Wednesday, June 12, 2019
ပ​ဒေသရာဇ်​ရှမ်းပြည်​.....၃၁
,
ညီလာခံစ​တော့ ကွက်​တုံးလုံချည်​ တိုက်​ပုံအကျင်္ီဝတ်​ထားတဲ့
သခင်​နုကဗိုလ်​ချုပ်​​အောက်​ဆန်းမတက်​​ရောက်​နိုင်​ခြင်း
အ​ပေါ်​တောင်းပန်​​ကြောင်း​ပြောပြီး သခင်​​အောင်​ဆန်းက
ညီလာခံကြီး​အောင်​မြင်​ပါ​စေဟုဆန္ဒပြု ​ကြောင်းမိမိအား
တင်​ပြခိုင်းခဲ့ပါ​ကြောင်း ​ရှေးဦးစကား​ပြောလိုက်​ပါတယ်​။
အဲဒီ​နောက်​သခင်​နုဂျင်းထည့်ပါတယ်​။ဦးနုက မြန်​မာ့
သမိုင်းတစ်​​လျှောက်​တိုင်းရင်းသားအားလုံး လုံးဝညီညွတ်
လာခဲ့တယ်​ဆိုပြီး ​ပြော​တော့တာပဲ။သမိုင်း​ကြောင်းအရ
အင်းဝဘုရင်​သိုးဟန်​ဘွား အသတ်​ခံရတာဟာ ရှမ်းလူ
မျိုးဖြစ်​လို့မဟုတ်​၊သာသနာကို​စော်​ကားလို့ဖြစ်​​ကြောင်း၊
သူ့ကိုလုပ်​ကြံခဲ့တဲ့မင်းကြီးရန်​​နောင်​ဟာ အုန်း​ဘောင်
စော်​ဘွားကိုပင့်ပြီးသိုဟန်​ဘွားထီးနန်းကိုအပ်​ခဲ့​ကြောင်း၊
အုန်း​ဘောင်​​စော်​ဘွားဟာရှမ်းလူမျိုးဟုတ်​မဟုတ်​​မေးလို
ကြောင်း၊ဒါ​တွေဟာထင်​ရှားတဲ့သမိုင်းဆိုင်​ရာအ​ထောက်
ထား​တွေဖြစ်​​ကြောင်း၊ဒါ​ကြောင့်ရှမ်းနဲ့ဗမာဟာ အစဉ်​အလာ
ရန်​သူ​တွေမဟုတ်​ကြ​ကြောင်းတင်​ပြပြီး
မြန်​မာနိုင်​ငံ​ရေးသမားဝသီဝတိုင်း နယ်​ချဲ့စနစ်​ဆိုးယုတ်
ကြောင်း၊​သွေးခွဲ​ကြောင်း​ဝေ​ဝေဆာဆာသာသာထိုးထိုး
တင်​ပြသွားတာပါပဲ။သမိုင်းထဲက ဗမာနဲ့ရှမ်းအဆက်​စပ်
တွေတင်​ပြပြီးသခင်နုကစည်းရုံးပါတယ်​။တကယ်​က
အောက်​မှာထိုင်​​နေတဲ့ပရိတ်​သတ်​ကလည်းသမိုင်း
ကြောင်း​တွေပညာ​တွေဘာမှသိပ်​တတ်​တာမဟုတ်​ဘူး။
ဂျင်းထည့်တာကိုလည်းဂျင်းမှန်းလည်းသိမယ်​မထင်​ဘူး။
အမှန်​တကယ်​သခင်​နုစကားလမ်း​ကြောင်းကိုချုံ့ ပြီး
ပြောရရင်​ ဗမာနဲ့ရှမ်းဟာ ညီအစ်​ကို၊တစ်​​လှေတည်းစီး
တစ်​ခရီးတည်းသွား၊ဒါ​ကြောင့်လွတ်​လပ်​​ရေးကိုအတူတူ
ပူးတွဲယူကြရ​အောင်​ ဆိုတာပါပဲ။
