Saturday, July 13, 2019

အလုပ်​သမားလူတန်းစား...၂

,
ကိုလို​နီ​ခေတ်​အလုပ်​သမားလူတန်းစား​တွေထဲမှာ
၅ရာခိုင်​နှုန်းပဲ မြန်​မာရှိတယ်​။၇၅%က အိန္ဒိယသား
ဖြစ်​ပြီး၂၀%ကတရုတ်​ဖြစ်​တယ်​။ရေနံလုပ်​ကွက်​​တွေ
မှာ ပညာရှင်​က မျက်​နှာဖြူ  ​တွေဖြစ်​ပြီး စာ​ရေးစာချီ
တွေထဲမှာ ဘင်္ဂလီလူမျိုးကအများဆုံးဖြစ်​​နေတယ်​။
၁၉၂၁ ရန်​ကုန်​မြို့မှာ ​လေဘာဗျူ  ရို(Labour Bureau)
ကိုဖွဲ့စည်းခဲ့​ပေမယ့် GCBA အစိပ်​စိပ်​ကွဲခြင်းနဲ့အတူ
သူလည်းကွဲပြီး​ပျောက်​ကွယ်​သွားတယ်​။

တကယ်​​တော့ ၁၉ရာစုမှာ အလုပ်​သမားလူတန်းစား
အတွက်​​မေးခွန်းစထုတ်​တာ ကာလ်​မာက်​စ်​ရဲ့ 
ကွန်​မြူ  နစ်​ပဲ။မြန်​မာပြည်​မှာ နာမည်​ဖျက်​ခံထားရတဲ့
အင်​အားစု၂စုရှိရာမှာ ကွန်​မြူ  နစ်​က ဒုတိယအစုဖြစ်
တယ်​။ပထမအစု က အစ္စလာမ်​ဖြစ်​တယ်​။ကွန်​မြူ  နစ်
တွေဟာ အရင်းရှင်​​တွေရဲ့ လုပ်​ကွက်​ကိုသိလာတဲ့အခါ
ဖော်​ထုတ်​လာပြီး စနစ်​သစ်​ဆီသွားဖို့လှုံ့ ​ဆော်​တယ်​။
ဒါ​ကြောင့်ပထမကမ္ဘာစစ်​အပြီး ILO​ပေါ်လာတာ​ပေါ့။
အရင်းရှင်​​တွေရဲ့ ဆိုးယုတ်​လှတဲ့ဂုတ်​​သွေးစုပ်​မှုဟာ
ကွန်​မြူ  နစ်​​ပေါ်လာမှ စတင်​​ပြောင်းလဲတာပါ။

၁၉၂၃ ​ရေနံ​မြေသပိတ်​ဖြစ်​တယ်​။အဲဒီသပိတ်​ရဲ့ 
အကျိုးဆက်​​ကြောင့်မြန်​မာတစ်​ပြည်​လုံးမှာ အလုပ်​သမား
သပိတ်​​တွေဖြစ်​​ပေါ်ခဲ့တယ်​။၁၉၂၄ ​မေလထဲမှာ ရန်​ကုန်
မြို့ကုန်​တင်​ကုန်​ချအိန္ဒိယအလုပ်​သမား၂​သောင်း​ကျော်
ရဲ့ သပိတ်​ဖြစ်​​ပေါ်တယ်​။တစ်​ချို့က ၁၉၂၅လို့ဆိုတယ်​။
အဲဒီ​ခေတ်​က နင်းပြားအိန္ဒိယသား​တွေရဲ့ ဘ၀က မြန်​မာ
တွေထက်​ဆိုးတယ်​။ထမင်းဖြူ  အလွတ်​ကို ငရုပ်​သီးတို့စား
ပြီး​နေ့လည်​စာပြီးရတဲ့ဘ၀ပိုင်​ရှင်​​တွေပါ။တိုင်းခြားပြည်​ခြား
မှာ အလုပ်​လာလုပ်​ရ​တော့ ခြိုးခြံ ​ချွေတာစားပြီးစု​ဆောင်း
ကြရတယ်​။မြန်​မာပြည်​ရဲ့ အနိမ့်ဆုံးအလုပ်​​တွေမှာလည်း
သူတို့ပဲ။သူတို့လူမျိုးအလုပ်​သမား​ခေါင်း​တွေကလည်း
သူတို့ဆီက ​ခေါင်းပုံဖြတ်​ကြ​သေးတာပါ။အဲဒီအချိန်
ရန်​ကုန်​မြို့ဟာ အိန္ဒိယသားမြို့ပါ။ယ​နေ့မန္တ​လေးဟာ
တရုတ်​မြို့ဖြစ်​​နေသလို ကိုလိုနီ​ခေတ်​တုန်းက ရန်​ကုန်
ဟာ အိန္ဒိယသားရဲ့ မြို့ဖြစ်​ခဲ့ပါတယ်​။လံချားဆွဲအိန္ဒိယ
သား​တွေ၊ချယ်​ဂါရီဆွဲအိန္ဒိယအလုပ်​သမား​တွေ၊ဖိနပ်
ချုပ်​ ထီးချုပ်​ မိလ္လာတွင်းတူးသမား စသည့်အားလုံး
အိန္ဒိယသား​တွေချည်းပဲ။

