Tuesday, July 16, 2019

အလုပ်သမားလူတန်းစား.....၃

,
ရှေ့မှာဖော်ပြခဲ့တဲ့အတိုင်း အိန္ဒိယလူမျိုးများလာတာကို
မြန်မာပညာတတ်လူငယ်တွေကမျိုးချစ်စိတ်လို့ခေါ်တဲ့ လူမျိုး
ရေးအောက်တန်းနောက်တန်းကျနေမှုကိုကိုခံပြင်းတဲ့စိတ်နဲ့
ဝံနုသာအတွေးအခေါ်စွမြဲလာခဲ့တယ်။ဒါသမိုင်းအမှန်ပဲ။
မျိုးချစ်စိတ်ရဲ့ စဦးဖြစ်ပေါ်ရာရေသောက်မြစ်က ဒါပဲ။ထုံးစံအတိုင်း
မြန်မာလူမျိုးတွေစိတ်ထက်သန်တဲ့ဗုဒ္ဓဘာသာဆိုတဲ့ဘာသာရေး
အမြင်ကလည်း ဝံသာနုစိတ်ဓာတ်မှာကပ်ပါလာတယ်။အကယ်၍
အိန္ဒိယသားတွေဟာ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူတွေသာ
ဖြစ်ခဲ့ရင်တော့ အခုဖြစ်ပေါ်လာတဲ့ ဝံသာနုစိတ်ဓာတ်မှာ
ဘာသာရေးအမြင်ပါလာမှာတော့မဟုတ်ဘူး။ဒါဝံသာနုစိတ်
ဖြစ်ပေါ်မှုမှာ ဘာသာရေးအမြင်၊ဘာသာရေးအတွေးတွေရဲ့ မူလ
ဇစ်မြစ်အမှန်ပဲ။

ဝင်လာတဲ့အင်္ဂလိပ်ဟာ မြန်မာတွေကိုပြု ပြင်ပေးတာမျိုးလည်း
မလုပ်ဘူး။မြန်မာမင်းလို ပဲ ကျွန်သခင်ဆက်ဆံရေးကိုပဲ
ဆက်သုံးတယ်။၁၈၅၀ မှာ ကျွန်သခင်ဥပဒေလို့ခေါ်တဲ့
Master and Servants Act ကိုပြဋ္ဌာန်းခဲ့တာ
၁၉၂၁ခုနှစ်အထိဖြစ်တယ်။အင်္ဂလိပ်ဟာ မြန်မာပြည်အုပ်ချုပ်
ရေးအဆင့်အတန်းကိုတစ်စတစ်စ တိုးမြင့်ပေးခဲ့တာတွေ့ရတယ်။
၁၉၂၁ သြဂုတ်လ ၂၀ ရက်နေ့မှာ ဗမာအပါအဝင် အိန္ဒိယ
ကိုပါတာဝန်ခံတဲ့အုပ်ချုပ်ရေးကိုတစ်စတစ်စတိုးမြင့်ပေးမယ်လို့
မွန်တေဂူ က ကြေငြာတယ်။အိန္ဒိယက ၁၉၂၁မှာ ဒိုင်အာခီ
အသက်ဝင်ပြီး မြန်မာပြည်မှာ ၁၉၂၃ကျမှ ဒိုင်အာခီအသက်
ဝင်တယ်။