ဦးနုက ဗြိတိန်​အင်​ပါယာကို​တောင်​ မိန့်​ခွန်းထဲက​နေ
မေးခွန်းထုတ်​ခဲ့ပါတယ်​။ဗြိတိန်​မှာ အင်္ဂလိပ်​လူမျိုး
(English man)စ​ကော့ လူမျိုး(Scottish man)
ဝေးလ်​ လူမျိုး(Welsh man)ဆိုပြီးရှိတာ​တောင်​ သူတို့
ကို United Kingdom လို့ဖွဲ့ထားပြီးကျုပ်​တို့ကိုမှ
ဘာ​ကြောင့်ခွဲချင်​ရတာလဲဆိုပြီး အစည်းအ​ဝေးမိန့်​ခွန်း
ထဲထည့်​ပြောခဲ့ပါ​သေးတယ်​။
ည​နေပိုင်းမှာဦး​စောမိန့်​ခွန်း​ပြောတယ်​။ဦး​စောက
လွတ်​လပ်​​ရေးရပြီးရင်​မြန်​မာပြည်​ကိုသူဘယ်​လိုအုပ်​ချုပ်
မလဲဆိုတာကိုအဓိကထား​ပြောတယ်​။ဒိုမီနီယံအုပ်​ချုပ်
ရေး​ကောင်း​ကြောင်း​ပြော​တော့ ​နောင်​နိုင်​ငံ​တော်​​ကောင်​စီ
ဝင်​ဖြစ်​လာမယ့် ဦးတင်​ဧ(ရှမ်းပြည်​)ကထပြီး
 .......ဗမာပြည်​မှာ​ရောင်းမစွံတဲ့ ဒိုမီနီယံကိုရှမ်းပြည်​မှာ
 လာမ​ရောင်းပါနဲ့.....ဆိုပြီး​ပြောချလိုက်​တာပါပဲ။ဦး​စော
 က ....ဖွဲ့စည်းပုံ​ရေးတာလွယ်​ပါတယ်​။ကျုပ်​ကိုလက်​နှိပ်
 စက်​စာ​ရေးတစ်​​ယောက်​သာ​ပေးပါ။ခင်​ဗျားတို့ဘယ်​လို
 ပုံစံဖွဲ့စည်းအုပ်​ချုပ်​ပုံမျိုးလိုချင်​သလဲ ခင်​ဗျားတို့လိုချင်
 တဲ့ပုံစံအတိုင်းကျုပ်​နာရီပိုင်းအတွင်း​ရေးဆွဲ​ပေးပါ့မယ်​...
 ဆိုတာမျိုးအထိ​ပြော​တော့တာပဲ။ဦး​စောစကားထဲမှာ
 တိုင်းရင်းသား​တွေနဲ့ဗမာကိုစုစည်းမှုရ​အောင်​လုပ်​တာ
 မျိုးမပါဘူး။လွတ်​လပ်​​ရေးရပြီးရင်​အုပ်​ချုပ်​မယ့်ပုံစံ
 အဲဒီ​ခေတ်​ကရှမ်း​စော်​ဘွားကြီးဆိုသူ​တွေဟာလည်း
 ကျ​နော်​​ရှေ့ ပိုစ့်​တွေမှာတင်​ပြခဲ့သလို ပညာတတ်​​တွေ
 မဟုတ်​​နေဘူး။အဲဒီ​ခေတ်​က နိုင်​ငံ​ရေးသမားလူတစ်​စု
 ရဲ့ ဆန္ဒဟာ ပြည်​သူ့သ​ဘောထားလို့​ပြောရမလိုပဲ။ရှမ်​နဲ့
 မြန်​မာတစ်​ပြည်​လုံးက လူထုသ​ဘောထားဆိုတာ
 နိုင်​ငံ​ရေးသမား​ပြောတဲ့စကား​တွေပဲ။
၂၇ရက်​​နေ့အစည်းအ​ဝေးမှာ သဘာပတိ​တောင်​ပိုင်း
