Saturday, July 13, 2019

အလုပ်​သမားလူတန်းစား

,
၁၉၁၄မှာ ပထမကမ္ဘာစစ်​ကြီးဖြစ်​တယ်​။စစ်​​ကြောင့်
အဆက်​သွယ်​​တွေပြတ်​ပြီးကုန်​​ဈေးနှုန်း​တွေမြင့်လာ
တယ်​။အဲဒီအချိန်​ မြန်​မာနိုင်​ငံ BOC ​ရေနံကုမ္ပဏီက
ရေနံတွင်းတူးဖို့အတွက်​ပညာရှင်​​တွေကို အ​မေရိကန်
တွေကိုငှါးရမ်းထားတယ်​။အဲဒီအ​မေရိကန်​တွင်းတူး
ပညာရှင်​​တွေကို မြန်​မာ​အလုပ်​သမား​တွေက တွင်းတူးဗိုလ်
လို့​ခေါ်တယ်​။အဲဒီအ​မေရိကန်​​တွေက စစ်​ကိုအ​ကြောင်း
ပြပြီး လစာတိုး​ပေးဖို့​တောင်းဆိုပြီး​နောက်​ လစာတိုး​ပေး
မှသာ အလုပ်​လုပ်​​တော့မယ်​လို့ဆုံးဖြတ်​ကြပြီးအလုပ်​ကို
ရပ်​ပြီး သပိတ်​​မှောက်​လိုက်​ကြတယ်​။ဒါဟာ မြန်​မာ
နိုင်​ငံမှာ ပထမဆုံးဖြစ်​​ပေါ်ခဲ့တဲ့ အလုပ်​သမားသပိတ်
အဖြစ်​စရင်းဝင်​တယ်​။ကိုလိုနီ​ခေတ်​တစ်​​လျှောက်​​ပေါ်​ပေါက်
ခဲ့တဲ့ အလုပ်​သမားလူတန်းစားရဲ့ သပိတ်​​တွေကိုဖြစ်​​ပေါ်
စေမယ့်ပထမဆုံးနည်း​ပေးလမ်းပြသပိတ်​ပါ။

မြန်​မာအလုပ်​သမား​တွေဟာ အ​မေရိကန်​အလုပ်​သမား
တွေဆီက အလုပ်​သမားအခွင့်အ​ရေးနဲ့ပက်​သက်​ပြီး
သင်​ယူခွင့်ရခဲ့တယ်​။

အလုပ်​သမား လူတန်းစားဆိုတာ မြန်မာ့သမိုင်းမှာ
ကိုလိုနီ​ခေတ်​​ရောက်​မှ​ပေါ်​ပေါက်​လာတာဖြစ်​တယ်​။
မင်းတုန်းမင်းလက်​ထက်​မှာမှ တစ်​ရုံစ နှစ်​ရုံစ အ​သေး
စားစက်​မှုလုပ်​ငန်းစ​ပေါ်တာဖြစ်​လို့ အလုပ်​သမားလူတန်း
စားမရှိတာ ဆန်းတယ်​​တော့မဆိုသာဘူး။တစ်​ဆက်​တည်း
မြန်​မာပ​ဒေသရာဇ်​အစိုးရရဲ့ အစွမ်းအစကိုပါမြင်​သာမှာ
ပါ။

ဒါ​ပေမဲ့ ကိုလိုနီ​ခေတ်​ အလုပ်​သမားလူတန်းစား
ဆိုတာ ၇၅% က အိန္ဒိယသား​တွေ။ဘာလို့လဲဆို​တော့
မြန်​မာအလုပ်​သမားလူတန်းစားမရှိသလို လုပ်​ငန်း
သ​ဘောကိုနားမလည်​တဲ့အခါ အိန္ဒိယသားကိုပဲသုံးရ
တယ်​။သတ္တုတွင်းတူး​ဖော်​​ရေးဘက်​မှာ တရုတ်​၂၅%
ခန့်​ရှိတယ်​။ဘီအိုစီ အ​မေရိကန်​အလုပ်​သမားဆန္ဒပြမှု
မ​ပေါ်ခင်​ ဘယ်​အလုပ်​သမားမှအစိုးရကိုဆန့်​ကျင်​ရ
ကောင်းမှန်းမသိခဲ့ဘူး။