သမိုင်းအစကိုပြန်ကြည့်ရင် ၁၈၈၅မှာ မြန်မာပြည်ကိုသိမ်းပြီး
အိန္ဒိယထဲထည့်လိုက်တာကို အိန္ဒိယ အမျိုးသားကွန်ကရက်
အသင်းကြီးက ပထမဆုံးကန့်ကွက်ခဲ့တာပါ။အိန္ဒိယအတွက်
မြန်မာဆိုတာ ဘာသောက်ရေးလုပ်စရာမှဘယ်တုန်းကမှမရှိခဲ့
ဘူး။အိန္ဒိယ ယဉ်ကျေးမှု၊အိန္ဒိယအက္ခရာ၊အိန္ဒိယနန်းစဉ်
နန်းဆက်ယဉ်ကျေးမှု၊ဘာသာတရားစသည့်အားလုံးမြန်မာ
ကယူခဲ့တာချည်းပဲ။ဒီလိုပြောရတာ က ကိုယ်ရွှေဖင်ခေါင်းကျယ်
တွေအနေနဲ့ မိမိဘဝအမှန်ကိုသိပြီး သင်္ကြန်အမြောက်လို အနှစ်မဲ့
စကားတွေကြားသာယာနေတာက နိုးထနိုင်အောင်ပြောတာပါ။
အမျိုးသားအစိုးရတွေရရဲ့ အသိဥာဏ်နုံနဲတဲ့ဝါဒဖြန့်စကားတွေ
နဲ့ သာယာနေလို့ကတော့ ခွေးဖြစ်မှန်းမသိဘဲခွေးဖြစ်သွားတာ
ပဲ အဖတ်တင်မယ်။

မြန်မာထဲက ဒီလိုတွဲထားတာကိုစတင်ကန့်ကွက်တဲ့သူက
ဒီပဲယင်းဝန်ထောက်ဦးမြဲဖြစ်တယ်။မြန်မာနဲ့အိန္ဒိယဆိုတာ
မတူကြောင်း ကွဲပြားခြားနားတဲ့လူမျိုးဖြစ်ကြောင်းအင်္ဂလိပ်က
သိပြီးသား။သူ့အုပ်ချုပ်ရေးလွယ်ကူဖို့ဆိုတဲ့ရှုထောင့်တစ်ခုတည်း
နဲ့လုပ်ခဲ့တာပါ။

ဒီတွဲရေး ခွဲရေးငြင်းခုန်မှုဟာမြန်မာ့သမိုင်းမှာ အတော်လေးဟော့
ခဲ့တဲ့အရေးတစ်ခုဖြစ်တယ်။ဒါဟာ ကိုယ်ကျိုးစီးပွားနဲ့ပက်သက်
နေလို့ပဲ။၁။ဗြိတိန်ကုန်သည်ကြီးတွေက မြန်မာ့စီးပွားရေးကို
လက်ဝါးကြီးအုပ်ချင်တယ်။အဲဒီအချိန်အာရှဂျူးလို့ပြောရရမယ့်
ချစ်တီးလုပ်ငန်းရှင်တွေကလည်း ဗြိတိန်ကုမ္ပဏီတွေနဲ့အပြိုင်
ဖြစ်နေပြီ။အိန္ဒိယနိုင်ငံသားသူဋ္ဌေးကုမ္ပဏီတွေကို အင်္ဂလိပ်အစိုး
ရက ချုပ်ကိုင်လို့မရဘူး။
၂။မြန်မာဟာအိန္ဒိယလက်အောက်ခံပြည်နယ်တစ်ခုဖြစ်နေလို့
မြန်မာပြည်ဘုရင်ခံရော မြန်မာပြည်ဗြိတိန်လုပ်ငန်းရှင်တွေကပါ
အင်္ဂလန်အစိုးရနဲ့တိုက်ရိုက်ဆက်ဆံခွင့်မရဘူး။ငွေရေးကြေးရေး
ကအစအားလုံးကို အိန္ဒိယ-ဗြိတိသျှအစိုးရက ချုပ်ကိုင်ထားတာ။
ဒါကြောင့်မြန်မာပြည်ဘုရင်ခံနဲ့မြန်မာပြည်ဗြိတိန်လုပ်ငန်းရှင်
တွေက ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်ကိုအိန္ဒိယကနေ
ခွဲထုတ်ချင်ကြတယ်။
၃။မြန်မာပြည်ရောက်အိန္ဒိယသားများပဲ။သူတို့က ဒိုင်အာခီ
ဥပဒေကြမ်းအစပြု နေချိန်ကတည်းကကန့်ကွက်လာတာပါ။
အကြောင်းက ဒီဥပဒေအရ ပင်လယ်ရပ်ခြားတိုင်းတစ်ပါးသား
ဟာ မြန်မာပြည်မှာနေရင် အခွန်ငွေ၅ကျပ် ကောက်ခံရမယ်ဆို
တဲ့ အချက်ကြောင့်ပဲ။သူတို့ကတွဲရေးကိုထောက်ခံတယ်။အကြောင်း
က ခွဲထုတ်လိုက်ရင် အခွန်တိုးလာမယ် မြန်မာနဲ့အိန္ဒိယတစ်နိုင်ငံ
စီဖြစ်သွားမှာဖြစ်လို့ သူတို့လာချင်တိုင်းလာလို့မရတော့ဘူး။
မြန်မာပြည်ဗြိတိန်ဘုရင်ခံရဲ့ ခွင့်ပြု ချက် အဲဒီနောက်ကွယ်မှာ
အခွန်တွေ စာရွက်စာတမ်းတွေလိုလာတော့မယ်။ဒါကြောင့်
သူတို့ကခွဲရေးကိုကန့်ကွက်ပြီး တွဲရေးကိုထောက်ခံတာပါ။
မြန်မာပြည်သူတွေက ဘာမှသိတာမဟုတ်ဘူး။မြန်မာနိုင်ငံ
ဖြစ်ခွင့်မရမှာစိုးလို့ကန့်ကွက်ကြတာပါပဲ။

