Wednesday, June 12, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်.. ...၂၃

,
ရွှေတြိဂံ

ရာဇပလ္လင်ဖင်​မပါတဲ့စ၀်​ဖုန်းလူဟာ ကျိုင်းတုံရဲ့ အ​ခြေခံ
စီးပွား​ရေးဖြစ်​တဲ့ဘိန်းကုန်​ကူးတဲ့အလုပ်​ကိုအားစိုက်
လုပ်​လာတယ်​။ကျိုင်းတုံနယ်​ကထွက်​သမျှဘိန်း​တွေကို
လက်​၀ါးကြီးအုပ်​​ရောင်းဝယ်​ပါ​တော့တယ်​။အဲလိုနဲ့စ၀်​ဖုန်း
လူဟာ ဘိန်းဘုရင်​တစ်​ပါးဖြစ်​လာတယ်​။ကိုလိုနီ​ခေတ်
ဘိန်းဥပ​ဒေဟာ သံလွင်​အ​ရှေ့ ခြမ်းကိုမသက်​​ရောက်​ဘူး။
ကိုးကန့်​၊၀နဲ့ကျိုင်းတုံနယ်​​တွေဟာ သံလွင်အ​ရှေ့ ခြမ်း
နယ်​​တွေဖြစ်​တာ​ကြောင့်ဘိန်း​တွေကိုအကြီးအကျယ်​စိုက်
ပြီးရွာ​ဈေး​တွေမှာ​တောင်​လွတ်​လွတ်​လပ်​လပ်​​ရောင်းဝယ်​ကြ
ပါ​တော့တယ်​။ဒါရှမ်းပြည်​ရဲ့ အဖြစ်​မှန်​ပဲ။

ကျိုင်းတုံ၊ယိုးဒယားနဲ့​လော ၃နိုင်​ငံနယ်​ခြားကို တြိဂံ​မြေ
လို့​အဲဒီကတည်းက​ခေါ်ခဲ့တာဖြစ်​ပါတယ်​။ယိုးဒယားက
တစ်​ဆင့်ကမ္ဘာအရပ်​ရပ်​ကို​ရောက်​သွားတဲ့ရှမ်းဘိန်း​တွေ
ကြောင့်နိုင်​ငံတကာမှာပြဿနာဖြစ်​လာတယ်​။နိုင်​ငံ​ပေါင်း
ချုပ်​အသင်းကြီးကမူးယစ်​​ဆေး​ရောင်းဝယ်​မှုကိုတားမြစ်
တဲ့ဆုံးဖြတ်​ချက်​ကိုချလိုက်​တဲ့အခါ တြိဂံနယ်​​မြေဟာ
အမည်းကွက်​ လိုဖြစ်​လာခဲ့တယ်​။အခုလိုနိုင်​ငံတကာ က
လက်​ညိုးထိုးစရာဖြစ်​လာ​တော့ အင်္ဂလိပ်​အစိုးရဟာ
လက်​ပိုက်​ကြည့်​နေလို့မရ​တော့ဘဲ ပြင်းထန်​စွာအ​ရေးယူ
ဖို့ ကျိုင်းတုံအင်္ဂလိပ်​၀န်​​ထောက်​ကတစ်​ဆင့်ကျိုင်းတုံ
စော်​ဘွားကိုညွှန်​ကြားလာတယ်​။ဒါ​ကြောင့်​စော်​ဘွားက
စ၀်​ဖုန်းလူကို နယ်​နှင်​ဒဏ်​​ပေးလိုက်​တယ်​။

တကယ်​​တော့စ၀်​​ကောင်​​ကျောက်​အင်​တလိုင်​ လက်​ထက်
ကတည်းက ကျိုင်းတုံ​စော်​ဘွားဟာဘိန်းနဲ့မကင်းခဲ့တာပါ။
စော်​ဘွားကြီးရဲ့ မိသားစုက ဘိန်းလုပ်​ငန်းတစ်​ခုလုံးကို
လက်​၀ါးကြီးအုပ်​ပြီးယိုးဒယားကိုတင်​ပို့​ရောင်းချခဲ့တယ်
လို့စွပ်​စွဲခံရလို့နိုင်​ငံ​ပေါင်းချုပ်​အသင်းကြီးကလာ​ရောက်​စစ်​​ဆေး​ပေမယ့်သက်​​သေမခိုင်​လုံလို့​လျှော်​​ပေးခဲ့တာပါ။အခု
စ၀်​ဖုန်းလူပြဿ     နာဟာ ဒီအမည်းစက်​​ကြောင့်နယ်​နှင်​တဲ့
အထိဖြစ်​သွားခဲ့တာဖြစ်​ပါတယ်​။

