Tuesday, July 16, 2019

အလုပ်သမားလူတန်းစား....၅

,
အဓိကရုဏ်းကြောင့် အိန္ဒိယသား၁သောင်းကျော်လောက်ဟာ
အိန္ဒိယကိုပြန်သွားကြတယ်။အရေးခင်းပြီးတော့ အစိုးရဟာ
အလုပ်သမားကိစ္စကို လွှတ်ထားလို့မရတော့တာကိုသဘော
ပေါက်မိပြီး ဖျန်ဖြေရေးခုံရုံးကိုဖွဲ့စည်းပေးတယ်။ခုံရုံးမှာမြန်မာထဲ
ကရော အိန္ဒိယထဲကပါ ကိုယ်စားလှယ်ထည့်သွင်းပေးခဲ့တယ်။
ဖျန်ဖြေရေးခုံအဖွဲ့ရဲ့ ညှိနှိုင်းမှုနဲ့ ဗမာနဲ့အိန္ဒိယ ၅၀.၅၀ အလုပ်
ခန့်ထားရမယ်လို့သဘောတူညီခဲ့ကြတယ်။တစ်ချို့သမိုင်းစာ
အုပ်တွေမှာတော့ ညှိနှိုင်းရုံနဲ့မရလို့အစိုးရကိုယ်တိုင်အတင်း
အကြပ်ဖိအားပေးခဲ့ရတယ်လို့ဆိုတယ်။

အရေးခင်းပြီးမကြာခင် ရန်ကုန်ထောင်မှာ ဆူပူမှုဖြစ်တယ်။
အကျဉ်းသား၂၈ယောက်သေပြီး၆၀ကျော်ဒဏ်ရာရတယ်။
ကျဆုံးသူနဲ့ဒဏ်ရာရသူတွေဟာမြန်မာတွေဖြစ်နေပြီးစစ်ပုလိပ်
တွေက ဟိန္ဒူ အိန္ဒိယလူမျိုးတွေဖြစ်နေတယ်။ဒါကြောင့်
တေလဂူတွေအတွက်လက်စားချေတဲ့အနေနဲ့ မြန်မာတွေကိုသာ
ရွေးပစ်တယ်ဆိုတဲ့အသံထွက်လာတယ်။တကယ်တော့အဲဒီ
ခေတ်က ထောင်အမှုထမ်းအားလုံးထောင်ပိုင်ကအစ အားလုံး
ဟာ အိန္ဒိယသားတွေချည်းပဲ။

၁၉၃၀ မေလ၃၀ရက်နေ့မှာ တို့ဗမာအစည်းအရုံးဆိုပြီးပေါ်လာ
တယ်။၁၉၃၅စက်ရုံအလုပ်သမားဆိုင်ရာ အစိုးရအစီရင်ခံစာမှာ
၁၉၂၀ ကနေ ၁၉၃၀ အထိအရေးကြီးတဲ့လုပ်ငန်းကြီးတွေမှာ
နှစ်စဉ်နှစ်တိုင်းသပိတ်မှောက်မှုတစ်ကြိမ်ဖြစ်ခဲ့တယ်တဲ့။အဲဒီ၁ကြိမ်
ကလည်း ပျမ်းမျှ၃ပတ်ခန့်ကြာတယ်။

၁၉၃၀အရေးခင်းပြီးတော့ အိန္ဒိယအလုပ်သမားတွေနဲ့ဗမာအလုပ်
သမားတွေအချိုးကျဝင်ရောက်လာခဲ့ကြတယ်။အဲဒီမှာမြန်မာအလုပ်
သမားတွေထဲက ကျွမ်းကျင်သူဦးရေတိုးလာတော့တာပဲ။၁၉၃၈
Jame Bester Report အရမြန်မာအလုပ်သမားတွေရဲ့ 
၃၆.၇%ဟာ ကျွမ်းကျင်အလုပ်သမားတွေဖြစ်လာပြီး၂၉.၇%
က တော့ အလုပ်ကြမ်းသမားအဆင့်မှာပဲရှိပါသေးတယ်တဲ့။
အိန္ဒိယသားတွေကျတော့ ၆၀%ခန့်ဟာ ကျွမ်းကျင်လုပ်သား
တွေဖြစ်နေတယ်လို့သိရတယ်။

ဒီမှာတစ်ခုသိရတယ်။မြန်မာလုပ်သားတွေဟာ ၁။လုပ်ခဈေးကြီး
တယ်။၂။ကျွမ်းကျင်မှုမရှိဘူး။အခုအိန္ဒိယသားတွေနဲ့တွဲလုပ်လာ
တဲ့အခါ တိုးတက်လာတယ်။ပညာတွေစီးဆင်းတယ်။ကူးလူးဆက်ဆံ
မှုတွေဖြစ်ပေါ်လာတယ်။မြန်မာတွေရဲ့ အတုမြင် အတတ်သင်
တတ်တဲ့အကျင့်ဟာ ဒီနေရာမှာစကားပြောလာတယ်။နည်းပညာ
ရယူခြင်းဆိုတာ လုပ်ငန်းကျွမ်းကျင်သူနဲ့ပူးတွဲလုပ်ကိုင်းရင်းနဲ့ကူး
ယူရတာပါ။ဒီလိုဖြစ်အောင်လည်း တို့ဗမာအစည်းအရုံးကလူငယ်
တွေက ဂိုက်လိုင်းပေးတယ်။

