Thursday, September 19, 2019

History of Modern Burma....11

,
ဒီ​နေ့တိုင်းပြည်​ကိုအုပ်​ချုပ်​​နေတဲ့အုပ်​ချုပ်​​ရေးကို
ကြည့်မယ်​ဆိုရင်​ဘာမှန်း​မသိဘူး။တပ်​ကပဲအုပ်​ချုပ်
နေသလိုလို အရပ်​သားအစိုးရကပဲအုပ်​ချုပ်​​နေသလိုလို
မကွဲမပြား​တွေဖြစ်​​နေတယ်​။တပ်​ကလုပ်​တာ
အရပ်​သားအစိုးရကန့်​ကွက်​ဟန့်​တားလို့မရဘူး။
အရပ်​အစိုးရလုပ်​တာတပ်​ကကန့်​ကွက်​လို့ရတယ်​။
ဆို​တော့ ကမ္ဘာမှာယ​နေ့မြန်​မာနိုင်​ငံရဲ့ အုပ်​ချုပ်​​ရေး
အတွက်​တပ်​စရာ​ခေါင်းစီးတောင်​မရှိဘူးဖြစ်​​နေ
တယ်​။

ဘယ်​လိုအုပ်​ချုပ်​​ရေးမျိုးလဲဆိုတာ ပြဖို့ဥပမာ
တောင်​ရှာမ​တွေ့ဘူး။လူထု၅၁သန်းရဲ့ ကံကြမ္မာကို
အစိုးရလက်​ထဲ ၀ကွပ်​အပ်​ပြီး
အုပ်​ချုပ်​ခိုင်းထားတဲ့လူ့အဖွဲ့စည်းတစ်​ခုအတွက်
ဒီလိုအစိုးရဆိုသူ​တွေရဲ့ ဘာမှန်းမသိတဲ့လမ်းစဉ်​ထဲ
လိုက်​ပါနစ်​​မျှော​နေကြရတာကြည့်လို့​တော့မ​ကောင်း
ဘူး။အစိုးရသစ်​ရဲ့ နိုင်​ငံ​ရေး စီးပွား​ရေးဆိုင်​ရာ
အလုပ်​သစ်​​တွေကိုလည်းမမြင်​မိ​သေးဘူး။
အမျိုးသားရင်​ကြား​စေ့​ရေးဆိုတာကြီးလုပ်​​နေလို့
ကျန်​တာသာမညလို့ ခံယူထားတာများလား။

အဲဒီအမျိုးသားရင်​ကြား​စေ့​ရေးဆိုတာလည်း
တကယ်​​တော့ လက်​နက်​ကိုင်​အဖွဲ့များနဲ့ရင်​ကြား
စေ့​ရေးပဲဖြစ်​​နေတယ်​။အမျိုးသား​ဆိုတဲ့​ခေါင်းစဉ်
အောက်​မှာ အားလုံးပါဝင်​မှအမျိုးသား​ရင်​ကြား
စေ့​ရေးဖြစ်​မှာပါ။အခုက လက်​နက်​နဲ့ငြိမ်းချမ်း
ရေလဲလှယ်​တဲ့ပုံစံမျိုးထက်​မပိုဘူး။ဒါလည်း
ထိထိ​ရောက်​​ရောက်​ဖြစ်​မလာ​သေးဘူး။မြန်​မာလို
ငွေ​ကြေး၊နိုင်​ငံ​ရေး၊စီးပွား​ရေးနဲ့ ဘက်​​ပေါင်းစုံက
အရာရာနိမ့်ကျ​နေတဲ့နိုင်​ငံမျိုးဟာနိုင်​ငံခြား
အကူအညီမရဘဲကိုယ့်ဘာသာကိုယ်​ထရပ်
ဖို့ဆိုတာမဖြစ်​နိုင်​ဘူး။၂၁ရာစုလူသားကမ္ဘာကြီး
ဟာ ကိုယ့်တစ်​ဦးတည်း​ပြေးလို့ရတဲ့​ခေတ်​မဟုတ်
တော့ဘူး။နိုင်​ငံတကာဆက်​ဆံ​ရေးဟာသိပ်​အ​ရေး
ပါ​လာ​ပါတယ်​။

နိုင်​ငံတကာနဲ့ထိုင်​ပြီးရန်​ဖြစ်​လာတဲ့၁၉၆၂က​နေ
၂၀၁၅အထိ စုစု​ပေါင်း၅၃နှစ်​မှာတိုင်းပြည်​ဘာ
တိုးတက်​ခဲ့တယ်​ ဘာအကျိုးအမြတ်​​တွေရှိခဲ့ဖူး
သလဲ။

