Tuesday, July 16, 2019

အလုပ်သမားလူတန်းစား....၎

,
ဆင်းဂုပတားမိန့်ခွန်းဟာ မြန်မာ့သဘောထားနဲ့ဆန့်ကျင်ဘက်
ဖြစ်နေတယ်။တို့ဗမာအစည်းအရုံးရဲ့ ဝံသာနုအရှိန်ကလည်း
မီးလျှံလိုတောက်လောင်နေချိန်ဖြစ်နေလို့ မြန်မာ့နိုင်ငံရေးဟာ
မကြာခင်ပေါက်ကွဲတော့မယ်ယမ်းအိုးကြီးပမာဖြစ်လာတယ်။

အဲဒီခေတ်က ရန်ကုန်ဆိပ်ကမ်းဟာ ကမ္ဘာ့ လူဝင်လူထွက်
အများဆုံးဆိပ်ကမ်းမြို့တွေထဲကတစ်ခု။ရန်ကုန်ဆိပ်ကမ်းကို
သဘောင်္နဲ့ဝင်လာသူဦးရေဟာ တစ်နှစ်ကို၂သိန်း၂သောင်း
ကျော်ပုံမှန်ရှိတယ်။မြန်မာတစ်နိုင်ငံလုံးက ထွက်ကုန်အားလုံး
ပေါင်းရဲ့ ထွက်ကုန်စုစုပေါင်း၈၆%ဟာ ရန်ကုန်ဆိပ်ကမ်းက
ပဲထွက်တယ်။တစ်နှစ်ကိုသဘောင်္စီးရေ၇၀၀ကျော် ဝင်တယ်။
သဘောင်္တစ်စီးရဲ့ ကုန်သီးသန့်တန်ချိန်ဟာ ၄၆၀၀ ရှိပြီး
သဘောင်္အစင်းရေနဲ့တွက်ရင် ကုန်တန်ချိန်သိန်း၈ဝ ကျော်
ရှိတယ်။တစ်လ ကိုသဘောင်္၃၅စီးဝင်/ထွက်ရှိတယ်။တစ်ရက်ကို
သဘောင်္၂စီးခန့်ဝင်/ထွက်ရှိတယ်။ဒီလိုစီးပွားရေးစံချိန်မျိုး ယနေ့
သီလဝါမှာ ဗိုလ်တစ်ထောင်မှာ အေးရှားဝေါလ်မှာ ရှိဖူးလား။
Export/Import မှာလုပ်နေတဲ့ဘော်ဒါများ မန့်ခေးချပေး
ပါ။စာရေးသူလည်း Agent လုပ်ခဲ့ဖူးတယ်။Custom
ရုံးကြီးက သူခိုးတွေအကြောင်း၊ BL(သဘောင်္ကုန်ပါစရင်း)
တစ်စောင်ဆိပ်ကမ်းရောက်ဖို့အဆင့်ဆင့်လက်မှတ်ထိုးပြီး
ရုံးကြီးတစ်ဝိုက်အနိမ့်ဆုံး၁၅ဝဝ ကျပ် အံဆွဲထဲပစ်ပစ်ထည့်
့်ရတဲ့အကြောင်းတွေ၊Containerတစ်လုံးကို X-Ray
မဖြတ်ခင် custom ဘဲကြီးနဲ့ညှိရတာတွေ၊ကုန်တွေကြားထဲ
ကားအင်ဂျင်ညှပ်ထည့်လာပြီး ကပ်စတန်ဘဲကြီးနဲ့ညှိရခြင်းမျိုး
တွေ ကပ်စတန်အရာရှိတွေ လုကြယက်ကြတဲ့ဖြစ်စဉ်တွေဟာ
သီလဝါ ဗိုလ်တစ်ထောင် အေးရှားဝေါလ် စတဲ့ ဆိပ်ကမ်း၃ခုမှာ
ယနေ့တိုင် ပိုးစိုးပက်စက်တွေ့ရမြင်ရဦးမှာပါ။ဒါတွေအားလုံး
စာရေးသူ ကိုယ်တိုင်အသက်၁၉နှစ်ကတည်းက ကျွမ်းကျွမ်း
ကျင်ကျင်ပေးခဲ့ကမ်းခဲ့ ဖားခဲ့လျားခဲ့ မြန်မာ့လူထုစကားနဲ့
ပြောရရင် ပါးနပ်ခဲ့တာတွေပေါ့။မှတ်ထား မြန်မာပြည်မှာ
ပါးနပ်ခြင်းဆိုတာ လက်တစ်လုံးခြားလုပ်ခြင်း ကလိမ်ကကျစ်
ကျခြင်းကို ခေါ်တာပါ။ဒါကိုမြန်မာလူမျိုးနဲ့မြန်မာတစ်မျိုးသားလုံး
က လုပ်ကောင်းတဲ့အလုပ်လို့ လက်ခံလိုက်ကြပြီဖြစ်လို့ ယနေ့
မှာတော့ ဤဟာကျွဲဖြစ်သွားပါပြီ။