အဲဒိအချိန်နိုင်ငံရေးမှာခွဲရေးကိစ္စပေါ်တယ်။ရခိုင်အမျိုးသား
ဦးဥတ္တမရဲ့ ဆန့်ကျင်ရေးစကားတွေနိုင်ငံရေးမှာကျယ်ပြန့်လာ
တယ်။
(မှတ်ချက်။ဆရာတော်မတပ်ပါ။တရားလို့မရေးပါ။စကား
လို့ရေးတယ်။ဘယ်သူဘယ်လိုရေးရေးကျုပ်ဂရုမစိုက်ပါ။ကျုပ်က
တစ်ဦးချင်းကိုတော်လှန်တယ်။သင်္ကန်းစည်းထားတိုင်းဆရာတော်
မခေါ်သလို မုတ်ဆိတ်တကာကာနဲ့ကုရ်သာဝတ်စုံဝတ်ထားတိုင်း
ဟာဂျီမြင်တိုင်း သောက်ရေးလုပ်ပြီးဂုဏ်ပေးတာမျိုးမလုပ်ပါ။
ထိုက်တန်သူကိုထိုက်တန်တဲ့ဂုဏ်ပဲပေးမယ်။သူခိုးကိုလူထင်ခြင်း၊
မထိုက်တန်သူကို နေရာပေးခြင်း စတာတွေဟာလည်း လူ့အဖွဲ့
အစည်းကို ကိုယ်ထိလက်ရောက်ဒုက္ခပေးခြင်းမည်တယ်လို့ယူ
ဆတယ်။ဘုန်းကြီးပြောတဲ့နိုင်ငံရေးစကားကို တရားလို့ခေါ်လို့
မရဘူးလို့မြင်တယ်။တရားနဲ့နိုင်ငံရေးစကားမတူသလို ပြောတဲ့
နှုတ်လျာရဲ့ပိုင်ရှင်ကြောင့်သူ့စကားဟာ သူ့တရားဆိုရင် ကျုပ်
စကားဟာလည်းကျုပ်တရားပဲ။သောက်ပေါလောဂျစ်တွေ
နဲ့ခပ်ကင်းကင်းနေနေလို့ သမိုင်းကိုသမိုင်းအတိုင်းပဲရေးရပါလိမ့်မယ်။)

၁၉၃၅မှာ မြန်မာ့ပထမဆုံး ဒီမိုကရေစီဥပဒေပေါ်ပေါက်လာ
တယ်။ Government of Burma Act 1935
နဲ့ မြန်မာကို အိန္ဒိယကနေခွဲထုတ်လိုက်ပါတော့တယ်။ဒါကြောင့်
ဗြိတိန်အင်ပါယာရဲ့ အိန္ဒိယကိုတစ်ဆင့်ခံတဲ့ကျွန်ဘဝကနေ
အင်္ဂလန်ရဲ့တိုက်ရိုက်ကျွန်ဖြစ်လာတယ်။၃၅ဥပဒေအရ
မြန်မာကို၉၁ဋ္ဌာနခွဲခြမ်းပေးလိုက်တာကြောင့်၉၁ဋ္ဌာနအုပ်ချုပ်
ရေးလို့လူသိများတယ်။ဒီအုပ်ချုပ်ရေးကို သမိုင်းပါမောက္ခ
ဒေါက်တာမောင်မောင်ကြီးက ဒီမိုကရေစီအုပ်ချုပ်ရေးလို့ဆိုပါ
တယ်။

