Wednesday, June 12, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်.. ..၃၂

,
ဒုတိယကမ္ဘာစစ်​ပြီး​တော့မြန်​မာနိုင်​ငံ​ရေးဇတ်​ခုံ​ပေါ်မှာ
သခင်​​အောင်​ဆန်းဦး​ဆောင်​တဲ့ ဖဆပလ တစ်​ဖွဲ့သာ
အင်​နဲ့အားနဲ့ကျန်​ပါတယ်​။၉၁ဋ္ဌာနအုပ်​ချုပ်​​ရေးတုန်းက
ပေါ်ခဲ့တဲ့ ယ​နေ့​ခေတ်​လို ​သောက်​​ပေါခါ​တော်​မီနိုင်​ငံ​ရေး
အသင်းအဖွဲ့​ဟောင်း​တွေအလိုလို​ပျောက်​ကုန်​ကြတယ်​။
ဘုရင်​ခံဆာ​ဒေါ်မန်​စမစ်​က ပထမသခင်​​အောင်​ဆန်းနဲ့
အဆင်​​ပြေ​တယ်​။နောက်​​တော့အဲဒီ​ခေတ်​က မြန်​မာနိုင်​ငံ
ရေးသမားရဲ့ အကြမ်းနည်းနဲ့တုံ့ပြန်​မှုအ​ပေါ်စိတ်​ကုန်
လာပုံရတယ်​။ဒါ​ကြောင့်သူ့cabinet မှာ သူ့အ​ပေါ်သစ္စာ
ရှိတဲ့မြန်​မာနိုင်​ငံ​ရေးသမား​တွေကို​ရွှေးချယ်​ခန့်​အပ်​လာ
ပါတယ်​။ဦးဘအုန်း၊ဦး​အေး၊ဦးပု၊မန်းဘခင်​နဲ့ဦးလွန်းတို့
က မျိုးချစ်​ပါတီဝင်​​တွေဖြစ်​တယ်​။ဆာ​ဒေါ်မန်​စမစ်​ဟာ
ဖဆပလ ကမဟုတ်​တဲ့ တို့ဗမာအစည်းအရုံးဝင်​​တွေ၊
ဆင်းရဲသားပါတီ၊မျိုးချစ်​ပါတီ၊ကုန်​သည်​ပွဲစား​တွေနဲ့
လူမျိုးစုကိုယ်​စားလှယ်​​တွေ​ပေါင်းပြီးဥပ​ဒေပြု ​ကောင်​စီ
ကိုဖွဲ့တယ်​။အဲဒီ​ကောင်​စီမှာ ​ခေတ်​​ဟောင်းက ၇အို၈​ဆွေး
ဦးချစ်​လှိုင်​တို့ကဥက္ကဋ္ဌဖြစ်​လာတယ်​။

တကယ်​​တော့ အဲဒီ​ခေတ်​က မြန်​မာ့တပ်​မ​တော်​နဲ့
ပြည်​သူ့ရဲ​ဘော်​တို့ရဲ့ အချိုးနဲ့လုပ်​ရပ်​​တွေအ​ပေါ် ဘုရင်
ခံက အမြင်​ကပ်​လာတာအမှန်​ပါပဲ။ပြည်​သူ့ရဲ​ဘော်​ဟာ
ဖဆပလ ရဲ့ ခါးပိုက်​​ဆောင်​တပ်​ဖြစ်​တယ်​လို့ဘုရင်​ခံစမစ်
ကဆိုတယ်​။ဒါလည်းအမှန်​ပါ။ဦး​ဖေခင်​အဆိုအရ သခင်
အောင်​ဆန်းကိုယ်​တိုင်​ ပြည်​သူ့ရဲ​ဘော်​ကိုမဖွဲထားလည်း
မရ၊ဖွဲ့လည်းပြသနာ​ပေါ်မယ်​ဆိုတာကိုသိသိကြီးနဲ့
အ​ခြေ​နေအရဖွဲ့စည်းခဲ့ရ​ကြောင်းသိရတယ်​။