စော်​ဘွားကြီးကိုခွင့်ပန်​ပြီးနယ်​ခြား​ဒေသညွှန်​ကြား​ရေး
ဝန်​ စတီဗင်​ဆင်​ ကအ​ရေးတကြီး သ၀ဏ်​လွှာတစ်​​စောင်
ကိုဖတ်​ကြားတယ်​။ဘုရင်​ခံအတွင်းဝန်​ကရိုက်​လိုက်​တဲ့
ကြေးနန်းဖြစ်​ပြီးဘုရင်​ခံမင်းရုတ်​တရက်​ဖျားနာလာလို့
ကွန်​ဖရင်စ့်ကိုမတက်​နိုင်​​ကြောင်း၊၀မ်းနည်း​ကြောင်းစသဖြင့်
ရေးထားတယ်​။
အစည်းအ​ဝေးမှာကချင်​အမျိုးသားတစ်​​ယောက်​ကထပြီး
ဗမာ​တွေက ကချင်​​တွေနံ​စော်​တယ်​​ပြော​ကြောင်း​ပြော
တဲ့အခါ ဦး​စောက မနံပါဘူး​မွှေးပါတယ်​ ​မွှေးပါတယ်​ဗျာ
စသဖြင့်အရွှန်း​ဖောက်​တာ​တွေ၊
တောင်​သူ(ပအိုဝ့်)အမျိုးသားတစ်​​ယောက်​ကရှပ်​အကျင်္ီလှန်
ပြီးဗိုက်​ပုပ်​ပြကာ ....ကျွန်​​တော်​တို့ကနိုင်​ငံ​ရေးနားမလည်
ပါဘူး၊ထမင်း၀၀စားရရင်​​ကျေနပ်​.....​ပြော​တော့
ညောင်​​ရွှေ​စော်​ဘွားကြီးက ....လုပ်​​ပေးမယ်​ ရ​စေမယ်
ဝ​စေမယ်​ ....ဆိုပြီးပြန်​​ပြောပါတယ်​။
ဒီ​လောက်​ဆိုရင်​ပထမပင်​လုံရဲ့ အ​ခြေ​နေကိုမြင်​သာပြီ
ထင်​ပါတယ်​။တကယ်​​တော့မြန်​မာ​ခေါင်း​ဆောင်​​ဆိုတဲ့
လူ​တွေ​ရော တိုင်းရင်းသား​ခေါင်း​ဆောင်​ဆိုတဲ့သူ​တွေ​ရော
သူတို့အားလုံးရဲ့ ​နောက်​လိုက်​​တွေဟာအထက်​​ဖော်​ပြပါ
ပအိုဝ့်အမျိုးသားလိုလူ​တွေချည်းပါပဲ။ဒီလိုလူ​တွေကို
ဦး​ဆောင်​တဲ့​ခေါင်း​ဆောင်​မှာဘာ​မျှော်​လင့်လို့ရနိုင်​မလဲ။
ပင်​လုံစစ်​တမ်းမှာ ဦးအုန်း​ဖေက
.....၂၈.၃.၁၉၄၆ ရက်​​နေ့ကား ပတ်​စာခွာဖျာသိမ်းမည့်​နေ့
ဖြစ်​သည်​။ဂဋ္ဌုန်​ဦး​စောအဆိုပြု ​သော ရှမ်းမြန်​မာယဉ်​​ကျေး
မှုအသင်းဖွဲ့စည်းရန်​ တစ်​ညီတစ်​ညွှတ်​တည်းသ​ဘော
တူလက်​ခံလိုက်​သည်​။ညောင်​​ရွှေ​စော်​ဘွားကြီးစ၀်​​ရွှေသိုက်
ကဥက္ကဋ္ဌ၊ဦး​စောကအတွင်း​ရေးမှူးအဖြစ်​ပါဝင်​​သော အမှု
ဆောင်​အဖွဲ့ဝင်​၂၇​ယောက်​လျာထားပြီးအချို့ကို​ရွှေး