အဲဒီမှာအိန္ဒိယသားအများစုပြန်ကြတယ်။အိန္ဒိယသားတွေယူထား
တဲ့မြန်မာမတွေ၊နိုင်ငံခြားသားတွေနဲ့ယူထားတဲ့မြန်မာအမျိုးသမီး
တွေဟာ အဲဒီအချိန်မှာ ဒုက္ခရောက်ကြပါတော့တယ်။ငွေကြေး
မြေယာ အမွေစတဲ့ပြသနာတွေမှာ မတရားခံကြရတယ်။ဒိုင်အာခီ
မတိုင်ခင်ကတည်းက မြန်မာအမျိုးသမီးတွေအနေနဲ့ဗုဒ္ဓဘာသာ
ဝင်မဟုတ်တဲ့မည်သည့်နိုင်ငံခြားသားနဲ့မဆိုယူတာနဲ့ မိသားစုက
စွန့်ပယ်လိုက်ကြတာကိုစတင်ခံရတယ်။တစ်ခါ အယူအစွဲကြီး
တဲ့ဟိန္ဒူတွေနဲ့ညားတော့လင်သေတဲ့အခါ အမွေတွေမရကြပြန်
ဘူး။အိန္ဒိယအစ္စလာမ်ဘာသာဝင်တွေနဲ့ယူကြတဲ့အခါမှာလည်း
လင်သေတဲ့အခါ အရှုပ်အရှင်းတွေဖြစ်ရပြန်တယ်။ဒါကြောင့်
မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ကိစ္စဖြစ်ပေါ်လာတယ်။
မြန်မာအမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေကို ပထမဆုံး
လူပီပီတင်သွင်းတာ အိန္ဒိယအမျိုးသားအမတ် ကေစီဘိုစ့်ဖြစ်
တယ်။ဘိုစ့်တင်သွင်းတဲ့ဥပဒေကြမ်းကိုပြန်ပြင်သူက အမတ်
မြန်မာအမျိုးသားဦးဘအုန်းဖြစ်တယ်။သူက ဗုဒ္ဓဘာသာ
မြန်မာအမျိုးသမီးများလက်ထပ်ခြင်းနှင့်အမွေဆက်ခံခြင်းဥပဒေ
လို့အမည်သစ်တပ်ပေးတယ်။ကေစီဘိုစ့်ကစတင်ကတည်းက
မြန်မာအမျိုးသမီးတွေဟာ အခြားနိုင်ငံသားနဲ့လက်ထပ်သော်
လည်းပဲ အမွေပိုင်းဆိုင်ရာဆုံးဖြတ်ကြတဲ့အခါ မြန်မာအစဉ်အလာ
ဥပဒေ Customary Ruleအတိုင်းဖြစ်စေရမယ်လို့ရေး
ထားတယ်။၁၉၄၀မှာ ဒီဥပဒေကို တစ်နိုင်ငံလုံးမှာအာဏာ
တည်စေခဲ့တယ်။

အဲတော့ ဒီမှာသိလာရတာက
၁။ကိုလိုနီခေတ်ကတည်းက လက်ထပ်ထိမ်းမြားခြင်းနဲ့အမွေ
ဆက်ခံခြင်းဥပဒေဆိုတာ ရှိပြီးသား
၂။၁၉၃၇ သြဂတ်စ်လ လွှတ်တော်မှာ ဒီဥပဒေကိုစတင်
တင်သွင်းတာ အိန္ဒိယအမျိုးသားကေစီဘိုစ့်ဖြစ်တယ်ဆိုတာပဲ။
၃။  ကိုယ်ချင်းစာတရားရှိသူတွေ
ကိုယ်ကျင့်ဗေဒကို လေးစားသူတွေဆိုတာ ဗုဒ္ဓဘာသာတစ်မျိုး
ထဲမှာပဲရှိတာမဟုတ်ဘူး။ဘယ်ဘာသာဝင်မှာဖြစ်ဖြစ် မတရားမှု
ကိုလက်ပိုက်ကြည့်မနေတတ်သူတွေဟာ ရှေးခေတ်ကတည်း
ကရှိခဲ့တယ်ဆိုတာပဲ။မြန်မာအမျိုးသမီးတွေကိုစတင်ကာကွယ်
တဲ့ဥပဒေကိုလုပ်တာ အိန္ဒိယအမျိုးသားဖြစ်တယ်ဆိုတာနဲ့တင်
သူတစ်ပါးလူမျိုးကိုသောက်ဖောင်းထုနေတဲ့ လူမျိုးရေးချေးနံ့မစင်
တဲ့မြန်မာနိုင်ငံသားတွေအတွက်စဉ်းစားတတ်မယ်ဆိုရင်စဉ်းစား
စရာတွေထပ်ရှိလာပါလိမ့်မယ်။

အဲဒီနောက် လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်မှာ ဆိုရှယ်လစ်
ကျော်ငြိမ်းက ထပ်ပြီးတင်ပြလို့ ၁၉၅၂-၅၃မှာ နောက်တစ်ကြိမ်
ဒီဥပဒေကိုထပ်မံအတည်ပြု တယ်။