၁၉၂၅ ဧရာဝတီမီးသ​ဘောင်္အလုပ်​သမားသပိတ်​ဖြစ်
တယ်​။ဧရာဝတီမီးသ​ဘောင်္ကုမ္ပဏီမှာ သ​ဘောင်္ကြီး/ငယ်
စုစု​ပေါင်း၆၀၀​ကျော်​ရှိတယ်​။ရခိုင်​ကမ်းရိုးတန်းအတွက်
လည်း အာရကန်​ကမ်းရိုးတန်းသ​ဘောင်္ကုမ္ပဏီကိုတည်
ထောင်​ထားတယ်​။သြဂတ်​လ၁ရက်​​နေ့မှာ ကုမ္ပဏီဝန်​ထမ်း
၃၀၀၀ ​ကျော်​ဟာ လုပ်​ခလစာတိုး​ပေးဖို့​တောင်းဆိုပြီး
သပိတ်​​မှောက်​ကြတယ်​။သပိတ်​က ၅လ​ကျော်​ကြာလာ
ပေမယ့်မထူးခြားလာဘူး။အဲဒီမှာ ကုမ္ပဏီက အိန္ဒိယ
သား အလုပ်​သမား​တွေ​နေရာမှာ မြန်​မာအလုပ်​သမား
တွေကိုအစားထိုးလိုက်​တယ်​။ဒါဟာ တစ်​ချိန်​မှာ
လူမျိုး​ရေးပြဿ     နာကိုဖြစ်​​ပေါ်​စေတဲ့အဓိကအ​ကြောင်း
တရားဖြစ်​ပါတယ်​။အရင်းရှင်​​တွေရဲ့ ဂုတ်​​သွေးစုပ်​မှု
ကိုယ်​ကျိုးစီးပွားမှာ နင်းပြား​တွေက ၀င်​​ရောက်​ကပြ
ပေးရမယ့် အဓိကရုဏ်းဇတ်​လမ်း​တွေရဲ့ အစပဲ။

တကယ်​​တော့ ရန်​ကုန်​မြို့မှာ ​အိန္ဒိယသား ​တေလဂူ
လူမျိုး​တွေသပိတ်​​မှောက်​တိုင်း ကုမ္ပဏီ​တွေ လုပ်​ငန်းရှင်
တွေက မြန်​မာအလုပ်​သမား​တွေနဲ့အစားထိုး​နေကျဖြစ်
တယ်​။ဒီနည်းနဲ့ပဲ​ဖြေရှင်းတယ်​။တေလဂူ​တွေဟာ အ​တော်
နိမ့်ကျတယ်​လို့​ပြောလို့ရတဲ့အလုပ်​စုံကိုလုပ်​ကြသူ​တွေဖြစ်
တယ်​။