ဆာ​ဒေါ်မန်​စမစ်​ဟာ တစ်​ချိန်​ကသခင်​​အောင်​ဆန်းကို
လေးစားခဲ့သူပါ။အိန္ဒိယနဲ့မြန်​မာနိုင်​ငံဆိုင်​ရာဝန်​ကြီး
(Secretary of the India and Burma )ဖြစ်​သူ
MR.Amery ကို​ပေးပို့တဲ့သူ့အစီရင်​ခံစာမှာ
.....​အောင်​ဆန်းသည်​ မြန်​မာပြည်​တွင်​အလွန်​အ​ရေးပါ
အရာ​ရောက်​သူဖြစ်​သည်​။လူတိုင်းက ၎င်းအားယုံကြည်
လေးစားကြသည်​။၎င်း၏တပ်​သားများကလည်းအလွန်
ကြည်​ညို​လေးစားပြီး၎င်း၏အမိန့်​ကိုတစ်​သ​ဝေမတိမ်း
လိုက်​နာကြသည်​။၎င်းသည်​ ဘာမှမက်​​မောသူမဟုတ်​​ပေ...
လို့​ရေးသားထားတယ်​။(ဖိလစ်​​ဇေဂလာ-​မောင့်ဘက်​တန်
စာမျက်​နှာ၃၁၉)

တကယ်​​တော့ ဆာ​ဒေါ်မန်​စမစ်​  ဂျပန်မြန်​မာကိုဝင်​တဲ့
အချိန်​အိန္ဒိယကို​မေမြို့ကတစ်​ဆင့်ဆုတ်​တဲ့အချိန်​ မြန်​မာ
တွေထဲက ပညာတတ်​ကြီး​တွေဖြစ်​တဲ့ ဆာ​ပေါ်ထွန်း၊ဆာ
ထွန်း​အောင်​​ကျော်​တို့ပါလိုက်​ပါသွားခဲ့ကြတာပါ။ဗြိတိသျှကို
ဘာ​ကြောင့်မုန်းတယ်​ ဘာ​ကြောင့်ချစ်​ကြတာလဲလို့
အ​သေးစိပ်​​လေ့လာရင်​တစ်​ဦးချင်းစီရဲ့ စိတ်​သ​ဘောထား
တွေကိုပါသိလာရလိမ့်မယ်​။ဒီမှာသိလာရတာက တစ်​ပြိုင်
နက်​တည်း ဗြိတိသျှ​ဘောကိုမြန်​မာတစ်​ချို့ကလျက်​​နေပြီ
မြန်​မာတစ်​ချို့ကဗြိတိသျှလည်​ပင်းလှီးချင်​​နေတာ
ပေါ်လွင်​ထင်​ရှား​နေတယ်​။အရင်းစစ်​ရင်​အာဏာပါပဲ။

မောင့်ဘက်​တန်​က စစ်​သ​ဘောတရားအတိုင်းမြန်​မာစစ်​တပ်​ကို မျိုးချစ်​စိတ်​ရှိသူ​တွေနဲ့ဖွဲ့ထားတဲ့တပ်​လို့​ယေဘုယျ
ယူဆပြီး ဆာ​ဒေါ်မန်​စမစ်​က ဗမာ့အမျိုးသားတပ်​(BNA)
ဟာ စည်းမဲ့ကမ်းမဲ့လူရမ်းကားများနဲ့သစ္စာမဲ့သူများဖြင့်
ဖွဲ့စည်းထား​သောတပ်​ ဆိုပြီး ယူဆထားတာပါပဲ။တကယ်
တော့မြန်​မာ့ဗီဇကို ​မောင့်ဘက်​တန်​ထက်​ ဆာ​ဒေါ်မန်​စမစ်
ကပိုသိတယ်​။မောင့်ဘက်​တန်​က စစ်​ရဲ့ အဆုံးပိုင်း
ဗြိတိန်​အင်​ပါယာကို အလှပဆုံးဇတ်​သိမ်း​ပေးဖို့အင်္ဂလန်
က တိုက်​ရိုက်​တာဝန်​​ပေးခံရသူဖြစ်​လို့ အာရှစစ်​ဦးစီး
ချုပ်​အဖြစ်​ အိန္ဒိယနဲ့မြန်​မာနိုင်​ငံ​ရေးကိုကိုင်​တွယ်​ခဲ့သူ
ဖြစ်​ပါတယ်​။ဆာ​ဒေါ်မန်​စမစ်​က​တော့မြန်​မာပြည်​ကိစစ်
မဖြစ်​ခင်​က​ရော စစ်​ဖြစ်​ပြီးမှာပါ​နေထိုင်​ဘုရင်​ခံလုပ်​ခဲ့
သူဖြစ်​ပါတယ်​။

