Tuesday, September 24, 2019

မှတ်မိသလောက် ...

,
ဦးကိုနီကိုလုပ်ကြံဖို့
တာမွေကမော်ဒန်လက်ဖက်ရည်ဆိုင်မှာ
တွေ့ဆုံ တိုင်ပင်ကြတယ်လို့
ပြည်ထဲရေးက ပြောတယ်  ။
မော်ဒန်ဆိုင်ပိုင်ရှင်က
ချက်ချင်းထ သတင်းထုတ်ပြန်ကြေငြာတယ် ။
ပြည်ထဲရေးကပြောတဲ့ရက်က
လက်ဖက်ရည်ဆိုင် ပိတ်ရက်ကြီးတဲ့ ...

သာကေတမှာ လူမိုက်တွေ
တစ်ဖက်အယောက် ၃၀ လောက်နဲ့
ရန်ဖြစ် သေနတ်ပစ်တာကို
ဗြောက်အိုးဖောက်တာလို့ ကြေငြာတယ် ။

တာမွေမှာ 777ငါးဂိမ်းကစပြီး
လူမိုက်တွေ ပြဿနာတတ်တာကို
ကလေးချင်းရန်ဖြစ်တာလို့ ကြေငြာတယ်   ။

လားရှိုးက ရိုးမဘဏ်ရှေ့ဗုံးခွဲခံရတာ
ဘဏ်ထဲက cctv record ပျက်သတဲ့ ..
အဲ့ဒီအမှု့လက်သည်လဲ မမိ
အခုထိ ဘာမှထပ်မလိုက်တော့ဘူး ။

ကျောက်ဆည်မှာ တရားခံတွေကို
w ကားနဲ့ရုံးထုတ်တာ
ကားကိုတရားရုံးမှာ သက်သေတင်ပြမလို့တဲ့ ...
 အဲ့ဒီကားတရားခံကတစ်ခြား
တင်လာတဲ့ တရားခံကတစ်ခြား

လှိုင်သာယာမှာ တရားမဝင်ဆီသိုလှောင်တဲ့
ဂိုဒေါင်မီးလောင်တာ  ပိုင်ရှင်စိစစ်ဆဲ ...
နောက် ၃ ရက်လောက်ကြာလဲစိစစ်ဆဲ နဲ့
လုံးလုံး အစပျောက်သွားတယ် ။

လေးလောင်းပြိုင် လူသတ်မှုကို ထုတ်ပြန်တော့လည်း
ဂမ္ဘီရဝတ္ထုဖတ်လို့ဆိုပြီး တခါ ...

မန်းလေးမှာ လမ်းပေါ်ဆိုင်ကယ်စီးနေရင်း
ကျည်ဆံမှန်သေတော့
ဘယ်ကလာတဲ့ကျည်ဆန်ဆိုတာ မဖော်ထုတ်ဘဲ
ကျည်ဆံtwist ဖြစ်တယ်ဆိုပြီး တခါ ...

သစ်ကား ဘိန်းကားမိတယ်  ပိုင်ရှင်မဲ့တွေဖြစ်ရော ...

တိုင်းပြည်တစ်ခုကို
ဖျက်ဆီးတယ် ပျက်စီးတယ် ဆိုတာ
လမ်းတွေ အိမ်တွေ ပြည်သူပိုင်ပစ္စည်းတွေ
... စသည် သက်မဲ့ပစ္စည်းတွေကို
ဖျက်ဆီးတာ မဟုတ်ဘူး  ။
တရားဝင် official အဖွဲ့စည်းတွေရဲ့
အကျင့် သီလ  ကျင့်ဝတ် ပျက်ပြားတာကိုဆိုလိုတယ် ။

ဥပဒေက မည်သို့ပင်ဆိုစေကာမူ
ငါတို့လုပ်ချင်ရာလုပ်မယ် ...
ကျင့်ဝတ်က မည်သို့ပင်ဆိုစေကာမူ
ငါတို့လုပ်ချင်ရာလုပ်မယ် ... ဆိုတာတွေက
တိုင်းပြည်ကိုဖျက်စီးတာ ပျက်စီးစေတာပါပဲ ။
(Hlwan Wai Lwin)

ထပ်မံ ဖြည့်စွက် ခြင်း ၊

နယ်စပ်ကနေ ရန်ကုန်ဇေကမ္ဘာဝင်းထဲအထိ
ကားကြီးနဲ့ မူးယစ်ဆေးဝါးတွေ ရောက်လာတယ်
ဘာသတင်းအစအနမှ ထပ်မရတော့ဘူး၊
ခပ်တည်တည်ပဲ ။

ရဲချုပ် ခင်ရီ ကိုယ်တိုင် ပေါ်စေရမယ်ပြောခဲ့တဲ့
တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှု ၊
ခပ်တည်တည်ပဲ လူပြောင်း သွားတယ် ၊

