Wednesday, June 12, 2019

ပ​ဒေသရာဇ်​ရှမ်းပြည်​.......၃၀

,
ခုရက်​ပိုင်း​ရေးချင်​စိတ်​​ပျောက်​​နေလို့အပိုင်း၂၉မှာရပ်
ခဲ့ပါတယ်​။ပ​ဒေသရာဇ်​ရှမ်းသမိုင်းဟာလည်းမြန်​မာ့သမိုင်း
လိုပဲ ပ​ဒေသရာဇ်​နဲ့သူ့အစွယ်​အပွား​တွေရဲ့ သမိုင်းပါပဲ။
ရေးဖို့ကြိုးစားတာ ၁ပတ်​သာ​ကျော်​လာတယ်​။ရေးချင်​စိတ်
ကို​ပျောက်​​နေခဲ့တယ်​။နောက်​တစ်​ချက်​က ပင်​လုံ၂လုံ
ရှုပ်​​နေတာကတစ်​​ကြောင်း၊​လေ့လာရတဲ့စာအုပ်​​တွေ
ကလည်း ပြိုင်​တူ နယ်​ချဲ့​သွေးခွဲဆိုတဲ့အသံ​တွေချည်းဖြစ်
နေလို့ စဉ်းစားလို့ကိုမရလို့ပစ်​ကိုထားခဲ့လိုက်​ရတယ်​။
အာရုံ​လေး​ပေါ်တုန်းနည်းနည်းစီချ​ရေးရင်းနဲ့၁၀ရက်
လောက်​ကြာ​တော့ဒီပိုစ့်တစ်​ပုဒ်​ထွက်​လာတာပဲ။

ပထမပင်​လုံညီလာခံကို​ဆော်​သြကြသူ​တွေက​တော့
လဲချား၊မိုင်းကိုင်​၊မိုင်း​နောင်​နဲ့သထုံနယ်​ရှင်​​စော်​ဘွား​တွေ
အပြင်​ ​ကျေးသီးမန်းစံနယ်​ကကျမိုင်းလည်းပါတယ်​။
ရှမ်းစက္ကူ  လို့​ခေါ်တဲ့ မိုင်းကိုင်​စက္ကူ​ပေါ်မှာအင်္ဂလိပ်​လက်
နှိပ်​စက်​နဲ့ရိုက်​ထားတာက...............

ဖိတ်​ကြားစာ
လဲချားနယ်​ ပင်​လုံမြို့တွင်​၁၉၄၆ မတ်​၂၆ရက်​​နေ့မှစ၍
၂၈ရက်​​နေ့အထိကျင်းပမည်​ဖြစ်​​သော အ​ထွေ​ထွေအစည်း
အ​ဝေးပွဲကြီးတွင်​....
ရှမ်းပြည်​စည်​ပင်​သာယာ​ရေး၊စီးပွား​​ရေး၊ယဉ်​​ကျေးမှုနှင့်
ကိစ္စအ၀၀တို့ကို​ဆွေး​နွေးတိုင်​ပင်​မည်​ဖြစ်​ပါ၍ထိုအစည်း
အ​ဝေးသို့ကြွ​ရောက်​ပါရန်​ ..........အားရှမ်းပြည်​စ၀်​ဖများ
ကဖိတ်ကြားပါသည်​။
မှတ်​ချက်​။၁၉၄၆ မတ်​လ၁၀ရက်​​နေနှင့်၎င်း​နေ့မတိုင်​မီ
ရှမ်းပြည်​နယ်​​တောင်​ပိုင်းလွိုင်​လင်​မြို့မှတစ်ဆင့်လဲချား
စော်​ဘွားကြီး၏အတွင်းဝန်​ထံသို့ပြန်​ကြားအသိ​ပေး
ရန်​ .....
(မိမိ၏အိပ်​ယာကို တစ်​ပါတည်းယူ​ဆောင်​လာကြပါရန်​)
(31.1.1932 Shan States Maunal)