တကယ်​​တော့ သခင်​​အောင်​ဆန်းကို ​ဆာ​ဒေါ်မန်​စမစ်
တင်​မဟုတ်​ဘူး။အ​ရှေ့ ​တောင်​အာရှစစ်​​သေနာပတိချုပ်
ဗိုလ်​ချုပ်​ကြီး ဆာဝီလီယံစလင်း ကိုယ်​တိုင်​​တောင်
ချီးကျူးစကား​ပြောခဲ့ဖူးတယ်​။၁၉၄၅ ​မေလ၁၆ရက်​​နေ့
မောင့်ဘက်​တန်​ရဲ့ အမိန့်​နဲ့ ဆာစလင်းဟာ မိတ္ထီလာမှာ
သခင်​​အောင်​ဆန်းနဲ့​တွေ့တယ်​။မြင်​မြင်​ချင်းသခင်​​အောင်
ဆန်းလိုလူ​ကောင်​​သေး​သေး​လေးကို အထင်​ကြီးခဲ့မိ​ကြောင်း
အမှန်​တကယ်​မျိုးချစ်​စိတ်​ရှိသူဖြစ်​​ကြောင်းခံစားမိတယ်
လို့ဆိုတယ်​။.....​အောင်​ဆန်းကို​ကောင်း​ကောင်းမွန်​မွန်
ဆက်​ဆံရင်​ သူဟာ ဗမာ ဗိုလ်​ချုပ်​စမတ်​ ဖြစ်​လာလိမ့်
မယ်​.....လို့ ဆာစလင်းကဆိုခဲ့တယ်​။
(မှတ်​ချက်​။ဗိုလ်​ချုပ်​စမတ်​ဆိုတာ (General Smuts)
တောင်​အာဖရိက က Afrikaner မျက်​နှာဖြူ  လူမျိုး
နိုင်​ငံ​ရေး​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​ပါတယ်​။၁၉၁၉
က​နေ ၁၉၂၄အထိ၊၁၉၃၈ က​နေ ၁၉၄၈အထိစုစု​ပေါင်း
၂ကြိမ်​တိတိအာဖရိက၀န်​ကြီးချုပ်​လုပ်​ခဲ့သူဖြစ်​ပါတယ်​။)

