Monday, June 10, 2019

ထွေအုပ် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်နှင့် တင်ပြလိုသည်များ ပေးပို့ရန်ဖိတ်ခေါ်

,
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်နှင့် တင်ပြလိုသည်များကို ပေးပို့နိုင်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ယနေ့ (ဇွန်လ ၁၀) ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

"ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ရေး" ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စပ်လျဉ်း၍ အကြံပြုချက်များနှင့် တင်ပြလိုသည့်အချက်များကို လက်ခံနိုင်ရန်အတွက် တယ်လီဖုန်း၊ သီးသန့် ဖတ်စ်ဖုန်များကို ရုံးချိန်အတွင်း ဆက်သွယ်ပေးပို့နိုင်ပါကြောင်းနှင့် သီးသန့် အီးမေးလ်လိပ်စာကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ပါသဖြင့် လုံခြုံစိတ်ချစွာ ပေးပို့နိုင်ပါကြောင်း”ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာနအောက်သို့ ရွှေ့ပြောင်းခဲ့ပြီးနောက် ထွေအုပ်ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းဟောင်းများနှင့် အကြံပေးပညာရှင်များ ဆွေးနွေးကာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပတ်သက်၍ အကြံပြုချက်များနှင့် တင်ပြလိုသည့်အချက်များကို တယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၅၈၇၊ ဖက်စ်နံပါတ် ၀၆၇- ၅၉၀၅၇၇ နှင့် အီးမေးလ်လိပ်စာ headoffice@mougo.gov.mm သို့ ပေးပို့ကြောင်းသိရသည်။

သတင်း - ကိုကို
ဓာတ်ပုံ - GAD
the standard time daily

https://m.facebook.com/story.php?story_fbid=687209001729632&id=100013216142454

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ထွေအုပ် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်နှင့် တင်ပြလိုသည်များ ပေးပို့ရန်ဖိတ်ခေါ်”

Post a Comment

Related Posts Plugin for WordPress, Blogger...