ဒီအစည်းအ​ဝေးပွဲကျင်းပရာပင်​လုံမှာ​တော့ အဲအချိန်
တ​ပေါင်းပွဲ​တော်​ကြီးဆင်​ယင်​ကျင်းပ​နေလို့စည်းကား
နေသလို ​လေး​ကောင်​ဂျင်​၀ိုင်းမှသည်​ ​လောင်းကစား
ဝိုင်းစုံနဲ့ပွဲလမ်းသဘင်​​တွေဆင်ယင်​ကျင်းပ​နေပါတယ်​။
အစည်းအ​ဝေးဖိတ်​စာမှာ ၃ရက်​သာ​ပြောထား​ပေမယ့်
ပါမစ်​ကမတ်​လ၂၉ရက်​အ​နေ့အထိစုစု​ပေါင်း၆ရက်
ရထားတယ်​။

ပင်​လုံအစည်းအ​ဝေးပွဲကြီးရဲ့ အစီအစဉ်​ကို အချိန်​ဇယား
အတိအကျအင်္ဂလိပ်​၊မြန်​မာ၊ရှမ်း၃ဘာသာနဲ့ ထက်​​အောက်
အစီအစဉ်​အတိုင်း​ညောင်​​ရွှေမြို့​ညောင်​နန်းကျက်​သ​ရေ
ပုံနှိပ်​တိုက်​ကရိုက်​နှိပ်​တဲ့စာအုပ်​ငယ်​က​လေးကိုကြိုတင်​​ဝေငှ
ထားတယ်​။မနက်​လဘက်​ရည်​ချိန်​၊​နေ့လည်​စာ စားချိန်
ညစာစားချိန်​တို့ကိုပါအ​သေးစိပ်​​ဖော်​ပြထားလို့ဒီစာအုပ်​ငယ်
မှာစာမျက်​နှာ၁၆မျက်​နှာအထိရှိပါတယ်​။အ​သေးစိပ်​အစီ
စဉ်​​တွေကို​တော့ချမ​ရေး​တော့ဘူး။အခမ်းအနားသဘာပတိ
အဖြစ်​ ​တောင်​ပိုင်​​စော်​ဘွားကြီး စ၀်​ခွန်​ပန်းစိန်​နဲ့​ညောင်
ရွှေ​စော်​ဘွားကြီးစ၀်​​ရွှေသိုက်​တို့ကတစ်​လှည့်စီလုပ်ကြ
တယ်​။အ​ထွေ​ထွေအတွင်း​ရေးမှူးတာဝန်​ကို ၀န်​​ထောက်
ဦးဆန်​ဆမ်​ကတာဝန်​ယူတယ်​။နောင်​တစ်​ချိန်​မှာနိုင်​ငံ​တော်
ကောင်​စီဝင်​ဖြစ်​လာမယ့် ဦးတင်​ဧ(ရှမ်းပြည်​)ကပညာ​ရေး
အ​ကြောင်း​ပြောတယ်​။၁၉၄၆ ပထမပင်​လုံဟာ
ပထမဆုံး Federal Seminorလို့ဆိုရမှာဖြစ်​ပါတယ်​။

ကချင်​၊ချင်းနဲ့ကယားကိုဖိတ်​တယ်​။မြန်​မာပြည်​ကနိုင်​ငံ
ရေး​ခေါင်း​ဆောင်​ ​လေးငါးဦးကိုဖိတ်​တယ်​။အသင်းအဖွဲ့
နိုင်​ငံ​ရေးပါတီစသဖြင့်​ခေါင်းစီးတစ်​ခုခုတပ်​ပြီးမဖိတ်​သလို
သခင်​​အောင်​ဆန်းကို​တောင်​ Moraj General Aung San အ​နေနဲ့သာဖိတ်​ခဲ့တာ​တွေ့ရတယ်​။ဖဆပလကိုမဖိတ်
ဘူး။အလားတူ ဂဋ္ဌုန်​ဦး​စော၊ဦးဘရင်​တို့ကိုဖိတ်​တယ်​။
ဂဋ္ဌုန်​​စောရဲ့ မျိုးချစ်​ပါတီကိုမဖိတ်​ဘူး။