အဲဒီခေတ်တုန်းက ရန်ကုန်ဆိပ်ကမ်းမှာ တစ်နေ့ကို တန်ချိန်
၂သောင်းကျော်ကုန်တင်ကုန်ချလုပ်ရတယ်။ဒီတန်ချိန်အတွက်
နေ့စဉ် တေလဂူ ဟိန္ဒူ လူမျိုး ၅၀၀၀ ကျော်က ကုန်တင်ကုန်ချ
လုပ်ရတယ်။လူ၅၀၀၀ဆိုတဲ့အားဟာ နည်းတဲ့အားမဟုတ်ဘူး။
ကုလား-ဗမာအဓိကရုဏ်းလို့ပြောတိုင်း အစ္စလာမ်ဘာသာဝင်ကြီး
ပြေးပြေးမြင်တဲ့လူတွေ သတိထားပြီးစာဖတ်ပါ။ကျုပ်ကဖြစ်စဉ်
အတိုင်းရေးမှာ။

တေလဂူတွေဘဝ ကလည်း သိပ်သနားစရာကောင်းတယ်။
K-B အဓိကရုဏ်းအကြောင်းရေးထားတဲ့စာအုပ်တွေအားလုံး
နဲ့ကိုလိုနီခေတ်သမိုင်းစာအုပ်စုစုပေါင်း ၁၆အုပ်ကိုလေ့လာ
စစ်ဆေးကြည့်တဲ့အခါ ၁၅အုပ်လောက်က ဗမာတွေအလုပ်မရ
ကြောင်း၊ဒုက္ခရောက်ကြောင်းပဲ တစ်ဖက်သတ်ဟိုက်လိုက်လုပ်
ပြီးရေးထားတာချည်းတွေ့ရတယ်။အကြောင်းအကျိုးယှဉ်ရေးပြတဲ့
စာအုပ်မရှိဘူးလို့ပြောလို့တောင်ရတယ်။အဲတော့ အရှိတရားကို
အခုရေးမယ်။

တေလဂူ၅၀၀၀ကျော်နေ့စဉ်အလုပ်လုပ်ရတဲ့အခါ မြန်မာတွေ
အလုပ်မရဘူး။ဒါပေမဲ့သူတို့လုပ်ခက ၁ကျပ်၈ပဲ ရတယ်။ဒီကြား
ထဲစီးပွားပျက်ကပ်နဲ့ကြုံတော့ သဘောင်္အဝင်ထွက်နည်းတယ်။
နေ့စဉ်အလုပ်မရှိတော့ဘူး။တစ်လ လုံးနေမှ၁၅ရက်လောက်
အလုပ်ကရတယ်။ဒါ့အပြင် အဲဒီတေလဂူအလုပ်သမားခေါင်း
တွေု လှီးကြသေးတယ်။လုပ်အားခကို၂လတစ်ခါ ၃လတစ်ခါမှ
ရှင်းတယ်။လစာ လုပ်ခ မရခင် စားရသောက်ရခက်တာမျိုးကြုံ
တဲ့အခါ ကူလီအလုပ်သမားတွေခမျာ အတိုးကြီးနဲ့ချေးရပြန်တယ်။
အဲဒီချေးငွေဆိုတာ တကယ်တော့ ထုတ်မပေးဘဲထားတဲ့
တေလဂူ အလုပ်သမားတွေရဲ့ လုပ်အားခပဲ။အလုပ်သမားငွေနဲ့
အလုပ်သမားကိုပြန်ပြီးအတိုးချတာပါ။ဘယ်လောက်ရက်စက်
စုတ်ပဲ့တဲ့လုပ်ရပ်တွေလည်းဆိုတာ ကိုယ့်ဟာကိုယ်စဉ်းစားတော့။