အဲဒီသပိတ်​ပြီး​တော့ ၁၉၁၇မှာ ​ရေနံ​ချောင်းBOC
စာ​ရေးကြီး​တွေက သပိတ်​ဆက်​​မှောက်​တယ်​။အဲဒီ
သပိတ်​မှာ မြန်​မာစာ​ရေး​တွေပါလာပြီ။တတိယအကြိမ်
အဖြစ်​ ၁၉၂၀ သန်​လျင်​BOC မှာ ​ရေနံချက်​အလုပ်​သမား
တွေသပိတ်​​မှောက်​လာကြတယ်​။အဲဒီသပိတ်​၃ခုက​နေ
အလုပ်​သမားအဖွဲ့တစ်​ခုဖွဲ့ရမယ်​ဆိုတဲ့အသိဝင်​လာကြ
တယ်​။ယ​နေ့ ကျ​နော်​တို့သိထားတဲ့ ILO(International
Labour Organization)ဆိုတာ ၁၉၁၉မှာ​ပေါ်တာ။
၁၉၁၉မှာ ILOဖွဲ့​တော့ ဗြိတိန်​အစိုးရက အမာခံအဖြစ်
ရှေ့ တန်းကပါခဲ့တယ်​။ဒါ​ပေမဲ့မြန်​မာပြည်​ဟာ အိန္ဒိယ
ရဲ့ ပြည်​နယ်​တစ်​ခုဖြစ်​​နေတဲ့အတွက်​ မြန်​မာ့အလုပ်​သမား
အ​ရေးဆိုတာ အိန္ဒိယတိုက်​ငယ်​ရဲ့ သန်း​ပေါင်းများစွာ
သော အလုပ်​သမားအ​ရေးရာ​တွေကြားမှာကွယ်​ခဲ့ရတယ်​။