မြန်မာနိုင်ငံရေးသမားတွေထဲက ခွဲရေးကိုထောက်ခံသူတွေ
တွေးတာက ဗြိတိန်အင်ပါယာရဲ့ ပြည်နယ်တစ်ခုဖြစ်နေရင်
အခွင့်အရေးပိုရမယ်။ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရမယ်။
ကာကွယ်ရေးနဲ့နိုင်ငံခြားဆက်ဆံရေးကလွဲပြီးကျန်တာအားလုံး
မြန်မာတွေရွှေးကောက်ခံအဖြစ်နေရာရရမယ်။သမိုင်းဆိုတာဒါပဲ။
သမိုင်းဆိုတာ လူမျိုးရေးစာနာစိတ်ကိုဖော်ပြပေးတဲ့အကြောင်း
အရာမဟုတ်ဘူး။မြန်မာသမိုင်းဆရာတွေရေးတိုင်း ဗမာခံရတာ
ကိုတင်ပြပြီး တစ်ဖက်သတ်သုံးသပ်ကာ ကိုယ်ဖြစ်ချင်တဲ့စိတ်တစ်ခု
တည်းတင်မကသေးဘဲ လူမျိုးရေးခံစားချက်ပါရောထွေးပြီး၊
ကိုယ့်စိတ်ကြိုက်ပုံဖော်ပြီးသမိုင်းဆိုပြီး ချပေးခဲ့တာပါ။ဒါကိုပဲ
ဖတ်လာပြီး ဒါပဲသိလို့ကိုလိုနီခေတ်ဆိုတာ ဘာမှန်းတောင်မသိ
ဘဲဘွဲ့ရခဲ့သူတွေပုံနေတာပေါ့။