ဝံသာနုတို့ဗမာအစည်းအရုံးအစကိုကြည့်ရင်လည်း အိန္ဒိယသား
နဲ့မကင်းဘူး။သမိုင်းဆိုတာ ဇတ်ရည်လည်အောင်အချိန်ပေး
စောင့်ကြည်မှတ်သားလေ့လာရတဲ့အမျိုးအစားဖြစ်တယ်။
သမိုင်းကိုဇတ်ရည်မလည်ရင်ကောက်ချက်လွဲမှာသိပ်သေချာတယ်။
ဟုတ် မဟုတ် ကြုံတဲ့အခါ ကျုပ်လိုငချွတ်တွေမဟုတ်ဘဲ ပညာရှင်
အဆင့်တွေမေးကြည့်ပေါ့။သမိုင်းတစ်ခုလုံးကို ဂဃနဏ မသိဘဲ
ကိုယ်လိုရာဆွဲ ဖြတ်ပြီး ရေးနေတာ ပြင်ပမှာတင်မကဘူး Fb
စာမျက်နှာတွေမှာပါ အများကြီးမြင်ဖူးတယ်။တော်ရုံဝင်ပြောလေ့
မရှိဘူး။သမိုင်းတစ်ခုလုံးသိစရာမလိုပါဘူးဆိုတဲ့လူတွေအတွက်
ပြောတာပါ။သမိုင်းကိုတစ်ဝက်တစ်ပျက် သို့မဟုတ် ကိုယ်ဖတ်ဖူး
တာလေးနဲ့ သို့မဟုတ် ကြော်ကြားတဲ့သမိုင်းဖြစ်စဉ်တစ်ခုနဲ့
ဆွဲယူသုံးသပ်ကောက်ချက်ဆွဲတတ်ကြတာကြောင့်အလွဲလွဲ
အမှားမှားတွေအပြင် သူများထောက်စရာတွေ ပေါ်လာတာပါ။
အာနိုတွိုင်ဘီတို့ သမိုင်းဒသနပညာရှင်ဘဝကိုရောက်လာတာ
စာအုပ်တစ်အုပ်နှစ်အုပ်ဖတ်ပြီးရောက်လာတာမဟုတ်သလို
၃/၄ခုပြု စုပြီးရောက်လာတာလည်းမဟုတ်ဘူး။မြန်မာနိုင်ငံက
ယနေ့တိုင်ကျော်ကြားနေဆဲ ကွယ်လွန်သူ ဆရာဒေါက်တာသန်း
ထွန်းကိုယ်တိုင်တောင် သူ့ကိုယ်သူ သမိုင်းပညာသင် လို့ပဲခံယူ
ခဲ့တာပါ။သမိုင်းနဲ့ပက်သက်ပြီးစာအုပ်တွေရေးဖူးတဲ့ဆရာဗန်းမော်
တင်အောင်တောင် ကောက်ချက်တွေခပ်ရဲရဲရေးတာမတွေ့ဖူးဘူး။
သမိုင်းထဲက လူတွေရဲ့ ဒုက္ခတွေကိုသာ အသားပေးဖော်ပြသွား
တာတွေ့ရတယ်။အဲတော့ ယနေ့ကိုယ့်ကိုယ်ကိုယ်ပညာရှင်လိုလို
အားလုံးသိပြီး အားလုံးတတ်ပြီလိုလို ပြောနေရေးနေထင်နေတဲ့
လူတွေခမျာ ဘယ်လိုစိတ်နဲ့များကြွေးကြော် တွေးထင်ဝံ့တယ်
တော့မပြောတတ်ဘူး။အကြောင်းအရာတိမ်းစောင်းသွားတာ
မဟုတ်ဘူး။ဆက်ရေးမယ့်အရာအတွက် သမိုင်းကိုခြေရာ
ကောက်ဖို့လိုတဲ့အတွက် ခြေဆင်းအနေနဲ့သတိပြုမိအောင်တင်ပြ
တာပါ။

သမိုင်းအမှန်အတိုင်းဆိုရင် တို့ဗမာအစည်းအရုံးပေါ်တာ
အိန္ဒိယကုလားတွေနဲ့အင်္ဂလိပ်ကိုမုန်းတီးရာကနေစတာပဲ။
ဘာလို့ဆိုတော့ အဓိကရုဏ်းအပြီး ၁၉၃၀ မေလ၃၀
ရက်နေ့မှာ ဗမာလူထုကိုတပ်လှန့်နိုးဆော်တဲ့ကြေငြာချက်ကို
တိုဗမာအစည်းအရုံးကထုတ်ဝေလိုက်တာပါပဲ။အဲဒီကြေငြာ
ချက်မှာ အမျိုး ဘာသာ သာသနာကိုစောင့်ရှောက်ဖို့၊တို့ပြည်
တို့စာ တို့စကားကိုအလေးထားဖို့၊တေလဂူ(ဂေါ်ရင်ဂျီ)၊ကျူလယာ
တို့လက်ချက်နဲ့သေဆုံးသွားသူတွေကို ဂုဏ်ပြု ဖို့စတာတွေပါရှိ
ပါတယ်။ဒါကြောင့်ကုလားမုန်းတီးရေးနဲ့စတဲ့အဖွဲ့လို့ပြောတာပဲ။
အပိုင်း၎မှာတင်ပြခဲ့တဲ့ အရေးခင်းဖြစ်ပေါ်ပုံကို သေသေချာချာ
သုံးသပ်တာတောင် မလုပ်ဘဲ အငတ်အငတ်ချင်း အနူ အနူချင်း
ဖြစ်တဲ့ပြသနာကို လူမျိုးရေး ဘာသာရေးလို့ပဲ တို့ဗမာအစည်း
အရုံးလို အဖွဲ့ကပါ သတ်မှတ်ခဲ့တာပါ။စိတ်ခံစားမှုကိုဘယ်လောက်
အားပြုတယ်ဆိုတာထင်ရှားနေတယ်။