စ၀်​ဖုန်းလူကလည်း ကျိန်း​နေမှာ​သေချာတယ်​။သူဟာ
ဓာတ်​ရိုက်​ဓာတ်​ဆင်​၊စုန်းတိုက်​ပညာ၊​မှော်​ပညာ၊
အောက်​လမ်း၊အင်းပါမကျန်​ အကြံအဖန်​အကုန်​လုပ်
တယ်​။ဒါ​ပေမဲ့ ​အောက်​လမ်းဆရာ​တွေရဲ့ နည်းလမ်း
မထိ​ရောက်​လို့ထင်​တယ်​ စိတ်​မရှည်​​တော့ဘဲ ရန်​ကုန်​မှာ
ဥပစာတန်းတက်​​နေတဲ့ တူဖြစ်​သူ စ၀်​သီဟကို လူသတ်
သမားငှါးခိုင်းတဲ့အထိလုပ်​လာတယ်​။အဲဒီ​ခေတ်​က
ရန်​ကုန်​လူမိုက်​​တွေနာမည်​ကြီးတဲ့​ခေတ်​ပါ။ဒါ​ပေမဲ့
လူမိုက်​လည်းသူနယ်​နဲ့သူပဲ​လေ။နေရာတကာမိုက်​လို့
မှမရတာ။ဒါ​ကြောင့်ရန်​ကုန်​လူမိုက်​ရှမ်း​တောင်​​တန်း
ပေါ်မှာသုံးလို့မရဘူးဖြစ်​​နေတယ်​။နောက်​ဆုံးစ၀်​သီဟ
ကိုယ်​တိုင်​တာဝန်​ယူလိုက်​ရတယ်​။စ၀်​သီဟ ဟာ ကျိုင်းတုံ
စော်​ဘွားကိုသတ်​ပြီး​တောင်​ကြီးက စ၀်​ဖုန်းလူဆီကို
.....​ခွေးရူးကိုငါသတ်​လိုက်​ပြီး....လို့​ကြေးနန်းရိုက်​လိုက်
ပါ​သေးတယ်​။

ရှေ့မှာစ၀်​သီဟကို တစ်​ကျွန်း ဒဏ်​သတ်​မှတ်​​ကြောင်း
ရေးခဲ့ပါတယ်​။ဒါ​ပေမဲ့စ၀်​သီဟကို ​ညောင်​​ရွှေ​ထောင်​မှာ
အကျဉ်းချတယ်​ဆိုရုံချထားတာပါ။ဒုတိယကမ္ဘာစစ်​ကြီး
ဖြစ်​​တော့ ​ထောင်​​တွေပွင့်တဲ့အခါ ​တောင်​ကြီးကိုတက်​လာ
တယ်​။တောင်​ကြီးမြို့ကဟိုတယ်​မန်​​နေဂျာကိုသတ်​သွား
ပါ​သေးတယ်​။တောင်​ကြီးက​နေကျိုင်းတုံပြန်​တယ်​။
ဒါ​ပေမဲ့ ဂျပန်​​ခေတ်​ကျိုင်းတုံဟာ ယိုးဒယားလက်​​အောက်
ခံဖြစ်​​နေလို့ ဂျပန်​က​စော်​ဘွားမခန့်​ဘဲ အုပ်​ချုပ်​​ရေးအဖွဲ့
တစ်​ခုဖွဲ့စည်း​ပေးထားတယ်​။အဲဒီအုပ်​ချုပ်​​ရေးအကြီးအ
ကဲက စ၀်​ဖုန်းလူပဲ။စ၀်​ဖုန်းလူဟာ ​သွေဆာ​နေတဲ့
စ၀်​သီဟကို မိုင်း​ယောင်းပို့တယ်​လို့​ပြောကြတာပါပဲ။

ကျိုင်းတုံ​စော်​ဘွားစ၀်​​ကောင်​တိုင်​ကွယ်​လွန်​ပြီးတဲ့​နောက်
သား​တော်​ အိမ်​​ရှေ့ဥပရာဇာ စ၀်​စိုင်းလုံးဟာ အသက်​၂၀
ပဲရှိ​သေးလို့​စော်​ဘွားအဖြစ်​ဆက်​ခံခွင့်မရဘူး။အဲအချိန်
ဆွေ​တော်​မျိုး​တော်​​တွေထဲက တက္ကသိုလ်​ပညာတတ်​လူ
ငယ်​​တွေရှိ​သော်လည်းပဲ အင်္ဂလိပ်​က ဘယ်​သူကိုမှ
မခန့်​​တော့ဘဲ လွိုင်​​​မွေနယ်​ခြား​စောင့်တပ်​မှူး Capt.V.G.
Robert လက်​​အောက်​ပစ်​ထည့်ပြီး သူ့ပဲအုပ်​ချုပ်​ခိုင်း
လိုက်​ပါ​တော့တယ်​။