မလေးရှားမှာမိတဲ့ မြန်မာပြည်က လာတယ်ဆိုတဲ့
မူးယစ်ဆေးဝါးတွေမိတဲ့ အမှု ၊
ဘယ်ဆိပ်ကမ်း၊ဘယ်ကုန်သည် ၊ဘယ်အကောက်ခွန်၊ဘယ် သူ့တာဝန်မပေါ်လာဘူး ၊ခပ်တည်တည်ပဲ။

ဘင်ဂါလီတွေ ခိုးသွင်းလာတယ် ၊ဘယ်ကကား
ဘယ်သူဘယ်ဝါအကုန် မိတယ် ၊လူကုန်မိမှ အမှု ပေါ်မယ် ဆိုပြီး ဘာမှ ဖြစ်မလာသေးဘူး၊ခပ်တည်တည်ပဲ။

ဒုရဲချုပ်က မီဒီယာတွေ ကိုဖြေခဲ့တယ်
မိုက်ကယ်ကျော်မြင့် ကလက်နက်ကိုင်အဖွဲ့ တဖွဲ့ဆီမှာခိုလှုံနေတယ် ၊သူ့ယောက်ခမ အိမ်က
နေဖမ်းမိလာတယ် ၊ခပ်တည်တည်ပဲ ၊

အောင်ဝင်းခိုင်ကစလို့ တနိုင်ငံလုံး မြင်ဖူး တွေ့ဖူးတဲ့ ဝရမ်းပြေးတွေ ၊ဖေ့ဘုတ်မှာ ဘာလုပ်နေတယ် တင်တဲ့ လူကတင် ၊တပ်မတော် သားတွေ အလှု ပွဲ မှာ တက်တဲ့ လူကတက် ၊နေရာကွက်ပြီး ထုတ်ထားတဲ့ ဖမ်းဝရမ်းဆိုတာကြီး တွေ တသက်နဲ့ တကိုယ် စကြားဖူးလာရတယ် ၊မမိလဲ ခပ်တည်တည်ပဲ ၊

လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ မိတဲ့ ဖြိုးကိုကို တင့်ဆန်း ၊သက်သေရာနဲ့ ချီစစ်ဖို့ လိုတဲ့ အမှု မို့ ခုထိကို ရုံးချိန်းမပြီးဘူး၊ဂဠုန်ဦးစောအမှု တောင် အဲ့ လောက်သက်သေ မလိုဘူး ယူဆမိတယ် ၊ အမှုလဲ ပြီး တရားခံလဲ အသက်အရွယ်ကြောင့်  သေများ ဖြစ်မလား ပဲ ၊ခုတော့ အမှုစစ် အရာရှိတွေ ၊ဖမ်းတဲ့ လူတွေတောင် ဘယ်ရောက်ကုန်တယ်မသိဘူး ၊
ခပ်တည်တည်ပဲ ။

ခုလဲ ဗစ်တိုးရီးယား အမှု ၊ကလေးက သူငယ်ချင်းကို friend ခေါ်တယ် ၊အဖေအရွယ်တွေကို ကိုကိုခေါ်တယ်လို့ သမ္မတရုံးလိုနေရာ ၊သတင်းစာ
ရှင်းလင်းပွဲ မှာဖြေတယ် ၊ခုကလေးရဲ့ တရားခွင်ထွက်ဆို ချက်တွေနဲ့ စလွဲ နေြ ပီ ၊ခပ်တည်တည်ပဲ ။

ဖါးကန့်က လုပ်ကွက်မှာ မြေစာပြို တယ် ၊ကုမ္မဏီ
ဝန်ထမ်းတွေ အပြင် လုံခြုံ ရေး ရဲတွေပါသေတယ် ၊သယံဇာတ ဝန်ကြီးက မိုးရာသီ ကျောက်ထုတ်လုပ်ခွင့်တွေ ရပ်ထားပါတယ်ဖြေတယ် ၊ဘာမှ သတင်းဆက်ထွက်မလာဘူး ၊ခပ်တည်တည်ပဲ ။

တပ်မတော် ကျောင်းနဲ့ မူးယစ်ဆေးဝါး ရှာတဲ့ စက် ၊ဂိတ်ကို သူပုန် တွေ ဝင်ပစ်တယ် ၊အဲ့ လိုပစ်တဲ့ လူတွေကို အကြမ်းဖက် ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်တဲ့ ၊အဲ့ သူပုန်တွေ တရားခွင်မှာ လာ လျောက်လဲတာ စောင့်နေတာ ဖြစ်မယ် ၊ခပ်တည်တည်ပဲ၊
အဲ့ လို ကိုယ့်အလုပ်ကို ကျေ ပွန်စွာ မလုပ်ကြတဲ့
ဝန်ထမ်းတွေ နဲ့ တိုင်းပြည်မှာ ကျွန်တော် နေတယ်ဗျာ ၊
ကျွန်တော်လဲ ခပ်တည်တည်ပဲပေါ့ဗျာ ။

https://m.facebook.com/story.php?story_fbid=924878767869824&id=100010431282649

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မှတ်မိသလောက် ...”

Post a Comment

Related Posts Plugin for WordPress, Blogger...