Wednesday, June 12, 2019

ပ​ဒေသရာဇ်ရှမ်းပြည်​.....၃၃

,
စစ်​ပြီး​တော့ပြည်​သူ့ရဲ​ဘော်​က​လှုပ်​လှုပ်​ရွှရွှလုပ်​တာများ
လာတယ်​။မောင့်ဘက်​တန်​ချ​ပေးတဲ့မူအတိုင်းမြန်​မာ့
တပ်​မ​တော်​ကိုဖွဲ့စည်းထားပါလျက်​ ပြည်​သူ့ရဲ​ဘော်​က
စစ်​တပ်​အသွင်​​ဆောင်​​နေတာကို ဆာ​ဒေါ်မန်​စမစ်​ က
မချင့်မရဲဖြစ်​လာပုံရတယ်​။ဒါ​ကြောင့်ဘုရင်​ခံက အမှန်
အတိုင်းပဲ ပြည်​သူ့ရဲ​ဘော်​ဟာ ဖဆပလ ရဲ့ ခါးပိုက်​​ဆောင်
တပ်​ဖြစ်​တယ်​.....ခါးပိုက်​​ဆောင်​တပ်​ဖွဲ့စည်းခြင်းဟာ
နိုင်​ငံ​ရေးမှာ ဖက်​ဆစ်​မူဆိုလီနီနဲ့ နာဇီဟစ်​တလာတို့က
အသုံးပြု ​သောနည်းဖြစ်​တယ်​.....ဒီမိုက​ရေစီအစဉ်​အလာ
နဲ့ဆန့်​ကျင်​တယ်​....ဒါ​ကြောင့်ပြည်​သူ့ရဲ​ဘော်​ကိုဖျက်​သိမ်း
ပေးဖို့.....စသဖြင့်​တောင်းဆိုတယ်​။

ပြည်​သူ့ရဲ​ဘော်​ကလည်းယူနီ​ဖောင်း​တွေဝတ်​ပြီးစစ်​သင်​တန်း​တွေ​ပေး​နေပါတယ်​။အဖွဲ့ဝင်​ဦး​ရေကလည်းတစ်​​နေ့
တစ်​ခြားသိန်းဂဏန်းအထိကပ်​လာတယ်​။တကယ်​စဉ်း
စားရင်​ ဆာ​ဒေါ်မန်​စမစ်​​ပြောတဲ့စကားအကုန်​မှန်​တယ်​။
ယ​နေ့အထိခါးပိုက်​​ဆောင်​တပ်​၊ခါးပိုက်​​ဆောင်​သံဃာ၊
ခါးပိုက်​​ဆောင်​ပညာရှင်​စသဖြင့် အားလုံး ဒီနိုင်​ငံမှာမြင်
ရနိုင်​​သေးသလို တကယ်​လည်းဖက်​ဆစ်​အစိုးရ​တွေဖြစ်
နေတာခင်​ဗျားတို့မျက်​မြင်​ပဲ။

၁၉၄၆ ​မေလ ၁၈ရက်​​နေ့ ထန်းတပင်​ မှာ ပြည်​သူ့ရဲ​ဘော်
နဲ့လယ်​သမား​တွေစည်း​ဝေးပြီးဆန္ဒပြတယ်​။အာဏာပိုင်​​တွေ
နဲ့ထိပ်​တိုက်​​တွေ့ပြီးပစ်​ခတ်​မှုဖြစ်​တဲ့အခါ ၃​ယောက်​​သေပြီး
အများအပြား ဒဏ်​ရာရကြတယ်​။ဒါကိုဗိုလ်​ချုပ်​​အောင်
ဆန်းကိုယ်​တိုင်​တက်​ပြီးဈာပနမိန့်​ခွန်း​ပြော​တော့လူထုက
ပိုကဲလာတယ်​။တစ်​ပြည်​လုံးကန့်​ကွက်​ဆန္ဒပြဖို့ ဖဆပလ
ကညွှန်​ကြားတယ်​။ဒါ​ကြောင့်သုံးသပ်​ရရင်​အဲဒီ​ခေတ်​က
မြန်​မာ​ခေါင်း​ဆောင်​​တွေလွတ်​လပ်​​ရေးယူဖို့အရမ်း​လော​နေ
တယ်​ဆိုတာသိသာထင်​ရှား​နေတယ်​။အင်္ဂလိပ်​အစိုးရရဲ့ 
တစ်​ဆင့်စီ​လျှော့ချ​ပေးမှုအ​ပေါ် သပိတ်​တိုက်​ပွဲ​တွေဆင်​နွှဲ
ပြီးဖိအား​ပေး​နေတာ​တွေ့ရတယ်​။အဲအချိန်​​တောင်​ကြီး
မှာလည်းပြည်​သူ့ရဲ​ဘော်​တပ်​ဖွဲ့​တွေက အတုယူပြီး လက်​ရှိ
တောင်​ကြီးည​ဈေးတန်းရှိရာ​ဈေးအ​ရှေ့ ဘက်​ကွင်းမှာ
လူထုစည်း​ဝေးပွဲ​တွေကျင်းပလာတယ်​။အင်္ဂလိပ်​ဆီက
ပညာသင်​ဖို့ထက်​ လွတ်​လပ်​​ရေးယူဖို့သာအဓိကထားပြီး
ဆန္ဒပြပွဲ​တွေကို နိုင်​ငံအနှံ့ကျင်းပပါ​တော့တယ်​။