၁၉၃၁မှာ ဂျပန်​ဟာ မန်းချူးရီးယားကိုကျူး​ကျော်​ပြီး
တိုက်​ခိုက်​ခဲ့တယ်​။၁၉၃၂ ​ဖေ​ဖော်​၀ါရီ၁၈မှာ မန်​ချူးကိုး
နိုင်​ငံလို့အမည်​တပ်​ပြီး ရုပ်​​သေးအစိုးရကိုဖွဲ့တယ်​။
အဲဒီကစပြီတရုတ်​နဲ့ဂျပန်​ မ​ကြေငြာတဲ့စစ်​ပွဲကိုတိုက်​ခဲ့
ကြတာဟာ ၁၉၃၇ သြဂတ်​စ်​ လ ၂၅ရက်​​နေမှာ တရုတ်
ပင်​လယ်​ကမ်းရိုးတမ်းကိုပိတ်​ဆို့လိုက်​ပြီးလို့ဂျပန်​က​ကြေ
ငြာတယ်​။တရုတ်​ကမ်း​ခြေတစ်​ခုလုံးဂျပန်​သိမ်းပိတ်​လိုက်
တာ​ကြောင့်တိုင်​ပတ်​ပါတယ်​။အဲအချိန်​ချန်​​ကေရှိတ်​အစိုး
ရကို မဟာမိတ်​​တွေကကူညီတယ်​။အဲအချိန်​ဂျပန်​တပ်​မ
ကြီး​ပေါင်း၁၅၀​လောက်​က တရုတ်​ထဲစိမ့်ဝင်​​နေပြီဖြစ်​လို့
ချန်​​ကေရှိတ်​ကျရင်​ ဒီတပ်​မ​တွေအားလုံးစုပုံပြီးပစီဖိတ်
ဒေသထဲကို​ရောက်​လာ​တော့မှာပါ။ဒါကိုကြို မြင်​လို့တရုတ်​ကိုအစွမ်းကုန်​ကူညီဖို့အ​မေရိကန်​သမ္မတရုစဗဲ့ကဆုံးဖြတ်
ခဲ့တယ်​။

ဒုတိယကမ္ဘာစစ်​ရဲ့ ပထမပိုင်းမှာ အ​မေရိကန်​ဟာ
မဟာမိတ်တွေကို စစ်လက်နက်တွေ ထောက်ပံ့နေပေ
မယ့် ကိုယ်တိုင်စစ်​ထဲဝင်​မပါခဲ့ဘူး။ ဒါပေမဲ့ ၁၉၄၁ ဒီဇင်
ဘာ ၇ ရက်​​နေ့မှာ ဂျပန်က ပုလဲဆိပ်​ကမ်းကို ဗုံးကြဲ
တိုက်ခိုက်ရာကစပြီး အမေရိကန်လည်း ဒုတိယကမ္ဘာ
စစ်​ထဲကိုခုန်​၀င်​လာခဲ့တယ်​။

ဂျပန်​ဟာ ၁၉၄၁ ဒီဇင်​ဘာ ၇ ရက်​​နေ့မှာပုလဲဆိပ်​ကမ်းကို
ဗုံးကြဲတယ်​။ ၁၉၄၂ ​ဖေ​ဖော်​၀ါရီ ၁၅ ရက်​​နေ့မှာ စင်္ကာပူ
ခံတပ်​ကိုသိမ်းတယ်​။ ၁၉၄၂ မတ်​လ ၁၀ ရက်​​နေ့ မြန်​မာ
ပြည်​ ရန်​ကုန်​ကို သိမ်းတယ်​။ မြန်​မာပြည်​ကို ဂျပန်​သိမ်း
လိုက်​တာ​ကြောင့် တရုတ်​တပ်​ကို အသက်​ရှု​ပေါက်​​ပေး
နေတဲ့ Burma Road ပါ ပိတ်​ပြီးသားဖြစ်​သွားခဲ့ရတယ်​။ Burma Road ဆိုတာ မြစ်​ကြီးနား မိုး​ကောင်းက​နေ
အိန္ဒိယနိုင်​ငံ လီဒိုအထိ အ​မေရိကန်​​တွေ​ဖောက်​ခဲ့တဲ့
လမ်းပါ။

