Sunday, June 9, 2019

ဥပဒေမမြောက်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ရခိုင်အစွန်းရောက် အန္တရာယ်

,
၁၉၈၂ နိုင်ငံသားဥပဒေက အဓိပ္ပါယ်မရှိ၊ လက်တွေ့မကျ၊ ဥပဒေအတိုင်း ဘယ်လိုမှ အကောင်အထည်ဖော်၍ မဖြစ်နိုင်တဲ့ ဥပဒေမမြောက်သော ဥပဒေဖြစ်နေပါတယ်။

ဒီကြားထဲ ရိုးသားတဲ့ ရခိုင်လူမျိုးတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်တွေဟာ မိမိဇာတိရပ်ရွာ ရခိုင်ပြည်နယ်ကို အချိန်မရွေး ပြန်လာနိုင်ခွင့်ရှိတယ်လို့ ထင်မှတ်နေကြပြန်တယ်။

ဒီမှားယွင်းတဲ့ အယူအဆကို ရခိုင်ခေါင်းဆောင်တွေ အားလုံးက မိမိတို့ရဲ့ တစ်ဝက်ဖုံး တစ်ဝက်ပေါ်နေတဲ့ နိုင်ငံသီးခြား ခွဲထွက်ရေး အစီအစဉ်အတွက် တညီတညွတ်တည်း အားကြိုးမာန်တက် တမင်ရိုက်သွင်းပေးနေတာကလည်း အံ့သြစရာကောင်းသလို ပိုပြီးအံ့သြစရာကောင်းတာက ဒီမှားယွင်းတဲ့အယူအဆဟာ ပြည်ထောင်စုအတွက် ဘယ်လောက် အန္တရာယ်ကြီးနေတယ်ဆိုတာကို မြင်နိုင်တဲ့ အရည်အချင်းရှိသော မြန်မာခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်တောင်မှ မတွေ့ရခြင်းဖြစ်တယ်။

ဒီအယူအဆနဲ့ အပြုအမူတွေက သူတို့အသက်ပေး ကာကွယ်မယ်ဆိုတဲ့ ၁၉၈၂နိုင်ငံသားဥပဒေနဲ့ လုံးလုံးဆန့်ကျင်တဲ့အပြင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်တွေက မြန်မာပြည်ကို အချိန်မရွေး ဝင်လာလို့ရရင် အိန္ဒိယက အိန္ဒိယနိုင်ငံသား နာဂတွေ၊ ချင်းတွေ၊ ထိုင်းက ထိုင်းနိုင်ငံသား ကရင်တွေ၊ မွန်တွေ၊ တရုတ်ပြည်က တရုတ်နိုင်ငံသား ဝတွေ၊ ကိုးကန့်တွေ၊ ကချင်တွေလည်း သန်းပေါင်းရာချီပြီး အချိန်မရွေး ဝင်လာခွင့်ပေးရမှာဖြစ်တယ်။ ဒါဆို မြန်မာပြည် ပျက်ဆီးသွားမှာဖြစ်တယ်။ (မြန်မာပြည် ပျက်ဆီးသွားမှာကို ကုလားက ပူနေတယ်လို့ အဆဲခံရအုံးမယ်။)

ပိုဆိုးစေတာက ဒေါ်စောမြရာဇာလင်းလို ရခိုင်အစွန်းရောက်တွေက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်က ရခိုင်တွေကို စုစည်းပြီး အဖရခိုင်နိုင်ငံတော်ကြီး တည်ထောင်ဖို့ ကြံစည်နေတဲ့ အရိပ်အယောင်တွေ၊ ခြေလှမ်းတွေဖြစ်တယ်။

ဆင်းရဲလှတဲ့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင် အလုပ်မရှိ၊ အလုပ်မလုပ်ချင်တဲ့ ရခိုင်တွေကို မြန်မာပြည်ထဲကို အလုံးအရင်းနဲ့ တင်သွင်းနေတာဖြစ်တယ်။ မြန်မာနိုင်ငံကို လမ်းဘေးဇရပ်လို သဘောထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်တွေက ဝင်လာချင်သလို ဝင်လာတယ်။ အခြေအနေမဟန်ရင် ထွက်သွားချင်သလို ထွက်သွားနေကြတယ်။

