Wednesday, June 12, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​....၂၄

,
ဒုတိယကမ္ဘာစစ်​ကြီးရဲ့ မိုးသံ​လေသံ​တွေထွက်​လာတဲ့အခါ
မှာ​​တော့ စစ်​​အောင်​နိုင်​​ရေးရန်​ပုံ​ငွေဖွင့်တယ်​။ရှမ်း
ပ​ဒေသရာဇ်​​ကောင်​စီက ​ပေါင်​၄​သောင်းထည့်တယ်​။
နမ္မတူး​ဘော်​တွင်းသတ္တုတွင်းကအခွန်​​ငွေ​တွေရထားတဲ့
တောင်​ပိုင်​​စော်​ဘွားကြီးက ​ပေါင်​၁​သောင်းထည့်ဝင်​တယ်​။
အလားတူ ကယား ​မော်​ချီးသတ္တုတွင်းပိုင်​ရှင်​ ​ဘောလခဲ
နယ်​ရှင်​​စောဖျားက ကျပ်​​ငွေ၅​သောင်းထည့်ဝင်​တယ်​။
နယ်​​တွေက​ကောက်​ခံရတဲ့​ငွေစုစု​ပေါင်း၂သိန်း၇​သောင်း
ကိုစစ်​ရန်​ပုံ​ငွေအဖြစ်​​ပေးလှူ  ခဲ့ကြတယ်​။နယ်​က
ရတဲ့​ငွေဆိုလို့ ​ရွှေပြည်​သာရှမ်းပြည်​က မဟာ​ဒေသခံ
သာယာလှပတဲ့ဘ၀ပိုင်​ရှင်​ရှမ်းလူထုက ​စေတနာသဒ္ဒါ
တရားထက်​သန်​လို့ ၀မ်းဝခါးလှ​နေလို့ မထင်​လိုက်​နဲ့။
ပွဲလုပ်​၊​လောင်းကစားဝိုင်း​ထောင်​ပြီးလူထု​ငွေညှစ်​ယူခဲ့
တာပါ။စံပြု​လောက်​ပါ​ပေတယ်​။အဲဒီပွဲနာမည်​က
အာဝါ​ဒေးဖြစ်​တယ်​လို့ပင်​လုံစစ်​တမ်းမှာဦးအုန်း​ဖေက
ဆိုတယ်​။

ဗြိတိသျှတိုက်​ရိုက်​အုပ်​ချုပ်​တဲ့ ​တောင်​ကြီး၊က​လော၊လားရှိုး၊
လွိုင်​လင်​၊လွိုင်​​မွေ​စတဲ့​ဒေသ​တွေနဲ့မီးရထားပိုင်​နယ်​​မြေ
တွေမှာ​တော့ အဲဒီ​လောင်းကစားဝိုင်း​ထောင်​ခွင့်မရဘူး။
အဲဒါ​ကြောင့်​ညောင်​​ရွှေနယ်​နိမိတ်​မှာဝိနည်းလွှတ်​ကျင်းပ
တယ်​။လောင်းကစားကိုသိပ်​ခုံမင်​တဲ့မြန်​မာနိုင်​ငံသား
အားလုံးကလည်း တက်​တက်ကြွကြွတက်​​ရောက်​အား
ပေးကြတာ ​တောင်​ကြီးတစ်​မြို့လုံးပဲ။အကုန်​၀က်​၀က်
ကွဲရှုံးပြီးပြန်​ကြရတာပဲအဖတ်​တင်​တယ်​။

၁၉၄၁ ဒီဇင်​ဘာ၇ရက်​​နေ့မှာ ဂျပန်​ဟာ ပစီဖိတ်​သမုဒ္ဒရာ
ကိုဖြတ်​ပျံပြီး အ​မေရိကန်​ပိုင်​ပုလဲဆိပ်​ကမ်းကိုဗုံးကြဲပြီး
ဒုတိယကမ္ဘာစစ်​ရဲ့ ဂျပန်​အခန်းကဏ္ဍကိုဖွင့်လိုက်​ပါတယ်​။
ဥ​ရောပမှာ​တော့ ဟစ်​တလာဟာ ၁၉၃၉ ပိုလန်​ကိုကျူး
ကျော်​ပြီး ၀ါ​ဆော(Wasaw)ကိုသိမ်းပိုက်​ခါ ဒုတိယကမ္ဘာ
စစ်​ကိုဖွင့်ခဲ့ပြီးပြီး။

1942 feb 2မှာ ချန်​​ကေရှိတ်​နဲ့ ဗြိတိန်​ဗိုလ်​ချုပ်​ ဟပ်​တန်
တို့လားရှိုးမှာ​တွေ့တယ်​။Aril 6 မှာ ချန်​​ကေရှိတ်​တို့
လင်​မယား​မေမြို့ကိုလာတယ်​။April 10ရက်​​နေ့မှာ
ဂျပန်​တပ်​မ ၅၆ဟာ ကရင်​နီနယ်​ခဲမဖြူကိုဖြတ်​​ကျော်
တယ်​။၂၀ရက်​​နေ့လွိုင်​​ကော်​ကို​ရောက်​တယ်​။၂၂ရက်​​နေ့
မှ​တောင်​ကြီး ဂျပန်​လက်​ထဲကျတယ်​။၂၉ရက်​​နေ့မှာ
ဂျပန်​လားရှိုးကိုသိမ်းလိုက်​တယ်​။အဲလိုနဲ့ တရုတ်​-မြန်​မာ
လမ်းမကြီးလုံးဝပိတ်​သွားတယ်​။