ကောက်​တင်​​မြောက်​လိုက်​ကြသည်​။မြန်​မာ၊ရှမ်း၊ကချင်၊
ကရင်​၊ချင်းနှင့် ဗမာမွစ်​စလင်​ များပါသည်​။အဖွဲ့ရန်​ပုံ​ငွေ
အတွက်​နုတ်​ကတိများ​ပေးကြသည်​။ညစာစားပွဲဖြင့်
ပင်​လုံအစည်းအ​ဝေးကိုရုတ်​သိမ်းလိုက်​သည်​........လို့
(စာမျက်​မှာ ၂၉၈)မှာ​ရေးသားထားတယ်​။ဒီလို​ဒေတာ
အတိုင်းတင်​ပြရတာက ဗမာမွစ်​စလင်​ဆိုတဲ့အဖွဲ့အစည်းပါ
နေလို့ပါပဲ။
နယ်​ခြား​ဒေသအုပ်​ချုပ်​​ရေးစည်းမျဉ်းဥပ​ဒေ(Frontier Areas Regulation 1945)ဆိုတာ ကို​လေ့လာရင်
ဆင်းမလားစီမံကိန်း​ခေါ်တဲ့စက္ကဖြူ  စာတမ်းကိုပြန်​သွား
ရမယ်​။ ဒီစာတမ်းအပိုင်း၁မှာ အတိတ်​​ခေတ်​မြန်​မာနိုင်​ငံ
အုပ်​ချုပ်​​ရေး၊စီးပွား​ရေး၊လူမှု​ရေး​တွေရဲ့ ​နောက်​ခံသမိုင်း
ကိုအကျဉ်း​ရေးထားပြီးအပိုင်း၂မှာ အနာဂတ်​မြန်​မာကို
ဘယ်​လိုတည်​​ထောင်​အုပ်​ချုပ်​မလဲဆိုတာကို​ဖော်​ပြထားပြီး
အချက်​၇ချက်​ပါတယ်​။နောက်​ဆုံးသတ္တမအချက်​အရ
မြန်​မာပြည်​ကိုတစ်​ဆင့်ပြီးတစ်​ဆင့်တိုးပြီး​နောက်​ဆုံး
ဒိုမီနီယံအုပ်​ချုပ်​​ရေး​ပေးအပ်​တဲ့အခါ သီးသန့်​​ဒေသ​တွေ
ဖြစ်​တဲ့ ရှမ်းနဲ့လူနည်းစုများ​နေထိုင်​ရာ​ဒေသ ​တွေကိုဘုရင်
ခံအုပ်​ချုပ်​မှု​အောက်​မှာ ဆက်​ထားမယ်​လို့ပါတယ်​။ဒါကို
ပဲမြန်​မာကိုနယ်​ချဲ့​သွေးခွဲတယ်​ဆိုပြီး​ရေးတာဖြစ်​ပါတယ်​။
ပထမပိုင်းမှာ မြန်​မာ့သမိုင်းအကျဉ်း​ရေးပြီး ဒုတိယပိုင်း
မှာ ဒီလို​ရေးတာကိုကြည့်ခြင်းအားဖြင့်မြန်​မာ​​တွေရဲ့ 
အုပ်​ချုပ်​မှုအတတ်​ပညာညံ့ဖျင်းမှုသမိုင်း​ကြောင်း​တွေကို
အ​ခြေခံပြီး ဒီလို​ရေးတာဖြစ်​မယ်​လို့စာ​ရေးသူယူဆတယ်​။
နောက်​​တောင်​တန်း​ဒေသကိုအခုလိုခွဲခြားတာ မြန်​မာ့သမိုင်း
က​ပြောသလို တိုင်းရင်းသားဘယ်​တုန်းကမှချစ်​ကြည်​တဲ့
သမိုင်း​ကြောင်းမရှိလို့ပဲထင်​တယ်​။ဒါစာ​ရေးသူအမြင်​ဖြစ်
တယ်​။မြန်​မာ့သမိုင်းက​ပြောတဲ့အမြင်​နဲ့​တော့ကွာမယ်​။