ဒါ​ကြောင့် အိန္ဒိယ-ဗမာ(ကုလား-ဗမာ)တင်းမာမှုဟာ
တရိပ်​ရိပ်​မြင့်တက်​လာတယ်​။အဓိကရုဏ်းအတွက်
ရယ်​ရွယ်​ချက်​ရှိရှိလုပ်​သလား၊စဉ်းစားဆင်​ခြင်​ဥာဏ်
နွမ်းပါးလို့လုပ်​သလားဆိုတာ​တော့ ပြန်​စစ်​​ဆေးရမယ့်
ကိစ္စဖြစ်​တယ်​။

တကယ်​​တော့ကိုလိုနီ​ခေတ်​ဆိုတာ ရန်​ကုန်​​ခေတ်​ပါပဲ။
အဓိကရန်​ကုန်​ပဲ။စစ်​​တွေ၊​မော်​လမြိုင်​၊ပုသိမ်​၊စတဲ့
မြို့​တွေကလည်းသူ့လူနဲ့သူမျှတယ်​။အထက်​မြန်​မာ
ပြည်​က အညာသားအလုပ်​လက်​မဲ့​တွေရဲ့ ​မြေမှာ
ထူးထူးခြားခြား စက်​ရုံအလုပ်​ရုံမရှိဘူး။အညာကလည်း
အင်္ဂလိပ်​နဲ့အဆင်​မ​ပြေဘူး။မြန်​မာတစ်​ပြည်​နယ်​စာ
အတွက်​ စက်​ရုံအလုပ်​ရုံ၁၀၀၀ဆိုတာဆင့်ပါးစပ်​ကိုနှမ်း
ပက်​သလိုပဲ။ဒါ​ပေမဲ့ ယ​နေ့​အမျိုးသားအစိုးရနဲ့ယှဉ်​ရင်
တော့ မိုးနဲ့​မြေ​လောက်​ကွာတယ်​။အဲ​တော့ အားလုံး
ရန်​ကုန်​ကိုပြုံဆင်းလာတယ်​။အလုပ်​အကိုင်​​တွေအတွက်
တိုးကြ​ဝှေ့ကြတာယ​နေ့လိုပဲ။ဒါ​ပေမဲ့ ယ​နေ့မြန်​မာနိုင်​ငံ
လောက်​ ​အောက်​တန်းမကျ​သေးဘူး။ယ​နေ့မြန်​မာပြည်
က စာရိတ္တ​တွေပါ​မြောင်းထဲ​ရောက်​ကုန်​တာပါ။အဲ​တော့
ကုမ္ပဏီ​တွေက အလုပ်​သမားအစားထိုးနည်းနဲ့​ဖြေရှင်း
တယ်​။

၁၉၂၅-၂၆ မြန်​မာ့​ရေနံ​လောက တိုးတက်​လာတယ်​။
အ​ကြောင်းက ဗြိတိန်​ကုမ္ပဏီ​တွေက ​ခေတ်​မီစက်​ကရိယာ
တွေကိုတင်​သွင်းလာပြီး ​ခေတ်​မီ​ရေနံတူး​ဖော်​​ရေးလုပ်​ငန်း
ကိုတည်​​ထောင်​လာကြတယ်​။နွားလှည်း​နေရာမှာ ​မော်​​တော်
ကား​တွေဝင်​လာတယ်​။ရေ​နွေး​ငွေ့ဘွိုင်​လာအိုး​တွေ​နေရာ
မှာ လျှပ်​စစ်​သုံးအိုး​တွေ​ပေါ်လာတယ်​။လူအင်​အားလိုအပ်
မှုကို ၀န်​ချီစက်​နဲ့​ဖြေရှင်းလာတယ်​။ရေနံတူးရာမှာလည်း
အရင်​က Cable Well ​မောင်းတွင်း​နေရာမှာ Rotory
Well လို့​ခေါ်တဲ့ လွန်​ နဲ့တွင်းတူးတာ​တွေလုပ်​လာတယ်​။
ဒါ​ကြောင့်​ထောင်​နဲ့ချီတဲ့အလုပ်​သမား​တွေအလုပ်​ထုတ်
ခံကြရတယ်​။အလုပ်​လက်​မဲ့ဦး​ရေကတိုးလာတယ်​။