အဲဒီနှစ်​ ဧပြီလကုန်​မှာ အင်္ဂလိပ်​​တွေရှမ်း​တောင်​တန်း​ပေါ်
က​နေ​အောင်​မြင်​စွာဆုတ်​ခွာပြီးအင်​ဖာနဲ့ကိုဟီးမားမှာ
သွားစုတယ်​။အရပ်​ဘက်​လူ​တွေကအိန္ဒိယမှာသွားစု
တယ်​။အဆုတ်​မှာကျန်​ရစ်​ခဲ့တဲ့တရုတ်​ချန်​​ကေရှိတ်​တပ်
တွေက​တော့ ​ခွေး​ပြေးဝက်​​ပြေး​ပြေးရတယ်​။အဲလို​ပြေး​နေ
ရင်းလမ်းမှာ​တွေ့သမျှ ရှမ်းရွာ​တွေကို​ကောင်း​ကောင်း
ဒုက္ခ​ပေးသွား​သေးတာပါ။

ဂျပန်​၀င်​​တော့ အင်္ဂလိပ်​ဘက်​​တော်​သား​တွေအားလုံး
မျက်​နှာဖုံး​တွေခွာချကြတယ်​။အင်္ဂလိပ်​ဖွဲ့စည်း​ပေးထား
တဲ့ရှမ်းအ​ပျော်​တမ်းတပ်​က Capt.Maj.Sub.Jamစတဲ့
စစ်​ရာထူးတံဆိပ်​​တွေတပ်​ဆင်​ထားတဲ့​စော်​ဘွား​တွေနဲ့
ဆွေ​တော်​မျိုး​တော်​​တွေ အကုန်​လူဝတ်​လဲကြတယ်​။
တစ်​ချို့အိန္ဒိယအထိလိုက်​သွားကြတယ်​။

မြန်​မာနိုင်​ငံကိုသိမ်းပိုက်​တဲ့အမှတ်​၁၅ဂျပန်​တပ်​မဟာ
ရဲ့ စစ်​​သေနာပတိဟာ ရှမ်းပြည်​အတွက်​​ကြေငြာချက်
ထုတ်​ပြီးရှမ်းပြည်​ကိုသူ့လက်​​အောက်​ခံနယ်​အဖြစ်
သတ်​မှတ်​ပြီးစစ်​အုပ်​ချုပ်​​ရေးနဲ့အုပ်​ချုပ်​မယ်​လို့​ကြေငြာ
တယ်​။ဂျပန်​ရှမ်းပြည်​ကို​ခြေ ချတာဟာ အင်္ဂလိပ်​​ခြေချ
တာနဲ့အနှစ်​သာရအားဖြင့်အတူတူပဲ။ကိန်းကြီးခမ်းကြီး
နိုင်​တဲ့အင်္ဂလိပ်​​တွေက​တော့ သူတို့ထုတ်​ပြန်​တဲ့​ကြေငြာ
ချက်​​တွေနဲ့ပြန်​တမ်း​တွေကို အင်​ပါယာနိုင်​ငံပီပီတစ်​ခမ်း
တစ်​နား​ရေးသား​ဖော်​ပြတတ်​တာနဲ့ ဂျပန်​က ဖက်​ဆစ်
ပီပီ ရင့်သီးစွာ ​ရေးသားတတ်​တာ နဲ့ ထုတ်​ပြန်​တဲ့ကာလ
နှစ်​ပေါင်း၅၅နှစ်​ကွာခြားသွားတာပဲကွာတယ်​။