ပထမပင်​လုံမဖြစ်​ခင်​ကတည်းက ဖဆပလ ထဲမှာ
အာဏာလွန်​ဆွဲပွဲ(power struggle) ဖြစ်​​နေပြီ။
ဆိုရှယ်​လစ်​နဲ့ကွန်​မြူ  နစ်​​တွေပါဝါလွန်​ဆွဲ​နေကြပြီဖြစ်​လို့
ဦး​ဖေခင်​က ပထမပင်​လုံကို ဗိုလ်​ချုပ်​ကိုယ်​တိုင်​တက်​သင့်
ကြောင်းတိုက်​တွန်းအကြံ​ပေးတယ်​။(Ref-ကိုယ်​​တွေ့ပင်​လုံ
-ဦး​ဖေခင်​)ဒါ​ပေမဲ့ဦး​ဖေခင်​ဘယ်​လိုပဲအကြံ​ပေး​ပေး သခင်
အောင်​ဆန်းပင်​လုံမတက်​ဖြစ်​ခဲ့ဘူး။ရခိုင်​ကိစ္စ​ဆွေး​နွေးဖို့
ကိစ္စရှိ​နေလို့ဦးနု၊မန်းဘခိုင်​နဲ့ဦးဘဂျမ်းတို့၃ဦးကိုကိုယ်​စား
လှယ်​အဖြစ်​​ရွှေးချယ်​ခဲ့ကြတယ်​။ဒီကိုယ်​စားလှယ်​၃​ယောက်
ကို ​တောင်​ကြီးသားကို​ဖေခင်​က​ခေါ်​ဆောင်​ပြီးပင်​လုံတက်
တဲ့အခါ ​တောင်​ကြီးက​နေလွိုင်​​ကော်​ကနီး​နေလို့လွိုင်​​ကော်
ကိုဝင်​ကြပြန်​တယ်​။လွိုင်​​ကော်​မှာဦးနုက .....
မြန်​မာနိုင်​ငံရှိလူမျိုးစုများအကြား၌ဖန်​တီးထားသည့်
အတားအဆီးများအ​ကြောင်း၊ဗြိတိသျှစနက်​ဖြစ်​​ကြောင်း၊
လူမျိုးတစ်​မျိုးနဲ့တစ်​မျိုးအထင်​အမြင်​လွဲမှား​အောင်
ဖန်​တီးထားပုံစတာ​တွေကိုတင်​ပြပြီးကိုလိုနီစနစ်​ကိုပြင်း
ထန်​စွာရှုံ့ ချ​ကြောင်းအာ​ဘောင်​အာရင်းသန်​သန်​နဲ့​ဟော
ပြော​ပါတယ်​။(ကိုယ်​​တွေ့ပင်​လုံ)

တကယ်​က အဲဒီအရင်​ ကယားကိုမြန်​မာနိုင်​ငံ​ရေးသမား
မ​ရောက်​ဖူးဘူး။သွားလို့လည်းမရဘူး။Frontier Crossing Actလို့​ခေါ်တဲ့နယ်​ခြားဖြတ်​​ကျော်​ခွင့်ဥပ​ဒေ
အရဖမ်းဆီးနိုင်​ခွင့်ရှိလို့ပါပဲ။မလိုလားသူကိုနယ်​နှင်​လို့
လည်းရတယ်​။ဒါ​ကြောင့် ဒဂုန်​တာယာနဲ့သခင်​ဘဟိန်းတို့
ကိုရှမ်း​စော်​ဘွား​တွေက ဒီဥပ​ဒေအရနယ်​နှင်​လိုက်​​ကြောင်း
ရှေ့ ပိုစ့်​တွေမှာတင်​ပြခဲ့ပြီးပါပြီ။ဒါ​ကြောင့်အခုသခင်​နု
ဗြိတိသျှစနစ်​ကိုအပြစ်​တင်​ပြီး​ဟောတဲ့နိုင်​ငံ​ရေးတရား
ပွဲဟာ ကယားသမိုင်းမှာပထမဆုံးပဲ။ကယားဦးစိန်​က
လူ၅၀၀ခန့်​စု​ဆောင်း​ပေးပြီး​ဟော​စေခဲ့တာဖြစ်​ပါတယ်​။