အ​မေရိကန်​ဗိုလ်​ချုပ်​ကြီးစတီးဝဲလ်​ ဦး​ဆောင်​ပြီး အိန္ဒိယ
နိုင်​ငံ လီဒိုက​နေ မြန်​မာပြည်​ မိုး​ကောင်း မြစ်​ကြီးနား
ဗန်း​မော်​ကိုဖြတ်​ပြီး တရုတ်​ပြည်​ ကူမင်းအထိ​ ၁၀၇၉
မိုင်​(၁၇၃၉ကီလိုမီတာ)​ဖောက်​ခဲ့တာပါ။ အဲဒီလမ်းမကြီး
ဖောက်​ပြီးချိန်​ ပထမဆုံးအ​မေရိကန်​ထရပ်​ကား​ ၁၁၃ စီးဟာ အိန္ဒိယနိုင်​ငံလီဒိုက​နေ ၁၉၄၄ ဇွန်​လ၁၂ရက်​​နေ့မှာ
၂၁ ရက်​​မောင်းနှင်​ပြီး ကူမင်းကို​ရောက်​တယ်​။ တရုတ်
တပ်​မ​တော်​အတွက်​ကုန်​ပစ္စည်းတန်​ချိန်​ ၁၂၉၀၀၀၀
(၁၂သိန်း​​ကျော်​)တင်​ပို့​ပေးခဲ့တယ်​။ စစ်​အတွင်းအ​မေရိ
ကန်​ကားကြီး​ပေါင်း၂၆၀၀၀ကို လီဒိုလမ်းကိုဖြတ်​ပြီး
မောင်းပို့ခဲ့တာပါ။ တရုတ်​တပ်​မ​တော်​အတွက်​ အဲဒီကား​တွေ​ရော ကား​ပေါ်ပါပစ္စည်း​တွေပါ ချန်​​ကေရှိတ်​ဆီလွှဲအပ်
လိုက်​တယ်​။

ဂျပန်​ကမြန်​မာပြည်​ကို သိမ်းလိုက်​လို့ Burma Road
ပိတ်​သွားချိန်​မှာ အ​မေရိကန်​သမ္မတကြီးရုစဗဲ့ က By all means we must keep china in fight no matter the pain whatever the cost. ဘယ်​​လောက်​ကုန်​ကုန်​ ဘယ်​​လောက်​ ခက်​ခဲခက်​ခဲ ကျ​နော်​တို့ တရုတ်​ကို မရရတဲ့
နည်းနဲ့ ဆက်​ပြီး​ထောက်​ပံ့သွားမှာဖြစ်​ပါတယ်​.............
လို့ကွန်​ဂရက်​မှာတရားဝင်​​ပြောကြားခဲ့ပါတယ်​။

အဲဒီစကားအတိုင်း အိန္ဒိယ​လေတပ်​စခန်းက​နေ လက်​နက်
ခဲယမ်း ​ဆေးဝါး ရိက္ခာ ပစ္စည်းပစ္စယ အားလုံးတင်​ပြီး
အ​မေရိကန်​စစ်​​လေယာဉ်​ကြီး​တွေဟာ ၇၅၇ ကြိမ်​ မြန်​မာ
ပြည်​​မြောက်​ပိုင်း ​ကောင်းကင်ယံကို ဖြတ်​ပြီး တရုတ်​ပြည်
ကူမင်းကိုပျံသန်း​ပေးပို့ခဲ့တယ်​။ ၁၉၄၂ ​ဧပြီကစပြီး
၁၉၄၅ နိုဝင်​ဘာအထိ ​လေယာဉ်​အစင်း​ပေါင်း ၆၄၀နဲ့ 
လေယာဉ်​၀န်​ထမ်း၃၄၀၀၀ကိုအသုံးပြု ပြီး တရုတ်​ကို
ကူခဲ့တယ်​။ အဲဒီပျံသန်းမှု​တွေထဲမှာ အ​မေရိကန်​​လေ
သူရဲ ၁၆၅၉ ဦး​သေဆုံး/ ​ပျောက်​ဆုံးသွားခဲ့ရတယ်​။
လူသားကို တန်​ဖိုးထားတဲ့ မိမိနိုင်​ငံသားနဲ့ မိမိတပ်​မ​တော်
သား​တွေကို တန်​ဖိုးထားတဲ့ အ​မေရိကန်​အစိုးရနဲ့ အ​မေ
ရိကန်​ တပ်​မ​တော်​ဟာ အဲဒီ ​သေဆုံး/​ပျောက်​ဆုံးလို့
ယူဆရတဲ့ အဲဒီ​လေသူရဲ​တွေကို ယ​နေ့အချိန်​ထိ ရှာ​ဖွေ
နေဆဲပါ။ ဒါဟာ ဒုတိယကမ္ဘာစစ်​အတွင်း အာရှစစ်​မျက်
နှာမှာ အ​မေရိကန်​ပါဝင်​ပက်​သက်​လာတဲ့ အခန်းကဏ္ဍ
လေးတစ်​ခုပါ။ဒါ တရုတ်​တစ်​နိုင်​ငံတည်းကိုကူညီခဲ့တဲ့
စရင်းပါ။