ဖော်​ပြပါအချက်​၇အရ ဘုရင်​ခံတိုက်​ရိုက်​အုပ်​ချုပ်​မယ့်
ဇယားဝင်​နယ်​​မြေ ​တွေကိုဘယ်​လိုတည်​​ထောင်​မလဲ ဆိုတဲ့
ကိစ္စနဲ့ပက်​သက်​ပြီးအ​ဖြေလိုလာတယ်​။ဒါ​ကြောင့်နယ်​ခြား
ဒေသ အုပ်​ချုပ်​​ရေးစည်းမျဉ်းဥပ​ဒေ၁၉၄၆ စီမံကိန်းကို
၁၉၄၁ ကတည်းက​ရေးဆွဲခဲ့ပြီးစစ်​ပြီး​ခေတ်​ကျခါမှ ဖြန့်
ချီလိုက်​တာဖြစ်​ပါတယ်​။(ပင်​လုံစစ်​တမ်း)
အဲ​တော့ စက္ကူဖြူ စာတမ်းဟာ ၂ခုဖြစ်​သွားပါတယ်​။
မြန်​မာပြည်​အတွက်​စက္ကဖြူ စာတမ်းတစ်​ခုနဲ့ ​တောင်​တန်း
ဒေသ စက္ကူဖြူစာတမ်း(FAR1946)ကတစ်​ခု ဆို​တော့
၂ခုဖြစ်​လာတယ်​။မြန်​မာစက္ကူဖြူ စာတမ်းကို​တော့
အင်္ဂလိပ်​ပါလီမန်​မှာတင်​သွင်း​ဆွေး​နွေးပြီးပြဋ္ဌာန်းတာ
ဖြစ်​​ပေမယ့် ​တောင်​တန်းစီမံကိန်းစာတမ်းကို​တော့အိန္ဒိယ
မှာ​ရေးဆွဲခဲ့တာဖြစ်​ပါတယ်​။မြန်​မာပြည်​အတွက်​စာတမ်း
အပြည့်အစုံကို ရန်​ကုန်​မြို့ အစိုးရပုံနှိပ်​နှင့်စာ​ရေးကိရိယာ
ကရိုက်​နှိပ်​ပြီး စစ်​အုပ်​ချုပ်​​ရေးရုံးပြန်​ကြား​ရေးဋ္ဌာနက
အခမဲ့ဖြန့်​ချီ​ဝေ​ပေးခဲ့သလို နယ်​ခြား​ဒေသစာတမ်းကိုလည်း
ရန်​ကုန်​မြို့နယ်​ခြား​ဒေသအုပ်​ချုပ်​​ရေးဋ္ဌာန ညွှန်​ကြား​ရေး
ဝန်​ရုံးက​နေ သက်​ဆိုင်​ရာ​ဒေသနဲ့ပုဂ္ဂိုလ်​အသီးသီးကိုဖြန့်​ချီ
ပေးပို့ခဲ့ပါတယ်​။
နယ်​ခြား​ဒေသအုပ်​ချုပ်​​ရေးစည်းမျဉ်း၁၉၄၆ဆိုတာ
.....ဤဥပ​ဒေသည်​ ၁၉၃၅ မြန်​မာပြည်​ဥပ​ဒေ၏ ဇယား၂
အပိုင်း၁နှင့်၂တို့၌ ဖွင့်ဆိုထား​သော ​ဒေသများအားလုံး
အ​ပေါ် သက်​​ရောက်​​စေရမည်​...ဟု ​ရေးပြီးအစချီထား
တယ်​။
၁၉၃၅ဥပ​ဒေဆိုတာ မြန်​မာ့သမိုင်းမှာ ပထမဆုံး ဒီမိုက​ရေစီ
မြေစမ်းခရမ်းပျိုးတဲ့ဥပ​ဒေပဲ။(Burmese Political Culture by Prof.Mg Mg Gyi)ဒါ​ပေမဲ့ဒါကိုလည်း
မြန်​မာနိုင်​ငံ​ရေးသမား​တွေအ​ကောင်းမမြင်​ဘူး။မြန်​မာ