ဒါ​ကြောင့် ဒီလိုနိုင်​ငံ​ရေးအ​ခြေ​နေဖြစ်​လာတာ​ကြောင့်
ရှမ်းမြန်​မာယဉ်​​ကျေးမှုအသင်း ဥက္ကဋ္ဌကြီး စ၀်​​ရွှေသိုက်
က ရှမ်း​နောင်​​ရေးနဲ့ပက်​သက်​ပြီး သ​ဘောထားစာတမ်း
တစ်​ခုကို သူ့ထုံးစံအတိုင်း ပညာတတ်​ပီပီ အင်္ဂလိပ်
ဘာသာစကားနဲ့ထုတ်​​ဝေဖြန့်​ချီလိုက်​တယ်​။၁၉၄၆ ​မေလ ၁၇ ရက်​​နေ့ဖြစ်​ပါတယ်​။သုံးသပ်​ချက်​နဲ့အတူအချက်​ကြီး
၆ချက်​ပါဝင်​ပြီး ပညာတတ်​ပီပီစကားလုံးကြွယ်​ကြွယ်​နဲ့
ရေးသားထားတာ​တွေ့ရတယ်​။

မူရင်းစာမှာ
Some observations on the composition of the revised Federal council of Shan Chiefs.
1.One of the consequencesof the recent war
was the suspension of the assembly of the Federal Council of Shan Chiefs,and its Functioning.
Its impending revival at a very early date,makes it necessary that we should consider immediately the innovations that
we consider essential in the composition and functions of the Federal Council,in the
light of our experience of its work for the
twenty years of its existence of between1922 & 1944,its last date of meeting, and our consciousness of our duties both
towards one another us Saophas,and also
the reciprocal bligations resting between
us Saophas our people.
The world is ever progressing and the tempo
of that progress is now incalculably fast.
Economic developments based on underamt
of invention,have enphasised more than anything else,the democratic character of modern society.Power has defined passed
every where into the hands of the people.
ဆိုပြီး အခုလိုအချက်​၆ချက်​ပါ စာမျက်​နှာ၎မျက်​နှာ​ကျော်
ရှိပါတယ်​။အ​သေးစိပ်​​ရေးမပြ​တော့ဘူး။

ဒါ​ပေမဲ့စ၀်​​ရွှေသိုက်​ခုတင်​ပြလာတဲ့အကြံပြု ချက်​​တွေကို
သုံးသပ်​ရရင်​ ပိုညက်​လာတယ်​။လူထုဘက်​ကိုအာရုံ
ပြုလာသလိုပ​ဒေသရာဇ်​​နေ၀င်​ချိန်​ကိုလည်းသတိပြု
မိပြီးသုံးသပ်​ထားတယ်​။ဒါ​ကြောင့်​ပဲလွတ်​လပ်​​ရေးရတဲ့
နေ့ ၁၉၄၈ ဇန်​န၀ါရီ၎ ရက်​​နေ့မှာ​ပေါ်​ပေါက်​လာတဲ့
ရှမ်းပြည်​နယ်​ဖွဲ့စည်းအုပ်​ချုပ်​ပုံမှာစ၀်​​ရွှေသိုက်​မူအတိုင်း
တစ်​သ​ဝေမတိမ်း ပါလာခဲ့တာဖြစ်​ပါတယ်​။ညောင်​​ရွှေ
စော်​ဘွားစ၀်​​ရွှေသိုက်​မူအရဆိုရင်​ နယ်​ရှင်​​စော်​ဘွား
၁၇ဦး သို့မဟုတ်​၁၈ဦးသာရှိရမယ့်ရှမ်းပြည်​​ကောင်​စီမှာ
၄၈မှာ​ပေါ်လာတဲ့ ရှမ်းပြည်​ဖွဲ့စည်းအုပ်​ချုပ်​ပုံ မှာ ၂၅ဦး
အထိရလာခဲ့တာ​ကြောင့်​ ဒါဟာအင်္ဂလိပ်​​ခေတ်ကထက်​ပို
တဲ့အခွင့်အ​ရေးလွတ်​လပ်​​ရေးခတ်​ဦးမှာရခဲ့တယ်​လို့ဆိုရ
မှာပါ။