ဂျပန်​​လည်း​စော်​ဘွား​တွေကိုအင်္ဂလိပ်​​ပေးခဲ့တဲ့အခွင့်အ​ရေး
တွေအတိုင်း​ပေးပြီးအင်္ဂလိပ်​စီမံသလိုပဲစီမံတယ်​။အဲ​တော့
စော်​ဘွား​တွေလည်းအသက်​ရှု​ချောင်​တယ်​။သူတို့ကအာဏာ
ပျောက်​မှာ​ကြောက်​​နေကြတာပါ။၁၉၄၂ နိုဝင်​ဘာ၁၄မှာ
ဂျပန်​အမှတ်​၁၅ တပ်​မ​တော်​က စစ်​မိန့်​အမှတ်​၃၇နဲ့
စစ်​အုပ်​ချုပ်​​ရေးဌာနမှူး အမိန့်​အမှတ်​၃ တို့ထုတ်​ပြန်
တယ်​။အဲဒီအမိန့်​​တွေအရ သံလွင်အ​ရှေ့ခြမ်းကနယ်
တွေ​ရော ကရင်​နီနယ်​ကိုပါ​အုပ်​ချုပ်​ဖို့​တောင်​ကြီးမှာ
စစ်​ရုံးစိုက်​တယ်​။ရှမ်းပြည်​နယ်​အုပ်​ချုပ်​​ရေးအဖွဲ့ဥက္က​ဋ္ဌ
နိရှိမုရထကုမ ကိုယ်​စား Gen.Nakataက အဲဒီ​နေ့မှာပဲ
ရှမ်းပြည်​နယ်​အုပ်​ချုပ်​​ရေးရုံးအမိန့်​တော်​ပြန်​တမ်း
အမှတ်​၁ ကိုထုတ်​ပြန်​တယ်​။အဲဒီပြန်​တမ်းအရရှမ်း​မြောက်
ကြီးကြပ်​​ရေးဌာနမှူးဟာ အမှတ်​၅၅နဲ့အမှတ်​၅၆တပ်​မ
တွေက အရပ်​ဘက်​အုပ်​ချုပ်​​ရေးလုပ်​ငန်း​တွေကိုလွှဲ​ပြောင်း
ယူဖို့ အမှတ်​၁၈တပ်​မရဲ့ အရပ်​ဘက်​အုပ်​ချုပ်​​ရေး​တွေကို
လည်း ​တောင်​ပိုင်းမှာ လွှဲ​ပြောင်းလက်​ခံဖို့ပါပဲ။၁၉၄၂
ဒီဇင်​ဘာ၁၅ရက်​​နေ့မှာ ​နိုင်​ငံဖြတ်​​ကျော်​ဂျပန်​တပ်​မ​တော်
ကြီးနဲ့ တပ်​ဖွဲ့များရဲ့ ​ဦးစီးချုပ်​ စစ်​​သေနာပတိချုပ်​ကြီး
Lieutenant General Shogioida က ရှမ်း​စော်​ဘွား
၃၄ဦးကို တရားဝင်​ပြန်​ခန့်​တယ်​။ဒါ​ပေမဲ့အင်္ဂလိပ်​​တွေလို
မြို့စားနယ်​စား​ငွေခွန်​မှူး ဘာမှူးညာမှူးစတဲ့ရာထူး​တွေ
မရှိ​တော့ဘူး။ဗြိတိသျှ​တွေထားခဲ့တဲ့ရုံးစိုက်​ရာမြို့​တွေနဲ့
အ​ဆောက်​အဦး​တွေကိုပဲ ဂျပန်​ကပြန်​သုံးပြီးအုပ်​ချုပ်​တာ
ဖြစ်​ပါတယ်​။ရှမ်း​စော်​ဘွားအားလုံးဂျပန်​နဲ့​ပေါင်းမယ်​လို့
Col.Nakata ​ရှေ့ မှာကတိပြုတယ်​။ချစ်​စရာ​ကောင်းတဲ့
သီ​ပေါ​စော်​ဘွားက ဂျပန်​စစ်​​အောင်​ပွဲအခမ်းအနားကို
စော​စောစီးစီးကျင်းပခဲ့ပြီးပြီ။မိုင်းပန်​​စော်​ဘွားကိုဂျပန်​က
ချီးကျူးတဲ့စာပါပို့ခဲ့တာပါ။

၁၉၄၃ ဇူလိုင်​မှာ ဂျပန်​စစ်​အုပ်​ချုပ်​​ရေးအဖွဲ့ကကျိုင်းတုံ
နယ်​နဲ့ မိုင်းပန်​နယ်​ကို ယိုးဒယားကို​တရားဝင်​လွှဲ​ပြောင်း
ပေးလိုက်​ပါတယ်​။ဒါက ယိုးဒယား-ဂျပန်​မဟာမိတ်​စာချုပ်
ချုပ်​စဉ်​ကတည်းကထည့်ချုပ်​ထားတာ​တော့မဟုတ်​ဘူး။
နဂိုကတည်းကယိုးဒယားဟာ ကျိုင်းတုံနယ်​ကိုမျက်​​စောင်းထိုး​နေတာပါ။ကျိုင်းတုံနဲ့မိုင်းပန်​နယ်​​တွေယိုးဒယားဆီ
လွှဲ​ပြောင်း​ပေးအပ်​တဲ့စာချုပ်​ကိုသြဂတ်​စ်​လ၂၀ရက်​​နေ့
မှာချုပ်​ဆိုတယ်​။ဂျပန်​က ယိုးဒယားကို​မေတ္တာလက်​​ဆောင်
ပေးတယ်​လို့​တော့​ကြေငြာသွားတယ်​။ဒီအတွက်​သက်​ဆိုင်
ရာ​စော်​ဘွား​တွေကိုလည်းအ​ကြောင်းကြားခဲ့တယ်​။ဒါ​ပေမဲ့
အဲအချိန်​ကျိုင်းတုံမှာ​စော်​ဘွားမရှိ​တော့ဘူး။အဲဒီအချိန်
ကျိုင်းတုံနယ်​အုပ်​ချုပ်​​ရေးမှူးဟာ ဦးနု​ခေတ်​​ခေတ်​သံ
အမတ်​ကြီးအဖြစ်​တိုင်းပြည်​များစွာမှာ တာဝန်​များစွာ
ထမ်း​ဆောင်​ခဲ့သူလည်းဖြစ်​၊ဆရီလင်္ကာမှာသံအမတ်​ကြီး
အဖြစ်​ တာဝန်​ထမ်း​ဆောင်​​နေစဉ်​သူ့မယားကိုသတ်​မှုနဲ့
စွပ်​စွဲခံရသူ စ၀်​ဘွန်​၀ပ်​(သ)ဖြစ်​ပါတယ်​။