လက်​ထဲအာဏာမထည့်​ပေးသ၍ မြန်​မာနိုင်​ငံ​ရေးသမား
ဟာအ​ကောင်းမမြင်​နိုင်​ဘူးဖြစ်​​နေတယ်​။ဒေါက်​တာ​မောင်
မောင်​ကြီးက သူ့စာအုပ်​မှာ အဲဒီ​ခေတ်​က မြန်​မာနိုင်​ငံ​ရေး
သမား​တွေဟာ အင်္ဂလိပ်​​ကောင်းတာလုပ်​လည်းဆန့်​ကျင်ကြတဲ့လူစားများဖြစ်​​ကြောင်းတင်​ပြ​ရေးသားထားလို့မြန်​မာ
နိုင်​ငံ​ရေးသမားရဲ့ စိတ်​ဓာတ်​တွေကိုကျ​နော်​တို့သိခဲ့ကြရ
တယ်​။လွတ်​လပ်​စွာ​ဟော​ပြောခွင့်ကို မြန်​မာနိုင်​ငံ​ရေးသမား
ဟာ အလွဲသုံးစားအသုံးချ​ကြောင်း၊မြန်မာနိုင်​​ရေးသမား
များဟာ အ​ဟောအ​ပြော​ကောင်းတာကလွဲပြီးဘာအနှစ်​သာ
ရမှမရှိ​ကြောင်း​ဖော်​ပြပါစာအုပ်​မှာတင်​ပြ​ရေးသားထား
တယ်​။ဒီ၃၅​ခြေဥကို ၉၁ဋ္ဌာနအုပ်​ချုပ်​​ရေးလို့လည်း​ခေါ်
တယ်​။
အဲဒီဥပ​ဒေ​နောက်​ဆက်​တွဲမှာ ဇယား​တွေနဲ့​ဖော်​ပြထားလို့
ဇယား၁မှာ ဘုရင်​ခံအတွက်​လစာ​ငွေ၊ခရီးစရိတ်​၊စရိတ်
တို့ကို မြန်​မာအခွန်​​တော်​ကကျခံဖို့ကိစ္စ​တွေ
ဇယား၂မှာ အပိုင်း၁နဲ့၂ဆိုပြီးခွဲပြကာ အထူးအုပ်​ချုပ်​​ရေး
ဒေသများ
ဇယား၃မှာ မြန်​မာပြည်​ ထက်​/​အောက်​ လွှတ်​​တော်​​တွေ
ရဲ့ ဖွဲ့စည်းပုံ
ဇယား၎မှာ ​ရွှေး​ကောက်​တင်​​မြောက်​တာနဲ့ပက်​သက်​တဲ့
စည်းမျဉ်းစည်းကမ်း​တွေနဲ့ဥပ​ဒေ​တွေ
ဇယား၅မှာ ကျမ်းသစ္စာကျိမ်​ဆိုခြင်းနဲ့သက်​ဆိုင်​တဲ့ကိစ္စ​တွေ
ဇယား၆ ​နောက်​ဆုံးဇယားမှာ မြန်​မာပြည်​မီးရထားဘုတ်
အဖွဲ့အ​ကြောင်း​ စသဖြင့်အသီးသီး​ဖော်​ပြထားတယ်​။
အဲ​တော့​ပြော​နေတဲ့အ​ကြောင်းအရာနဲ့တိုက်​ရိုက်​ပက်​သက်
တဲ့ ဇယား၂ပါ အပိုင်း၁နဲ့၂ကိုကြည့်ရ​အောင်​။ဇယား၂
အပိုင်း၁မှာ
၁။ပူး​ပေါင်းထား​သောရှမ်းပြည်​နယ်​စု
၂။ပူး​ပေါင်းထား​သောရှမ်းပြည်​နယ်​စုမှအပဖြစ်​​သော
ရှမ်းနယ်​ပယ်​များ
၃။ရခိုင်​​တောင်​တန်းနယ်​များ
၎။ချင်း​တောင်​ခရိုင်
၅။မြစ်​ကြီးနား၊ဗန်း​မော်​နှင့်ကသာခရိုင်​များရှိကချင်​​တောင်