ပထမပင်​လုံဟာ ရှမ်း​စော်​ဘွားများနှီး​နှောဖလှယ်​ပွဲ
သို့မဟုတ်​ ​ဆွေး​နွေးပွဲပဲလို့ဆိုရမှာဖြစ်​ပါတယ်​။ဒီပွဲကို
အ​စောဆုံး​ရောက်​လာသူက ဦး​စောဖြစ်​တယ်​။ဦး​စော
ဟာ သူ့ပညာ​ရေးဝန်​ကြီး ဦးဘရင်​(မိတ္ထီလာ)နဲ့အတူ
ရှမ်း​တောင်​တန်း​ပေါ်ကို ​မော်​​တော်ကားနဲ့တက်​လာတယ်​။
တောင်​ကြီး​ရောက်​​တော့ အ​ရေးပိုင်​Mr.Leachနဲ့အရင်​​တွေ့
တယ်​။ဦး​စော ဟာ ရှိုး​ကောင်းတဲ့လူပါ။

ဦး​ဖေခင်​က
.....ကျ​နော်​ပင်​လုံသို့​ရောက်​​သောအခါ ပင်​လုံ၌ ဦး​စောနှင့်
မိတ္ထီလာ ကိုဘရင်​ကို​တွေ့ရ​လေသည်​။ဦး​စောမှာပုံကျကျ
ချုပ်​ထား​သော အ​နောက်​တိုင်းဝတ်​စုံကိုဝတ်​ဆင်​ထားပြီး
အင်္ဂလန်​နိုင်​ငံ လန်​ဒန်​မြို့ရှိ ကမ္ဘာ​ကျော်​ Sailev Row
ခေါ် စက်​ချုပ်​သမားများလမ်းမှ ထွက်​လာသလားဟု
ထင်​ရ​လောက်​သည်​။ဦး​စောသည်​အ​ပြောလည်း​ကောင်း
ဆွဲ​ဆောင်​မှုရှိသူလည်းဖြစ်​သည်​။ဦး​စော၏နိုင်​ငံ​ရေးအမြတ်
ထုတ်​နိုင်​မှုကချီးကျူးစရာပင်​ဖြစ်​​ပေသည်​....ဆိုပြီး
ရေးသားထားတယ်​။