ဒါဟာ အရင်းရှင်​​တွေရဲ့ အမှားမဟုတ်​ဘူးဆို​ပေမယ့်
အလုပ်​သမားဘ၀များစွာကပျက်​ခဲ့ရတယ်​။အလုပ်​သမား
အသင်းကကန့်​ကွက်​တာကိုလည်း ကုမ္ပဏီက ဂရုမစိုက်​ဘူး။
နောက်​ဆုံး ​ရေနံ​မြေအလုပ်​သမား ၅၀၀၀​ကျော်​ဟာ
၁၉၂၆ ​ဖေ​ဖော်​၀ါရီလ ၄ရက်​​နေ့မှာ သပိတ်​​မှောက်​ကြ
ပါ​တော့တယ်​။ဒါကိုကုမ္ပဏီက ကြမ်းကြမ်းတမ်းတမ်း
ဖြေရှင်းတယ်​။ဒါ​ကြောင့်​​အောင်​မြင်​မှုမရခဲ့ဘူး။ဒါ​ပေမဲ့
ဒါဟာ ​နောင်​သပိတ်​​တွေအတွက်​​ခြေဆင်းဖြစ်​ခဲ့တယ်​။

၁၈၅၂ ​အောက်​မြန်​မာပြည်​ကိုအင်္ဂလိပ်​သိမ်းပြီး စူးအက်​စ်
တူး​မြောင်းဖွင့်​တော့ မြန်​မာပြည်​ဟာ ဗြိတိန်​အင်​ပါယာ
ရဲ့ စပါးကျီဖြစ်​လာတယ်​။၁၈၅၂ မှာ ဆန်​စပါးစိုက်​ဧက
၆သိန်းပဲရှိ​သေးတယ်​။စိုက်​ပျိုး​မြေကများပြီးစိုက်​သူနည်း
လွန်း​နေချိန်​။အိန္ဓိယသား​တွေကို​ခေါ်သွင်းလာတယ်​။
အိန္ဒိယနိုင်​ငံ ဘီဟာရ်​နယ်​က ​မြေရှင်​ကြီး​တွေက ပထမဆုံး
မြန်​မာနိုင်​ငံထဲကို ဇမိန်​ဒါဆိုတဲ့အမည်​နဲ့ဝင်​လာခဲ့ကြတယ်​။
အလုပ်​သမားလိုအပ်​ချက်​ကြီး​နေလို့ အိန္ဒိယသား​တွေကို
လွတ်​လပ်​စွာဝင်​ခွင့်အင်္ဂလိပ်​အစိုးရ​ပေးခဲ့တယ်​။အဲဒီ
မှာ မြန်​မာနိုင်​ငံဆန်​စပါးလုပ်​ငန်းကလည်း ကြီးကျယ်
ထင်​ရှားလာပါ​တော့တယ်​။
၁၈၅၂-၅၃ စပါးစိုက်​ဧက ၆သိန်း
၁၈၇၂-၇၃ ..........၁၈၇၁၅၄၂
၁၈၈၂-၈၃............၃ ၄၆၆ ၄၃၉
၁၈၉၂-၉၃............၅၀၈ ၆၈၅၃
၁၉၀၂-၀၃.............၆ ၇၁၂ ၇၁၉
၁၉၁၂-၁၃..............၈ ၀၈၁ ၆၇၇
၁၉၂၂-၂၃...............၈ ၈၇၀ ၃၄၂
၁၉၃၂-၃၃...............၉ ၇၁၁ ၃၉၆
၁၉၃၆-၃၇...............၉ ၈၅၅ ၂၅၈
လို့စရင်းပြထားတာ​ကြောင့်​ ၁၉၃၇မှာ မြန်​မာနိုင်​ငံ
စပါးစိုက်​ဧကဟာ ၉၈သိန်းအထိရှိလာတယ်​။ဒါဟာ
ဆန်​စပါးထုတ်​လုပ်​မှုတိုးတက်​မှုဇယားပဲ။တစ်​ဖက်​မှာ
အိန္ဓိယသား​တွေ​ကြောင်းစီးပွား​ရေးတိုးတက်​လာသလို
တစ်​ဖက်​မှာစီမံခန့်​ခွဲမှုညံ့ဖျင်းတဲ့နိုင်​ငံ​ရေးကွပ်​ကဲမှု​ကြောင့်
လူမျိုး​ရေးတင်းမာမှုကဖြစ်​လာတယ်​။တကယ်​​တော့
လူမျိုး​ရေးတင်းမာမှုဟာ စားဝတ်​​နေ​ရေးကစခဲ့တာပါ။
ဘယ်​မြန်​မာမှ အလကား​နေအိန္ဒိယသားကိုမုန်းပြီးပြ​ဿ
နာဖြစ်​တာမဟုတ်​ဘူး။လုယက်​တိုး​ဝှေ့ ရှာ​ဖွေရတဲ့ဘဝ
တွေထဲမှာ ကြိမ်​ဖန်​များစွာတွန်းတိုက်​လာကြရတဲ့အခါ
ကမ္ဘာ့ သမိုင်းမှာဖြစ်​​လေ့ဖြစ်​ထရှိတဲ့သ​ဘောတရားအတိုင်း
အဓိကရုဏ်းဆိုတာဖြစ်​လာခဲ့ရတာဖြစ်​ပါတယ်​။

