ပါဘူး။ဆန့်ကျင်တာကိုပဲ ခံရမှာပါ။အခြားတိုင်းရင်းသားတွေအတော်များများကတော့ ကြိုဆိုမှာပါ။
       
အခုပြောသလောက်ဆို ဒေါ်စုလျှောက်နေရတဲ့လမ်းက ဘယ်လောက်အကျဉ်းအကျပ်ရှိသလဲ၊ဒေါ်စုဆက်ဆံပတ်သက်နေရတဲ့လူတွေရဲ့ နိုင်ငံရေးယှဉ်ကျေးမှု အတိမ်အနက်ဘယ်လောက်လဲ ဆိုတာခန့်မှန်းနိုင်လောက်ပါပြီ။ဒေါ်စု သက်ရှိထင်ရှားရှိချိန်မှာဖက်ဒရယ်စနစ်ကို
အကောင်အထည်ဖော်နိုင်ဖို့၊လစ်ဘရယ်အခြေခံတွေ အားကောင်းလာဖို့ မလုပ်နိုင်ရင်မြန်မာ့အနာဂတ်ဟာ ဘာမှမသေချာတော့ပါဘူး။

ဒါကြောင့် ဒေါ်စုလျှောက်တဲ့လမ်းကို ထောက်ကူဖို့၊အဖျက်အမှောင့်တွေကို စုပေါင်းတားဆီးဖို့၊ယုံကြည်မှုအပြည့်အဝထားဖို့ရာကလွဲလို့ အခြားရွေးချယ်စရာလမ်းမရှိကြောင်း တင်ပြလိုက်ရပါသည်။

https://m.facebook.com/story.php?story_fbid=1125945757539797&id=100003731511447

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖက်ဒရယ် vs အမျိုးသားရေးဝါဒ”

Post a Comment

Related Posts Plugin for WordPress, Blogger...