အဲအချိန်​ရှမ်းပြည်​လူငယ်​​တွေထဲမှာပြည်​သူ့ရဲ​ဘော်
တပ်​ဖွဲ့​တွေ​ပေါ်လာပြီ။တပ်​​ပေါင်းစုကြီး​တောင်​ဖြစ်​လာသလို
ပြည်​မကတင်​သွင်းလာလို့ ဆရှလ၊ကမန၊ဖဆပလ ဆိုတဲ့
ပါတီအဖွဲ့အစည်းငယ်​​တွေပါ ​ပေါ်လာပါပြီ။၂၀.၉.၄၆
ရက်​​နေ့မှာ လူ၁၂ဦးနဲ့ ရှမ်းပြည်​လွတ်​လပ်​​ရေးအဖွဲ့ကို
ဖွဲ့စည်းလိုက်​ကြတယ်​။

ထန်းတပင်​ဆန္ဒပြပွဲပြီးတဲ့​နောက်​ နိုင်​ငံ​ရေးဟာ ဆူသထက်
ဆူလာတယ်​။လောဒ်​လူဝီ ​မောင့်ဘက်​တန်​ဟာ ဒီလိုဖြစ်
လာနိုင်​တယ်​ဆိုတာကို အ​​စောကတည်းကကြို ​တွေးမိပုံ
ရတယ်​။ဘာလို့ဒီလို​ပြောရတာလဲ​မေးရင်​ မြန်​မာ့​တော်​လှန်
ရေးဖြစ်​လာနိုင်​တာကို သူကြို​တွေးခဲ့လို့ပဲ။

မောင့်ဘက်​တန်​နဲ့ ဆာ​ဒေါ်မန်​စမစ်​တို့စစ်​ပြီးစကတည်းက
သ​ဘောထားကွဲခဲ့ကြတယ်​။မြန်​မာနိုင်​ငံကိုစစ်​ပြီး​တော့
စစ်​အုပ်​ချုပ်​​ရေးက​နေအရပ်​ဘက်​အုပ်​ချုပ်​​ရေး​ပြောင်း
ဖို့၁၉၄၅ စက်​တင်​ဘာ​လောက်​ကတည်းက ဆာ​ဒေါ်မန်​စမစ်
ကယူဆခဲ့တယ်​။မောင့်ဘက်​တန်​က ဒီလိုမထင်​ဘူး။
မြန်​မာပြည်​ပြန်​လည်​ထူ​ထောင်​ဖို့ကြုံ ရမယ့်အခက်​ခဲ
တွေအပြင်​ ပုလိပ်​​တွေကို​လေ့ကျင့်​ပေးရမှာ​တွေ၊
စစ်​တပ်​ကသစ္စာ​စောင့်ဖို့​တွေ ​သောင်းကျန်းသူ​တွေဆီက
လက်​နက်​ပြန်​သိမ်းရဖို့စတဲ့အ​ရေးအရာအားလုံးကို
လုပ်​ဖို့လို​သေးတယ်​လို့ယူဆထားတယ်​။ဆာ​ဒေါ်မန်​စမစ်
က အင်္ဂလိပ်​အစိုးရနိုင်​ငံခြား​ရေးဝန်​ကြီးဋ္ဌာနကိုဖိအား​ပေး
ပြီးမြန်​မာပြည်​ပြန်​ဖို့တာစူ​နေတယ်​။နောက်​ဆုံးမြန်​မာ
နိုင်​ငံဆိုင်​ရာဝန်​ကြီးဖြစ်​လာတဲ့ Pethick Lawrence
က သူ့ကို​ထောက်​ခံတာ​ကြောင့်မြန်​မာပြည်​ပြန်​ရတယ်​။
ဒီ​တော့​မောင့်ဘက်​တန်​ကလည်း
....ပုန်​ကန်​ထကြွမှုမရှိ​အောင်​ခင်​ဗျားတိုင်းပြည်​ကို
အုပ်​ချုပ်​ရမယ်​။.....လို့ဒဲ့​ပြောလာတဲ့အခါ
စမစ်​က
...ခင်​ဗျား က ဒီလို​ပြော​တော့ ကျုပ်​က​အောင်​ဆန်းကို
အာဏာအပ်​ရမယ်​လို့ ဆိုလိုတာလား၊ကျုပ်​အ​နေနဲ့
ဒါမျိုးလုပ်​ဖို့စဉ်း​တောင်​မစဉ်းစားဘူး......လို့ပြန်​​ပြော
ပါတယ်​။(ဖီးလစ်​​ဇေဂလာ-​မောင့်ဘက်​တန်​ စာ၃၂၂)