ယိုးဒယားကို​ပေးလိုက်​တဲ့ကျိုင်းတုံနဲ့မိုင်းပန်​ကလွဲပြီး
ကျန်​ရှမ်းနယ်​အားလုံးကို ၁၉၄၃ စက်​တင်​ဘာ၁ရက်​​နေ့
က​နေစတင်​ပြီးစစ်​အုပ်​ချုပ်​​ရေး​ကြေငြာပြီးအုပ်​ချုပ်​ပါ
တယ်​။ဒုတိယကမ္ဘာစစ်​စကတည်းက ယိုးဒယားက
လူ​တွေက ရှမ်းပြည်​နယ်​ကိုရချင်​​ကြောင်း​ကြေငြာခဲ့တာ
ကိုဂျပန်​ကသ​ဘောတူခဲ့ပြီးသားပါ။ဒါ​ပေမဲ့အ​ခြေ​နေအရ
ရှမ်းတစ်​ပြည်​လုံးကိုမ​ပေးနိုင်​ခဲ့လို့ ကျိုင်းတုံနဲ့မိုင်းပန်​ကို
ပေးပြီးနှစ်​သိမ့်လိုက်​တာပါပဲ။ဒီသမိုင်းကိုသ​ဘော​ပေါက်
ဖို့ဆိုရင်​ဒီအချက်​ကိုမသိမဖြစ်​သိထားဖို့လိုတယ်​။အဲဒီ
ဒဏ်​​ကြောင့်အဆစ်​ပါသွားတာ က မ​လေးရှားဖြစ်​ပါတယ်​။
ရှမ်းတစ်​ပြည်​နယ်​လုံးမ​ပေးခဲ့ရတာ​ကြောင့်​ ဂျပန်​က
ယိုးဒယားကိုမ​လေးဆီကနယ်​၄နယ်​ကိုပါထပ်​​ပေါင်း​ပေး
ခဲ့ပြန်​တယ်​။ယ​နေ့​ခေတ်​သစ်​မ​လေးရှားနိုင်​ငံကပြည်​နယ်
တွေဖြစ်​တဲ့ ၁။ကဒ(Kada)နယ်​၂။ပါလစ်​(Palis)နယ်
၃။ကလန်​တန်း(Klantan)နဲ့၎။တရဂန်​နူး(Taraganu)
နယ်​​တွေဖြစ်​ပါတယ်​။ယ​နေ့​တော့ မ​လေးရှားပိုင်​နက်​ထဲ
ပြန်​​ရောက်​ခဲ့ပါပြီ။မ​လေးရှား-ထိုင်းနယ်​မှာ​ရှေးအစဉ်
အဆက်​ကတည်းက မ​လေးနဲ့ထိုင်းအတူတကွ​နေထိုင်​ခဲ့ကြ
တဲ့သမိုင်း​ကြောင်း​တွေရှိသလို ထိုင်းနိုင်​ငံအယုဒ္ဓယသမိုင်း
ကြောင်းမှာ မြန်​မာထိုးစစ်​ကိုမ​လေးရှားစစ်​ဗိုလ်​​တွေရဲ့ 
အကူအညီနဲ့ခုခံခဲ့တဲ့သမိုင်း​ကြောင်း​တွေလည်းရှိပါ​သေး
တယ်​။

အခု ကျိုင်းတုံနဲ့မိုင်းပန်​ကိုယိုးဒယားကယူပြီး​ပေါင်းကာ
အုပ်​ချုပ်​​ရေးဘုတ်​အဖွဲ့တစ်​ဖွဲ့ကိုဖွဲ့​ပေးတယ်​။ဘုတ်​အဖွဲ့
ဥက္ကဋ္ဌ ကဘယ်​သူထင်​တုန်း။အကြံသမား၊လူသတ်​သမား
စ၀်​​ကောင်​တိုင်​ကိုသတ်​ဖို့အခါ​တော်​​ပေးသူ စ၀်​သီဟရဲ့ 
ဦး​လေး စ၀်​ဖုန်းလူး​​ ​ခေါ် စ၀်​မိုင်းလိတ်​ပါပဲ။စ၀်​ဖုန်းလူ
ဟာ ၁၉၂၃မှာ ယိုးဒယား​မြောက်​ပိုင်း လခုံနယ်​ ​စော်​ဘွား
ချောက်​လုံ ရဲ့ ​မြေး စ၀်​တီပ၀မ်​နဲ့ လက်​ထပ်​ပြီးဂျပန်
စစ်​ရှုံး​တော့ပါးနပ်​စွာနဲ့ပဲ ယိုးဒယားမှာဇတ်​မြုပ်​လိုက်​ပါ
တော့တယ်​။