ဒီလိုနိုင်ငံရေးနောက်ခံပေါ်မှာ အလုပ်သမားတွေရဲ့ ဘဝကို
ကြည့်ရအောင်။၁၉၂၀အထိ အလုပ်သမားတွေနဲ့ပက်သက်တဲ့
ဥပဒေတိတိကျကျမရှိသေးဘူး။မြန်မာနိုင်ငံမှာရှေးအကျဆုံး
အလုပ်သမားအသင်းဆိုတာ ၁၈၉၇ဖွဲ့စည်းတဲ့ မီးရထား
ကုမ္ပဏီအမှုထမ်းအသင်းဖြစ်တယ်။ထုံးစံအတိုင်း အဲတုန်းက
အသင်းတွေဆိုတာလည်း လက်ရှိမြန်မာမွစ်စလင်အသင်းအဖွဲ့
တွေဖြစ်တဲ့ ၅ဖွဲ့တို့၆ဖွဲ့တို့ ဟဂ်ျအဖွဲ့တို့ လောက်ဒါအဖွဲ့ စွန်ညာ
အဖွဲ့ သူ့အမေယိုးတဲ့အဖွဲ့ စသဖြင့် အဖွဲ့တွေလိုပဲ မျက်နှာစုံညီ
ထိုင် အလာပ သလာပ ပြောပြီး မျက်နှာစုံညီထမင်းစားပြီး
ပိုစတာရှေ့ အားလုံးလက်ကြီးပိုက်နေတဲ့ ဓာတ်ပုံတွေရိုက်ပြီး
ပြန်ကြတာ။ဟိုခေတ်တုန်းက တစ်ခုအဆစ်ပိုလာတာက
တင်းနစ်ရိုက်တာပဲ။ဒါပဲကွာတယ်။

၁၉၂၉မှာ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်တော့ တစ်ကမ္ဘာလုံးစီးပွား
ရေးထိခိုက်လာတယ်။စပါးဈေးထိုးကျလာလို့တောင်သူလယ်သမား
ထုကြီးဆင်းရဲဒုက္ခနဲ့ကြုံရတယ်။နဂိုဈေးကောင်းစဉ်ကလည်း
ငွေစုဆောင်းတာမျိုးမြန်မာတွေမလုပ်ခဲ့ကြဘူး။ဒါကြောင့်
ချစ်တီးကြွေးကြောင့်လယ်ပိုင်ဘဝကနေ လယ်ကူလီဘဝကို
ရောက်သွားကြရတယ်။တစ်ချို့ကလည်း လယ်ကိုစွန့်ပြီး
ရရာလုပ်ဖို့ရန်ကုန်တက်လာကြတယ်။အဲဒီမှာတင် လယ်သမား
အသွင်ပြောင်း မြန်မာအလုပ်သမားအသစ်စက်စက်တွေဟာ
ရန်ကုန်အိန္ဒိယအလုပ်သမားတွေနဲ့ပက်ပင်းတိုးတော့တာပဲ။
အဲဒီအချိန်က အိန္ဒိယသားအလုပ်သမားတွေကိုယ်တိုင် တစ်လ
လုံးမှာ ၁၅ရက်လောက်ပဲအလုပ်ရှိနေတာပါ။စီးပွားရေးပျက်ကပ်က
အားလုံးကိုတိုက်စားသွားတာ။အားလုံးကျပ်တည်းနေချိန်။အဲဒီမှာ
ဆရာစံက အရူးထတာပဲ။တစ်ဖက်ကကြည့်ရင်တော့ တော်လှန်
ရေးခြေဆင်းပေါ့။နိုင်ငံရေးအမြင်နဲ့ကြည့်ရင်တော့ ဆရာစံ
အရူးထတာပဲ။ဘာအောင်မြင်မှုမှမရဘူး။ကြိုးစင်တက်ရတာ
ပဲအဖတ်တင်တယ်။အဲတော့ ၁၉၃၀ဟာ စီးပွားပျက်ကပ်၊
လယ်သမားပုန်ကန်မှုနဲ့တိုးပြီးငတ်ကြပြတ်ကြပေါ့။ဒီနိုင်ငံရေး
အကျပ်အတည်းကိုဖြေရှင်းဖို့ အစိုးရက လူမျိုးရေးပြသနာဖန်း
တီးပြီးလမ်းလွှဲတဲ့အခါ ကုလား-ဗမာအဓိကရုဏ်းဖြစ်လာတယ်။
ဒါ၁၉၃၀တစ်နှစ်တည်းမှာပဲ။အဲဒီကုလား-ဗမာအဓိကရုဏ်း
အပြီးမှာပဲ တို့ဗမာအစည်းအရုံးပေါ်လာတာဖြစ်တယ်။

