Sunday, July 7, 2019

ခရစ်ယာန်သာသနာပြုဆရာမနှစ်ဦး သာသနာပြုမှုကြောင့် ဒေသခံများကဝိုင်းဝန်းရိုက်နှက်

,
အမ်း၊ ၂၀၁၉ ဇူလိုင် ၁ဝ
နေဇော် (RJN)

ပဒဲကြောကျေးရွာရှိ ခရစ်ယာန် ကိုးကွယ်သူ ဦးတင်ဖေနေအိမ်တွင် လာရောက်သာသနာပြုသည့် ခရစ် ယာန်ဆရာမနှစ်ဦးကို သာသနာ ဆက် လက်မပြုရန်နှင့် ရွာမှထွက်ခွာသွားရန် ရွာသားများက တားမြစ်ပြောဆိုပြီး ညစ်ညမ်းစွာဆဲဆို၍ ဆရာမနှစ်ဦးကို ပါးရိုက်ခဲ့ကြောင်း ပဒဲကြောကျေး ရွာရှိ ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ရှိသည့် ချင်းတိုင်းရင်းသားများနေထိုင် ရာ ပဒဲကြောကျေးရွာတွင် ခရစ်ယာန် သာသနာပြုဆရာမနှစ်ဦး၏ ပါးကို ရွာ သားများမှ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ ညစ် ညမ်းစွာဝိုင်းဝန်းဆဲဆိုခြင်း၊ နေအိမ် အားခဲဖြင့်ထုခြင်းများပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများက Friday Times သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ရွာသားတွေက အိမ်ကိုဝိုင်းထားပြီးတော့ ခရစ်ယာန်ဆရာမ နှစ်ယောက်ကို အိမ်အပြင်ထုတ်ခိုင်း ခဲ့တယ်။ဆရာမနှစ် ယောက်အန္တရာယ် ဖြစ်မှာ စိုးရိမ်လို့ အိမ်မှာမရှိဘူးလို့ ပြောခဲ့ရတယ်။ ဒါကိုလက်မခံဘဲ အိမ် ကိုဝိုင်းထားပြီး ဆဲကြတယ်။ ဆရာမ နှစ်ယောက် အိမ်ကနေ အပြင်ကို ထွက်တဲ့အခါမှာ ဓာတ်ပုံဝိုင်းရိုက် တယ်။ အကူအညီတောင်းလို့မရ အောင် ဖုန်းတွေသိမ်းကြတယ်။ ပြီး တော့ ရွာသားတွေက ခြေထောက်နဲ့ ဝိုင်းကန်ပြီးတော့ ပါးရိုက်ကြတယ်''ဟု ခရစ်ယာန်သင်းအုပ် ဆရာဦးတင်ရွှေ က ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ သောကြောင့် ပဒဲကြောကျေးရွာမှ ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး သင်း အုပ်ဆရာနှင့် ဆရာမနှစ်ဦးကို ကျေး ရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင် ကာ နောက်နောင် သာသနာပြုမှုလုပ် ငန်းများမပြုလုပ်ရန် လက်မှတ်ရေးထိုး ခိုင်းကြောင်း သို့သော် သင်းအုပ်ဆရာ ဦးတင်ရွှေနှင့် ဆရာမနှစ်မှ ငြင်းဆန် ခဲ့ကြောင်း ဆရာမတစ်ဦးမှာ နားအူ သည့် ဝေဒနာခံစားခဲ့ရကြောင်း သိရှိရသည်။

ဇူလိုင်၉ရက်နေ့ညကလည်း ကျေးရွာအတွင်းရှိ ဦးတင်ဖေ၏ နေ အိမ်သို့ ခဲများဖြင့်ပစ်ခတ်ခဲ့သော ကြောင့် လုံခြုံရေးရယူရန် ရဲစခန်းကို အကြောင်းကြားသော်လည်း ဖုန်းပြန် လည် ဖြေကြားခြင်းမပြုသည့်အပြင် ဖုန်းကိုပိတ်ထားခဲ့ကြောင်း ခရစ်ယာန် သင်းအုပ်ဆရာက ပြောကြားသည်။
ပဒဲကြောကျေးရွာသား ဦးနေ အောင်ကို ဆက်သွယ်မေးမြန်းရာ ပြဿနာဖြစ်ပွားခဲ့သည်မှာ မှန်ကန် ကြောင်း ရွာကတားပြီး လူမှုရေးအရ တောင်းတောင်းပန်ပန် ပြောကြား သည်ကို လက်မခံဘဲ ယခုကဲ့သို့ဖြစ်ပွား ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

''သူတို့က ရွာမှာလာပြီးအသင်း လာဖွဲ့တယ်။ အဲဒီဘက်ကိုလည်း တစ် ယောက်နှစ်ယောက်လောက် ဝင်သွား ကြတယ်။ ဒါကိုရွာကတားတယ်။ မြို့ နယ်ကိုလည်းအကြောင်းကြားတယ်။ လူမှုရေးအနေနဲ့လည်း တောင်း တောင်းပန်ပန်နဲ့ ပြောပြတယ်။ သူတို့ ကလက်မခံဘူး။ အခုသူတို့ကရွာမှာ ဓမ္မမူကြိုကျောင်းလာဖွင့်တယ်။  ဒီလို ကျောင်းဖွင့်တာနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးဘက်ကို အကြောင်းကြား အသိပေးတာလည်း မရှိဘူး။  အခု ကလည်း ရွာကဆရာတော်နဲ့ ဦးပဇင်း လေးတွေ ရွာသူရွာသားတွေက သူတို့ ကိုတွေ့ပြီးညှိနှိုင်းဖို့ခေါ်တာပါ။ သူတို့ ကအိမ်ပေါ်မှာမရှိဘူးပြောလို့ အိမ်ပေါ်တက်ရှာတာပါ။ ရိုက်နှက်တာ မရှိပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး ကဖုန်းဆက်ခေါ်လို့ ရဲတွေရောက်လာ ပြီး ရဲက လာခေါ်သွားတဲ့အဆင့်ပါပဲ လို့ပြောပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူး ဦးညီတင်မောင် ကိုက ၄င်းတို့ပဒဲကြောရွာက ချင်းတိုင်း ရင်းသားတွေနေသည့်ရွာဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင် လေးငါး ခြောက်ယောက်ဦးသာ ရှိကြောင်း၊ ယခုကဲ့သို့ ဘာသာရေးစည်းရုံးရန် လာသည့်အပေါ် ဗုဒ္ဓဘာသာအများစု က လက်မခံကြကြောင်း၊ သာသနာပြု များကမြို့ပေါ်တွင် စည်ရုံးသကဲ့သို့ ရွာတွင်စည်းရုံးရေးဆင်းတဲ့အခါ အမြင်စောင်းပြီး ယခုကဲ့သို့ ဖြစ်ပွား ရခြင်းဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် လုံးကိုခေါ်ပြီး ညှိနှိုင်းဆောင်ရွက် ပေးနေဖြစ်ကြောင်း အဆင်ပြေသွား မှာပါဟု ၎င်းကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးပုံ ဘွေကို ဖုန်းဆက်မေးမြန်းခဲ့သော် လည်း အဆက်အသွယ်မရရှိခဲ့ပေ။

https://m.facebook.com/story.php?story_fbid=1698916616890055&id=714912165290510

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခရစ်ယာန်သာသနာပြုဆရာမနှစ်ဦး သာသနာပြုမှုကြောင့် ဒေသခံများကဝိုင်းဝန်းရိုက်နှက်”

Post a Comment

Related Posts Plugin for WordPress, Blogger...