၁၉၄၃ သြဂစ်​လ ၁ရက်​​နေ့မှာ ဂျပန်​ကမြန်​မာကိုလွတ်​လပ်
ရေး​ပေးတယ်​။ဒီ​နေ့ဟာဂျပန်​​ခေတ်​မြန်​မာ့လွတ်​လပ်​​ရေး
နေ့ဖြစ်​ပါတယ်​။အဲဒီလွတ်​လပ်​​ရေးမှာ ရှမ်းနဲ့ကယား
မပါဘူး။သုံး​ရောင်​ခြယ်​​ဒေါင်းအလံကြီးကိုအစိုးရအိမ်
တော်​​ရှေ့ မှာမားမားကြီးလွှင့်ထားတယ်​။အဲဒီအလံ​ဘေးမှာ
နိပွန်​ဂျပန်​နိုင်​ငံ​တော်​ကြီးရဲ့ အလံကိုလွှင့်ထားတယ်​။
....သက္ကရာဇ်​၁၃၀၅ခုနှစ်​ ၀ါ​ခေါင်​လဆန်း၁ရက်​ တနင်္ဂ​နွေ
နေ့ ​ကောင်းမြတ်​​သောမင်္ဂလာအခါ​တော်​ဖြစ်​သည့်ဤအချိန်
တွင်​သီရိ​ဇေယျာမင်္ဂလာအ​ပေါင်းနှင့်ပြည့်စုံ​သောဗမာ့လွတ်
လပ်​​ရေးအခမ်းအနားကိုဖွင့်​လေ၏......ဆိုပြီးဗန္ဓုလ
ဦးစိန်​က ပုရပိုက်​ဖွင့်ပြီးလွတ်​လပ်​​ရေး​ကြေငြာစာတမ်း
ကိုဖတ်​ကြားခဲ့တယ်​။ရွှေရည်​စိမ်​​တွေ​ငွေရည်​စိမ်​​တွေခဏ
ထား။

အဲဒီ​နောက်​ ကမ္ဘာမ​ကြေသီချင်းကိုသီဆိုတယ်​။အဲဒီ
ကမ္ဘာမ​ကြေသီချင်းကလည်း ဂျပန်​သံစဉ်​နဲ့အလိုက်​ကို
ခိုးထားတာလို့ကျ​နော့်fbဖရမ်းတစ်​ချို့​ပြောကြတာရှိ
ပါတယ်​။ဒါ​ပေမဲ့မှတ်​တမ်းအ​နေနဲ့​တော့မ​တွေ့ရ​သေးဘူး။
ဖြစ်​နိုင်​ပါတယ်​။ကမ္ဘာမ​ကြေသီချင်းက စာသားနဲ့လက်​ရှိ
အ​ခြေ​နေနဲ့ကိုက်​ညီပါတယ်​။ကမ္ဘာမ​ကြေပါဘူး။မြန်​မာ
ပြည်​ပဲ​ကြေသွား​နေတာပါ။အဲဒီသိချင်းကြားတိုင်း
အာရှ​နောက်​​ဖေးမီးဖို​ချောင်​ထဲဖားငယ်​တစ်​​ကောင်
မိုးသံ​လေသံကြားတိုင်​ ထထ​အော်​​နေသလားလို့ထင်​မှတ်
မှား​နေရလို့ပါပဲ။တကယ်​လုပ်​သင့်တဲ့အလုပ်​​တွေကိုမလုပ်
ဘဲ ကမ္ဘာကြီး​လောက်​စိတ်​ကူးယဉ်​ပြီး​ပြော​နေဆို​နေတာ
မြင်​ရကြားရတိုင်းရယ်​ဖို့​နေ​နေသာသာ နှတ်​ခမ်းတွန့်​ပြီး
အထင်​​သေးမိတယ်​။

အဲဒီအချိန်​ ဗမာအစိုးရ​ခေါင်း​ဆောင်​အဖြစ်​ ​ဒေါက်​တာ
ဘ​မော်​ကို တင်​​မြောက်​ကြတယ်​။ဒေါက်​တာဘ​မော်​ဟာ
ခေတ်​ပညာတတ်​လူတစ်​​ယောက်​ဖြစ်​သလို အင်္ဂလန်​က
ဘွဲ့ရလာတဲ့လူတစ်​​ယောက်​ပါ။ဒါ​ပေမဲ့သူလည်း​ဗေဒင်
နက္ခတ်​နဲ့​သောက်​ရူးထတဲ့င​ပေါပဲ။မယုံရင်​သမိုင်း
ပါ​မောက္ခ ​ဒေါက်​တာ​မောင်​​မောင်​ကြီး​ရေးတဲ့ မြန်​မာ့နိုင်​ငံ
ရေး ဓ​လေ့ဆိုတဲ့စာအုပ်​မှာ မြန်​မာ​ခေါင်း​ဆောင်​​ဒေါက်​တာ
ဘ​မော်​က​နေ ဦးနုအလယ်​​နေ၀င်းအဆုံး ဓာတ်​ရိုက်
ဓာတ်​ဆင်​ ​ဗေဒင်​ ကိန်းခန်းနဲ့​သောက်​ရူးထ​သောက်​ပိန်းကျ
ပုံ​တွေကိုတင်​ပြထားတာသွားဖတ်​ကြည့်​ပေါ့။အဲလို​ကောင်
တွေအုပ်​ချုပ်​တဲ့တိုင်းပြည်​ ၀ဲစွဲ​နေတာ မဆန်းပါဘူး။