စစ်​အတွင်း ၅ နှစ်​မှာ ပြင်​သစ်​ ဗြိတိန်​ ရုရှားနဲ့ တရုတ်
တို့ကို အ​မေရိကန်​​ပေးအပ်​ခဲ့တဲ့ အကူအညီဟာ သိပ်​ကို
များပြားလှပါတယ်​။ကမ္ဘာ့ သမိုင်းတစ်​​လျှောက်​မှာ နိုင်​ငံ
တစ်​နိုင်​ငံတည်းက ၄နှစ်​အတွင်း မဟာမိတ်​နိုင်​ငံ အများ
အပြားကို ​ငွေ​ကြေး၊ လက်​နက်​၊ ​ဆေးဝါးနဲ့ရိက္ခာ ​ပေးအပ်
မှုဟာ အကြီးမားဆုံးစံချိန်​ပါပဲ။ အခုလိုအ​မေရိကန်
အကူအညီဟာ ကမ္ဘာသမိုင်းမှာ မရှိခဲ့ဖူးတဲ့စံချိန်​လည်း
ဖြစ်​တယ်​။နိုင်​ငံတစ်​ခုတည်းက ကမ္ဘာ့ နိုင်​ငံအများအပြား
ကိုတာဝန်​ယူတာ သမိုင်းမှာမရှိခဲ့ဖူးဘူး။

၁၉၄၁ မတ်​လ ၁၁ ရက်​​နေ့ အ​မေရိကန်​ကွန်​ဂရက်​က
မဟာမိတ်​​တွေကို ၅၀.၁ ဘီလီယံ​ဒေါ်လာ အကူအညီ
ပေး​ရေး အက်​ဥပ​ဒေကို အတည်​ပြု လိုက်​ပြီး သမ္မတကြီး
ရုစဗဲ့(FDR)က လက်​မှတ်​ထိုးလိုက်​ပါတယ်​။အ​မေရိကန်
ဟာ ၁၉၃၉ က​နေ ၁၉၄၅ အထိ ဗြိတိန်​ကို ၃၀.၁ ဘီလီ
ယံ​ဒေါ်လာ၊ဆိုဗီယက်​ကို ၁၁.၃ ဘီလီယံ​ဒေါ်လာ၊ ပြင်​သစ်
ကို ၃.၂ ဘီလီယံ​ဒေါ်လာနဲ့တရုတ်​ပြည်​ကို ၁.၆ဘီလီယံ
ဒေါ်လာ ​ထောက်​ပံ့ကူညီ​ပေးခဲ့တယ်​။ အဲဒီအချိန်​က
အ​မေရိကန်​က မဟာမိတ်​ ၄ နိုင်​ငံကိုကူညီခဲ့တဲ့ ၅၀.၁
ဘီလီယံ​ဒေါ်လာကို ယ​နေ့တန်​ဖိုးနဲ့တွက်ရင်​​​ ဘီလီယံ
၇၀၀ ခန့်​ရှိပါတယ်​။ကျန်​ မဟာမိတ်​နိုင်​ငံ​တွေကိုထပ်​ပြီး
၂.၆ ဘီလီယံ​ဒေါ်လာကူညီ​ပေးခဲ့ပါ​သေးတယ်​။

စစ်​အတွင်းရုရှားစစ်​မျက်​နှာအတွက်​ အ​မေရိကန်​ဟာ
အာတိတ်​စက်​၀ိုင်းဖြတ်​လမ်းက​နေ ​ထောက်​ပံ့ခဲ့တယ်​။
ဒီလမ်းဟာ အလွန်​အန္တရာယ်​များတဲ့လမ်းပါ။ အာတိတ်
ရေခဲပြင်​ကိုဖြတ်​ပြီး ​ထောက်​ပံ့​ရေးပစ္စည်း​ပေါင်း ၃၉၆၄၀၀၀ တန်​ချိန် ​၄ သန်းနီးပါး အ​မေရိကန်​က
ရုရှားကို ကူညီခဲ့ရာမှာ ၉၃%​ရောက်​ရှိပြီး ၇% ​ပျောက်​ဆုံး
ခဲ့တယ်​။တစ်​ခါ အီရန်​နိုင်​ငံလမ်း​ကြောင်းက​နေတန်​ချိန်​ ၄ သန်း​ကျော်​(၄၁၆၀၀၀၀) တင်​ပို့ခဲ့တယ်​။ ပစီဖိတ်​သမုဒ္ဒရာကို အသုံးပြု ပြီး ​ထောက်​ပံ့​ရေးပစ္စည်း တန်​ချိန်​၈သန်း
ကျော်​(၈၂၄၄၀၀၀)တင်​ပို့ခဲ့တယ်​။ အ​မေရိကန်​ဟာ
ဆိုဗီယက်ရုရှားကိုအကူအညီ​ပေးခဲ့တဲ့ ​ဒေါ်လာ ၁၁
ဘီလီယံထဲမှာ အ​မေရိကန်​ဂျစ်​ကား အစီး​ရေ ၄ သိန်း
ကျော်​၊ထရပ်​ကားကြီး ၁၂၀၀၀၊ တင့်​ကား ၇၀၀၀ အဲဒီ
အထဲမှာ ရှားမင်းတင့် ၄၁၀၂စီး၊ M3 Lees တင့် ၁၃၈၆
စီးပါဝင်​တယ်​။ ရုရှားကို အ​မေရိကန်​က ​လေယာဉ်
အစင်း​ပေါင်း​ပေါင်း ၁၁၄၀၀စီး ​ပေးပို့ခဲ့တယ်​။