အဲ​တော့ ပထမသခင်​​အောင်​ဆန်းကို​လေးစားခဲ့​ပေမယ့်
အခု​တော့ဆာ​ဒေါ်မန်​စမစ်​ဟာ ဖဆပလကိုချဉ်​လာပုံ
ရတယ်​။ပထမပင်​လုံဖိတ်​စာနဲ့တစ်​ပြိုင်​နက်​တည်းမှာပဲ
၂၃.၂.၁၉၄၆ မြန်​မာ့အလင်းသတင်းစာမှာ
.....ဗိုလ်​ချုပ်​​အောင်​ဆန်းရခိုင်​ပြည်​သို့သွား​ရောက်​မည်​....
ဆိုတဲ့သတင်းပါလာတယ်​။
ရှမ်းပြည်​​တောင်​ပိုင်းအ​ရေးပိုင်​က ရန်​ကုန်​မြို့နယ်​ခြား
ဒေသညွှန်​ကြား​ရေးဝန်​ထံ​ပေးပို့တဲ့စာမှာ
....ရှမ်းပြည်​ကိုယ်​စားလှယ်​များ၏ဖိတ်​ကြားချက်​အရ
သခင်​နုနှင့်ဦးဘဂျမ်းတို့သည်​ ရှမ်းပြည်​သို့အလည်​လာ
မည်​ဟုတိကျစွာ ​ဖော်​ပြထားသည်​။ပြည်​သူ့ဆက်​ဆံ​ရေး
ဋ္ဌာနမှတစ်​ဆင့်ယင်းသတင်းကိုငြင်းချက်​ထုတ်​ရန်​နှင့်
Major General Aung San အား ပင်​လုံသို့လာ
ရောက်​ရန်​ ရှမ်းနယ်​ရှင်​များ​ကောင်​စီက၁၉၄၆ မတ်​လ
၅ရက်​​နေ့ကဖိတ်​ကြားခဲ့​ကြောင်းညွှန်​ပြရန်​ ရှမ်းပြည်​အမြဲ
တမ်း​ကော်​မတီက ကျွန်ုပ်​အား​မေတ္တာရပ်​ခံလာသည်​။
ဤအခမ်းအနားအတွက်​သခင်နုနှင့်ဦးဘဂျမ်းတို့သည်
မေဂျာဂျန်​နရယ်​​အောင်​ဆန်းအားကိုယ်​စားပြုမပြု မသိ
ရ​သော်​လည်း၎င်းတို့အ​နေနှင့်ဖိတ်​စာမရသည်​မှာမူ
သေချာရှင်းလင်း​ပေးသည်​။......
(S.S.S.Resident's No.216-A 84 Dated by 7.3.1946)

တကယ်​​တော့သခင်​​အောင်​ဆန်းရခိုင်​သွားတာ ​မော်​​တော်
ကားနဲ့ ၁၉၄၆မတ်​လ၄ရက်​​နေ့။ဖိတ်​စာပို့တာ ၅ရက်​​နေ့။
ဒါတမင်​လုပ်​တာလို့ဆိုကြတယ်​။အဲဒီ​ခေတ်​ကသခင်​​အောင်
ဆန်းခရီးစဉ်​ဆိုတာသတင်းစာ​တွေမှာပြူးပြဲ​နေ​အောင်
ပါတာမို့မသိစရာအ​ကြောင်းမရှိဘူးလို့ဆိုကြတယ်​။အဲဒီ
အချိန်​မြန်​မာနိုင်​ငံ​ရေးဟာလည်းပွက်​ပွက်​ဆူ​နေပြီ။
စစ်​ပြီး​တော့လွတ်​လပ်​​​ရေးနဲ့နီးလာ​လေမြန်​မာနိုင်​ငံ​ရေး
သမား​တွေဗြိတိသျှကို​ဖိအား​ပေး​လေ လုပ်​လာ​နေကြချိန်
ဖြစ်​ပါတယ်​။မြန်​မာနိုင်​ငံ​ရေးသမား​တွေက ရှမ်းလူငယ်
တွေကိုပ​ဒေသရာဇ်​ရှမ်း​စော်​ဘွား​တွေဟာလူထုကိုကိုယ်​စား
မပြု​ကြောင်း​မြောက်​ထိုးပင့်​​ကော်​လုပ်​​ပေးကြတယ်​။
တကယ်​ကမြန်​မာနိုင်​ငံ​ရေးသမားကိုယ်​တိုင်​သူတို့
ပ​ဒေသရာဇ်​ကို​သောက်​မွှန်းတင်​ပြီး ဗမာလက်​ထဲအာဏာ
ရဖို့ရည်​စူးထားပြီးသားဖြစ်​တယ်​။ရှမ်း​စော်​ဘွား​တွေက
လည်း ​ခေတ်​သစ်​နဲ့ရုတ်​တရက်​ကြုံကြိုက်​လာ​တော့
သူတို့အာဏာပြုတ်​မှာစိုးလာတယ်​။ရှမ်းလူငယ်​​တွေကို
မြန်​မာနိုင်​ငံ​ရေးသမားက​မြောက်​​ပေးလို့ရှမ်း​စော်​ဘွား
တွေရဲ့အာဏာထိုင်​ခုံဟာလှုပ်​လာတဲ့အခါ သူတို့လည်း
စိုးရိမ်​မှာသဘာဝပါ။အကယ်​၍ ရှမ်း​စော်​ဘွား​နေရာ
အ​နော်​ရထာလိုဖက်​ဆစ်​ကြီး​ရောက်​​နေရင်​လည်း ဒီလိုပဲ
စိုးရိမ်​မှာပါပဲ။သူတစ်​ပါးကိုကျ​တော့ပ​ဒေသရာဇ်၊
ကိုယ်​အမျိုးသားဖက်​ဆစ်​​တွေကိုကျ​တော့ သာသနာပြု
မင်းဆိုပြီး လက်​ခံဝံ့တဲ့မြန်​မာအမျိုးသားတို့ရဲ့ ​အောက်​တန်း
စားစိတ်​ဓာတ်​က​တော့လက်​ဖျားခါရ​လောက်​တယ်​။
သေချာတာက​တော့ ရှမ်း​စော်​ဘွား​တွေဟာ မြန်​မာအမျိုး
သားအ​နော်​ရထာ၊ဘုရင့်​နောင်​၊အ​လောင်းဘုရားတို့လို
ဖက်​ဆစ်​​တွေ​လောက်​ ဒုစရိုက်​မှု​တွေကျူးလွန်​ထားတဲ့
သမိုင်းမရှိဘူး။အဲ​တော့နိုင်​ငံ​ရေးအ​ခြေ​နေကရှုပ်​​နေပြီ။