ဦး​စောဟာ တကယ်​လည်းချီးကျူး​လောက်
သူဖြစ်​ပါတယ်​။သူ့ဘ၀ကိုသူကိုယ်​တိုင်​ကြိုးစားပြီးတည်
ဆောက်​ခဲ့သူဖြစ်​သလို ဘွဲ့ရမဟုတ်​ဘဲအင်္ဂလိပ်​ဘာသာစကားကို​ကောင်းစွာ​ပြောနိုင်​​ရေးနိုင်​သူတစ်​​ယောက်
ဖြစ်​ပါတယ်​။ဒုတိယကမ္ဘာစစ်​ကြီးစတင်​တဲ့အခါဦး​စောက
ဦးတင်​ထွတ်​ကို​ခေါ်ပြီးအင်္ဂလန်​ကိုသွားကာ Sir Winston
Churchillနဲ့ ​တွေ့ပြီးမြန်​မာကို ဒိုမီနီယံအဆင့်​ပေးဖို့
ဆွေး​နွေးတယ်​။ဒါ​ပေမဲ့မ​အောင်​မြင်​ဘူး။အင်္ဂလန်​ကအပြန်
သူစီးလာတဲ့​လေယာဉ်​ ​ပေါ်တူဂီနိုင်​ငံ လစ္စဘွန်း(Lisbon)
လေဆိပ်​မှာ ဆိုက်​​တော့ ဂျပန်​က အ​မေရိကန်​ပိုင်​ပုလဲဆိပ်
ကမ်းကိုဗုံးကြဲတယ်​။လေဆိပ်​မှာဒီသတင်းဝင်​လာတယ်​။
ဒါ​ကြောင့်​​လေယာဉ်​ကဆက်​မထွက်​နိုင်​ဖြစ်​ပြီးဦး​စောက
ဦးတင်​ထွတ်​ကိုအသိမ​ပေးဘဲ သူတည်းတဲ့ဟိုတယ်​က​နေ
ထွက်​ပြီး ​ပေါ်တူဂီနိုင်​ငံ လစ္စဘွန်းမှာရှိ​နေတဲ့ဂျပန်​စစ်​သံရုံး
က ​ကောင်​စစ်​၀န်​(Japanese Consult)နဲ့​သွား​တွေ့
တယ်​။အဲဒီအချိန်​ အင်္ဂလိပ်​​ထောက်​လှမ်း​ရေး​တွေကလည်း
လစ္စဘွန်းမှာ ​ခြေရှုပ်​​နေတာ​ကြောင့်ဦး​စော​ခြေလှမ်းကို
အင်္ဂလိပ်​​ထောက်​လှမ်း​ရေး​တွေကသုံးသပ်​ပြီးအစီရင်​ခံ
တဲ့အခါ လန်​ဒန်​က လစ္စဘွန်းအာဏာပိုင်​​တွေနဲ့ညှိပြီး
ဖမ်းကာ ယူဂန္ဓာနိုင်​ငံကိုပို့လိုက်​တယ်​။ဦးတင်​ထွတ်​လည်း
ကြားမှာပါသွားခဲ့ရပြီး​နောက်​ပြန်​လွတ်​လာတယ်​။
ဦး​စောဆိုတာ ဒီလိုလူပဲ။