ပ​ဒေသရာဇ်​မြန်​မာနိုင်​ငံကိုသိမ်းပိုက်​ပြီးအုပ်​ချုပ်​တဲ့
ကိုလိုနီမြန်​မာနိုင်​ငံမှာ လူဦး​ရေ၈၅%က အလုပ်​သမား
တွေမဟုတ်​ဘဲ လယ်​သမားထု ဖြစ်​​နေတယ်​။ပ​ဒေ
သရာဇ်​​ခေတ်​တုန်းက ကျွန်​အဆင့်ဆင့်​တွေအဖြစ်
နေထိုင်​ကြရတယ်​။ပြည်​သူထဲမှာ သာမန်​အရပ်​သား
နဲ့ မင်းမှုထမ်းဆိုတဲ့လူတန်းစား၂မျိုးပဲရှိတယ်​။ပ​ဒေ
သရာဇ်​အာဏာရှင်​ကြီးက မိန့်​မှတ်​သမျှကို အရိုးအရင်း
ကိုက်​ နာယူမှတ်​သားကြရတာ က မင်းမှုထမ်း​တွေဖြစ်
တယ်​။အဲဒီ မင်းမှုထမ်းဆိုတဲ့ ကျွန်​​တွေက သူ့တို့အသီးသီး
လက်​​အောက်​က အရပ်​သားကိုပြန်​ပြီး ပါဝါပြတယ်​။
ကျွန်​ပြန်​လုပ်​တယ်​။ဒီစနစ်​ဟာ ယ​နေ့၂၀၁၉ခုနှစ်
မြန်​မာနိုင်​ငံဝန်​ထမ်း​လောကနဲ့ တစ်​​ထေရာတည်းတူ
တယ်​။ဒါ​ကြောင့်​မြန်​မာဆိုတာ အထက်​ဖား​အောက်​ဖိ
လူမျိုးဖြစ်​တယ်​၊သခင်​ကြီး​တွေကိုဖားလျားပြီး ကိုယ့်
ထက်​အင်​အားနည်းသူ ကိုယ့်အမျိုးသားအချင်းချင်း
အ​ပေါ်ပြန်​ပြီး ဗိုလ်​ကျတဲ့လူတန်းစား​ဖြစ်​တယ်​လို့တစ်​ချို့
နိုင်​ငံခြားသု​တေသီ​တွေ​ပြောတာ ဒီလိုသမိုင်း​ကြောင်း
တွေရှိဖူးလို့ပါပဲ။ယ​နေ့ ၀န်​ထမ်းသူခိုး​လောကကြီးက
သူခိုးကြီးသူခိုးငယ်​ သူခိုးလတ်​ ဓားပြကြီး ဓားပြငယ်​ ဓားပြ
လတ်​တို့ ခိုးဆိုး လုယက်​​နေတာ အားမရလို့ ပြည်​သူလူ
တကာကိုပါပြန်​ပြီး ဟိန်းလား​ဟောက်​လားလုပ်​​နေတာ
ခင်​ဗျားတို့မျက်​မြင်​ပဲ​လေ။သူတို့လည်းအရိုးအရင်းကိုက်​ပြီး
ကျွန်​​တော်​ခံကြတဲ့သူ​တွေပါ။ရပ်​ကွပ်​ထဲက လက်​​မှတ်
တောင်​​ဖြောင့်​​အောင်​ထိုးမတတ်​တဲ့ ၇အို၈​ဆွေး​သေခါနီး
အဘိုးကြီးကိုဆယ်​အိမ်​မှူးဆိုပြီး သမီး၊သား မင်္ဂလာ​ဆောင်
မှာ​ပြေး​ပြေးဖိတ်​ကြတာ မြန်​မာ့ယဉ်​​ကျေးမှုအရဖြစ်​ပါတယ်
လို့ဘယ်​သူများဆိုဝံ့မလဲသိချင်​မိတယ်​။

အဲ​တော့ အလုပ်​သမားလူတန်းစားမရှိဘူး။အလုပ်​ရုံ
စက်​ရုံဆိုတာလည်းမြန်​မာအစိုးရအဆက်​ဆက်​​ခေတ်
မှာ မရှိဘူး။စပါးဆိုတာလည်းဝမ်းစာ စပါးပဲဖြစ်​လို့
အလုပ်​သမားမလိုဘူး။၁၉၂၀သန်း​ခေါင်​စရင်းအရ
စက်​မှုလုပ်​ငန်းအတွက်​အလုပ်​သမားစရင်းမှာ
၁၀၇၈၀၀ ​ယောက်​လို့ပြထားတယ်​။ရေနံ​ချောင်းBOC
ကုမ္ပဏီတစ်​ခုတည်းမှာတင်​ အိန္ဒိယ+ဗမာ အလုပ်​သမား
၁၅၀၀၀ ​ကျော်​ ရှိတယ်​။