အင်္ဂလိပ်​​တွေမြန်​မာနိုင်​ငံက​နေ နိုင်​ငံခြားကိုတင်​ပို့တဲ့
ကုန်​​တွေထဲမှာ ဆန်​စပါးဟာ အများဆုံးကုန်​ဖြစ်​တယ်​။
ဒါ​ကြောင့်ဗြိတိသျှအင်​ပါယာရဲ့ စပါးကျီလို့တင်​စားကြတာ
ပေါ့။ကျွန်းသစ်​က ဒုတိယအဆင့်။ဒီ​တော့ ဆန်​စပါး
ကြိတ်​ခွဲဖို့ ထုတ်​ပိုးတင်​ပို့ဖို့ နဲ့ သစ်​ခွဲစက်​ ကုန်​တင်​ကုန်​ချ
စတဲ့အလုပ်​​တွေအတွက်​ အလုပ်​သမားလိုအပ်​လာတယ်​။
ဒါ​ကြောင့်အိန္ဒိယသားကို​ခေါ်သုံးရတာပဲ။မြန်​မာအလုပ်​သမား
မရှိလို့လား​မေးရင်​မရှိလို့ပဲ။မြန်​မာကိုဒုက္ခ​ရောက်
အောင်​ပစ်​ထားတာ​တော့မဟုတ်​ဘူး။မြန်​မာကစီးပွား​ရေး
လည်းလုပ်​မတတ်​သလို အလုပ်​သမားလူတန်းစားဆိုတာ
လည်းမရှိ​နေဘူး။ဒီအတွက်​​သောက်​ပြစ်​တင်​ချင်​ရင်​​တော့
မင်းတို့သာသနာပြု နှမယိုးမျိုးပ​ဒေသရာဇ်​(အ​နော်​ရထာ-
သီ​ပေါ)​တွေကိုအပြစ်​​ပြောကြပါ။ဒါသူတို့လုပ်​တဲ့အကျိုး
ဆက်​။