အဲဒီ​နောက်​ ​ဒေါက်​တာဘ​မော်​ကို နိုင်​ငံ​တော်​အဓိပတိ
အဖြစ်​ တင်​​မြောက်​ပြီးတာနဲ့နိုင်​ငံသူနိုင်​ငံသားအ​ပေါင်း
ရဲ့ ကိုယ်​စားဆိုပြီး ပ​ဒေသရာဇ်​​မျှော်​အ​တွေးအ​ခေါ် ပိုင်​ရှင်
သခင်​ကိုယ်​​တော်​မှိုင်းကြီးက ဘ​မော်​ကို သစ္စာဆိုဖိုနှိုး​ဆော်
တယ်​။ဘ​မော်​သစ္စာဆိုပြီး ပုဏ္ဏား ဆရာမြ က​ ​အောင်​ဘိ
သိက်​လကျာ်​ရစ်​ခရုသင်း၃ကြိမ်​မှုတ်​ပြီးအခါ​တော်​​ပေး
လိုက်​တာနဲ့တစ်​ပြိုင်​နက်​​အောင်​စည်​​အောင်​​မောင်းတီး
တော့တာပဲ။အဲ​တော့ ဒါလွတ်​လပ်​​ရေးယူ​နေတာလား
ပ​ဒေသရာဇ်​အသစ်​တစ်​​ယောက်​ကိုဘိသိက်​သွန်း​နေတာ
လားဆိုတာ ကိုယ့်ဟာကိုယ်​စဉ်းစား​တော့​ပေါ့။

အဲဒီ​သောက်​ဆန်းမြန်​မာ့လွတ်​လပ်​​ရေးကို အဲဒီ​ခေတ်​က
ဂျာမနီ၊အီတလီ၊ယိုးဒယား၊နန်းကင်း၊မန်​ချူးကိုး၊ခရို​အေး
ရှား၊ဆလိုဗက်​ကီးယား၊ဘူလ်​​ဂေးရီးယားတို့က
အသိအမှတ်​ပြု လိုက်​ကြတယ်​။အားလုံးဖက်​ဆစ်​နိုင်​ငံ
တွေချည်းပဲ။ဒါ​တွေဟာ ​တောင်​တန်း​ဒေသနဲ့ဘာမှမဆိုင်
သလို ဘယ်​လိုမှလည်းမပက်​သက်​ဘူး။အဲဒီအချိန်​ထိ
ရှမ်း​စော်​ဘွားကဖြစ်​​စေ၊ရှမ်းအမျိုးသားကဖြစ်​​စေ
ဘယ်​သူနဲ့​ဗမာနဲ့အတူလွတ်​လပ်​​ရေးယူဖို့မ​တောင်းဆို
ခဲ့ဘူး။

၁၉၄၃ စက်​တင်​ဘာ ၁၅ရက်​​နေ့မှာ​တော့အဆိုပါရှမ်းနဲ့
ကရင်​နီကယားနယ်​​တွေကိုမြန်​မာထဲလွှဲ​ပြောင်းထည့်သွင်း
တဲ့စာချုပ်​ကို မြန်​မာနဲ့ဂျပန်​ချုပ်​ဆိုတယ်​။အဲဒီ​နောက်
ရှမ်းပြည်​ဘုရင်​ခံ နိရှိမူရာ နဲ့ ​စော်​ဘွားကိုယ်​စားလှယ်
၎/၅ဦးလိုက်​ပါပြီးရန်​ကုန်​ဆင်း​ဒေါက်​တာ ဘ​မော်​နဲ့
တွေ့ဆုံတယ်​။အဲဒီ​နောက်​ ၂၃.၁၂.၁၉၄၃ ​ရက်​​နေ့မှာ
မြန်​မာပြည်​စစ်​​မြေပြင်​ ဂျပန်​တပ်​မ​တော်​စစ်​​သေနာပတိ
ချုပ်​က ရှမ်းပြည်​နယ်​စစ်​အုပ်​ချုပ်​​ရေးရုံးကိုဖျက်​သိမ်း
ကြောင်း​ကြေငြာခဲ့တယ်​။အဲဒီ​နေ့မှာပဲ မြန်​မာနိုင်​ငံ​တော်
အစိုးရ ပြည်​ထဲ​ရေးဝန်​ကြီးဌာန၀န်​ကြီးဦးဘ၀င်း၊
ရှမ်းပြည်​နယ်​ဘုရင်​ မစ္စတာနီရှိမူရာတို့...ရှမ်းပြည်​နယ်
အုပ်​ချုပ်​​ရေးလုပ်​ငန်းများလွှဲ​ပြောင်းလက်​ခံ​ရေးစာစု....
မှာလက်​မှတ်​​ရေးထိုးလိုက်တာ​ကြောင့်ရှမ်းနဲ့ကရင်​နီနယ်
တွေကိုလက်​လွှဲတဲ့ကိစ္စပြီးပြတ်​သွားခဲ့တယ်​။