၁၉၂၀ ​ဧပြီ၃ရက်​​နေ့မှာ မြန်​မာ​ရေနံအလုပ်​သမား
အသင်းချုပ်​ ဆိုပြီးတည်​​ထောင်​လိုက်​တယ်​။ဦးမျိုးညွှန့်
က ဥက္ကဋ္ဌလုပ်​ပြီး အ​တွင်း​ရေးမှူးအဖြစ်​ ​ရေနံ​ချောင်း
အမျိုးသား​ကျောင်းအုပ်​ကြီး ဦး​အေး​မောင်​ကိုခန့်​ထား
လိုက်​တယ်​။အဲတုန်းက အတွင်း​ရေးမှူး ဆိုတဲ့​ဝေါဟာရ
မ​ပေါ်​သေးလို့ အကျိုး​ဆောင်​လို့​ခေါ်တယ်​။အတွင်း​ရေး
မှူး​ဝေါဟာရ​ပေါ်တာ ၁၉၃၀ တို့ဗမာအစည်းအရုံး​ပေါ်မှ
ဖြစ်​တယ်​။အဲဒီ​တော့မှ အကျိုး​ဆောင်​ကို အတွင်း​ရေး
မှူးဆိုတဲ့​ဝေါဟာရနဲ့ ​ဖလှယ်​ပြီးသုံးလာခဲ့တာဖြစ်​ပါတယ်​။

၁၉၂၃ မတ်​လ ၁၉ရက်​​နေ့မှာ ဒီအသင်းက ဦး​ဆောင်​ပြီး
သပိတ်​​မှောက်​တယ်​။တောင်းဆိုချက်​​တွေရပြီး​အောင်​မြင်
ခဲ့တယ်​။ဒါဟာ ၁၉၁၄-၁၅ ပထမကမ္ဘာစစ်​ဦးအ​မေရိကန်
ရေနံတွင်းတူးပညာရှင်​​တွေရဲ့ သပိတ်​က​မွေးဖွား​ပေးလိုက်
တဲ့အကျိုးဆက်​​တွေပဲဖြစ်​ပါတယ်​။ဒီသင်​ခန်းစာ​ကို
မြန်​မာပညာတတ်​​တွေကလည်း ​ကျေညက်​စွာသင်​ယူ
ခဲ့ကြတာ​တွေ့ရတယ်​။

တစ်​ဖက်​ကပြန်​ကြည့်ရင်​ ကိုယ့်အမျိုးသားပ​ဒေသရာဇ်
ဖက်​ဆစ်​အာဏာရှင်​ကြီးရဲ့ ရက်​စက်​ယုတ်​မာ​ခေါင်းပုံ
ဖြတ်​အနိုင်​ကျင့်မှုအ​ပေါင်းကို​တော်​လှန်​ရမယ်​ဆိုတဲ့အသိ
ကို အ​နောက်​နိုင်​ငံသား​တွေကထည့်​ပေးခဲ့တာပါ။
ကိုယ့်အစိုးရကိုသာ ဆန္ဒမပြရဲချင်​​နေမယ်​ လူမျိုးခြား
အစိုးရကို​တော့ ဆန္ဒပြဖို့မြန်​မာ​တွေဘယ်​​တော့မှ​နောက်
မဆုတ်ခဲ့ဘူး။ဒါ​ကြောင့်မြန်​မာ​တွေသိပ်​သတ္တိရှိလို့မထင်​နဲ့။
မြန်​မာအမျိုးသားအာဏာရှင်​​တွေ၊အုပ်​ချုပ်​သူ​တွေဆိုတာ
သူတို့ပြည်​သူကို ဘယ်​တုန်းကမှ ဘယ်​​ခေတ်​က သမိုင်းမှာမှ
လူပီပီဆက်​ဆံတယ်​ဆိုတာမရှိဘူး။ရက်​စက်​မိုက်​ရိုင်း
အောက်​တန်းကျစွာ ဖက်​ဆစ်​ပုံစံဆက်​ဆံတဲ့လူ​တွေပါ။
ကိုလိုနီအစိုးရက သူတို့မြန်​မာအမျိုးသားအာဏာရှင်
တွေနဲ့ယှဉ်​ရင်​ မိုးနဲ့​မြေ​လောက်​ကွာတယ်​။ကိုလိုနီအစိုး
ရက လူကိုတန်​ဖိုးထားတယ်​။မြန်​မာအစိုးရက လူကို
တန်​ဖိုးမထားဘူး။ဒီလိုလူကိုတန်​ဖိုးထားလို့ လူပီပီ
လူရသင့်တဲ့လူ့အခွင့်အ​ရေးကို​ပေးတဲ့ကိုလိုနီအစိုးရ
အကျဉ်းသားဆိုလည်းအကျဉ်းသားအခွင့်အ​ရေး​ပေးတဲ့
အစိုးရ​ခေတ်​မြန်​မာ​တွေဆန္ဒပြတာ သတ္တိလို့မ​ခေါ်ဘူး။
သ​ဘော​ပေါက်​မယ်​ထင်​တယ်​။ဘယ်​သူ့ကိုမှမဟုတ်​တမ်း
တရားမစွပ်​စွဲဘူး။မယုံရင်​ကိုလိုနီ​ခေတ်​ဆန္ဒပြပွဲ​တွေနဲ့
လွတ်​လပ်​ပြီး​ခေတ်​ဆန္ဒပြပွဲ​တွေရဲ့ အ​ရေအတွက်​နဲ့
အောင်​မြင်​မှု​တွေကိုစရင်းလုပ်​ကြည့်လိုက်​ပါ။ဒါ​ကြောင့်
မြန်​မာအစိုးရ​တွေဆိုတာ မယဉ်​​ကျေး​သေးတဲ့ အရိုင်း
အစိုးရများသာဖြစ်​​နေဆဲဆိုတာလည်းတစ်​ဆက်​တည်း
မြင်​ရမယ်​။