(မှတ်ချက်။တေလဂူဆိုတာ တမိလ်လူမျိုးနဲ့မျိုးနွယ်ခြင်းတူမယ်
လို့ယူဆရတယ်။တမိလ်လူမျိုးဆိုတာ လက်ရှိအိန္ဒိယတောင်ပိုင်း
သား တမိလ်နားဒူးပြည်နယ်က ပြည်သူပြည်သားတွေဖြစ်သလို
ရှေးကျတဲ့လူမျိုးတစ်မျိုးလည်းဖြစ်တယ်။ကျူလယာ လူမျိုး
ဆိုတာက အစဉ်အလာ ပြောစကားတွေအရ တမိလ်လူမျိုး
ဟိန္ဒူဘာသာဝင်တစ်ယောက်ဟာ အစ္စလာမ်ဘာသာကို
ပြောင်းလဲကိုးကွယ်သွားတဲ့အခါ ကျူလယာဖြစ်သွားကြောင်း
ဆိုတယ်။ကျူလယာသမိုင်းတစ်စွန်းတစ်စဆိုပြီးကိုရဲရင့်သစ္စာ
ရေးတုန်းက မာကိုပိုလို လို ကမ္ဘာ့ခရီးသွားကြီးတစ်ဦးဖြစ်သူ
မော်ရိုကိုနိုင်ငံသား အာရဗ်လူမျိုး အိဗ်နေဘာတူတာ ရဲ့ မှတ်တမ်း
မှာ ကျူလယာပါကြောင်းဆိုထားတယ်။အစဉ်အလာပြောစကား
မှန်လား ကျူလယာအရင်ကတည်းကရှိခဲ့လားအတိကျတော့မသိ
ဘူး။ကုလား-ဗမာအဓိကရုဏ်းမှာ တေလဂူတွေဘက်ကနေပြီး
ကျူလယာတွေဝင်ပါခဲ့ကြောင်း ပသီဦးကိုလေး ရေးတဲ့မြန်မာ
နိုင်ငံနှင့်အစ္စလာမ်သာသနာ ကျမ်းစာအုပ်မှာဖော်ပြထားတယ်။
အဲဒီကျူလယာထဲက မြန်မာ့သမိုင်းမှာထိပ်သီးတွေကိုပြပါ
ဆိုရင်တော့ ဆရာကြီးဦးရာဇတ်နဲ့ ဦးကိုနီတို့ဖြစ်ပါတယ်။ဦးကိုနီ
ဟာ ကျူလယာ ဟုတ်မဟုတ်အတိကျတော့မသိလို့မှားရင်ပြင်ပေး
ကြစေချင်ပါတယ်။)

ဒါပေမဲ့ အဲဒီတို့ဗမာအစည်းအရုံးမှာတော့ အိန္ဒိယနွယ်ဖွား
ကုလားတွေတင်မက အိန္ဒိယသားစစ်စစ်တွေပါ ပါနေခဲ့တယ်။
ဥပမာ ရေနံမြေ သခင်ခ။သူက သွေးနှောမဟုတ်တဲ့အိန္ဒိယသား
စစ်စစ်။အဖေရော အမေပါ အိန္ဒိယန်းတွေဖြစ်တယ်။ရေနံမြေ
သပိတ်ဖြစ်တော့ သူဟာ မြန်မာတွေဘက်ကရပ်ခဲ့တယ်။အဲဒီ
နောက်တို့ဗမာအစည်းအရုံးဝင်ဖြစ်လာတယ်။

နောက်တစ်ယောက်က သခင်ဆင်းဂုပတား။သူကဆေးကျောင်း
သား။ဆေးကျောင်းတက်ရင်း နိုင်ငံရေးလုပ်တဲ့အခါ အစိုးရက
ထောင်ချပြီး မန္တလေးထောင်ကိုပို့လိုက်တယ်။၁၉၃၆မှာ ထောင်
ကလွတ်တယ်။ထောင်ကလွတ်တော့ဆေးကျောင်းဆက်မတက်
တော့ဘဲ တို့ဗမာအစည်းအရုံးနဲ့ဆက်သွယ်ပြီးအဲဒီမှာပဲနေတယ်။
သခင်ဆင်းဂုပတားလို့အမည်ခံလိုက်တယ်။မြန်မာပြည်ရောက်
အိန္ဒိယအလုပ်သမားတွေကိုစည်းရုံးပြီး ၁၉၃၈(၁၃၀၀ပြည့်)
အရေးတော်ပုံကိုဆင်နွှဲတယ်။သူ့နောက်မှာ အိန္ဒိယသားနောက်
တစ်ယောက်က သခင်နာရရန်း။သူက သန်လျင်ရေနံချက်စက်ရုံ
BOCကစာရေးကြီးဖြစ်တယ်။ရေနံချောင်းအလုပ်သမားသပိတ်
ကို ကြိုဆိုဖို့ သန်လျင်ရေနံအလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်
ခဲ့တယ်။၁၃၀၀ပြည့်နှစ်တို့ဗမာအစည်းအရုံးထဲဝင်ပြီးသခင်
ဘွဲ့ခံလို့သခင်နာနရန်းဆိုပြီးဖြစ်လာခဲ့တာပဲ။တကယ်တော့
တို့ဗမာအစည်းအရုံးကိုစထောင်ကတည်းက ဟိန္ဒူတွေ အစ္စလာမ်
တွေပါခဲ့ပြီးသား။