နောက်​ဆုံးပင်​လုံတက်​ဖို့သခင်​နုတို့အုပ်​စုကိုဖဆပလက
ရွေးချယ်​ပြီးလွှတ်​တယ်​။သခင်​နု၊ဦးဘဂျမ်း၊မန်းဘခိုင်​၊
တို့၃ဦး​ခေါင်း​ဆောင်​ပြီး ​နောက်​လိုက်​အချို့နဲ့ရန်​ကုန်
က အလောသုံးဆယ်​၀ယ်​ခဲ့တဲ့ ​ဒေါ့်ဂျစ်​ကားနဲ့​တောင်​ကြီး
ကိုတက်​လာတယ်​။တောင်​ကြီး​ရောက်​​တော့ ​စော်​ဘွားလမ်း
(အခု စ၀်​စံထွန်းလမ်း)ဦးသာဒွန်းညို​ ​နေအိမ်​မှာတည်း
တယ်​။လွတ်​လပ်​​ရေးအဓိက ပ​ဒေသရာဇ်​ဆန့်​ကျင်​​ရေး
ကဒုတိယလို့​ ဖဆပလ က သူတို့ကိုညွှန်​ကြားထားတယ်​။
သူတို့ပင်​လုံမတက်​ခင်​ လွိုင်​​ကော်​ကိုတက်​ဖို့အ​ခြေ​နေ
ပေါ်လာတယ်​။ဒီအ​ကြောင်း​ရှေ့ပိုစ့်မှာတင်​ပြခဲ့ပြီးပြီဖြစ်
ပေမယ့် ဒီမှာတစ်​ခုကိုထုတ်​ပြချင်​လို့ထပ်​ယူလာတာဖြစ်​ပါ
တယ်​။မန်းဘခိုင်​က လွိုင်​​ကော်​ကိုသွားချင်​​နေပြီး သခင်​နု
ကအင်​တင်​တင်​လုပ်​​နေတယ်​။
....လွို င်​​ကော်​ကို သွားရင်​သီ​ပေါကိုဖြတ်​ရလား.....ဆိုပြီး
ဘုရားဒကာ​သောက်​ကျိုးနဲကြီးဦးနု ​ကောက်​ခါငင်​ခါ
ထ​မေးပါတယ်​။စဉ်းစားတာ​ကြည့်​တော့​ပေါ့။ဖဆပလ
ခေါင်း​ဆောင်​တစ်​ဦးဖြစ်​ပြီး ရှမ်းပြည်​အ​ကြောင်း​မ​ပြောနဲ့
ရှမ်းပြည်​​တောင်​နှံ့စပ်​​အောင်​​မ​ရောက်​ဖူးသူက တိုင်းရင်း
သားအားလုံးတစ်​စည်းတစ်​လုံးတည်းလို့​ပြောခဲ့တာပါ။
မြန်​မာနိုင်​ငံ​ရေးသမားမှာရှမ်းပြည်​နဲ့ပက်​သက်​တဲ့အ​ထွေ
ထွေဗဟုသုတ ဘယ်​​လောက်​​ခေါင်းပါး​နေမလဲဆိုတာ
ကိုယ့်ဘာသာကိုယ့်​အသိဥာဏ်​နဲ့ကိုယ်​စဉ်းစားကြပါ​တော့။
ဒီလိုလူကလွိုင်​​ကော်​​ရောက်​​တော့ကြီးကြီးကျယ်​ကျယ်
တွေ​ပြော​သေးတာပါ။အဲတုန်းက ကယားနယ်​ရဲ့ 
အ​ခြေ​နေဟာ ဘာမှမရှိ​သေးဘူး။၄၅၁၉စတုရန်းမိုင်​သာ
ရှိတဲ့အတွက်​ Upper Burma Gazetter မှာပါတဲ့
သီ​ပေါနယ်​အကျယ်​အ၀န်းထက်​​တောင်​ နည်းနည်းငယ်
နေ​သေးတယ်​။အဲတုန်းက ကယားဆိုတဲ့အ​ခေါ်အ​ဝေါ်
မ​ပေါ်​သေးဘူး။ကရင်​နီဆိုတဲ့အသုံးပဲသုံးတယ်​။
မှတ်​တမ်းအရ ကယားဆိုတာ
It was only on the 5th of October 1951 that
the new name "Kayah" was adopted.လို့ဆိုထား
တယ်​။သီ​ပေါက ၄၅၁၉စတုရန်းမိုင်​ကျယ်​တယ်​။အဲဒီ
ခေတ်​က ဗြိတိသျှမှတ်​တမ်းအရ ​စောဖျားနယ်​အလိုက်
လူဦး​ရေဟာ ၁။ကန္တာရ၀တီ ၃၀၆၇၇ ၂။ကြယ်​ဘိုးကြီး
၁၄၂၈၂ ၃။ဘောလခဲ ၁၃၈၀၂ စုစု​ပေါင်း၅၈၇၆၂
၆​သောင်းခန့်​သာလူဦး​ရေရှိပြီးသီ​ပေါက ၇၃၉၄၁ ​ယောက်
အဲဒီအချိန်​ကရှိ​နေပါတယ်​။ဒီစရင်းဇယား​တွေအားလုံး
ကို ဘယ်​မြန်​မာအမျိုးသားတစ်​​ယောက်​မှပြုစုထားတာ
မဟုတ်​ဘူး။အင်္ဂလိပ်​ကိုလိုနီစနစ်​နဲ့အရာရှိ​တွေကပြု စု
ထားခဲ့ကြတာ။ဒီလိုလူ​တွေက သမိုင်းတစ်​​လျှောက်​တိုင်း
ရင်းသားအားလုံးချစ်​ကြည်​တယ်​လာ​ပြောရင်​ ၀ါး ဟား ဟား
ပေါ့။(31.1.1932 Shan State Maunal)
(ကရင်​နီသမိုင်းသီးသန့်​​ရေးမှာအ​သေးစိပ်​ဖတ်​ပါ)