ဆာ​ဒေါ်မန်​စမစ်​ကလည်း သူ့သ​ဘောမကျတဲ့အချက်
တွေအ​ပေါ်အားပြု လာတဲ့အခါ သခင်​​အောင်​ဆန်းနဲ့
ညှိမရ​အောင်​ခွာပြဲလာပါ​တော့တယ်​။သူ့ကပ်​ဘိနက်​မှာ
ဖွဲ့စည်းထားတဲ့မြန်​မာ​တွေထဲမှာ ဖဆပလ ကတစ်​​ယောက်
မှမပါဘူး။ဒီလူ​တွေနဲ့ပက်​သက်​ပြီး တိုင်းပြည်​ကို သူနဲ့
သူ့ဆရာတို့၂​ယောက်​ပူး​ပေါင်းဖျက်​ဆီးခဲ့တဲ့တရားခံ
စရင်းဝင်​ ​ဒေါက်​တာ​မောင်​​မောင်​ က မြန်​မာနိုင်​ငံ​ရေး
ခရီးနှင့်ဗိုလ်​ချုပ်​ကြီး​နေ၀င်း ဆိုတဲ့စာအုပ်​ စာမျက်​နှာ
၁၇၃မှာ .....အစိုးရအဖွဲ့တွင်​ပါ​သော ​ကောင်​စီဝင်​များ
အနက်​အချို့မှာ အတိတ်​သာရှိ၍ အနာဂတ်​မရှိသူများ၊
မိမိကိုယ်​မိမိ​ခေါင်း​ဆောင်​ဟု​ပြော​သော်​လည်း ​နောက်​လိုက်
မရှိသူများ၊အ​ပြောသာရှိပြီးလက်​​တွေ့မလုပ်​နိုင်​သူများဖြင့်
ဖွဲ့စည်းထားခြင်းဖြစ်​​လေရာ ဘူး​လေးရာဖရုံဆင့်ဆိုသလို
ဒေါ်မန်​စမစ်​အစိုးရမှာမနိုင်​သည့်ဝန်​ထုပ်​၀န်​ပိုးကို ထမ်း
ရွက်​​နေရ၍ လူရယ်​စရာအဖြစ်​သို့ ​ရောက်​သွားသည်​ကို
ဗြိတိသျှအစိုးရနှင့်မြန်​မာပြည်​သူများကမြင်​​တွေ့​နေကြ
သည်​......ဆိုပြီး​ရေးထားတယ်​။

နေ၀င်းတပည့် ​နေ၀င်း​ဘောကိုအမြဲထမ်းပြီးနိုင်​ငံ​ရေးလမ်း
လျှောက်​ခဲ့သူ ​ဒေါက်​တာ​မောင်​​မောင်​ကို​မေးရမှာက
ခင်​ဗျားတို့တိုင်းပြည်​အာဏာလုယူပြီးအုပ်​ချုပ်​တုန်းက
ဆာ​ဒေါ်မန်​စမစ်နဲ့အဲဒီ​ခေတ်​က အနာဂတ်​မရှိသူများ
ရဲ့ စွမ်း​ဆောင်​နိုင်​မှု​လောက်​များ လုပ်​ပြနိုင်​ခဲ့ပါသလား
ဆိုတာပါပဲ။အကုန်​လုံး ဘိန်းစားချင်းအတူတူ တစ်​မူးပိုရှူ
နေကြတာခင်​ဗျားတို့မြင်​သာ​အောင်​ချပြတာပါ။ဒေါက်​တာ
မောင်​​မောင်​ဆိုတာ မြန်​မာသမိုင်းရဲ့ င​မျောက်​င​ခြောက်
ဖောင်းကားစားနဲ့သက်​တမ်းတူ ၈၈မှာ၇ရက်​နန်းစံဖူး
တဲ့ ​ယေးလ်​တက္ကသိုလ်​ဆင်းပြီး မြန်​မာနိုင်​ငံ​ရေးမှာ
ဘာအသုံးကျတဲ့အလုပ်​မှလုပ်​သွားတဲ့သာဓကမရှိဘူး။