ကုန်ထုတ်စွမ်းအား မြှင့်တင်ပေးမယ့်၊ မြန်မာပြည်ကို အကျိုးဖြစ်စေမယ့် တတ်သိရခိုင်တွေ၊ အရင်းအနှီးရှိ ရခိုင်တွေ တစ်ယောက်မှ မဝင်လာခြင်းကို ကြည့်ခြင်းဖြင့် သူတို့ရဲ့ ပြည်ထောင်စုအပေါ် ထားရှိတဲ့ သူတို့ရဲ့ စိတ်စေတနာဆိုးကို မြင်နိုင်တယ်။ ဒါဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ပြိုကွဲရေး နိုင်ငံတော် သစ္စာဖောက်မှု မြောက်သွားနိုင်ပါတယ်။

အခုပို့စ်မှာ ၁၉၈၂ နိုင်ငံသားဥပဒေကို မျှတတယ်။ မမျှတဘူး။ တရားနည်းလမ်းကျတယ်။ မကျဘူး။ ခေတ်နဲ့ လျော်ညီတယ်။ မလျော်ညီဘူးကို ဆွေးနွေးမှာ မဟုတ်ဘူး။ (အမှန်က ၁၉၈၂နိုင်ငံသားဥပဒေဟာ စစ်ဗိုလ်တွေက တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ရေးဆွဲထားတာဖြစ်တယ်။)

ဘယ်သူတွေ နိုင်ငံသားဖြစ်သင့်တယ်။ မဖြစ်သင့်ဘူးကိုလည်း ထောက်ပြမှာ မဟုတ်ဘူး။

၁၉၈၂ နိုင်ငံသားဥပဒေအရဆိုလျှင် မြန်မာပြည်တွင် နိုင်ငံသားဖြစ်ထိုက်သူ တစ်ဦးမှ မရှိကြောင်းကိုသာ ထောက်ပြမှာဖြစ်ပါတယ်။

အံ့သြသွားသလား။ မအံ့သြပါနဲ့။ ညာဏ်အမျှော်အမြင် မရှိ၊ ပေါက်တတ်ကရ လုပ်ထားတတ်တဲ့ စစ်ဗိုလ်တွေရဲ့ ဘယ်ဥပဒေမှ အဓိပ္ပါယ်မရှိပါဘူး။ ပြည်သူကို အကျိုးမပြုဘူး။ စစ်ဗိုလ်အုပ်စုကိုသာ အကျိုးပြုနေတာဖြစ်တယ်။

အာဏာရှင်တွေလုပ်တဲ့ ဥပဒေမှန်သမျှ ဆန့်ကျင်နေတဲ့ ဒီမို အချောင်သမား၊ လူ့အခွင့်အရေး အယောင်ဆောင်တွေကလည်း စစ်အစိုးရုယိုသမျှ ချီးတွေထဲမှာ မွတ်စလင်ကို ဖိနှိပ်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေတစ်ခုတည်းကပဲ ချိုနေ မွှေးနေ၊ အရသာရှိနေ၊ တရားမျှတနေ၊ တိုင်းပြည်အတွက် လိုအပ်နေကြတာဖြစ်တယ်။

ဥပဒေအင်္ဂါမမြောက်၊ လက်တွေ့ကျင့်သုံးလို့ မရတဲ့ စိတ်ပျက်စရာကောင်းတဲ့ ဥပဒေတစ်ခု ဖြစ်နေကြောင်းကို တရားလွှတ်တော်ရှေ့နေ ဦးဖေမောင်တင်ရဲ့ ဆောင်းပါးကို အောက်မှာ တင်ပြသွားမှာဖြစ်တယ်။

နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ်-၅ တွင် -

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် လူမျိုးများပင် ဖြစ်စေကာမူ နိုင်ငံတော်တွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ကြသူများသည် တိုင်းရင်းသားများ မဟုတ်ပါ။ ၁၈၂၃ ခုနှစ်၊ နောက်ပိုင်း နိုင်ငံ အတွင်းသို့ ၀င်ရောက်နေထိုင်ကြသော အမည်တူမျိုးနွယ်စုများသည်လည်း တိုင်းရင်းသားများ မဟုတ်သည့်အပြင် မွေးရာပါနိုင်ငံသားများလည်း မဟုတ်ပါ။ အခြားနိုင်ငံတစ်ခု၏ နိုင်ငံသား အဖြစ်ကို ခံယူထားသော တိုင်းရင်းသားသည်လည်းကောင်း၊ ထိုသို့ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများသည်လည်းကောင်း မြန်မာနိုင်ငံသားများ မဟုတ်ပါ” ဟု ချွင်းချက်ပြုထားသည်ကို တွေ့ရှိရသည်။