စစ်​ပြီး​ခေတ်​မှာလူဦး​ရေ၁သိန်း​ကျော်​ရှိလာတယ်​။
အဲလိုနဲ့သခင်​နုတို့အုပ်​စုဟာ ပင်​လုံဖိတ်​စာကို​စောင့်ရင်းနဲ့
လွိုင်​​ကော်​ကိုတက်​ကြတယ်​။သူတို့​ရောက်​ချိန်​ လွိုင်​​ကော်
တစ်​မြို့လုံး စစ်​ဒဏ်​​ကြောင့်မီး​လောင်​ပြာကျ​နေတယ်​။
ကန်​ထရိုက်​တာ ဦးစိန်​(​နောင်​ ကယား ဦးစိန်​)ရဲ့ အိမ်​တစ်
အိမ်​ထဲကျန်​တာမို့အဲဒီမှာတည်းကြတယ်​။အပိုင်း၃၀မှာ
တင်​ပြခဲ့တဲ့ ကယား​ဟော​ပြောပွဲကို အဲဒီကယားဦးစိန်
ကပဲလူ၅၀၀ခန့်​စု​ပေးပြီး​ပေး​ဟောခိုင်းခဲ့တာဖြစ်​ပါတယ်​။
ကန်​ထရိုက်​တာ ဦးစိန်​ဟာ အဲဒီအချိန်​က​နေစပြီး နိုင်​ငံ​ရေး
လမိုင်းကပ်​သွားတာ ​နောင်​မှာ ကယားပြည်​နယ်​ဥက္ကဋ္ဌရဲ့ 
ပါလီမန်​အတွင်းဝန်​ဖြစ်​သွားခဲ့တယ်​။