ဒါတွေပြောတာ လူမျိုးရေးအစွဲအတွက်ပြောနေတာပဲ။၁၃၀၀
ပြည့်အရေးတော်ပုံမှာ ဟိန္ဒူတွေ အစ္စလာမ်တွေသာမပါခဲ့ရင်
တစ်မျိုးပြောင်းသွားနိုင်တယ်။တို့ဗမာအစည်းအရုံးကလည်းနပ်
တယ်။အိန္ဒိယနွယ်ဖွားတွေကိုစည်းရုံးဖို့အတွက် အိန္ဒိယသား
တွေကိုဝင်ခွင့်ပေးခဲ့တာပါပဲ။ယနေ့ NLDက မွစ်စလင်တွေဆီက
မဲလိုချင်တော့ တောပြောတောင်ပြောတွေပြောပြီး စည်းရုံးသလို
ကြံ့ဖွတ်က မဲလိုချင်တော့ ခေတ်အဆက်ဆက်ဖိနှိပ်ပြီးတိရစ္ဆာန်
လိုဆက်ဆံခဲ့တဲ့ ရိုဟင်ဂျာတွေကို White cardထုတ်ပေး
ပြီး မဲယူခဲ့တာမျိုးနဲ့နိုင်းယှဉ်သုံးသပ်လို့ရတယ်။အာဏာရမှ
ကုလားမပါဆိုတာ မြန်မာတွေသမိုင်းအစကတည်းကလုပ်ခဲ့ဖူး
တဲ့အကွက်ပါ။မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ကဏ္ဍတိုင်းမှာ
အမြဲပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂရဲ့ 
ပထမဆုံးဥက္ကဋ္ဌလည်းဖြစ်၊ကျောင်းသားသမဂ္ဂဖွဲ့စည်းအုပ်ချုပ်ပုံ
ကိုအင်္ဂလိပ်ဘာသာနဲ့ရေးဆွဲပြု စုခဲ့သူလည်းဖြစ်၊ဗိုလ်အောင်ကျော်
သေဆုံးတဲ့အမှုမှာ ဗိုလ်အောင်ကျော်ဘက်ကနေ အစိုးရကို
လျှောက်လဲခဲ့သူ၊၄၇ခြေဥရေးဆွဲရေးမှာလည်း ဦးစီးတစ်ဦး
အဖြစ်ပါဝင်ခဲ့သူ၊သခင်အောင်ဆန်းကိုယ်တိုင်အိန္ဒိယကနေ
ပြန်ခေါ်ပြီး အကူအညီတောင်းရတဲ့သူ ဖဆပလခေတ်မှာ
ဝန်ကြီးတစ်ဦးဖြစ်ခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုရရှစ်ကို
တောင် ဗမာတို့ရဲ့ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့ သာသနာပြု
သောက်ရူးကြီး ဦးနုက ရရှစ်ကို ဗမာအမြင်ရှင်းအောင် ရန်ရှင်း
လို့ပြောင်းခိုင်းခဲ့ပါသေးတယ်။ကိုးကွယ်ရာနဲ့နိုင်ငံသားစိတ်တောင်
ခွဲခြားမတတ်တဲ့လူတွေကိုအစိုးရဆိုပြီး ထိုးတင်တော့ လီးတွေ
ဖြစ်ကုန်တာပေါ့။အခုအားလုံးမြင်တဲ့အတိုင်းပဲ အဲဒီကောင်တွေ
အုပ်ချုပ်တာ ဘာဖြစ်လာလဲ။

ဗမာလူထု အမြင်မရှင်းတာ အသိပညာနည်းလို့လို့မမြင်ဘူး။
လာသမျှလူကို စနစ်ကို မူကို အားလုံးကို ငပိန်းများအမြင်နဲ့
တည့်အောင် လိုက်ညှိယူတဲ့အခါ ဘာဖြစ်သွားမယ်ထင်တုန်း။
ကိုယ့်ဟာကိုယ်ပဲစိတ်ထဲမှာဖြေလိုက်ပါ။အိန္ဒိယထဲက
အကြီးမားဆုံးခွဲထွက်သွားတာ ပါကစ္စတန် ဆိုတဲ့နိုင်ငံပဲ။
အားလုံးမွစ်စလင်တွေ။တစ်ယောက်ကနွားသားကိုစားပြီးတစ်ယောက်
ကနွားကိုဘုရားဆိုပြီးကိုးကွယ်တယ်။တည့်မလား ဒီ၂မျိုးက။
ဒါပေမဲ့ အိန္ဒိယဒမောက်ကရေစီ က အစ္စလာမ်ကို နိုင်ငံတော်
သမ္မတအထိ လက်ခံခဲ့တယ်။ရလဒ်က အဗ်ဒွလ်ကလာမ်လို
စင်ကြယ်တဲ့သမ္မတ၊သိပ္ပံပညာရှင်ကိုရလိုက်တာပဲ။ဒီက ကောင်
တွေသိတဲ့အသိဆိုတာ လူမျိုးရေးအမြင်တစ်ခုထက်ပိုမသိခဲ့လို့
အခုအဲဒီလူမျိုးရေးထဲမှာပဲ ပိတ်မိပြီး ဒစ်လည်နေတယ်လို့
ကျုပ်ပြောရင် ဘာထမ်းငြင်းကြမတုန်း။မှတ်ထားပါ။တိုင်းပြည်
နဲ့လူမျိုးအပေါ်သစ္စာရှိခြင်းမရှိခြင်းဟာ ကိုးကွယ်ရာ ဘာသာ
တရားအပေါ် မတည်ဘူး။တန်းတူအခွင့်အရေးပေးမှုအပေါ်မူ
တည်တာပါ။တန်းတူအခွင့်အရေးမပေးဘဲသစ္စာရှိပေးပါလို့
ပြောမယ်ဆိုရင် အရင်ဆုံးချီးသာစားပြေးစားထားသင့်ပါတယ်။