ဒါကိုဘာ​ကြောင့် တင်​ပြ​နေတာလဲဆို​တော့ ဒုတိယကမ္ဘာ
စစ်​မှာ အ​မေရိကန်​မပါဘဲ ရုရှား၊ပြင်​သစ်​၊ဗြိတိန်​နဲ့တရုတ်
၎ နိုင်​ငံဟာ ဂျပန်​ ဂျာမနီ အီတလီ၃နိုင်​ငံကို တိုက်​ရင်
ဘယ်​လိုမှ ​အောင်​မြင်နိုင်​စရာမရှိဘူးလို့​ပြောချင်​လို့ပဲ။
အဓိကစစ်​မျက်​နှာတစ်​ခုဖြစ်​တဲ့ ရုရှား စစ်​မျက်​နှာမှာ
စစ်​လက်​နက်​ အင်​အားအလွန်​အမင်းချို့တဲ့​နေတဲ့
ရုရှားကို အ​မေရိကန်​​ပေးပို့ခဲ့တဲ့ တိုက်လေယာဉ်တွေ
တင့်ကားတွေ အ​​မြောက်​ကြီးတွေ လေယာဉ်ပစ် စက်
သေနတ်ကြီးတွေနဲ့ ခဲယမ်း ​ဆေးဝါး စားနပ်​ရိက္ခာ​တွေ
မရခဲ့ရင် ဂျာမန်ထိုးစစ်ကို ရုရှားဟာ အခုလောက်
ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး ဒုတိယကမ္ဘာစစ်​မှာ ဂျာမန်
ရဲ့ ထိုးစစ်​ဟာ အလွန်​ပြင်းထန်​ခဲ့တာပါ။ ဘာလို့ဆို​တော့
၁နှစ်​​ကျော်​​ကျော်​ အချိန်​​လေးအတွင်းမှာ ဥ​ရောပနိုင်​ငံ
တစ်​ဒါဇင်​​ကျော်​ကို သိမ်းနိုင်​ခဲ့တဲ့ ဂျာမန်​ထိုးစစ်ရဲ့ အား
ဟာ သိပ်​​ကြောက်​စရာ​ကောင်းပါတယ်​။ စစ်​အတွင်း
ရုရှားနိုင်​ငံမှာလူဦး​ရေသန်း ၂၀ ခန့်​​သေ​ကြေ​ပေးခဲ့ရတာ
က ဒီအတွက်​သက်​​သေပဲ။ရက်​​ပေါင်း၈၀၀ခန့်​လီနင်​ဂရက်
မှာ ဂျာမန်​ပိတ်​ဆို့ခံထားရတဲ့ရုရှား​တွေ၊​မော်​စကိုစစ်​မျက်​နှာ
ဂျာမန်​ထိုးစစ်​ကို နှစ်​နဲ့ချီကြာ ပြန်​တွန်းလှန်​ခဲ့ရတာအား
လုံးဟာ အ​မေရိကန်​ရဲ့ အကူအညီ​ကြောင့်ပဲ။ဘယ်​​လောက်
ပဲစိတ်​ဓာတ်​​ကောင်း​ကောင်း၊ဘယ်​​လောက်​ပဲတိုက်​ရည်
ခိုက်​ရည်​​ကောင်း​ကောင်း စစ်​တိုက်​တဲ့ပစ္စည်းပစ္စယနဲ့
စစ်​သည်​​တွေအတွက်​စားနပ်​ရိက္ခာနဲ့​ဆေးဝါးမရှိလို့က​တော့
လူဦး​ရေသန်း၇၀၀၀လုံးချထားရင်​လည်း​သေမှာပဲ။