တကယ်​​တော့ပထမပင်​လုံဟာ Frontier Areas Regulation (1946)​ခေါ်နယ်​ခြား​ဒေသဆိုင်​ရာစည်း
မျဉ်းဥပ​ဒေကိုမြန်​မာပြည်​အင်္ဂလိပ်​ဘုရင်​ခံ​ရှေ့ ​မှောက်​မှာ
ရှမ်း၊ကချင်​၊ချင်းနဲ့ကယားကိုယ်​စားလှယ်​တို့အတည်​ပြု
လက်​ခံတာကို တရားဝင်​လက်​မှတ်​​ရေးထိုး​ကြေငြာဖို့ပဲ
ဖြစ်​တယ်​။ဒါကိုမြန်​မာ့သမိုင်းက နယ်​ချဲ့​သွေးခွဲတယ်​လို့
ဆိုပါတယ်​။ဒီ​တော့စဉ်းစားရင်​ အင်္ဂလိပ်​မသိမ်းခင်​က
ဒီနယ်​​မြေ​တွေဟာ မြန်​မာပိုင်​လည်းမဟုတ်​ဘူး။ပဏ္ဏာ
ဆက်​​ဒေသ​တွေသာဖြစ်​ပြီး သူတို့ထီး သူတို့​နန်း သူတို့ယဉ်
ကျေးမှုနဲ့သူတို့​နေလာကြတာဖြစ်​ပါတယ်​။တိုင်းရင်းသား
ညီအစ်​ကိုများဆိုတာ ၁၉၄၈​နောက်​ပိုင်းမှ​ပေါ်လာတဲ့
ဝေါဟာရအသစ်​ဖြစ်​တယ်​။ဒီ့အရင်​မရှိဘူး။ဗမာမင်း​ခေတ်
ကဗမာမင်းလည်း ​စော်​ဘွား​တွေကိုတစ်​ဦးနဲ့တစ်​ဦး
မတည့်​အောင်​ လုပ်​ထား​သွေးခွဲထားတာပဲဖြစ်​လို့အင်္ဂလိပ်
သွေးခွဲတာကို အထူးHighlightလုပ်​ပြ​နေတဲ့သမိုင်းဆရာ
ခပ်​ချာချာ​တွေရဲ့ ​ပေါ​တော​တောသုံးသပ်​ချက်​​တွေဖတ်
ရ​တော့စိတ်​ပျက်​မိတယ်​။ပထမပင်​လုံနဲ့ပက်​သက်​ပြီး
လေ့လာရတဲ့စာအုပ်​​တွေက ၁။ကိုယ်​​တွေ့ပင်​လုံ
၂။ပင်​လုံစစ်​တမ်းဖြစ်​ပြီး ဒီစာအုပ်​၂အုပ်​စလုံးကို​ရေးခဲ့
ကြတဲ့ဦး​ဖေခင်​​ရော ဦးအုန်း​ဖေပါ နယ်​ချဲ့​သွေးခွဲ​ကြောင်း
Highlightလုပ်​ထားတာ​တွေ့ရတယ်​။ဦး​ဖေခင်​တင်​ပြ
ချက်​​တွေဟာ အ​တော်​ပြည်စုံပြီး​ကောင်းမွန်​လွန်းတာ
အမှန်​ပါ။ဒါ​ပေမဲ့ နယ်​ချဲ့ကိုအပြစ်​ပုံချပြီး​ဝေဖန်​​ရေးသား
တာက​တော့ တစ်​ဖက်​ကရပ်​ပြီးစာ​ရေး​နေသလိုခံစား
ခဲ့ရတယ်​။ဒါ​ပေမဲ့သူ့​ခေတ်​သူ့အခါ ဒီလိုပဲ​ရေးမှာပါပဲလို့
ဖြည့်​တွေးလိုက်​ပါတယ်​။