အဲတော့ စားရေးသောက်ရေးကခက်။ငတ်လာတယ်။အကြွေး
ကတစ်ဖက်မှာတင်ပြန်။ဒါကြောင့် ကူလီကုလားတွေခမျာ
လုပ်အားခတိုးတောင်းတယ်။ဘယ်လောက်တိုးတောင်းတာလဲ
ဆိုရင် လက်ရှိရနေတဲ့ ၁ကျပ်၈ပဲနေရာမှာ ၂ကျပ်ရရေး။မပေး
တော့ အလုပ်မဆင်းဘဲဆန္ဒပြကြတယ်။၁၉၃၀ ဆမလ ၇ရက်
နေ့မှာ အလုပ်မဆင်းဘဲသပိတ်မှောက်တယ်။တစ်ချို့သမိုင်းစာ
အုပ်တွေမှာ မေလ၁၀ရက်နေ့လို့ရေးတယ်။မဖြစ်နိုင်တဲ့အချက်
အလက်တွေရှိလို့၇ရက်ကိုအတည်ယူတယ်။

အဲလိုနဲ့ အလုပ်သမားသပိတ်ဟာ ၂ပတ်ကျော်ကြာလာတဲ့အခါ
ဆိပ်ကမ်းမှာ ကုန်တွေကပုံလာတယ်။အဲတော့ မင်းတို့မလုပ်ရင်နေ
လုပ်တဲ့ကောင်ခေါ်ခိုင်းမယ်ဆိုတဲ့အထာနဲ့ ဗမာအလုပ်သမား
၂၀၀၀ ကျော်နဲ့အစားထိုးလိုက်တယ်။စီးပွားပျက်ကပ်ကြောင့်
အညာက တက်လာတဲ့ ဗမာတွေလည်းရန်ကုန်မှာပုံနေတာဆို
တော့ရေကန်အသင့်ကြာအသင့်။မြန်မာတွေကလည်း နယ်က
တက်လာပြီး မြို့ပြရန်ကုန် ကုလားမြို့မှာ နေရာမရ အလုပ်မရှိ
နဲ့ တိုင်ပတ်ပြီးငတ်နေတာဆိုတော့ ရှင်သန်ဖို့အတွက်ဒီလိုပဲ
လုပ်ရမှာပါ။အခုလိုမြန်မာတွေဝင်လုပ်တော့ တေလဂူကူလီ
တွေက မြန်မာတွေဟာ တောမီးလောင်နေတုန်း တောကြောင်
လက်ခမောင်းခတ်တာလို့မြင်လာတယ်။အဲလိုနဲ့အငတ် အငတ်
ချင်းရန်စောင်လာကြတယ်။