၁၈၅၂ မြန်​မာပြည်​လူဦး​ရေဟာ ၆သန်း။
ဒါ​ကြောင့်​မြန်​မာ​တွေအတွက်​သူ့ဟာသူအဆင်​​ပြေ​နေ
တယ်​။စီးပွား​ရေးမရှိလို့​လောဘလည်းမရှိဘူး။
ပြိုင်​ဆိုင်​မှုဆိုတာလည်းမရှိဘူး။ငါတို့အားလုံး
ဟာ ပ​ဒေသရာဇ်​ကျွန်​​တွေကိုခံယူပြီးသာယာ​နေကြ
တာပါ။အခုမှသခင်​မျိုးလို့ဘယ်​​ကောင်​လက်​တို့လိုက်
တယ်​​​တော့မသိဘူး ​အော်​​နေကြတာပဲ။အဲ​တော့အခု
ခေတ်​မီအင်္ဂလိပ်​က ​ခေတ်​မီနိုင်​ငံကိုတည်​​ထောင်​လာတဲ့
အခါ မြန်​မာနဲ့က ဘယ်​လိုမှမရဘူး။လုပ်​ငန်းကျွမ်းကျင်
မှုမှာလည်းအိန္ဒိယသားပဲ။မြန်​မာက ဟိုအလုပ်​ကမလုပ်
ကောင်း၊ဒီအလုပ်​ကနိမ့်တယ်​စသဖြင့်ကိုယ့်​​ပေတံနဲ့ကိုယ်
တိုင်းတိုင်းပြီးမလုပ်​ဘူး။ကူလီ ကုန်​တင်​ကုန်​ချ အကြမ်း
သမား လံချားဆွဲသမား စက်​ဆရာ စက်​ရုံလုပ်​သား
ဆက်​သွယ်​​ရေးသမား၊စာတိုက်​၊​ကြေးနန်းကအစ အားလုံး
အိန္ဒိယသားပဲလုပ်​လို့ရတယ်​။မြန်​မာက ​ကြေးနန်း​တွေ
စာတိုက်​​တွေဆိုတာ စာလုံး​တောင်​​ပေါင်းမတတ်​​သေးဘူး။
နောက်​ပိုင်းသယ်​ယူပို့​ဆောင်​​ရေးကဏ္ဍဖြစ်​တဲ့ မီးရထား
မီးသ​ဘောင်္ မီးထိုး တွဲ​စောင့်ကအစ ​ဆောက်​လုပ်​​ရေးဝန်​ထမ်း
အင်​ဂျင်​​နေယာ ​ဒေါက်​တာ အလယ်​ ​ငွေထုပ်​ပိုက်​ပြီး
ကုမ္ပဏီကြီး​တွေကိုဦး​ဆောင်​တည်​​ထောင်​လုပ်​ကိုင်​တဲ့
အဆင့်အထိ အားလုံးအိန္ဒိယသား​တွေချည်းပဲ။နေ၀င်း
ခေတ်​အထိမြန်​မာ့မီးရထားမှာ အိန္ဒိယသားကိုပယ်​လို့မရ
ခဲ့တာ မဆလ​ခေတ်​ အဘိုးကြီး​တွေအသိဆုံးဖြစ်​ပါလိမ့်
မယ်​။ဘယ်​​လောက်​အထိလဲဆိုရင်​ ဥ​ရောပနဲ့အခြားနိုင်​ငံ
တွေကို ချိတ်​ဆက်​ပြီးစီးပွား​ရေးလုပ်​တာ အိန္ဒိယသား​တွေပဲ။
မြန်​မာ့ပထမဆုံး Global Economic System
ကို အိန္ဒိယသားကစတာပဲ။အခုမှပြည်​တွင်းထိုင်​ဖင်​​ခေါင်းပွ
နေတဲ့မျိုးချစ်​​တွေကို​ခေါ်​မေး မင်းတို့အစိုးရနဲ့မင်းတို့
ခရိုနီ​တွေ ဘာများတူတူတန်​တန်​ကမ္ဘာချီလုပ်​ဖူးသလဲလို့။
စီးပွား​ရေးဖိုရမ်​တက်​ပြီးနှစ်​၂၀အတွင်းစကာင်္ပူကို​ကျော်
မယ်​ ဥ​ရောပကိုခွမယ်​ဆိုတဲ့နိုဘလ်​ဆုရှင်​​တောင်​ ဆင်​ခြင်
ဥာဏ်​နည်းတဲ့စကား​တွေကိုပဲဆိုတတ်​ခဲ့တာပါ။ယ​နေ့
မြန်​မာပြည်​က တရုတ်​ ​တွေ​တောင်​ကိုလိုနီ​ခေတ်​အိန္ဒိယ
သား​တွေရဲ့ စီးပွား​ရေးအဆင့်အတန်းကိုမှီ​အောင်​မလိုက်
နိုင်​သေးဘူး။မူးယစ်​​ဆေး၊လက်​နက်​ကုန်​သွယ်​​ရေးနဲ့
သံယံဇာတတူး​ဖော်​​ရေးဆိုတာ အင်​မတန်​ကြီးမားတဲ့
အလုပ်​ကြီးလို့အမှတ်​မှား​နေရင်​​တော့မ​ပြောတတ်​ဘူး။