လယ်သမားအရေးနဲ့ပက်သက်ပြီး ပဲခူးတိုင်း ဝေါမြို့က
သခင်နိုင်ရီဒူးဆိုတာလည်း တို့ဗမာအစည်းအရုံးဝင်ပဲ။သူက
လယ်သမားခေါင်းဆောင်။၁၃၀၀ပြည့်အရေးတော်ပုံကာလ
မှာ ဝေါမြို့နယ်တစ်ဝိုက်က လယ်သမားထုကိုဦးဆောင်ပြီး
ရန်ကုန်အရောက်ချီတက်ခဲ့သူပါ။သူလိုအိန္ဒိယသားတို့ဗမာအစည်း
အရုံးဝင်တွေ အများကြီးရှိပါသေးတယ်။ဒါ့အပြင်သခင်အမည်မခံ
ဘဲ တို့ဗမာအစည်းအရုံးကိုကူညီအားပေးခဲ့တဲ့ကုလားတွေအများ
ကြီး။ယနေ့ NLDအတွက် ငွေကြေးနဲ့ဘဝတွေပါပုံအောခဲ့တဲ့
ကုလားတွေလည်းအများကြီးရှိတယ်။အမေကိုတတာ လခွမ်း
တွေဖြစ်ကုန်ပြီး အခုမှမိထွေးမှန်းသိကုန်ကြတာ။ဒါတောင်မိထွေး
မှန်းမသိသေးတဲ့ကုလားအဘိုးကြီး အဘွားကြီးတွေအများကြီး
ကျန်သေးတယ်။ရန်ကုန်မွစ်စလင်အမတ်တွေကိုတောင်ပယ်ပြီး
မေ့မေ့ကိုဝန်းရံလိုက်တာ ဧည့်သည်ဖြစ်သွားတော့တာပဲ။ခ်ခ်

ထိပ်သီးနာမည်ကြီးတွေထဲက အဲဒီခေတ်ကဆိုရင် ပါဋ္ဌိပါမောက္ခ
ဦးဖေမောင်တင်နဲ့တစ်တန်းတည်းသောလူ အဟ်မဒ်ကာဆင်
ဆိုတာ စစ်ကြီးပြီးလို့ရန်ကုန်တက္ကသိုလ်ပိတ်ထားတာကြောင့်
ကုလားတစ်ဦးပိုင်တဲ့ ရန်ဒေးရီးယားတိုက်မှာခေါ်ပြီး ကျောင်း
သားကိုလက်ချာပေးတယ်။ဆရာဝန်ကြီး အေပီနဟာတို့၊ဖာရစီ
အမျိုးသား(ပါရှန်အမျိုးသား)ဝတ်လုံတော်ရ ဒါဒါချန်ဂျီတို့၊
မစ္စတာဒတ်တားတို့၊မစ္စတာဒေးတို့ဟာ တို့ဗမာအစည်းအရုံးကို
တစ်လျှောက်လုံးကူညီပေးခဲ့ကြသူတွေပါ။၁၃၀၀ပြည့်အရေး
တော်ပုံမှာ ကွန်မြူ နစ်လောကမှာ ယနေ့တိုင်ကျော်ကြားတဲ့
ဂိုရှယ်ဆိုတဲ့ ဘင်္ဂလီအမျိုးသား ကွန်မြူနစ်မူဝါဒရေးရာဆရာ
ကြီး သခင်ဘတင်ဆိုတာ ကျောင်းသားခေါင်းဆောင်အဖြစ်
ပါဝင်ဆင်နွဲခဲ့တယ်။မဒရာစီအမျိုးသားနချဘတ်၊ဝူရီးဟားတို့
အပြင် ဘင်္ဂလီအမျိုးသားကျောင်းသားခေါင်ဆောင်မွန်ရှယ်တို့ပါ
ပါဝင်ခဲ့ကြတာပါ။ဒါကြောင့်မြန်မာ့သမိုင်းကိုရေးရင် အိန္ဒိယသား
နဲ့သွေးနှောတွေရဲ့ စွမ်းဆောင်မှုကို ပယ်ပြီးရေးလို့ကိုမရဘူးလို့
ပြောခဲ့တာပဲ။