တကယ်က နိုင်ငံရေးပြသနာဟာ စီးပွားရေးမှာထိတယ်။
စီးပွားရေးပြသနာကတစ်ဆင့်က လူမျိုးရေးမုန်းတီးမှုဆီ
ဆင်းခဲ့တာပါပဲ။ဘယ်ဟာမှ သူ့အလိုလိုမဖြစ်ဘူး။အကျိုးနဲ့
အကြောင်းဆိုတာ ဖြစ်ရပ်တိုင်းမှာရှိတယ်။၁။တွဲရေး/ခွဲရေး
ပြသနာ၂။အလုပ်သမားပြသနာ ၃။ဝံသာနုလှုံ့ဆော်မှု
စတဲ့ပြသနာ၃ခုဟာ ၁၉၃၀ ကုလား-ဗမာအဓိကရုဏ်း
အတွက်ဖြန်းခဲ့တဲ့ ဓာတ်ဆီပဲ။အိန္ဒိသားတွေက တွဲရေးကို
ထောက်ခံပြီး ဗမာက ခွဲရေးကိုထောက်ခံတယ်။ရန်ကုန်အလုပ်
သမားရေးရာမှာ ဗမာတွေအလုပ်မရဘူး။၁၉၃၁ သန်းခေါင်စရင်း
အရ မြန်မာနိုင်ငံသားဦးရေ ၁၂၁၉၉၈ သာရှိပေမယ့် အိန္ဒိယသား
က ၂၁၂၉၂၉ အထိရှိနေလို့ ၂ဆများနေတယ်။အဲဒီ၂သိန်း
ကျော်ထဲမှာ အိန္ဒိယသား ကျားဦးရေက ၁၇၁၇၁၄အထိရှိနေပြီး
အိန္ဒိယအမျိုးသမီးဦးရေက ၄၁၂၁၅ ပဲရှိတယ်။ဒီစရင်းက
သွေးနှောကိုဖြစ်စေတဲ့စရင်းပဲ။တိုင်းတစ်ပါးမှာ အလုပ်လာလုပ်
လို့ ဘယ်အိန္ဒိယသားမှ မိန်းမတွေကလေးတွေခေါ်မလာတာ
အမှန်ပဲ။ကျားတွေချည်း ပတ်ဝန်းကျင်အသစ်ကိုရင်ဆိုင်ကြမှာ
သေချာလို့ ဒေသခံအမျိုးသမီးတွေနဲ့အိမ်ထောင်မှုပြုတဲ့လူမှု
ဘဝဖြစ်စဉ်တွေဖြစ်မှာပဲ။အဲဒီတို့ဗမာအစည်းအရုံးကလည်း
ဝံသာနုဆိုပြီးအော်နေချိန်။ကာလ်းမာက်ရဲ့ အတွေးအခေါ်
ပါတဲ့စာအုပ်တွေကို ဘာသာပြန်ပြီး လူမျိုးစွဲမစင်တဲ့
မြန်မာအမျိုးသားရေးကွန်မြူနစ်တွေကလှုံ့ ဆော်ပေးနေတယ်။
တစ်ခုသိထားရမှာက မြန်မာနိုင်ငံမှာစနစ်ကိုယုံကြည်ပြီး
စနစ်နဲ့အတူရှင်သန်တဲ့ နိုင်ငံရေးသမားစစ်စစ်ဆိုတာမမြင်ဖူးဘူး။
မြန်မာအမျိုးသားကွန်မီဖြစ်ဖြစ် ဆိုရှယ်လစ်ဖြစ်ဖြစ် လစ်ဘရယ်
ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကြိုက်တာဖြစ်အားလုံး လူမျိုးရေးအစွဲတွေ
နဲ့ချည်းပဲ။အဲဒီလို System အတိုင်းအကောင်အထည်မဖော်
ဘဲ ဘယ်သမိုင်းမှာမှသုံးစားမရခဲ့တဲ့မြန်မာ့အစဉ်အလာ၊ဘာသာ
ရေးတွေနဲ့ System ကို ရောသမမွှေပြီး ကျင့်သုံးတတ်တဲ့
သောက်ကျင့်ဆိုးဟာ မြန်မာပြည်ဝဲစွဲနေရတဲ့အဓိကအကြောင်း
တွေထဲကတစ်ခုဖြစ်တယ်။ဘာလို့ဆိုတော့ မြန်မာဆိုတာ
ဘယ်တုန်းကမှ ဘယ်ခေတ်မှာမှ Systemနဲ့သွားတတ်ခဲ့တဲ့
Systemနဲ့မောင်းပြီးကြီးပြင်းလာတဲ့လူမျိုးမဟုတ်ဘူး။system
မဲ့ လွတ်လပ်စွာ(ပရမ်းပတာဖြစ်စဉ်)လာတဲ့သမိုင်းနဲ့လူပါ။ဒါကြောင့်
Systemကိုနားမလည်ဘူး။systemကိုသာနားမလည်တာ
Systemကို မဟာပညာတွေနဲ့ပြု ပြင်တဲ့နေရာမှာကျတော့
ဆရာအကျဆုံးပါရဂူတွေဖြစ်နေတာပဲ။ဘာလို့systemကို
ပြောရတာလဲမေးရင် systemအတိုင်းအကောင်အထည်
ဖော်လို့မှားရင် systemကိုchange ရုံနဲ့ပြီးတယ်။
ဒါမှမဟုတ် systemကိုဖောက်ပြန်ပြီး လုပ်ရင် system
ကပြန်ပြီးအရေးယူမယ်။အခုက system ကို မြန်မာ့စိတ်အခံ
အစဉ်အလာအခံတွေ နဲ့ ညှိယူတယ်။ဖောက်လာတဲ့အခါမှာလည်း
ဒီအစဉ်အလာတွေနဲ့ပဲဖာထေးတယ်။နောက်ဆုံးsystem
ဟာ သုံးမရအောင်ပျက်တာပဲ။အနောက်တိုင်းစနစ်တွေအားလုံး
မြန်မာပြည်မှာ နာမည်ပျက်တာ ဒါကြောင့်ပဲ။