ဆာ​ဒေါ်မန်​စမစ်​က ဖဆပလ​ခေါင်း​ဆောင်​ပိုင်းကို ဖက်​ဆစ်
စနစ်​ဆီယိုင်​​​နေ​သောသူများလို့ အထင်​ရှိ​နေပြီးသူ​ရွှေး
ချယ်​ခန့်​အပ်​ထားတဲ့အမတ်​တစ်​ဦးဖြစ်​သူ သခင်​ထွန်းအုပ်
ရဲ့ စွပ်​စွဲ​ပြောဆိုချက်​​တွေအရ သခင်​​အောင်​ဆန်းကို
လူသတ်​မှုနဲ့ ဖမ်းခွင့်ပြု ဖို့ ၁၉၄၆ ​ဖေ​ဖော်​၀ါရီလတုန်းက
နိုင်​ငံခြား​ရေးဝန်​ကြီးဋ္ဌာနကို ​ကြေးနန်းရိုက်​ပြီးခွင့်​တောင်း
ခဲ့တယ်​။ဒါကို​မောင့်ဘက်​တန်​နဲ့ဗိုလ်​ချုပ်​ကြီး စစ်​ဦးစီး
အရာရှိချုပ်​ဘရစ်​(General Briggs,General Officer Commanding )တို့ကပြင်းပြင်းထန်​ထန်
ကန့်​ကွက်​တယ်​။ဆာ​ဒေါ်မန်​စမစ်​​ပြောသလိုလုပ်​ရင်
တစ်​နိုင်​ငံလုံးအနှံ့ကြီးမားတဲ့ဆူပူအုံကြွမှု​တွေဖြစ်​လာမယ်
ဆိုပြီး​ထောက်​ပြတယ်​။အဲဒီ​လို ​ဒေါ်မန်​စမစ်​နဲ့ ​မောင့်
ဘက်​တန်​ သ​ဘောထားအကြိမ်​ကြိမ်​ကွဲလာတဲ့အခါမှာ
တော့ ​မောင့်ဘက်​တန်​က နန်းရင်​၀န်​အက်​တလီဆီ
ကြေးနန်းရိုက်​ပြီး ဗမာပြည်​စစ်​တလင်းမဖြစ်​ခင်​ သူ့ကို
ထုတ်​ပယ်​ဖို့​တောင်းဆိုပါ​တော့တယ်​။

ဆာ​ဒေါ်မန်​မစမစ်​ ကလည်း သူ့ဆရာLawrenceဆီ
ရေးတဲ့အစီရင်​ခံစာမှာ
.....ခင်​ဗျားပဲစဉ်းစားကြည့်ပါ။မောင့်ဘက်​တန်​ဟာ
မြန်​မာပြည်​နိုင်​ငံ​ရေးမှာဝင်​စွက်​ဖက်​​နေလို့သာ အခုလို
ရှုပ်​​ထွေးလာရတာဖြစ်​တယ်​လို့မြင်​တယ်​။ရှင်းရှင်း​ပြောရ
ရင်​ ဖဆပလအ​ပေါ် ၎င်းထားရှိတဲ့မူဝါဒကသီးပွင့်လာတဲ့
ခါးသီးလှတဲ့အသီးအပွင့်​​တွေကို ယ​နေ့ကျ​နော်​တို့ဆွတ်​ခူး
နေတယ်​။သူသာ ကာချုပ်​နဲ့ကပ်​ဘိနပ်​ရဲ့ လမ်းညွှန်​ချက်
တွေကိုလိုက်​နာခဲ့ရင်​ကျုပ်​တို့အခုကြုံ​တွေ့​နေရတဲ့အန္တ
ရယ်​​တွေကိုရင်​ဆိုင်​ရမှာမဟုတ်​ဘူး.....ဆိုတာပါပဲ။