အဲအချိန်​ကယားမှာ ၃ဖွဲ့ကွဲ​နေတယ်​။
၁။မြန်​မာပြည်​မနဲ့​ပေါင်းမယ့်အဖွဲ့
၂။ကရင်​နဲ့​ပေါင်းမယ့်အဖွဲ့။အိန္ဒိယက ကွန်​ကရက်​ပါတီ
ခေါင်း​ဆောင်​ တစ်​ဖြစ်​လဲ ပါကစ္စတန်​နိုင်​ငံရဲ့ ဖခင်​ကြီး
မိုဟာမက်​အလီဂျင်းနားရဲ့ မွစ်​စလင်​လိဂ်​ ကိုနမူနာယူပြီး
ကရင်​နစ္စတန်​ထူ​ထောင်​​ပေးဖို့အင်္ဂလိပ်​ကိုအပူကပ်​​နေတဲ့
အဖွဲ့။အမှန်​​တော့ကရင်​နစ္စတန်​လို့မြန်​မာသတင်းစာ​တွေ
က​လှောင်​​ပြောင်​​ခေါ်​ဝေါ်ခဲ့တာပါ။
ကရင်​ကလည်းသိပ်​​လောဘမကြီးပါဘူး။သူ့ပြည်​နယ်​ကို
တောင်​ငူခရိုင်​အပါအ၀င်​၊တနသာင်္ရီတိုင်း၊ဧရာဝတီတိုင်း၊
အင်းစိန်​ခရိုင်​၊ဟံသာဝတီပဲခူးခရိုင်​နဲ့​ညောင်​​လေးပင်​ခရိုင်
ခွဲတို့အပြင်​ ကရင်​နီပြည်​နယ်​ကိုပါထည့်သွင်းပြီး​ရေးဆွဲ
ထားတာပါ။အံ့သြစရာက ယိုးဒယားဘက်​မှာ​နေထိုင်​​နေတဲ့
ကရင်​များ​နေထိုင်​ရာ​ဒေသ​တွေကိုပါထည့်သွင်းထားပြန်
တာပါပဲ။(ပင်​လုံညီလာခံသမိုင်းအကျဉ်း-ပါတီဋ္ဌာနချုပ်
ထုတ်​)

ကရင်​နီနဲ့ကပ်​​နေတာကဆီဆိုင်​နယ်​လို့အခု​ခေါ်တဲ့သထုံနယ်
ဖြစ်​တယ်​။ဒီနယ်​ဟာ အင်္ဂလိပ်​​ရောက်​စဉ်​ကတည်းက
တောင်​သူ​ခေါ်တဲ့ပအိုဝ့်အုပ်​ချုပ်​မှု​အောက်​မှာရှိ​နေတာပါ။
အင်္ဂလိပ်​​ခေတ်​သန်း​ခေါင်​စရင်းမှာပအိုဝ့်ကို​တောင်​သူ
အဖြစ်​စရင်းသွင်း​ကြောင်းပိုစ့်​ရှေ့ ပိုင်းမှာတင်​ပြခဲ့တာ
မှတ်​မိကြမယ်​ထင်​ပါတယ်​။