တကယ်​​တော့ ပြည်​​ထောင်​စု(United Kingdom)ဆိုတဲ့
ဝေါဟာရမ​ပေါ်ခင်​ကတည်းကမြန်​မာနိုင်​ငံဟာပြည်​​ထောင်
စုစနစ်​နဲ့စခန်းသွားခဲ့တာဖြစ်​ပါတယ်​။မြန်​မာမင်းအင်​အား
ရှိလို့တက်​နယ်​ချဲ့ဆက်​​ကြေး​တောင်းတာကလွဲပြီးရှမ်း​ဒေသ
ရှမ်းယဉ်​​ကျေးမှုနဲ့ရှမ်းအုပ်​ချုပ်​​ရေးနဲ့ရှမ်းပဲ။အလားတူ
မွန်​၊ရခိုင်​၊ကယား၊ကချင်​၊ချင်းအကုန်ဒီပုံစံ​တွေချည်းပဲ။
အဲဒီFederal ရပိုင်​ခွင့်​တွေဆုံးရှုံးသွားတာ ၁၉၄၈လွတ်​လပ်
ရေးဆိုတဲ့​သောက်​ကျိုးနဲ​အောင်​​ကောင်းတဲ့အရာကြီးရလာပြီး
မှဖြစ်​တာပါ။သမိုင်း​ရေးသူဟာတရားသူကြီးလိုကျင့်ရပါ
မယ်​။ပါတီစည်းရုံး​ရေးစာတမ်း​ရေးသလို ကိုယ့်​ကောင်း
ကြောင်း​တွေ​ဝေ​ဝေဆာဆာ​ရေးပြပြီးသူတစ်​ပါးအပြစ်​​တွေ
ကို သာသာထိုးထိုးတင်​ပြတာမျိုးကိုသမိုင်းလို့မ​ခေါ်ဘူး။
အင်္ဂလိပ်​လည်းနယ်​ချဲ့မြန်​မာလည်းနယ်​ချဲ့ပဲဖြစ်​လို့
ဘယ်​နယ်​ချဲ့မဆို အမြတ်​ထုတ်​မယ်​ဆိုတာကို​တော့
ကိုယ်​ချင်းစာစိတ်​ကင်းတဲ့မြန်​မာနိုင်​ငံသား​တွေနားလည်
ဖို့လိုတယ်​။မဟုတ်​ဘဲ အ​နော်​ရထာသထုံကိုတိုက်​တာ
ဘုရင့်​နောင်​ရှမ်းကိုအကြိမ်​ကြိမ်​ဒုက္ခ​ပေးတာ​တွေကို
တိုင်းရင်းသားစည်းလုံး​ရေးလုပ်​တယ်​လို့​ရေးပြီး
အင်္ဂလိပ်​မြန်​မာကိုသိမ်းတာကျ ​ဆွေး၇ဆက်​မျိုး၇ဆက်
ကာလနာတိုက်​သွားသလိုလိုမျက်​ရည်​ကျ​ရေးပြ​နေတာ
၂၁ရာစုမှာလူရယ်​စရာပဲဖြစ်​လိမ့်မယ်​။အင်္ဂလိပ်​သိမ်း
စဉ်​ကတည်းက ရှမ်းနဲ့​တောင်​တန်း​ဒေသဟာ မြန်​မာမင်း
ပိုင်​မဟုတ်​ဘူး။သူ့​ဒေသ သူအုပ်​ချုပ်​​ရေးနဲ့သူရှိ​နေတာပါ။
ဒါကို​ကောက်​သင်း​ကောက်​သိမ်းတာအင်္ဂလိပ်​ပါ။နောက်
တစ်​ချက်​က မြန်​မာတိုင်းရင်းသား​တွေချစ်​ခင်​စည်းလုံးတာ
ဘယ်​ခုနှစ်​တုန်းကလဲ။ဘယ်​​ခေတ်​ဘယ်​ကာလတုန်းက
ဘယ်​လိုများ​သောက်​ကျိုးနဲ​အောင်​ချစ်​ခဲ့ကြတဲ့သမိုင်းရှိ
ဖူးပါသလဲ။ဖြစ်​နိုင်​ရင်​ကျ​နော်​ပညာအားနည်းလို့​ထောက်
ပြ​ပေးကြ​စေချင်​ပါတယ်​။

ရှမ်းပ​ဒေသရာဇ်​စနစ်​မ​ကောင်းဘူးဆို​တော့ မြန်​မာပ​ဒေ
သရာဇ်​စနစ်​က​ရော​ကောင်းပါသလား။အင်္ဂလိပ်​ကနယ်​ချဲ့
သွေးခွဲတယ်​ဆို​တော့ နှစ်​​ပေါင်း၈၅၀ မြန်​မာအင်​အားကြီး
တုန်းက​သွေးမခွဲခဲ့ဘူးလား။တိုင်းရင်းသား​တွေကိုမြန်​မာ
တွေ အ​တော်​ချစ်​ခဲ့ကြပါသလား။အင်္ဂလိပ်​​ခေတ်​ကရခဲ့တဲ့
တိုင်းရင်းသားရပိုင်​ခွင့်​တွေ ဘယ်​​ခေတ်​ ဘယ်​လူမျိုး ဘယ်​အစိုးရ​တွေ လက်​ထဲ​ရောက်​မှ​ပျောက်​သွားတာလဲ?

ဒီ​မေးခွန်း​တွေအတွက်​ အ​ဖြေ​ပေးနိုင်​ကြမယ်​ဆိုရင်​ဖြင့်
စာ​ရေးသူအ​နေနဲ့အ​တော်​ပဲ​ကျေနပ်​မိပါလိမ့်မယ်​။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=147209846421222&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.......၃၀”

Post a Comment

Related Posts Plugin for WordPress, Blogger...