Friday, December 7, 2018

ကျန်စစ်သားဟာ မိန်းမလေးယောက်ရတယ်

,
အပယ်ရတနာ (မိဖုရားခေါင်ကြီး ၊ ရွှေအိမ်စည်ရဲ့ အမေ ၊
အလောင်းစည်သူရဲ့ အဘွား)

သမ္ဘူလ (သားလေးမွေးရင် နန်းတော်ခေါ်ခဲ့၊ သမီးမွေးရင်
ဘန်ကောက်ပို့လိုက် ဆိုတဲ့တစ်ယောက် ၊ ရာဇကုမာရ ရဲ့ အမေ)

ခင်တန် (ထီးလှိုင်ရှင်ရဲ့ သမီးထင်တယ်။ ကိုယ်နဲနဲမေ့နေတယ်။
တောပုန်းဘ၀နဲ့ ထပ်ရတာပဲ၊ ရွာသူကြီး သမီးပဲ)

မဏိစန္ဒာ (အနော်ရထာ ၊ စောလူးမင်း ၊ ကျန်စစ်သား တို့ရဲ့ မင်းသုံးဆက် မိဖုရား ၊ သူ့ကြောင့် ကျန်စစ်သား နှစ်ခါတိတိ နယ်နှစ်ဒဏ်ခံရတာ ၊ ပထမတစ်ခါက အနော်ရထာက ဟျောင့် မင်းလစ်လိုက်တော့ ဆိုပြီး ဒိုးခိုင်းတာ ၊ ဒုတိယတစ်ခါက စောလူးမင်းက သားရီး မင့်ကြည့်ရတာ ငါ့မိန်းမကို စမကလာ ရိုက်မယ့်ပုံပေါက်နေတယ် .. တောထဲပြန်လစ်ဆိုပြီး ရွာပြင်ထုတ်ခံရတာ)

ဆိုတော့ .. ကျန်စစ်သားဟာ အတော်ဂေါ်တယ် ပြောရမယ်..

အပယ်ရတနာ နဲ့ ရတဲ့ ရွှေအိမ်စည်တော် အတော်ကြီးနေချိန်မှာ
မွန်မင်းသမီး မဏိစန္ဒာကို သွားခေါ်ရင်း လမ်းမှာ ဒန်တန့်တန်တယ်။

သိသွားလို့ အနော်ရထာက ကွိုင်ရှာလို့ ထွက်ပြေးရတဲ့အချိန်မှာ
သမ္ဘူလနဲ့ ထပ်ပြီး ဒန်တန့်တန် ပြန်တယ်။

တစ်ခါ ..
စောလူးမင်းက ပြန်ခေါ်လို့ နန်းတော်ထဲ ပြန်ရောက်တော့လဲ
မဏိစန္ဒာနဲ့ ထပ်ပြီး ဒန်တန့်တန် ပြန်တယ်။

(တကယ် ဒန်တန့်တန် သလား မတန်သလားကတော့ သူ့မေးကြည့်မှပဲရမယ်။ ဒန် တန့် တန် တယ်လို့တော့ ထင်ရတယ်။
ဘာလို့ဆိုတော့ မဏိစန္ဒာကို သူ အတော်ချစ်ပုံရတယ်)

စောလူးမင်းက မယုံသင်္ကာနဲ့ နယ်နှင်ဒဏ်ပေးပြန်တော့လဲ သူကြီးသမီးနဲ့ ဒန်တန့်တန် သေးတာပဲ။

နောက်ဆုံး စောလူးမင်း ဂိသွားလို့ နန်းသိမ်းတော့လဲ မဏိစန္ဒာကို ဆက်ပြီး ဒန် တန့် တန် ပြန်တယ်။

ဆိုတော့ ..

ဝက်ကလေး စကားနဲ့ ပြောရရင် ..

ကောင်မလေးတိုင်းကို ချုပ်နိုင်တော့ ဘဒိုက ဂေါ်တာပေါ့..

ထပ်ပြောမယ် . .

ဘဒိုက ဂေါ်တာပေါ့ ..  :3

ရှင်ဘုရင်ဖြစ်လို့ မိန်းမ အများကြီး ယူပြီး ဂေါ်တာမျိုးမဟုတ်ဘူး။
ဝရမ်းပြေး ဖြစ်တုန်း ၊ နယ်နှင်ခံရတုန်းလဲ ဂေါ်တာပဲ။ သူ့မြင်တာနဲ့
စော်တွေက သဘောကို ကျတာ။ တော်ကီကောင်းတယ်။
ပါဖြောင့်တယ်။ ဘော်ဒီလန်းတယ်။ အရည်အချင်းကလဲရှိတယ်။
ဘယ်လိုပြောရမလဲ။
မွေးရာပါ ဂေါ်တဲ့ အော်ဂေါ် ၊ တဲလန့်တန့်ဂေါ်ကြီး ဖြစ်နေတယ်။

ဆိုတော့..
 ယောင်္ကျားတွေ အနေနဲ့  ဂေါ်ဂိုဏ်းချုပ် ၊
ဂေါ်ဖခင်ကြီး ဖြစ်တဲ့ ဘဒိုကျန်စစ် 😁.

ကျန်စစ် ဂေါ်ပုံဂေါ်နည်းက စကီတွေကို ရေလမ်းခင်းပြီး စပွန်ဆာပေးပြီး ဂေါ်တဲ့ ဂေါ်သိမ်ဂေါ်ဖျင်းဂေါ်နည်းမျိုးနဲ့ ဂေါ်တာမျိုး
မဟုတ်ဘူး။

ကိုယ့်ရဲ့ တန်းလန်း .. အဲလေ .. တဲလန့် (Talent) ကို ပြပြီး အပေါ်စည်းက ဂေါ်သွားတဲ့ ဂေါ် စဆရက ဂေါ်နည်းမျိုး
ဖြစ်တယ်။ တော်ရုံလူ ဂေါ်လို့ မရတဲ့ နည်းမျိုးဖြစ်တယ်။

ကေတီဗီမှာ ရေခင်းပြီး ငါတို့က သိပ်ဂေါ်တာပဲလို့ လက်မ
မထောင်ကြပါနဲ့ တူမောင်တို့ ..

 (အနဲဆုံးတော့
အဲလေ.. မြန်မာဂေါ့တဲလန့်မှာ ၀င်ပြိုင်လို့ရတယ်)
မိဘလုပ်စာနဲ့ ကားထည်လဲစီးပြီး စကီတွေ ၀ိုင်းနေတဲ့ဘွမှာ
ငါတို့သည် စော်ကြည်ဘဲများသာလို့ မရေရွတ်ကြနဲ့ ဘဒိုတို့ ..

😁😁😁😁
#crd

mmo 🌐
ထိပ်ထား



https://m.facebook.com/story.php?story_fbid=205791343679751&id=100027466602273

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျန်စစ်သားဟာ မိန်းမလေးယောက်ရတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...