ဒါ​ကြောင့်​မောင့်ဘက်​တန်​နဲ့စမစ်​တို့သ​ဘောထားဟာ
ညှိလို့မရ​အောင်​ကွဲခဲ့ကြပြီဆိုတာ​ပေါ်လွင်​​နေပါတယ်​။
တိုက်​တိုက်​ဆိုင်​ဆိုင်​ ၁၉၄၆ မတ်​လထဲမှာ Lawrence
ပြည်​ပကို ​ရောက်​​နေခိုက်​ အက်​တလီ က ဗမာပြည်​ကိစ္စ
တွေကို​ခေတ္တတာဝန်​ယူလိုက်​တဲ့အခါ ရှုပ်​​ထွေး​နေတာကို
သိလိုက်​ရတယ်​။အက်​တလီမှတ်​တမ်းမှာ
...ကျွနု​ပ်​တာဝန်​ယူလိုက်​သည်​နှင့်တစ်​ပြိုင်​နက်​ ​လောရင်စ့်
၏ စာရွက်​စာတမ်းများကိုဖတ်​လိုက်​သည့်အခါတွင်
ကျွနု​ပ်​တို့၏မူဝါဒကို​ပြောင်းဖို့လို​ကြောင်းသိလာ​တော့သည်​.........ဆိုပြီး​ရေးသားထားတယ်​။

၁၉၄၆ ဇွန်​လ ၁၄ရက်​​နေ့မှာ စမစ်​၀မ်းကိုက်​​ရောဂါ​ကြောင့်
အင်္ဂလန်​ကို​ခေတ္တပြန်​စဉ်​ အက်တလီက အခွင့်​ကောင်းယူ
ပြီး​မောင့်ဘက်​တန်​ဘက်​​တော်​သား ဆာဟူးဘတ်​ရန်​စ့်
(Sir Hubert Rance)ကို ​ဒေါ်မန်​စမစ်​​နေရာပို့လိုက်
တော့တာပါပဲ။

မောင့်ဘက်​တန်​က
......​ဒေါ်မန်​စမစ်​၀ါဒဟာ အင်​မတန်​အ​မြော်​အမြင်​ကင်းတဲ့
ဝါဒဖြစ်​တယ်​။ဗမာနိုင်​ငံအတွက်​အဆိုးဆုံးလုပ်​ရပ်​တစ်​ခု
လည်းဖြစ်​တယ်​။သူ​နေမ​ကောင်းပါလို့အ​ကြောင်းပြပြီး
ပြန်​​ခေါ်ခံရခြင်းဟာ အလုပ်​ထုတ်​ခံရတာထက်​ သက်​သာ
တယ်​ဆိုတာထင်​ရှားတယ်​။ဒါ​ကြောင့် မင်း သူ့ဝါဒကို
ပြုပြင်​ဖာ​ထေးပြီးအသုံးချရင်​ မင်းပါ ​ရေတိမ်​နစ်​သွားလိမ့်
မယ်​။မင်းအ​နေနဲ့ သူ့ဝါဒကို အတိအလင်းပယ်​ဖျက်​ပစ်ဖို့
လိုတယ်​။......လို့ သူ့လူ ရန်​စ့်ကို ​ပြောခဲ့တယ်​။
(​မောင့်ဘတ်​တန်​-စာမျက်​နှာ ၃၂၃)

အဲလိုနဲ့ ၁၄.၆.၁၉၄၆ ​ဒေါ်မန်​စမစ်​ပြည်​​တော်​ပြန်​တယ်​။
မြန်​မာနိုင်​ငံမှာ စစ်​ဘက်​အုပ်​ချုပ်​​ရေးမှူးအဖြစ်​​ဆောင်
ရွက်​ခဲ့ဖူး အထက်​​ဖော်​ပြပါ ဆာဟူး ဘတ်​ရန်​စ့် ကို
မောင့်ဘက်​တန်​ ရဲ့ ​ထောက်​ခံချက်​နဲ့ အက်​တလီက
ဘုရင်​ခံခန့်​တယ်​။ရန်​စ့် မ​ရောက်​ခင်​ အာသံဘုရင်​ခံ
Sir Henry Nide က ​ခေတ္တဘုရင်​ခံအဖြစ်​ ​ဆောင်​ရွက်
သွားပါ​သေးတယ်​။

အဲဒီနှစ်​ စက်​တင်​ဘာမှာပြည်​လုံးကျွတ်​အ​ထွေ​ထွေသပိတ်
ကြီး​မှောက်​ဖို့လှုံ​ဆော်​ညွှန်​ကြားလိုက်​တဲ့အခါသခင်​​အောင်
ဆန်းpower နဲ့လူထုဟာချက်​ခြင်းတုံ့ပြန်​​တော့တယ်​။
သစ်​စက်​လုပ်​သား၊သ​ဘောင်္ကျင်းလုပ်​သား၊စာတိုက်​လုပ်​သား
အစိုးရအမှုထမ်း​တွေနဲ့ပုလိပ်​​တွေသက်​အစအကုန်​သပိတ်
မှောက်​လိုက်​ကြပါ​တော့တယ်​။ဈေးဆိုင်​​တွေလည်းပိတ်
ကျောင်းသား​တွေလည်းစာသင်​ခန်းကိုစွန့်​ခွာကြတဲ့အခါ
၂၇.၉.၁၉၄၆ရက်​​နေ့မှာ ဘုရင်​ခံဟာ ဖဆပလကို အမှု
ဆောင်​​ကောင်​စီမှာထည့်ရပါ​တော့တယ်​။