ဒါ​ပြောတာ အိန္ဒိယသားကို​သောက်​မွှန်းတင်​ချင်​လို့မဟုတ်
ဘူး။အဲဒီ​ခေတ်​က စီးပွား​ရေးအဆင့်အတန်းကိုဟိုက်​လိုက်
လုပ်​ဖို့လိုတဲ့အတွက်​ ဒါကိုဟိုက်​လိုက်​လုပ်​ပြတာ။

အဲ​တော့ အဲ​လောက်​များတဲ့အိန္ဒိယသား​တွေမြန်​မာ့​မြေ​ပေါ်
ရောက်​တဲ့အခါ အရာရာ ကုလားကြီးဖြစ်​ကုန်​တာ​ပေါ့။
အဲ​တော့ တွန်းတိုက်​မှု​တွေ၊ဆိုတာဖြစ်​လာမှာအ​သေအချာ
ပဲ။ဒါကိုအင်္ဂလိပ်​အစိုးရကလည်း အ​ကောင်းဆုံးစီမံခန့်
ခွဲတာမျိုးမလုပ်​ဘူး။မြန်​မာလူမျိုးကိုလည်း ဒီမိုက​ရေစီ
အမူအကျင့်​တွေဝင်​လာ​အောင်​ အင်္ဂလိပ်​အစိုးရက အား
မထုတ်​ဘူး။မြန်​မာက ဘယ်​လူမျိုးကိုမှမုန်းခဲ့တာလည်း
မဟုတ်​ဘူး။အဓိကရုဏ်းဖြစ်​လာရတဲ့​ အလှည့်အ​ပြောင်း
တွေအားလုံးဟာ နိုင်​ငံ​ရေးစနစ်​က​နေစုဖွဲ့လာခဲ့တာပါ။

သစ်​သားနဲ့ဆက်​စပ်​လုပ်​ငန်းမှာ စုစု​ပေါင်းလူဦး​ရေ
၁၀၂ ၀၆၁ ရှိရာမှာ အိန္ဒိယသား၁​သောင်းရှိတယ်​။
အလားတူ အစားအ​သောင်းလုပ်​ငန်း ၁၄၁၅၀၇ရှိရာမှာ
အိန္ဒိယသားက ၃၆၇၉၆၊အ၀တ်​အထည်​ ၇၆၃၈၈မှာ
၁၉၉၅၇က အိန္ဒိယသား၊သယ်​ယူပို့​ဆောင်​​ရေး ၂၂၂ ၀၅၅
မှာ ၁၀၁ ၅၃၀က အိန္ဒိယသား၊​ရေ​ကြောင်း ၇၃၆၇၅မှာ
၃၇၇၇၉ ကအိန္ဒိယသား၊ရထား ၂၇၇၆၃မှာ ၂၀၃၁၁ က
အိန္ဒိယသား၊မီးရထားဝန်​ထမ်း၁၄၀၉၆မှာ ၁၀၄၈၃ က
အိန္ဒိယသား၊စာတိုက်​​ကြေနန်း ၅၀၅၁မှာ ၂၉၀၄က
အိန္ဒိယသား၊ဘဏ်​၊အသက်​အာမခံ နဲ့​ငွေလွှဲ ၁၀၀၉၄မှာ
၆၂၉၀က အိန္ဒိယသား၊ရဲ ၂၅၅၉၈မှာ ၁၁၈၆၈ ကအိန္ဒိယ
သား၊စစ်​တပ်​ ၅၂၁၈မှာ ၂၁၂၇ ကအိန္ဒိယသား၊
ပန်းချီ ပန်းပုနဲ့အနုပညာ ၁၂၈၂၈၀ မှာ ၁၈၉၁ ကအိန္ဒိယသား၊
ဆေးဖက်​ဆိုင်​ရာအမှုထမ်း ၂၉၀၉၂ မှာ ၃၁၃၀ က
အိန္ဒိယသား၊အခြားလုပ်​ငန်းစုံ ၂၅၁၄၇ မှာ.၂၂၂၁က
အိန္ဒိယသား၊ဓာတု​ဗေဒထုတ်​လုပ်​မှု ၁၇၇၁၈မှာ ၉၈၀၂ က
အိန္ဒိယသား၊​ဆောက်​လုပ်​​ရေး ၁၈၅၃၆မှာ ၅၃၈၁က
အိန္ဒိယသားဆိုပြီး ၁၉၃၁ သန်း​ခေါင်​စရင်းက​ဖော်​ပြထား
တယ်​။အဲ​တော့ လုပ်​ငန်းတိုင်းမှာ အိန္ဒိယသားမပါဘူး
ဆိုတာမရှိဘူး။မြန်​မာ​တွေမလုပ်​တဲ့အလုပ်​​တွေရှိခဲ့​ပေမယ့်
အိန္ဒိယသား မလုပ်​တဲ့အလုပ်​​တွေဆိုတာမရှိဘူး။

