Sunday, July 14, 2019

ဦးသိန်းစိန်​အစိုးရ​ခေတ်​ရဲ့ ​ရွှေ့ကွက်​​တွေ

,
အစိုးရထုတ်​ မြန်​မာ့အလင်းသတင်းစာ၊ ​ကြေးမုံသတင်းစာ၊ The New Light of Myanmar သတင်းစာ အားလုံးရဲ့ digital version pdf format နဲ့ ​ခုနှစ်​အလိုက်​ ရက်​အလိုက်​ ​ဒေါင်းလို့ရတဲ့ တ​နေရာ ​တွေ့ပါတယ်​။

ကျ​နော်​အတွက်​ အရင်​ဆုံး ပြန်​ရှာဖတ်​မိတဲ့သတင်းက ရခိုင်​ပြည်​နယ်​ ​ကျောက်​နီ​မော်​က မသီတာ​ထွေးကိစ္စ နဲ့ ​တောင်​ကုတ်​က မွတ်​စ်​လင်​မ်​ ၁၀ ဦးအသတ်​ခံရတဲ့ သတင်း​တွေပါ။ ဒီသတင်း​တွေကို ဘယ်​လို​ရေးထားခဲ့သလဲဆိုတဲ့ evidence က​လေး​တွေ ပြန်​မြင်​ရပါတယ်​။

သ​ဘောကျစရာပါ။ ဦးသိန်းစိန်​အစိုးရ​ခေတ်​ရဲ့ ​ရွှေ့ကွက်​​တွေအပြင်​ ၂၀၁၂ ကစ ဖန်​တီးခဲ့တဲ့ အဓိကရုဏ်းသတင်း​တွေကို သတင်းစာ​ဟောင်း​တွေထဲမှာ ကွက်​ကွက်​ကွင်းကွင်းမြင်​နိုင်​ပါတယ်​။ ၂၀၁၂ အတွက်​ အချို့လ​တွေ ​ပျောက်​​နေပါတယ်​။ ​ဒေါင်းမရနိုင်​ပါဘူး။

အချို့သတင်းစာ​တွေကို မြန်​မာ OCR version နဲ့ ပြန်​ဖတ်​ထားတယ်​ထင်​ပါတယ်​။ ရက်​စုံ​တော့ မရ​တော့ပါဘူး။ လွန်​ခဲ့တဲ့ ၁၆ နှစ်​ ၂၀၀၃ ပတ်​၀န်းကျင်​​လောက်​ထိ ​ကောင်း​ကောင်း​မွှေ​နှောက်​နိုင်​ပါ​သေးတယ်​။ အ​စောပိုင်း အချို့ သတင်းစာ​တွေမှာ ​ကြော်​ငြာအပိုင်းနဲ့ နာ​ရေး​တွေ ဖြုတ်​ထားပါတယ်​။

လိုချင်​ရင်​​တော့ တ​စောင်​စီ download ချရတဲ့ ဒုက္ခက​တော့ ခံရပါလိမ့်​မယ်​။ ဒါ​ပေမယ့်​ something is better than nothing လို့ ယူဆပြီး သမိုင်းစုကြသူ​တွေအတွက်​ ရတနာသိုက်​တစ်​ခုပါပဲ။ သတင်းစာအပြင်​ မြန်​မာ့​မြေပုံ ​ရေပုံ​တွေကအစ၊ facts and figures ​တွေ အ​သေးစိတ်​​မွှေရင်​ ထွက်​လာနိုင်​ပါတယ်​။

ဒီမှာ ၀င်​​မွှေနိုင်​ကြပါတယ်​။

http://www.burmalibrary.org/show.php?cat=1449&lo=&sl=

#SM

https://www.facebook.com/100006063519423/posts/2308720662673362/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးသိန်းစိန်​အစိုးရ​ခေတ်​ရဲ့ ​ရွှေ့ကွက်​​တွေ”

Post a Comment

Related Posts Plugin for WordPress, Blogger...