အခုလိုဖြစ်လာတော့ တေလဂူတွေကုမ္ပဏီနဲ့ညှိနိုင်းရတယ်။
ငတ်နေတော့ ကူလီတွေကလည်းအလုပ်ဆင်းချင်တယ်။တစ်ဖက်
ကုမ္ပဏီကလည်း ဗမာအလုပ်သမားတွေလုပ်ငန်းကျွမ်းကျင်မှု
မရှိတော့ မခိုင်းချင်ဖြစ်နေတယ်။အဲဒီခေတ်ကအလုပ်ရှင်ဖြစ်တဲ့
ဆင်ဒီယားပင်လယ်ရေကြောင်းကုမ္ပဏီက မြန်မာလုပ်သားတွေ
ကျွမ်းကျင်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့လုပ်ခကို ၁ကျပ်
၁၂ပဲအထိ ပေးမယ်လို့ တေလဂူအလုပ်သမားတွေကိုကြေငြာ
လိုက်တယ်။အဲလိုနဲ့တေလဂူတွေအလုပ်ပြန်ဆင်းကြတယ်။၁၉၃၀
မေလ၂၂ရက်နေ့မှာ အလုပ်သမားတွေနဲ့ကုမ္ပဏီကြေးညှိလို့
ပြီးတဲ့အခါ ၂၆ရက်နေ့မှာ အလုပ်ဆင်းခဲ့ကြတယ်။မြန်မာအလုပ်
သမားတွေကလည်းခါတိုင်းလိုပဲ အလုပ်လုပ်မယ်ဆိုပြီး
လုပ်ငန်းခွင်ဝင်လာတယ်။နောက်မဆင်းရတော့ဘူးဆိုလို့
စိတ်ဓာတ်တွေကျပြီးပြန်ကြတယ်။လက်ကျန်အလုပ်သမား၄၀
ခန့်က ဘာပြောလိုက်တယ်တော့မသိဘူး တေလဂူကုလား
တွေဝင်ရိုက်ပါတော့တယ်။ဒီမှာအဓိကရုဏ်းစတယ်။ထုံးစံ
အတိုင်း ဗမာတွေကို ကုလားတွေဝိုင်းရိုက်ကြပြီဆိုတဲ့
သတင်ပြန့်သွားတဲ့အခါ ရန်ကုန်ဗမာတွေက ကုလားတွေကို
ဝင်ဗျင်းတော့တာပါပဲ။အဓိကရုဏ်း၎ရက်ကြာတယ်။ဗမာအနည်း
ငယ်သေတယ်။ကုလား၁၂၀ကျော်သေပြီး ၂၅၀၀ ကျော်ဒဏ်
ရာရတယ်။ဒါဖြစ်ပျက်ပုံ။

လူမျိုးရေး နိုင်ငံရေးကိုနားမလည်တာလား တမင်တကာ
ဇတ်နာအောင်သမိုင်းကိုလိုသလိုပုံဖော်တာလားတော့မသိဘူး
မြန်မာ့သမိုင်းက ဒီအပိုင်းကိုသုံးသပ်တိုင်းသောက်တလွဲ။
အပေါ်မှာ ဒေတာကိုချပေးခဲ့ပြီ။အမြင်ဆိုတာ ဒီမှာရေးမယ်။
သမိုင်းဆိုတာ ဘာမှမဟုတ်ပါဘူးကွာ လိုသလိုရေးကြတာ
ဆိုပြီး သမိုင်းစာတမ်းတစ်စောင်တောင်ဖတ်ဖူးတဲ့အလေ့အကျင့်
မရှိသူတွေကပြောတတ်ကြတယ်။အမြင်ဆိုတာ