အဲ့တော့ အဲဒီခေတ်က တို့ဗမာ အစည်းအရုံးရဲ့ အမျိုး ဘာသာ
သာသနာဟာ လူမျိုးရေးမုန်းတီးမှုကိုအားပေးတဲ့ကြွေးကြော်သံ
ဖြစ်ခဲ့တယ်ဆိုတာတော့မငြင်းသင့်ဘူး။တို့ဗမာအစည်းအရုံး
ကြောင့်လွတ်လပ်ရေးဆိုတာဖြစ်လာတာ တို့ဗမာအစည်းအရုံး
ကိုမကောင်းမပြောနဲ့ဆိုတဲ့အတန်းအစားတွေတစ်ခုသိရမှာက
မြန်မာမှာ အောင်ဆန်းပေါ်မလာရင်လည်းလွတ်လပ်ရေးကတော့
ရမှာပဲ။တို့ဗမာအစည်းအရုံးမရှိလည်းလွတ်လပ်ရေးကတော့
ရမှာပဲ။သူ့လူ့အဖွဲ့အစည်းမှာ သူ့တာဝန်သူထမ်းဆောင်ဖို့
ကျရာကဏ္ဍမှာ ဘုရားသခင်အလိုတော်လို့ခရစ်ယာန်တွေ
အစ္စလာမ်တွေပြောတဲ့ လူတွေ သူ့အကျိုးသူ့အကြောင်းနဲ့
ပေါ်ပေါ်လာပြီး လွတ်လပ်ရေးတွေကိုယူသွားကြတာအများ
ကြီးပဲ။ဂျော့ဝါရှင်တန်ကြီး အမေရိကန်အတွက်ပေါ်လာမယ်လို့
ဘယ်သူမှနိမိတ်ဖတ်ထားခဲ့တာတော့မဟုတ်ဘူး။ဘယ်သူမှ
လျာထားခဲ့တာလည်းမဟုတ်ဘူး။ဝါရှင်တန့်အမေလည်း သူ့သား
အမေရိကန်ဖခင်ဖြစ်လာမယ်လို့ကြိုသိခဲ့တာမဟုတ်သလို
ဝါရှင်တန်ကိုယ်တိုင် သူ့ဒီဘဝရောက်မယ်လို့ကြိုသိခဲ့တာ
လည်းမဟုတ်ဘူး။