ဦးဖေမောင်တင်ရဲ့ သုံးသပ်ချက်ကို ဆက်ဖတ်ကြည့်ပါ။

ဤသို့ဆိုပါလျှင် ဗမာလူမျိုးဖြစ်သည်ဆိုယုံမျှနှင့် တိုင်းရင်းသားနိုင်ငံသားဟု တထစ်ချ မပြောနိုင်ပါ။ ဘိုးတော်ဘုရားလက်ထက်မှစ၍ ထိုင်းနိုင်ငံတွင် အစဉ်တစိုက်နေထိုင်သော ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်လူမျိုး စသည်တို့သည် ထိုနိုင်ငံများ၏ နိုင်ငံသားများသာဖြစ်ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံသား တိုင်းရင်းသား မဟုတ်နိုင်ပါ။

အလားတူ အိန္ဒိယနိုင်ငံ၏ မီဇိုရမ်ပြည်နယ်ရှိ မီဇိုလူမျိုးများ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းဒေသရှိ ရခိုင်မျိုးနွယ်စု မောက်တိုင်းရင်းသားများသည် ၄င်းတို့အစဉ်တစိုက် နေထိုင်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတို့၏ ကျေးဇူးသစ္စာကိုသာ ခံယူနေကြသူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသား နိုင်ငံသားဟု မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ သတ်မှတ်၍ မရနိုင်ပါ။

ထို့အပြင် အသက်ဘေးအန္တရာယ်အရသော်လည်းကောင်း၊ စီးပွားရေးအရသော် လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အမိနိုင်ငံကို စွန့်လွှတ်ထွက်ခွာသွားပြီး သူတစ်ပါးနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူနေကြသောသူများမှာလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား၊ နိုင်ငံသားဟူ၍ မြန်မာနိုင်ငံသား ဥပဒေအရ သတ်မှတ်၍ မရနိုင်တော့ပါ။

၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့် ထိုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သောသူတစ်ဦးကို စစ်ဆေးရာတွင် လူမျိုးကို အကြောင်းပြု၍ တိုင်းရင်းသားဟု သတ်မှတ်ခြင်းမပြုနိုင်ဘဲ လူတစ်ဦးချင်းစီ၏ ဆွေစဉ် မျိုးဆက်များမှာ ၁၈၂၃ ခုနှစ် မတိုင်မီက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တစ်ဆက်တည်းနေ ထိုင်လာခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှ ဆုံးဖြတ်ရမည့် ပြသနာဖြစ်ပါသည်။

မြန်မာနိုင်ငံသားဥပဒေကို ပြဌာန်းရန်နှင့် မည်သည်ဥပဒေများကို တရားဝင်ပြဌန်းပါဟု ညွှန်ကြားခဲ့သည့် လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းနှင့် မြန်မာနိုင်ငံသားဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ကောင်စီဥက္ကဌ ဦးစန်းယုတို့၏ ကိုယ်ရေးသမိုင်းကိုပင် တိုင်းသူပြည်သားများမသိရှိနိုင်သော အခြေအနေတွင် ၄င်းတို့၏ ဘိုးဘေးဘီဘင်တို့ကို သိရှိနိုင်အောင် စုံစမ်းမေးမြန်းရန်ဆိုသည်မှာ မဖြစ်နိုင်သည်ကို လ၀က ၀န်ထမ်းများအား ဆောင်ရွက်စေရန် ဥပဒေအရ တာဝန်ပေးထားရာ ကျရောက်နေပါသည်။

ဤကဲ့သို့သော အခြေအနေတွင် တစ်စုံတစ်ယောက်ကို လ၀ကပုံစံ (နိုင်-၆) နိုင်ငံသားလက်မှတ် ထုတ်ပေးမည်ဆိုပါက ထိုသူ၏ မိဘနှစ်ပါးမှာ ၁၈၂၃ခုနှစ် မတိုင်မီက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အစဉ်တစိုက် နေထိုင်ခဲ့ကြသော တိုင်းရင်းသားဖြစ်ကြောင်း ထင်ရှားစေပြီးမှသာ ပုံစံ (နိုင်-၆)ကို ထုတ်ပေးနိုင်မည် ဖြစ်ပါသည်။