နောက်​တစ်​ရက်​ ၂၄.၁၂.၁၉၄၃ ရက်​​နေ့မှာ ယိုးဒယား
ကို​ပေးတဲ့နယ်​​တွေကလွဲပြီး ၀ နယ်​​တွေကိုပါဂျပန်​စစ်​ဘက်
က ဗမာအစိုးရကို အခမ်းအနားနဲ့​ပေးအပ်​ပြန်​တယ်​။
ဒါ နိုင်​ငံ​ရေးအ​ပေါ်ထပ်​အ​ဆောက်​အအုံက​ပြောင်းလဲသွား
တာပါ။လက်​​တွေ့က ဒီအတိုင်းပဲ။ဘာမှထူးခြားမသွားတဲ့
တစ်​မျိုးသားလုံးကျွန်​​တွေပါပဲ။ဂျပန်​စစ်​သား​တွေ​သောင်း
ကျန်းတာ၊နွားသိုးကြိုးပြတ်​တာအားလုံးကို​ဒေသခံ​တွေပဲ
ခံကြရတာပါ။တစ်​ချို့လည်းနိပွန်​မာစတာမယားဖြစ်​ချင်
ကြလို့ကိုတကူးတက​မေတ္တာနဲ့​ပေးဆက်​ကြပါတယ်​။
ရန်​ကုန်​မှာ​တော့ဂျပန်​​ခေတ်​မှာ မြန်​မာ့ဇာတိ​သွေးဇာတိမန်
ပြတာမြင်​မ​ကောင်းဘူး။ဘေးအိမ်​နဲ့က အင်္ဂလိပ်​​ခေတ်
လွန်​ခဲ့တဲ့၁၆နှစ်​​လောက်​ကရန်​ဖြစ်​ထားတာပါ။ဒါ​ပေမဲ့
ဂျပန်​၀င်​လာ​တော့ နည်းနည်းပါးပါးရပ်​ကွပ်​ထဲလူကြီး
နေရာဖြစ်​ဖြစ်​ပျာတာဖြစ်​ဖြစ်​ရလိုက်​တာနဲ့ အဲဒီရန်​ဖြစ်
ခဲ့ဖူးတဲ့​ဘေးအိမ်​ကတစ်​မိသားစုလုံးကို ဒုက္ခ​ပေး​တော့တာ
ပဲ။နိပွန်​မာစတာအတွက်​ဆိုပြီး ဗမာမကို ဗမာကပဲပြန်​ပြီး
ဖောက်​တဲ့ဇတ်​လမ်း​တွေနည်းနည်း​နှော​နှောမဟုတ်​ဘူး။
ဒါ​ကြောင့်ဒီ​သောက်​ကျင့်​တွေကိုမြန်​မာ့ဇာတိ​သွေး ဇာတိမန်
လို့သုံးတာပါ။

ယ​နေ့ သံဖြူဇရပ်​မှာရှိ​နေတဲ့​သေမင်းတမန်​မီးရထားလမ်း
ဖောက်​​တော့ ရှမ်းနယ်​က ပအိုဝ့်၊ရှမ်း၊ဓနု၊အင်းသားနဲ့
တောင်​ရိုးစတဲ့တိုင်းရင်းသား​အမျိုးသား​တွေကိုပို့​ပေးခဲ့ရ
ပါ​သေးတယ်​။မြန်​မာပြည်​အလယ်​ပိုင်းမှာ​လေယာဉ်​ကွင်း
ဆောက်​​တော့လည်းရှမ်း​တွေပါကြရတယ်​။

လင်းယုန်​​မောင်​​မောင်​​ရေးတဲ့ တိုကျိုစစ်​ခုံရုံးမှတ်​တမ်းမှာ
.....​နောက်​ဆုံးစရင်းချုပ်​လိုက်​​သောအခါ ဂျပန်​တို့သည်
ယိုးဒယား-မြန်​မာမီးရထားလမ်း​ဖောက်​လုပ်​​ရေးအတွက်
သယမန်​အရပ်​သား၂သိန်း၇​သောင်းနှင့်သုံ့ပန်း​ပေါင်း
၆၁၀၀၀ ကို ကျွဲနွားတိရစ္ဆာန်​ပမာခိုင်း​စေခဲ့ကြသည်​။
သုံ့ပန်းနှင့်အရပ်​သား​ပေါင်း၃သိန်း​ကျော်​တို့ကိုထိုသို့
အဓမ္မ​စေခိုင်းခဲ့ရာ၃နှစ်​အတွင်းလူ​ပေါင်း၁သိန်း​ကျော်
တို့မှာ ယိုးဒယား-မြန်​မာနယ်​စပ်​​တောကြီးမျက်​မည်းထဲ
တွင်​အစာ​ရေစာငတ်​ပြတ်​ခါ ၀မ်း​ရောဂါ၊ငှက်​ဖျား​ရော
ဂါ၊အူ​ရောင်​ငန်းဖျား​ရောဂါတို့နှင့်ဂျပန်​၏လူမဆန်​​သော
ညှင်းပမ်းနှိပ်​စက်​မှုတို့​ကြောင့်လည်း​ကောင်း၊အတုံးအရုံး
သေဆုံးခဲ့ကြရ​လေသည်​။ထိုအတွက်​စစ်​ကြီးပြီးဆုံး​သော
အခါ တိုကျိုစစ်​ခုံရုံးတွင်​အ​ရေးကြီး​သောစွဲချက်​ကြီးတစ်​ခု
အဖြစ်​ ဤကိစ္စပါဝင်​လာခဲ့ရ​လေသည်​။