အဓိကရုဏ်းဖြစ်တော့ ကန့်ကွက်သံဆူညံလာတာ သဘာဝပါ။
ယနေ့လိုပဲ စာတိုစာရှည်ထုတ် ဥက္ကဋ္ဌ ဘယ်သူ ဘာ၊ညာ၊
ဘာအသင်း၊ညာအသင်းစတဲ့ အဖွဲ့တွေအသင်းတွေအစုံက
ကန့်ကွက်စကားဆိုတယ်။စုံစမ်းရေးကော်မတီဖွဲ့ပြီးအစိုးရက
စုံစမ်းတယ်။အများစုက အစိုးရညံ့ဖျင်းတာစသဖြင့်ဆိုကြတယ်။
တကယ်တော့ ၁။လုပ်ခတိုးပေးပြီးညှိနိုင်းတဲ့ဆင်ဒီယားပင်လယ်
ရေကြောင်းကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလည်းဖြစ်နိုင်တယ်။
အရင်လည်းကုမ္ပဏီဟာ ၁၉၂၄ ကုန်တင်ကုန်ချအလုပ်သမား
သပိတ်နဲ့ ၁၉၂၅-၂၆အလုပ်သမားသပိတ်၂ခုမှာလည်း
ကုလားအလုပ်သမားတွေနေရာမှာ မြန်မာအလုပ်သမားတွေနဲ့
အစားထိုးဖြေရှင်းခဲ့ဖူးတယ်။အဲဒီ၂ကြိမ်စလုံးမှာ အဓိကရုဏ်း
မဖြစ်ခဲ့ဘူး။ဒါကြောင့် ဒီတစ်ခါလည်း ဒီလိုလူစားထိုးဖြေရှင်းလိုက်
ရင် အလွယ်တကူပြီးသွားမှာပဲလို့ ခပ်တိမ်တိမ်ဆုံးဖြတ်လိုက်တာ
မျိုးလည်းဖြစ်နိုင်တယ်။လူစားထိုးဖြေရှင်းတာရော၊လုပ်ခညှိနှိုင်းတာ
ပါ အစိုးရမဟုတ်ဘူး။ကုမ္ပဏီကသူ့အကျိုးစီးပွားအတွက်သူ့ဟာ
သူဆုံးဖြတ်လိုက်တာပါ။ကုလားအလုပ်သမားကိုပေးတဲ့လစာ
ဟာ မြန်မာအလုပ်သမားကိုပေးတဲ့ လစာထက်ပိုနည်းတယ်။အိန္ဒိယ
လုပ်သားတွေကိုဈေးပေါပေါနဲ့ခိုင်းလို့ရလို့ ယနေ့မလေးရှားနိုင်ငံ
မှာ ဘင်္ဂလား၊ဆရီလင်္ကာ၊အိန္ဒိယနိုင်ငံသားအများစုဟာ အနိမ့်
ဆုံးလုပ်ခနဲ့လုပ်ကိုင်နေကြတာ ပြည်ပရောက်မြန်မာတွေအသိဆုံး
ဖြစ်မှာပါ။ယနေ့အထိ ဒါဟာ ရှိနေဆဲ။အဲဒီခေတ်ကလည်း
အိန္ဒိယသားကိုဈေးပေါပေါနဲ့ခိုင်းလို့ရတယ်။
၂။မြန်မာ့နိုင်ငံရေးသမားပြောတဲ့ အထွေထွေအကျပ်အတည်းကို
ရှောင်ဖို့ အစိုးရက ကုလား-ဗမာအဓိကရုဏ်းကိုဖန်တီးပြီးလမ်းလွှဲ
တယ်ဆိုတာ ၃၀.၇၀ပဲ။ဖြစ်နိုင်ချေနည်းတယ်။
၃။ဖြစ်နိုင်ချေရှိတဲ့နောက်တစ်ချက်က အိန္ဒိယကုန်သည်ကြီး
တွေ၊နာမည်ကျော်ရှေ့ နေတွေနဲ့အိန္ဒိယနိုင်ငံရေးသမားဟောင်း
ကြီးတွေက မြန်မာဘုရင်ခံဟာ ခွဲရေးကလိုလားတာကြောင့်
မြန်မာနဲ့အိန္ဒိယသားတွေ သင့်မြတ်မှုမရှိကြောင်း အင်္ဂလန်ပါလီ
မန်ကိုတင်ပြဖို့လိုတဲ့အတွက် ဖန်းတီးလိုက်တာလို့စွပ်စွဲခဲ့ကြတယ်။
ဒါမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။