အကယ်၍ တစ်ဦးတစ်ယောက်အား ပုံစံ (နိုင်-၆) ထုတ်ပေးထားပြီးဖြစ်သည်ဟု ဆိုပါလျှင် ထိုသို့ ပုံစံ (နိုင်-၆) ရရှိခြင်းသည် အဂတိတရား တစ်ပါးပါးအရ ထုတ်ပေးခြင်းဟုသာ မှတ်ယူပါက ရာနှုန်းပြည့် မှန်မည်ဖြစ်ပါသည်။

န၀တအစိုးရမှ အသိအမှတ်ပြုခဲ့ပြီးဖြစ်သော တိုင်းရင်းသား (၁၃၅)မျိုးမှာ လူမျိုးနွယ်စု အမည်ကိုသာ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါသည် ၁၈၂၃ ခုနှစ်မှစ၍ နိုင်ငံတော်အတွင်း အစဉ်တစိုက် နေထိုင်ခဲ့သော ထိုမျိုးနွယ်စုမှ ပေါက်ဖွားလာသူဖြစ်ကြောင်း သတ်မှတ်ခဲ့ခြင်း မဟုတ်ပါ။

သို့ရာတွင် ထင်ရှားသော တိုင်းရင်းသားလူမျိုး (၈) မျိုးတွင် အကြုံးဝင် သက်ဆိုင်သော မျိုးနွယ်စုငယ်များအနက် အချို့မျိုးနွယ်စုများမှာ ပြည်ပတွင် နေထိုင်ခြင်းမရှိဘဲ ပြည်တွင်းတွင်သာ အစဉ်တစိုက် နေထိုင်ခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် အလားတူမျိုးနွယ်စု လုံးဝမရှိကြောင်း သက်သေထင်ရှားပါက ထိုလူတစ်ဦး၊ လူတစ်စုတို့က တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာခဲ့သော နိုင်ငံသားအဖြစ် ပုံစံ (နိုင်-၆) ကို ထုတ်ပေးမည်ဆိုပါက ထိုလူနည်းစုအတွက်ပင် တိကျသော လုပ်ထုံးလုပ်နည်းကို အသေးစိတ် ရေးဆွဲပြီးမှ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်တဲ့။

မိမိကိုယ်ကို လေးစားတဲ့အစိုးရများက ဘယ်လိုမှ အဓိပ္ပါယ်မရှိ၊ အကောင်အထည်ဖော်လို့မရ ဥပဒေမမြောက်သော ဥပဒေကို ဥပဒေရှုဒေါင့် တစ်ခုတည်းက ကြည့်လျှင်ပင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်ပါတယ်။

မပြင်ပဲ သိလျှက်နဲ့ ဆက်သုံးနေရင် ရှက်စရာပါ။

မှတ်ချက်

၁၉၈၂ လူမျိုးရေးအစွန်းရောက် Racist နိုင်ငံသားဥပဒေရေးဆွဲရေးမှာ အဓိက တရားခံက သုံးယောက်ပဲရှိတယ်။ အဲဒီသုံးယောက် မွှေသွားတာဖြစ်တယ်။

အစွယ်လိုသူက ရခိုင်အစွန်းရောက် ဒေါက်တာအေးကျော်၊ အသတ်စေခိုင်းသူက တရုတ်အစွန်းရောက် ဗိုလ်ချုပ်နေဝင်း၊ သောနုတ္ထိုရ်က ပညာကို နှစ်ပြားတစ်ပဲနဲ့ ဒန်အိုးဒန်ပေါက်လို လဲစားသူ ဒေါက်တာမောင်မောင် သုံးယောက်ပေါင်း လုပ်ကြံသွားတာဖြစ်ကြောင်း ဒေါက်တာအေးကျော်ကိုယ်တိုင် ဝန်ခံထားပါတယ်။

https://www.facebook.com/aungkyaw.sein.1/posts/709233469218804

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဥပဒေမမြောက်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ရခိုင်အစွန်းရောက် အန္တရာယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...