၁၉၂၉ မှာ အလုပ်​သမား/အလုပ်​ရှင်​ပဋိပက္ခ​တွေနဲ့
ပက်​သက်​ပြီး ဥပ​ဒေ​တွေကို အင်္ဂလိပ်​အစိုးရကထုတ်​ပြန်
တယ်​။အခုမြန်​မာနိုင်​ငံမှာရှိတဲ့အလုပ်​သမားဥပ​ဒေ​တွေ
ဆိုတာ အဲဒီဗြိတိန်​ဥပ​ဒေကို ၇ကြိမ်​​လောက်​ပြင်​ပြင်​ပြီး
သုံး​နေတဲ့အ​ဟောင်းကြီးပါ။မြန်​မာအစိုးရဟာ
ဘာမှမလုပ်​တတ်​တာ။ဥ​ရောပကိုထိုင်​ထိုင်​​သောက်​​ဖောင်းထု
ထုပြီး အချိန်​တန်​ရင်​ အဖြူ​ရောင်​​ဘော​ကိုပဲ​ပြေး​ပြေးစုပ်
တဲ့အတန်းအစား​တွေပါ။လက်​ဖြန့်​​တော့လည်းအဖြူ
ဆီမှာပဲ။ကယ်​ပါ ယူပါတစ်​စာစာ ​ခေါ်တာလည်းအဖြူ
ကိုပဲ။ဒါဘယ်​လိုအဆင့်မျိုးလည်းဆိုတာကိုယ့်ဟာကိုယ်
ဆက်​စဉ်းစား​ပေါ့်။ဒါ​ကြောင့်ကမ္ဘာမှာဘာ​သောက်​ဆင့်မှ
မရှိတဲ့အစိုးရဆိုတာ အမှတ်​စဉ်​၁မှာ မြန်​မာအစိုးရပဲ။
အဲဒီမြန်​မာအစိုးရ​တွေထဲမှာ ထပ်​ပြီးအမှတ်​စဉ်​ရင်​လည်း
အ​နော်​ရထာကို နံပါတ်​၁​ပေးရမှာပါ။

၁၉၂၀ မြန်​မာလူဦး​ရေဟာ ၁၃.၂သန်း၊၁၈၇၀က
လူဦး​ရေက ၆.၁၁သန်း၊၁၉၀၀ပြည့်နှစ်​လူဦး​ရေက
၁၀.၅သန်းအသီးသီးရှိခဲ့တယ်​။၁၉၂၁ ၁၃.၂သန်းထဲမှာ
၁၁သန်းဟာ လယ်​ကူလီ​တွေဖြစ်​​နေတယ်​။