ဒါ​ကြောင့် ရန်​စ့် ဟာ ​ပေါက်​ကွက်​ထွက်​လုဆဲဆဲ သပိတ်​ကြီး
အ​ခြေ​နေထဲမှာဘုရင်​ခံတက်​လုပ်​ခဲ့ရတာဖြစ်​ပါတယ်​။နိုက်​ဆီက ဘုရင်​ခံရာထူးလက်​ခံရယူပြီးတာနဲ့ရန်​စ့်​ဟာ
သခင်​​အောင်​ဆန်းနဲ့​တွေ့တယ်​။အဲအချိန်​သခင်​​အောင်​ဆန်း
ဖျားနာ​နေလို့သခင်​​အောင်​ဆန်း​နေထိုင်​ရာ တာဝါလိန်း
လမ်းအထိသွား​တွေ့ခဲ့တယ်​။အဲဒီ​ခေတ်​ကာအသက်​၃၁
နှစ်​အရွယ်​ သခင်​​အောင်​ဆန်းပါဝါဟာ တစ်​ပြည်​လုံး
မှာအံတုဖက်​ပြိုင်​နိုင်​တဲ့သူဆိုတာမရှိ​သေးသလို ဒါဟာ
မြန်​မာ့သမိုင်းရဲ့ ​မော်​ကွန်းသစ်​အဖြစ်​ပထမဆုံးအကြိမ်
ပေါ်ထွက်​လာတဲ့ လူထုအ​ခြေပြု ​ခေါင်း​ဆောင်​စစ်​စစ်​ဖြစ်
ခဲ့ပါတယ်​။အ​နော်​ရထာကို​သောက်​မွှန်းတင်​​နေတဲ့မြန်​မာ
တွေဟာ စိတ်​ကူးယဉ်​စရာအ​နော်​ရထာလုပ်​ရပ်​ကို​တော့
ဘာမှသိကြတာမဟုတ်​သလို​လေဖမ်း ဒန်းစီး​တမ်းတ​နေကြ
တာဖြစ်​​ပြီး လက်​ရှိသခင်​​အောင်​ဆန်းက လက်​​တွေ့လုပ်​ပြ
နေတာဖြစ်​ပါတယ်​။