မြန်မာပြည်ကအိန္ဒိယသားတွေကလည်း တို့ဗမာအစည်းအရုံးရဲ့ 
ဗမာသီးသန့်မူဝါဒကြောင့် ဗမာနဲ့အမြင်ကမကြည်လင်တော့ဘူး။
အစည်းအရုံးနာမည်ကလည်း ဗမာသီးသန့်ပဲလေ။ဘယ်တိုင်းရင်း
သားမှတောင်ကိုယ်စားပြုတာမဟုတ်လို့ အိန္ဒိသားဆိုဝေးပြီးပေါ့။

တိုက်တိုက်ဆိုင်ဆိုင် အိန္ဒိယမှာလည်း ဂန္ဒီရဲ့ အာဏာဖီဆန်ရေး
လှုပ်ရှားမှုကြောင့် ကြိမ်မီးအုံသလိုဖြစ်လာနေတယ်။အိန္ဒိယ
အမျိုးသားကွန်ကရက် ပိတ်ခံရတယ်။ဂန္ဒီအပါအဝင် အိန္ဒိယ
နိုင်ငံရေးခေါင်းဆောင်တွေအဖမ်းခံရတယ်။ဒါကြောင့်အိန္ဒိယသား
တွေက ဗြိတိသျတွေကိုမုန်းလာတယ်။သူတို့မှာလည်း
မြန်မာလိုပဲ လန်ကျောက်သွေး လန်ကျောက်မာန်ဆိုတာရှိမှာပဲ။
လူပဲဆိုတော့ လူဖြစ်တဲ့အတိုင်းသူတို့လည်းဖြစ်မှာသေချာတယ်။

အဲဒီအချိန် ၁၉၃၀ ဖေဖော်ဝါရီ၂၁ရက်နေ့မှာ အိန္ဒိယအမျိုးသား
ခေါင်းဆောင်လည်းဖြစ် ကာလကတ္တားမြို့တော်ဝန်လည်းဖြစ်တဲ့
ဆင်းဂုပတား ရန်ကုန်ရောက်လာတယ်။အဲဒီခေတ်တုန်းက
သူတို့တည်ထောင်တဲ့ ဖိုက်စကွဲယား(ယခုမဟာဗန္ဓုလပန်းခြံ)
မှာ ခွဲမထွက်ရေးတရားဟောတယ်။ခွဲထွက်ရေးကိုရှုံ့ ချတယ်။
ဒါကြောင့် မြန်မာ့မြေရောက်အိန္ဒိယသားတွေစိတ်ဓာတ်တက်ကြွ
လာတယ်။အဓိကရုဏ်းအတွက်တင်ကူးအခြေနေတွေက အဓိ
ကရုဏ်းကိုလက်ကမ်းကြိုဆိုနေပြီဖြစ်ပါတယ်။

ဆက်ပါဦးမည်။


https://m.facebook.com/story.php?story_fbid=154959315646275&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အလုပ်သမားလူတန်းစား.....၃”

Post a Comment

Related Posts Plugin for WordPress, Blogger...