ဒါကြောင့် ၁၉၃၀ ကုလား-ဗမာ အဓိကရုဏ်းဟာ အမျိုး
ဘာသာ သာသနာနဲ့ ဘာမှမဆိုင်ဘူး။အဓိကရုဏ်းဖြစ်ရတဲ့
အချက်ဟာ ၁။လမ်းလွှဲတာလား ၂။ကုလား-ဗမာ မသင့်မြတ်
ကြောင်းသက်သေပြတာလား ၃။ကိုယ်ကျိုးစီးပွားအတွက်လား
ဆိုတာပါပဲ။သမိုင်းကိုဒီလိုခြေခြေမြစ်မြစ်မရေးဘဲ လူမျိုးရေး
ဘာသာရေးရှုထောင့်တစ်ခုတည်းက ရေးတော့ ကုလားဆိုတာ
ဗီလိန်ကြီးလိုလိုဖြစ်ကျန်ခဲ့ပြီး ဗမာက မဟာအပြစ်ကင်းတဲ့
ဲ့သူတော်စင်လိုလို ဖြစ်သွားတယ်။ဒီသင်ပေါက်နဲ့ပဲကျောင်းမှာ
သင်ပေးတဲ့အခါတစ်မျိုးသားလုံး အသိဥာဏ်မျိုးတုံးသွားတာပါပဲ။

ဘယ်အရာမှသူ့အလိုလိုဖြစ်မလာဘူး။ဖြစ်လာဖို့ပံ့ပိုးတဲ့
အကြောင်းတရားတွေဆိုတာရှိတယ်။ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး
ကြောင်းကျိုးပြသီအိုရီကိုလက်ကိုင်ထားသူတွေပါဆိုတဲ့လူမျိုးတွေ
ကဒါမျိုးကျ တော့ ဒီလိုမတွေးတော့ဘူး။ဒီအကြောင်းတရားတွေကို
လစ်လျူရှုပြီး နင်းပြားချင်း အငတ်အငတ်ချင်း ရိုက်ကြသတ်ကြ
တာတွေကို ကုလားနဲ့ဗမာဆိုပြီးခေါင်းစီးတပ်ပေးလိုက်တာ
လူမျိုးရေးမုန်းတီးမှုအပြင်ရစရာဘာကျန်မတုန်း။အသိဥာဏ်နည်း
လို့လား သို့မဟုတ် သိသိကြီးနဲ့တစ်မျိုးသားလုံးကိုလိမ်ညာလှည့်
စားခဲ့တာလားဆိုတာတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိလိမ့်
မယ်။တကယ်က ကုလားရော ဗမာပါ နိုင်ငံရေး ဓာတ်စာ
အဖြစ် သို့မဟုတ် ကိုယ်ကျိုးစီးပွားဓာတ်စာအဖြစ်ချကျွေးခံလိုက်
ရတာပါ။ဒီဥပမာမျိုး လက်ရှိမြင်ချင်ရင် ၂၀၁၂ အရေးခင်းပဲ။
ဒါပေမဲ့ ၂၀၁၂က မြန်မာအစိုးရရဲ့ State Sponsor
ဖြစ်ကြောင်းခိုင်ခိုင်မာမာတိတိကျကျစွပ်စွဲလို့ရတဲ့အထောက်ထား
ကြီးတွေ ရပ်ချက် လျောင်းလျက် သေလျက် လူတွေ၊ရုပ်ဝတ္တု
ပစ္စည်းတွေကအစ သက်သေခံနိုင်ကြပါတယ်။ဒါပေမဲ့ ၁၉၃၀
တုန်းက ဗြိတိန်အစိုးရကိုယ်တိုင် State Sponsor လုပ်ပေး
ခဲ့ကြောင်း အထောက်ထားတော့စာရေးသူရှာမတွေ့ဘူး။ခင်ဗျားတို့
တွေ့လာလို့အငြင်းဝင်ကြရင်ကျနော့်အတွက်အကျိုးများမှာပေါ့။

ဆက်ပါဦးမည်။


https://www.facebook.com/100033966230641/posts/155184052290468/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အလုပ်သမားလူတန်းစား....၄”

Post a Comment

Related Posts Plugin for WordPress, Blogger...