ဒီမှာ​မေးစရာတစ်​ခုရှိပါတယ်​။ဘာ​ကြောင့်​မောင့်ဘက်​တန်
က မြန်​မာ့ဆူပူမှုကိုစိုးရိမ်​​နေတာလဲ?။မြန်​မာ့မျိုးချစ်​စိတ်
ကို​ကြောက်​လို့လား၊ဒါမှမဟုတ်​ ဗမာ့ဓားထက်​လို့လား?။
သောက်​​ပေါဘာတစ်​ခုမှမဟုတ်​ဘူး။းစစ်​ကြီးပြီး​တော့
အင်္ဂလန်​ဟာ အ​မေရိကန်​အ​ပေါ်အ​ကြွေးများစွာတင်သွား
ပြီဖြစ်​သလို လန်​ဒန်​မြို့​ပေါ်မှာ အနိမ့်စားအရက်​​တွေက
အစ ​ပေါင်​မုန့်​တစ်​လုံးကအစ မတန်​တဆ​ပေးဝယ်​ရတဲ့
အထိ ကြပ်​တည်းသွားပါပြီ။ချာချီဘယ်​​လောက်​ပဲတင်း
ခံ​နေ​စေကာမူ အသစ်​တက်​လာတဲ့ ​လေဘာ​ခေါင်း​ဆောင်
မစ္စတာအက်​တလီ က အင်္ဂလန်​အ​နေနဲ့ ဒီဒဏ်​ကလွတ်
ဖို့ဆိုရင်​ အင်​ပါယာနိုင်​ငံ​တော်​ကိုဖြို ချမှသာရ​တော့မယ်
လို့အရှိအတိုင်းမြင်​ခဲ့တယ်​။ဒါ​ကြောင့်စစ်​အပြီးမှာ အာရှ
တိုက်​အတွက်​ ​လောဒ်​လူဝီ​မောင့်ဘက်​တန်​ကို အထူးတာဝန်
ပေးပြီး အာရှ​ရေးရာကိုင်​တွယ်​ဖို့၊တတ်​နိုင်​သမျှအ​လျှော့​ပေး
ဆက်​ဆံဖို့ ညွှန်​ကြားကာ​စေလွှတ်​ခဲ့တာပါ။ဒါ​ကြောင့်
မောင့်ဘက်​တန်​ဟာ တတ်​နီုင်​သမျှအင်​ပါယာကိုဇတ်​သိမ်း
ပေးရဖို့တာဝန်​ဖြစ်​လာတယ်​။သူ့ဋ္ဌာနချုပ်​ကို ကန္နီမြို့က
နေ စကာင်္ပူကို ​ပြောင်း​ရွှေ့ ကာထိုင်​တယ်​။အကယ်​၍
သက်​ဆိုင်​နိုင်​ငံ​တွေမှာဆူပူမှု​တွေဖြစ်​လာရင်​ပဲဖြစ်​ဖြစ်
မြန်​မာနိုင်​ငံမှာ လူထုအုံကြွမှုပဲဖြစ်​ဖြစ်​ ဖြစ်​လာခဲ့ရင်
စစ်​တပ်​ပို့​ပေးနိုင်​မှာမဟုတ်​​ကြောင်းပြတ်​ပြတ်​သားသာ​ပြောဖူးတယ်
။ဘာလို့ဆို​တော့စစ်​ပြီး​တော့အာရှတိုက်​ကြီး​ပေါ်
မှာ အမျိုးသားလွတ်​​မြောက်​​ရေးကြိုးပမ်းမှု​တွေမှိုလို
ပေါက်​လာတယ်​။နိုင်​ငံအသီးသီးမှာအင်္ဂလိပ်​အစိုးရကို
အံတု​နေကြပြီဖြစ်​သလိုတစ်​ချို့နိုင်​ငံ​တွေမှာ​တော့စိန်​​ခေါ်
မှုအသစ်​​တွေနဲ့ရင်​ဆိုင်​​နေရတယ်​။ဗီယက်​နမ်​၊​လော၊
က​မ္ဘောဒီယားတို့မှာ ပြင်​သစ်​ဆန့်​ကျင်​​ရေး​တွေဖြစ်​​ပေါ်
လားလိုအင်​ဒို​နေးရှားဟာ ဒခ်ျ​ဆန့်​ကျင်​​ရေး။ဖိလစ်​ပင်းန်​စ်
မှာ အ​မေရိကန်​ဆန့်​ကျင်​ရေး​တွေဖြစ်​​ပေါ်​နေပြီး အိန္ဒိယ
မြန်​မာ မ​လေးရှားတို့မှာအင်္ဂလိပ်​ဆန့်​ကျင်​​ရေးအင်​အားစု
တွေကြီးကြီးမားမားအား​ကောင်း​ကောင်းနဲ့ဆန့်​ကျင်​​နေကြ
ပြီဖြစ်​ပါတယ်​။တရုတ်​ပြည်​မှာလည်းချန်​​ကေရှိတ်​ဆန့်
ကျင်​​ရေးတိုက်​ပွဲ​တွေဆင်​နွှဲ့​နေကြပြီဖြစ်​ပါတယ်​။

ဒါ​ကြောင့်အဖက်​ဖက်​ကဆူပူလာရင်​ အင်​ပါယာအ​နေနဲ့
အရင်​လို စစ်​တပ်​ပို့ပြီးနှိမ်​နှင်းဖို့မဖြစ်​နိုင်​​တော့တာ​ကြောင့်
အင်​ပါယာကိုအ​ကောင်းဆုံဇတ်​သိမ်းပြီး ဗြိတိန်​ရဲ့ 
အထွက်​သိက္ခာအတွက်​ အဖတ်​ဆည်​ဖို့​မောင့်ဘက်​တန်​ကို
တာဝန်​ပေးလိုက်​တာဖြစ်​ပါတယ်​။ဒီလိုပါးနပ်​လို့လည်း
ကမ္ဘာ့ အင်​ပါယာ​တွေထဲမှာ နန်းကျသွားခဲ့ရ​ပေမယ့်
ယ​နေ့တိုင်​ အေ​ခြမပျက်​ ဆက်​လက်​ရပ်​တည်​​နေနိုင်​ခဲ့
တာပဲဖြစ်​ပါတယ်​။

ဆက်​ပါဦးမည်​။


https://www.facebook.com/100033966230641/posts/147859316356275/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်ရှမ်းပြည်​.....၃၃”

Post a Comment

Related Posts Plugin for WordPress, Blogger...