လွတ်လပ်ရေးခေတ်တုန်းက ဦးဖေခင်တို့၊ဝန်ကြီးဦးခင်မောင်
လတ်တို့၊ဦးရှရှစ်တို့၊ကနေ ဦးသော်က၊ကိုမြအေး၊ဦးကိုနီ၊
စည်သူမောင်အဆုံးအားလုံး ဒီသားစဉ်မြေးဆက်တွေချည်းပဲ။
ရှမ်းမှာကြည့်လို့လည်းရသလိုကရင်တပ်တွေထဲမှာလည်းကြည့်
လို့ရတယ်။ကယန်းမှာကြည့်လို့ရသလို ထားဝယ်မှာကြည့်လို့
လည်းရတယ်။စစ်အစိုးရကိုလက်နက်ကိုင်ပြီးပုန်ကန်ခဲတဲ့
လက်နက်ကိုင်အုပ်စုတွေထဲမှာ မွစ်စလင်လက်နက်ကိုင်တွေ
ပါခဲ့တဲ့သမိုင်းကြောင်းကိုတော့ အိုဘယ့်အစိမ်းတို့မြေမှာ
ဆရာပါစကယ်ရေးထားတယ်။

အဲတော့ အမျိုး ဘာသာ သာသနာ ဘောင်ဆိုတာ ကျဉ်းမြောင်း
လွန်းတဲ့ဘောင်တစ်ခုပဲ။ဘာမှအဖြစ်ရှိအောင်သာမတွန်းတင်
ပေးပေမယ့် အားလုံးနဲ့မုန်းသွားအောင်တော့လုပ်ပေးနိုင်တယ်။
နိုင်ငံအတွက်ကျယ်ပြန့်တဲ့စိတ်ထားတွေမထားတတ်သ၍ကတော့
အခုလို ဘဝနဲ့အကြိမ်ကြိမ်ကျရှုံ့းနေရမှာဖြစ်တဲ့အပြင် တိုင်းပြည်
ပျက်တဲ့ဘဝမျိုးနဲ့ရင်ဆိုင်ရနိုင်တယ်။လူမျိုးတစ်မျိုးတည်းသီးသန့်
နေထိုင်တဲ့နိုင်ငံမျိုးမှာ အမျိုးသားရေးဝါဒဟာ အလုပ်ဖြစ်ခြင်
ဖြစ်မယ်။လူမျိုးစုံ ဝါဒစုံစုစည်းနေထိုင်တဲ့နိုင်ငံမျိုးမှာ တော့
အမျိုးသားရေးဟာ ကျရှုံးပျက်စီးမှုကိုဖြစ်စေမယ့်အဖျက်ပိုးပဲ။
ယနေ့ကမ္ဘာမှာ အမျိုးသားရေးဆိုတာ ရှားသွားပြီ။အမျိုးသား
ရေးကို အဆင့်မြင့်ပြီး အမျိုးသားအကျိုးစီးပွား(တစ်တိုင်းပြည်လုံး
ရဲ့လူထုကို ကိုယ်စားပြုပြီးခေါ်တာ)ပဲရှိတော့တာကိုတောင်
မမြင်နိုင်မကြည့်နိုင်သေးတဲ့မြန်မာတွေရှိနေသေးတာအံ့သြ
စရာသိပ်ကောင်းတာအမှန်ပဲ။ အမျိုးသားရေးဝါဒရဲ့ အနိမ့်
အမြင့်ကိုကြည့်ရင် ၂လမ်းပဲရှိတယ်။အမျိုးသားရေးဝါဒ
အားကောင်းထက်ကောင်းလာရင် နာဇီဖက်ဆစ်က ဘားကုန်
ပြီ။အမျိုးသားရေးဝါဒနဲ့နိမ့်ကျသွားရင်တော့ ဖက်ဆစ်လုံးလုံး
ဖြစ်ပြီပဲ။မြန်မာတစ်မျိုးသားလုံး ကွန်ဆာတွေဖြစ်နေတာ အားလုံး
သိကြတယ်။ဒီကွန်ဆာတွေဟာ ၂၁ရာစုရောက်လာတာတောင်
နီယိုကွန်ဆာ ဘဝကိုရောက်မလာဘူး။လုံးဝကွန်ဆာဘဝမှာပဲ
ရှိနေတယ်။ကွန်ဆာ က နောက်ပြန်ဆုတ်ရင် ဖက်ဆစ်ပဲရှိတော့
တယ်။ဖက်ဆစ်ဆိုတာ ခေတ်သစ်ကမ္ဘာမှာအရိုင်းစိုင်းဆုံး
အရုပ်ဆိုးဆုံးစနစ်နဲ့မူပဲ။

ဆက်ပါဦးမည်။

https://m.facebook.com/story.php?story_fbid=155250908950449&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အလုပ်သမားလူတန်းစား....၅”

Post a Comment

Related Posts Plugin for WordPress, Blogger...