နောက်​တစ်​ချက်​က ကြုံလာပြီမို့တင်​ပြရမှာက
ယ​နေ့အ​မေရိကန်​ဟာ ကမ္ဘာ့ ပါဝါအဖြစ်​ ဗြိတိန်​ဆီက
သရဖူကို ချွတ်​ယူနိုင်​ဖို့ရာအတွက်​ ကမ္ဘာ့ သမိုင်းမှာ
အကြီးမားဆုံး စမ်းသပ်​ပွဲကြီး၃ပွဲကိုရင်​ဆိုင်​ဖြတ်​သန်း
ခဲ့ရတယ်​ဆိုတာပါပဲ။ပထမကမ္ဘာစစ်​၊၁၉၂၈-၂၉ကမ္ဘာ့ 
စီးပွားပျက်​ကပ်​၊ဒုတိယကမ္ဘာစစ်​ကြီးဆိုတဲ့ ဧရာမ
အတားအဆီးကြီး၃ခုကိုမမှုဘဲဖြတ်​သန်းခဲ့ပြီး​တော့မှ
ကမ္ဘာ့ ပါဝါအဖြစ်​သရဖူ​ဆောင်းတာပါ။အလွယ်​တကူ
ယ​နေ့ဟိုက်​ပါ ပါဝါဘွဲ့ကိုရခဲ့တာမဟုတ်​ဘူးဆိုတာပါပဲ။
အဲ​တော့ ယ​နေ့ တရုတ်​ပြည်​ဟာ အ​မေရိကန်​ပြည်​​ထောင်​စု
ကို လွယ်​လွယ်​နဲ့​ကျော်​ဖြတ်​နိုင်​မယ်​လို့စိတ်​ကူးယဉ်​​နေရင်
တော့ရူးတာပဲဖြစ်​လိမ့်မယ်​။အ​မေရိကန်​ပြည်​​ထောင်​စု
အ​ခြေမြင့်လာတာကို ပြန်​ကြည့်ရင်​ စီးပွား​ရေး​ရောနည်း
ပညာပါ အတူတကွပူးတွဲပြီးတာထွက်​ခဲ့တာ​တွေ့ရလိမ့်
မယ်​။စီးပွား​ရေးပြီးမှနည်းပညာတာထွက်​ခဲ့တာမဟုတ်​လို့
ယ​နေ့စီးပွား​ရေးတာထွက်​ခဲ့တဲ့တရုတ်​ရဲ့ လမ်း​ကြောင်းဟာ
ကမ္ဘာ့ ပါဝါအဖြစ်​သရဖူ​ဆောင်းဖို့ဆိုတာဖြစ်​ကိုမဖြစ်​နိုင်
သေးဘူးလို့ထင်​ပါတယ်​။ဒါက ပတ်​၀န်းကျင်​နိုင်​ငံတကာ
ရေးရာဖြစ်​ပြီး ပိုစ့်နဲ့မဆိုင်​ဘူးလို့ထင်​ရ​ပေမယ့်ဆက်​စပ်
အ​ကြောင်းအရာဖြစ်​​နေလို့ ဒီmassageကိုဒီမှာပဲ​တွေး
မိလို့တင်​ပြလိုက်​တာပါ။

အဲ​တော့​ပြော​နေတဲ့အ​ကြောင်းအရာကိုပြန်​ဆက်​ရရင်
တကယ်​​တော့ ဂျပန်​ဟာ ၁၉၄၁ နိုဝင်​ဘာလကတည်းက
တရုတ်​မန်​ချူးရီးယားစစ်​​မြေပြင်​ကဂျာပန်​စစ်​ဦးစီးမှူး
Genaral Yamashitaကို တိုကျိုစစ်​ဋ္ဌာနချုပ်​ကို
ဆင့်​ခေါ်ပြီး​အောက်​ပါအချက်​​တွေပါတဲ့အမိန့်​​တွေကို
ညွှန်​ကြားခဲ့တယ်​။
၁။ဒီဇင်​ဘာမှာ အ​မေရိကန်​နဲ့ဗြိတိန်​ကိုစစ်​​ကြေငြာမယ်​။
ဂျပန်​ ကြည်း၊​ရေ၊​လေ တပ်​အသီးသီးအသင့်ပြင်​ထားပါ။
၂။ပထမဆုံးတိုက်​စစ်​ကိုအလစ်​၀င်​တိုက်​မယ်​။ဂျပန်​၊
အီတလီ၊ဂျာမနီ၃ပြည်​​ထောင်​စာချုပ်​ကိုထိုးစစ်​ပြီးချိန်​ထိ
လျှို့ ဝှက်​ထားရမယ်​။
၃။စစ်​မဖြစ်​ခင်​ယိုးဒယားနဲ့လျှို့ဝှက်​စစ်​​ရေးမဟာမိတ်
စာချုပ်​ချုပ်​ပြီးဂျာပန်​တပ်​​တွေယိုးဒယားကိုဖြတ်​​ကျော်
ခွင့်​တောင်းဆိုထားပါ။......
(Longest Day Of Japan)
ဒါ​ကြောင့်ပုလဲဆိပ်​ကမ်းကိုဗုံးကြဲပြီး၎ရက်​အကြာဒီဇင်​ဘာ
၁၁ရက်​​နေ့မှာ ယိုးဒယား အစိုးရနဲ့ ဂျပန်​အစိုးရဟာ
မဟာမိတ်​စာချုပ်​ ချုပ်​ခဲ့တာပါ။