၃။ဘယ်​သူနဲ့မှမ​ပေါင်းဘဲကိုယ့်ဘာသာကိုယ်​သီးခြား
နေမယ်​ဆိုတဲ့အဖွဲ့ဖြစ်​တယ်​။သူတို့က ကင်းဝန်​မင်းနဲ့
ဆာ​ဒေါက်​ဂလပ်​စ်​​ဖောဆစ်​တို့ချုပ်​ဆိုခဲ့တဲ့ လွတ်​လပ်
သော ကရင်​နီပြည်​နယ်​စာချုပ်​ကို​ထောက်​ပြကြတယ်​။
အဲဒီအ​ခြေ​နေမှာ သခင်​နုတို့လွိုင်​​ကော်​​ရောက်​ခဲ့ကြတာပါ။
ဘုရား ဒကာပီသစွာပဲ သူ့​ဟောတဲ့နိုင်​ငံ​ရေးတရားမှာ
ဘုရား​ဟောနိပါတ်​​တော်​​တွေကိုပါထည့်ညှပ်​​ဟောသွား
ခဲ့လို့ ပွဲကျကုန်​ကြတယ်​။ဒါအ​ကောင်းမဟုတ်​ဘူး။
ပ​ဒေသရာဇ်​​သောက်​ချိုးချိုးတာပဲ။လူထုကို ဘာသာ​ရေး
နဲ့စည်းရုံးမယ်​။ပြီးရင်​လူထုကိုပဲဖင်​ပြန်​ချတာ ကမ္ဘာမှာ
မြန်​မာအစိုးရအပြင်​အခြားပြစရာအစိုးရဆိုတာ​ခေတ်
အဆက်​ဆက်​ တစ်​သီးတစ်​တန်းကြီးဘယ်​နိုင်​ငံမှာမှမရှိ
ဘူး။အဲဒီ​နောက်​ လွိုင်​​ကော်​က​နေ ​တောင်​ကြီး၊​တောင်​ကြီး
က​နေ ပင်​လုံအဆင့်ဆင့်သွားကြတယ်​။၂၄.၃.၁၉၄၆ရက်
နေ့မှာ သခင်​​အောင်​ဆန်းရန်​ကုန်​ပြန်​​ရောက်​လို့အဲဒီ​နေ့
မှာ ပင်​လုံစည်း​ဝေးပွဲကျင်းပ​နေတာ ဟာ ၄ရက်​​တောင်
ရှိ​နေပြီဖြစ်​ပါတယ်​။တကယ်​​တော့ ပထမပင်​လုံမှာ
သခင်​နုတို့အုပ်​စု ဘာမှမည်​မည်​ရရမလုပ်​ရဘဲ လှည့်ပြန်
ခဲ့ရတာပါ။ပင်​လုံကိုကရင်​နီက ​လေ့လာသူအဖြစ်​တက်
တယ်​။အစည်းအ​ဝေးပြီး​တော့ ရှမ်း​တောင်​အ​ရေးပိုင်
Mr.Leachက ကရင်​နီကိုယ်​စားလှယ်​​တွေကို​တောင်​ကြီး
ဖိတ်​(၃၁.၃.၄၆)ပြီး၁၇.၄.၄၆မှာ စတင်​စည်း​ဝေးကြတယ်​။
သဘာပတိအဖြစ်​​ညောင်​​ရွှေစ၀်​​ရွှေသိုက်​၊အတွင်း​ရေးမှူး
အဖြစ်​မိုင်းပွန်​​စော်​ဘွားကြီးစ၀်​စံထွန်း​ဆောင်​ရွက်​ပြီးဘုရင်
ခံ​ရေးဆွဲတဲအ နယ်​ခြား​ဒေသအုပ်​ချုပ်​​ရေးစည်းမျဉ်းဥပ​ဒေ
ကိုတင်​ပြကြတယ်​။ကရင်​နီကိုယ်​စားလှယ်​က​နောက်​မှ
ပြန်​​ဆွေး​နွေးမယ်​ဆိုပြီးလွိုင်​​ကော်​ပြန်​တယ်​။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=147613019714238&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်.. ..၃၂”

Post a Comment

Related Posts Plugin for WordPress, Blogger...