အဲလိုနဲ့ ရန်​ကုန်​မြို့မှာ အိန္ဒိယသားဘာသာစကားနဲ့
အင်္ဂလိပ်​စကားဟာလွှမ်းမိုးလာတယ်​။အင်္ဂလိပ်​သတင်း
စာ​တွေရှိသလို ဟိန္ဒူနဲ့မွစ်​စလင်​​ပေါင်းပြီး ပါရှန်​အက္ခရာ
ကိုယူ ဟိန္ဒူအသံနဲ့​ပေါင်းကာ တီထွင်​တဲ့ အူရဒူ
ဘာသာစကားနဲ့သတင်းစာ​တွေ​တောင်​ရန်​ကုန်​မြို့မှာ
ထွက်​ခဲ့တာနှစ်​များစွာ​ပေါ့။အ​ခေါ်အ​ဝေါ်​တွေဟာ အိန္ဒိယ
အ​ခေါ်အ​ဝေါ်​တွေဖြစ်​လာပြီးရန်​ကုန်​မြို့လူဦး​ရေ၊
မော်​လမြိုင်​မြို့လူဦး​ရေ​တွေမှာလည်း အိန္ဒိယသား
တိုးလာတယ်​။

၃၁သန်း​ခေါင်​စရင်းအရ
၁၈၇၂ ..၁၆၀၀၀(I).........၇၀၀၀၀(B)
၁၈၈၁....၆၆၀၀၀(I).........၆၇၀၀၀(B)
၁၈၉၁.....၈၇၀၀၀(I).........၇၃၀၀၀(B)
၁၉၀၁.....၁၁၉၀၀၀(I)........၈၁၀၀၀(B)
၁၉၁၁.....၁၆၅၀၀၀(I)........၉၀၀၀၀(B)
၁၉၂၁......၁၈၇၀၀၀(I).......၁၀၅၀၀၀(B)
၁၉၃၁......၂၁၂၉၂၉(I)........၁၂၈၀၀၀(B)
ဒါ​ကြောင့်၁၉၃၀မှာ ရန်​ကုန်​မြို့လူဦး​ရေမှာ
အိန္ဒိယသားက မြန်​မာထက်​များ​နေတာသိသာပြီ​ပေါ့။
ဒါ့အပြင်​နှစ်​ကုန်​တိုင်း သိန်းနဲ့ချီပြီးအိန္ဒိယကိုပြန်ကြတာ
မျိုးလည်းရှိပြန်​တယ်​။အဲဒါ​ကြောင့်​သွေး​နှောမှု​တွေဖြစ်
တယ်​။၃၁သန်း​ခေါင်​စရင်းအရ ​သွေး​နှောကပြားဦး​ရေ
ရန်​ကုန်​မှာ ၁၂၅၆၀အထိရှိလာပြီ။

အဲဒီမှာပဲ ၀ံသာနုဆိုတာ​ပေါ်လာခဲ့​တော့တာပဲ။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=154764345665772&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အလုပ်​သမားလူတန်းစား...၂”

Post a Comment

Related Posts Plugin for WordPress, Blogger...