၁၉၃၉မြန်​မာလမ်းမကြီးကို(လားရှိုးဘက်​)သွားကြည့်ရင်း
နဲ့အခွင့်အ​ရေးရရင်​တရုတ်​ပြည်​ထဲဝင်​ပြီးကွန်​မြူ  နစ်
တွေနဲ့ဆက်​သွယ်​ဖို့ ကိုဘဟိန်းနဲ့ဒဂုန်​တာရာတို့လားရှိုး
ကို​ရောက်​လာတယ်​။အဲ့အချိန်​ကွန်​မြူ  နစ်​ပါတီကို
မြန်​မာပြည်​မှာဖွဲ့စည်းပြီးပြီး။၁၉၃၉ သြဂတ်​စ်​လ ၁၃
ရက်​​ တနင်္ဂ​နွေ​နေ့မှာ သခင်​​အောင်​ဆန်းဦး​ဆောင်​ပြီး
ဗမာပြည်​ကွန်​မြူ  နစ်​ပါတီကိုစတင်​ဖွဲ့စည်းခဲ့တာပါ။
စတင်​ဖွဲ့စည်းခဲ့သူ​တွေက​တော့၁။သခင်​​အောင်​ဆန်း
၂။သခင်​စိုး၃။ဂိုရှယ်​ ​ခေါ် ဘင်္ဂလီအမျိုးသားဂိုရှယ်​​ခေါ်
ဘတင်​-သူ့အ​မေက ဗမာမ ၄။သခင်​လှ​ဖေ၅။သခင်​ဘဟိန်း
၆။မစ္စတာနတ်​လ်​တို့ဖြစ်​တယ်​။သခင်​​အောင်​ဆန်းက
အ​ထွေ​ထွေအတွင်း​ရေးမှူး ဖြစ်​ပြီးသခင်​စိုးကလူထု​ခေါင်း
ဆောင်​၊ဂိုရှယ်​က လျှို့ ဝှက်​စည်းရုံး​ရေးစတဲ့တာဝန်​​တွေ
ကိုအသီးသီးခွဲယူခဲ့ကြတယ်​။

နောက်​ဆုံး ကိုဘဟိန်းနဲ့ဒဂုန်​တာရာကို ရဲက​ခေါ်ပြီး
စော်​ဘွားကိုအသိ​ပေးတဲ့အခါ ​စော်​ဘွားက အချိုသပ်​ပြီး
လှည့်ပြန်​ခိုင်းခဲ့တယ်​။(အုန်း​ဖေ-ပင်​လုံစစ်​တမ်း)
တကယ်​က ရှမ်း​စော်​ဘွား​တွေဟာ ရှမ်းပြည်​ပုဒ်​မ၁၀
အရ အာဏာရှိသူ​တွေဖြစ်​ပြီး ကိုယ့်နယ်​မှာကိုယ်
တရားသူကြီးအဖြစ်​ဆုံးဖြတ်​ပိုင်​ခွင့်ရှိပါတယ်​။
၁၉၀၇ခုနှစ်​မှာ နယ်​နှင်​ဥပ​ဒေအရ နယ်​နှင်​ခွင့်ပါ
ရထားကြတယ်​။အဲတုန်းကလားရှိုးနယ်​ကို​ကျော်​တာနဲ့
သိန္နီနယ်​ထဲ​ရောက်​ပြီ။သိန္နီဟာတရုတ်​နယ်​စပ်​ဖြစ်
လို့ ​စော်​ဘွားကြီး က ဟို၂​ယောက်​ကို သူမှာရှိတဲ့တရား
သူကြီးအာဏာနဲ့နယ်​နှင်​ခဲ့တာဖြစ်​ပါတယ်​။နယ်​နှင်
ဥပ​ဒေ(Frontier Crossing Regulation)အရ
နယ်​နှင်​ခဲ့တာဖြစ်​ပါတယ်​။ဒါကို ဒဂုန်​တာရာက
သူ့စာအုပ်​မှာ သူတို့ကို ရှမ်းပုဒ်​မ၁၀ကတွယ်​လိုက်​လို့
တွေးထင်​ပြီး​ရေးခဲ့တယ်​။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=142661226876084&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်.. ...၂၃”

Post a Comment

Related Posts Plugin for WordPress, Blogger...