အင်္ဂလိပ်​သိမ်းပြီး​တော့မြန်​မာနိုင်​ငံကိုစက်​မှုနိုင်​ငံအဖြစ်
ထူ​ထောင်​တယ်​။၁၉၀၀ပြည့်နှစ်​မှာ စက်​ရုံအလုပ်​ရုံ​ပေါင်း
၁၅၀၊၁၉၁၀မှာ စက်​ရုံအလုပ်​ရုံ​ပေါင်း၃၀၀ဖြစ်​လာခါ
၁၉၂၀မှာ ၆၁၇ဖြစ်​လာပြီး ၁၉၃၀မှာ ၉၈၀အထိဖြစ်​သွား
တယ်​။ဒါ​ပေမဲ့ သိပ်​ကြီးမားလွန်းတဲ့အကြီးစားစက်​မှု
လုပ်​ငန်း​တော့မပါဘူး။အဲဒီ​ခေတ်​က အလုပ်​သမားဟာ
တစ်​​နေ့အလုပ်​ချိန်​ ၁၀နာရီ၊၁၂နာရီအများဆုံးရှိတယ်​။
လုပ်​အားခက ​ယောကျာ်းလူကြီးတစ်​​ယောက်​က ၁၂ပဲ၊
မိန်းမ ၆ပဲ၊က​လေး ၄ပဲအသီးသီးဖြစ်​တယ်​။၁၈၆၉မှာ
စူးအက်​တူး​မြောင်းကြီးဖွင့်လှစ်​ပြီး​နောက်​ပိုင်း စီးပွား​ရေး
ဟာတိုးတက်​လာတယ်​။အာရှနဲ့ဥ​ရောပ ​ရေမိုင်​၆၀၀၀
ကျော်​ကိုတူး​မြောင်းကချုံ့ ​ပေးလိုက်​သလိုဖြစ်​သွားလို့
နီးနီးကပ်​ကပ်​ဖြစ်​လာတယ်​။

အဲဒီ​ခေတ်​က ထုတ်​ကုန်​/သွင်းကုန်​စရင်းကိုကြည့်ရင်
၁၈၈၆ က​နေ ၁၈၇၂အတွင်း-ထုတ်​ကုန်​၃၀၇သိန်း၊
သွင်းကုန်​၂၅၄သိန်း
၁၈၉၈ က​နေ ၁၉၀၁ အထိ ၁၅၉၆သိန်း၊၁၀၀၈သိန်း
၁၉၁၃ က​နေ ၁၉၁၄ တစ်​နှစ်​အတွင်း ၃၈၉၀သိန်း၊
၂၅၄၀သိန်း၊
၁၉၂၆-၂၇ ၆၅၉၅သိန်း၊၃၈၆၉သိန်း
၁၉၃၃-၃၄ ၃၈၉၂သိန်း၊၁၇၈၇သိန်း
(အဲဒီ​ခေတ်က အ​မေရိကန်​တစ်​​ဒေါ်လာဟာ မြန်​မာ​ငွေ
၃ကျပ်​​လောက်​ပဲရှိ​သေးလို့ယ​နေ့ကျဆင်းသွားတဲ့​ငွေ​ဈေး
နဲ့ ချိန်​ပြီး + - × ÷လုပ်​ကြည့်ရင်​ပိုမြင်​လိမ့်မယ်​။

၁၉၃၃ မှာ ထုတ်​ကုန်​၊သွင်းကုန်​ကျဆင်းသွားတာက
ကမ္ဘာ့စီးပွားပျက်​ကပ်​​ကြောင့်ပါ။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=154575952351278&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အလုပ်​သမားလူတန်းစား”

Post a Comment

Related Posts Plugin for WordPress, Blogger...