မြန်​မာနိုင်​ငံ​ချွေးတပ်​သား​ပေါင်း၁၇၇ ၀၀၀ ကိုစုစည်း၍
လမ်း​ဖောက်​ရာသို့ပို့ခဲ့ရာ ၈​သောင်း​ကျော်​​သေဆုံးခဲ့ရသည်​။ယခုအခါ​မော်​လမြိုင်​နှင့်မိုင်​၄၀အကွာသံဖြူဇရပ်​မြို့
အနီးတွင်​အကာအရံများခိုင်​ခံ့​သေသပ်​စွာဖြင့်
အ​စောင့်အကြပ်​များစနစ်​တကျထားရှိသည့်ဧရာမ
သချင်္ိုင်းကြီးတစ်​ခုကိုခရီးသွားခရီးလာတို့အထင်​ရှား
တွေ့မြင်​ကြရမည်​ဖြစ်​သည်​။ဂျပန်​၏နှိပ်​စက်​မှု​ကြောင့်
မြန်​မာနိုင်​ငံတွင်​​သေဆုံးခဲ့ကြရ​သော မဟာမိတ်​စစ်​သုံ့
ပန်း ၃၇၇၀​ယောက်​၏ အရိုးအိုးများမြုပ်​နှံရာ ကမ္ဘာ
ကျော်​စစ်​သချင်္ိုင်းကြီးပင်​ဖြစ်​​ပေသည်​။.....ဆိုပြီး
ရေးသားထားတယ်​။

တကယ်​​တော့သံဖြူ ဇရပ်​မြို့ဟာ ယိုးဒယားနဲ့အ​တော်
နီးပါတယ်​။ဘုရားသုံးဆူ​တောင်​ကြားလမ်းကိုသံဖြူ  ဇရပ်
က​နေ မိုင်​၁၀၀ ခန့်​ဖြတ်​တာနဲ့ ကန်​ချနာဘူရီထဲဝင်​ပြီ
ပဲ။သံဖြူဇရပ်​မှာတူရကီစစ်​သချင်္ိုင်းလည်းရှိပါတယ်​။
ကျိက္ခမီဟာ အင်္ဂလိပ်​အစိုးရတည်​တဲ့မြို့ဖြစ်​လို့အဲဒီ​ခေတ်
တုန်းက ကျိက္ခမီ စက်​စဲကို အင်္ဂလိပ်​အမည်​​တောင်​မှည့်
ခဲ့ဖူးတယ်​။ ၄၁၄.၉ ကီလိုမီတာရှည်​တဲ့ ​သေမင်းတမန်​မီး
ရထားလမ်းကို ၁၉၄၃ ​အောက်​တိုဘာ ၂၅ရက်​​နေ့မှာ
ဖောက်​လုပ်​ပြီးစီးခဲ့ပါတယ်​။ဒါ​ပေမဲ့ မည်​မည်​ရရအသုံး
ပြုခဲ့တဲ့မှတ်​တမ်း​တော့မရှိဘူး။ဒါကမ္ဘာသိကိစ္စပါ။

ဒါ​ပေမဲ့ ကမ္ဘာက​ရောမြန်​မာကပါမသိတဲ့ရှမ်းနဲ့ကရင်​နီ
တွေပိုးစိုးပက်​စက်​​သေကြရတဲ့ ​မော်​​တော်​ကားလမ်း​ဖောက်
တဲ့အဖြစ်​ပျက်​တစ်​ခုရှိပါ​သေးတယ်​။ခဲမဖြူ၊ဖာ​ဆောင်​၊
ကျောက်​မဲညို၊မယ်​ဆည်​နန်​၊မယ်​ဆ၊နမ့်မန်း၊ပိန်းဟိုက်
က​နေ ယိုးဒယားနယ်​စပ်​ ​ဟွေပါလဲန်​ ​ခေါ်အရပ်​​ဒေသ
အထိ မိုင်​၅၀​ကျော်​​ဝေးတဲ့​မော်​​တော်​ကားလမ်းပါ။ဒီလမ်း
အတွက်​ရှမ်း​တောင်​ပိုင်းက ​ချွေးတပ်​သား​တွေ​ပေးပို့ခဲ့ရ
တယ်​။အဲဒီ​သေတာလည်း​သောက်​​သောက်​လဲပဲ။
ပ​ဒေသရာဇ်​​ခေတ်​၊အင်္ဂလိပ်​​ခေတ်​၊ဂျပန်​ခေတ်​ဆိုပြီး
ခေတ်​၃​ခေတ်​ကို​ပြောင်းလာပြီးဖြစ်​​သော်​လည်း ​ဒေသခံ
တို့ဘ၀မှာ​တော့ နက်​ရှိုင်း​မှောင်​မဲ​နေဆဲပါပဲ။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=142835566858650&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​....၂၄”

Post a Comment

Related Posts Plugin for WordPress, Blogger...