တန်းနယ်​များ
၆။ဆွန်​မရ နယ်​​မြေ
၇။တြိဂံနယ်​​မြေ
၈။အထက်​ချင်းတွင်းခရိုင်​​မြောက်​ပိုင်းရှိ ဟူး​ကောင်း​တောင်
ကြားနယ်
၉။သံလွင်​ခရိုင်​ တို့ဖြစ်​တယ်​။
အပိုင်း၂မှာ
အပိုင်း၁တွင်​မပါ​သော မြစ်​ကြီးနားနှင့်ဗန်း​မော်​ခရိုင်
၂။အထက်​ချင်းတွင်းခရိုင်​အတွင်းဟုမ္မလင်းခရိုင်​ငယ်
အတွင်းပါဝင်​​သော ​ဒေသများနှင့် ​မော်​လိုက်​ခရိုင်​ငယ်​တွင်
ယခင်​ကပါဝင်​​သော​ကျေးရွာအုပ်​စုများ
၃။တောင်​ငူခရိုင်​အ​ရှေ့ခြမ်းနှင့်သထုံခရိုင်
၎။အပိုင်း၂နယ်​ဟု​ခေါ်​သော ကရင်​​တောင်​တန်းနယ်​များ
ကြာအင်းမြို့နယ်​နှင့်​ကော့ကရိတ်​မြို့နယ်​နှင့်မြ၀တီတိုက်
စသည်​တို့ဖြစ်​ကြသည်​.....ဆိုတာပါပဲ။
အဲ​တော့ မြန်​မာပြည်​ကို​တောင်​ဘက်​က​ မိုင်​​ပေါင်း၁၇၆၀
ရှည်​တဲ့ဘင်္ဂလားပယ်​လယ်​​အော်​ကမ်းရိုးတန်းက ပိတ်​ကာ
ထားပြီးကျန်​၃ဘက်​၃တန်​မှာ အထက်​​ဖော်​ပြပါ ဇယား
ဝင်​နယ်​​မြေ​တွေဖြစ်​တဲ့​တောင်​တန်း​ဒေသက မြင်းခွာ
သဏ္ဍန်​၀န်းရံထားတယ်​။အဲ​တော့ မဟာဗျူဟာ မှာ ပြည်​မဟာ အတိုင်းသား​ပေါ့။အဲဒီပတ်​ပတ်​လည်​အကာအရံ
ဒေသအားလုံးမှာကလည်း လူမျိုးစုံ၊ဘာသာစုံ၊ဘာသာ
စကားစုံဖြစ်​​နေလို့သာ လွင်​ပြင်​ကဗမာခံသာတယ်​မှတ်
ပါ။မဟုတ်​လို့က​တော့ ဗမာဆိုတာ လူနည်းစုအဖြစ်​သာ
ယ​နေ့မြင်​ကြမယ်​ထင်​ပါတယ်​။အကာအရံနယ်​​တွေ
အားလုံးကလည်း အိန္ဒိယ၊တရုတ်​၊ယိုးဒယား၊​လောစတဲ့
နိုင်​ငံ​တွေနဲ့ထိစပ်​​နေပြန်​တယ်​။ဒါ​ကြောင့်မြန်​မာ့နိုင်​ငံ
ရေးသမားဟာ ​တစ်​ပြည်​လုံးပူး​ပေါင်းပြီးလွတ်​လပ်​​ရေး
ယူဖို့စည်းရုံးတယ်​ဆိုရင်​လည်းမမှားဘူး။ဒါကိုပဲတိုင်းရင်း
သားညီအစ်​ကိုများလို့​ခေါင်းစဉ်​လှလှ​ပြောင်းတပ်​လိုက်​တာ
လည်းဖြစ်​နိုင်​ပါတယ်​။
အခု​တော့ ဘုရင်​ခံက Sub Division ရှမ်းနယ်​​တွေ၊
ကချင်​၊ချင်း​ဒေသ​တွေမှာ ခရိုင်​အဆင့်အကြံ​ပေး​ကောင်​စီ
တွေဖွဲ့ဖို့ ​ရှေ့ ​ပြေးလုပ်​ငန်းအဖြစ်​ ညွှန်​ကြားလိုက်​တယ်​။
(မ​ပြောဖြစ်​​သောမြန်​မာပြည်​ဘုရင်​ခံ၏ ၄၆ခုပင်​လုံမိန့်​ခွန်း)
နယ်​ခြား​ဒေသအုပ်​ချုပ်​​ရေးဥပ​ဒေ၁၉၄၆မှာ ထူးခြားတာ
ကအ​ခေါ်အ​ဝေါ်​ပြောင်းထားတာပဲ။စစ်​မဖြစ်​ခင်​က 
Commissioner ​နေရာမှာ အခု အုပ်​ချုပ်​​ရေးမှူး
(Chief Administrator )၊အ​ရေးပိုင်​(Superintendent) ကို အုပ်​ချုပ်​​ရေးမှူး(Administrator) ၊​စော်​ဘွား မြို့စား​တွေကို(Rulers)လို့​ပြောင်းသုံးထားတာ​တွေ့ရတယ်​။အရင်​လို
စော်​ဘွား မြို့စား ​ငွေခွန်​မှူးစသဖြင့်မရှိ​တော့ဘူး။အပြန်
အလှန်​အထက်​​အောက်​ပြန်​ပြီးတာဝန်​ယူနိုင်​တဲ့အဆင့်
ဆင့်အုပ်​ချုပ်​ပုံဖြစ်​ပါတယ်​။စော်​ဘွားတစ်​ဦးဟာ
အဆင့်ဆင့်တက်​သွားပြီး ရှမ်းပြည်​နယ်​အုပ်​ချုပ်​​ရေးမှူး
အထိဖြစ်​နိုင်​တယ်​။
အလားတူ ကချင်​​တွေကလည်း ကချင်​အမျိုးသားအများစု
နေထိုင်​တဲ့ မြစ်​ကြီးနား၊ဗန်း​မော်​ခရိုင်​​တောင်​​ပေါ်​ဒေသ​တွေ
ကို ပူး​ပေါင်းပြီးအုပ်​ချုပ်​​ရေး​ဒေသတစ်​ခုဖွဲ့စည်းနိင်​တယ်​လို့
ယင်းဥပ​ဒေကခွင့်​ပြု ထားတယ်​။
ဒါ ၄၆ ပထမပင်​လုံမှာ မြန်​မာပြည်​ဘုရင်​ခံကတရားဝင်
ကြေငြာဖို့ပြဋ္ဌာန်းထားတဲ့၄၆ နယ်​ခြား​ဒေသအုပ်​ချုပ်​​ရေး
ဥပ​ဒေပဲဖြစ်​ပါတယ်​။ဒါ​ပေမဲ့ဒီစည်း​ဝေးပွဲကိုမြန်​မာပြည်
ဘုရင်​ခံမတက်​ဖြစ်​ခဲ့တာရယ်​ ​စော်​ဘွားနဲ့ကချင်​​ခေါင်
ဆောင်​​တွေက ​ရွှေ့ဆိုင်းထားလိုက်​ကြတယ်​။
ဆက်​ပါဦးမည်​။
https://m.facebook.com/story.php?story_fbid=147401636402043&id=100033966230641
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပ​ဒေသရာဇ်​ရှမ်းပြည်​.....၃၁”
Post a Comment
Related Posts Plugin for WordPress, Blogger...