ခင်​ဗျားတို့ကျ​နော်​တို့တိုင်းပြည်​မှာ နိုင်​ငံ​ရေးမ​ပြေ
လည်​မှု၊စီးပွား​ရေးမ​ပြေလည်​မှု၊လူတန်းစားနိမ့်
ကျ​နေမှု၊ဆင်းရဲမွဲ​တေမှုအပြင်​ ပညာ​ရေးနိမ့်ပါး
နေတာ​တွေနဲ့ နိုင်​ငံသားရပိုင်​ခွင့်ဆုံးရှုံး​နေတာ​တွေ
အထိ ဘယ်​မျက်​နှာစာကိုပဲကြည့်ကြည့် အားရ
ဖွယ်​မြင်​ရဖို့မရှိဘူး။တစ်​ပြည်​​ထောင်​အမျိုးသား
နိုင်​ငံတည်​​ထောင်​​နေတာခုထိ မဖြစ်​​မြောက်​နိုင်
သေးတဲ့အ​ကြောင်းကိုစဉ်းစားရင်
ဖက်​ဒရယ်​ပြည်​​ထောင်​စုဆိုတာလိုအပ်​လာတာ
ပေါ်လွင်​​နေတယ်​။လစ်​ဘရယ်​ဒီမိုက​ရေစီကို လို
ချင်​ရင်​လူ့အခွင့်အ​ရေးကိုနားလည်​ရမယ်​။နိုင်​ငံ
သားဖြစ်​သူ​တွေ​တောင်​ဒီ​နေ့ကျ​နော်​တို့နိုင်​ငံမှာ
လူ့အခွင့်အ​ရေးမရ​သေးဘူး။အစိုးရအရာရှိ
တစ်​ချို့ကလွဲပြီးကျန်​တာဘယ်​သူမှလူ့အခွင့်
အ​ရေးမရကြ​သေးဘူး။ဒါလည်း ကိုယ်​ပြု ​သောကံ
ကိုယ်​ထံပြန်​တယ်​လို့ပဲယူဆရမယ်​။မြန်​မာ​တွေ
ဟာ လူ့အခွင့်အ​ရေးထက်​ ကိုယ့်အခွင့်အ​ရေးပဲ
စိတ်​၀င်​စားကြသူ​တွေဖြစ်​တယ်​။လစ်​ဘရယ်
စံနှုန်း​တွေကိုနားမလည်​ဘူး။ဥပမာ မြန်​မာနိုင်​ငံ
တွင်းမှာ မြန်​မာနိုင်​ငံလူ့အခွင့်အ​ရေး​ကော်​မရှင်
ဆိုတာရှိသလို မြန်​မာအမျိုးသမီး​ရေးရာအဖွဲ့
ဆိုတာရှိတယ်​။

အဲဒီလူ့အခွင့်အ​ရေးအဖွဲ့​တွေဟာ တကယ်​​တော့
အ​ပေါ်ယံဟန်​ပြအဖွဲ့​တွေပဲဖြစ်​တယ်​။မလွဲမ​ရှောင်​သာ
လုပ်​ရမယ်​ဆိုရင်​လည်း ဗမာ/ဗုဒ္ဓ ကိုပဲဦးစား​ပေးတဲ့
Racists ​တွေ။မြန်​မာအမျိုးသမီး​ရေးရာလည်း
ဒီအတိုင်းပါပဲ။ဒီ​နေ့တိုင်းပြည်​တွင်းမှာဖြစ်​​နေတဲ့
ပြည်​မ​ဒေသကလူ့အခွင့်အ​ရေးချိုး​ဖောက်
မှု​တွေ၊​တောင်​တန်း​ဒေသလူ့အခွင့်အ​ရေးချိုး
ဖောက်​မှု​တွေအပြင်​ရခိုင်​ပြည်​နယ်​ကလူ့အခွင့်
အ​ရေးချိုး​ဖောက်​မှု​တွေကို နိုင်​ငံတွင်းက ဘယ်
လူ့အခွင့်အ​ရေးသမားမှ အသံကျယ်​ကျယ်​​ပြော
တာမကြားရဘူး။

ကျန်​တာအားလုံးကြားရချင်​ကြားရနိုင်​ပါ​သေးတယ်​။
ရခိုင်​ပြည်​နယ်​ကဗုဒ္ဓဘာသာမဟုတ်​တဲ့လူသား​တွေ
အတွက်​ဆိုရင်​​တော့ မြန်​မာပညာရှင်​ပညာရှိ၊သူ
တော်​စင်​အထိ ဘယ်​သူမှသမာမျှတတဲ့ စိတ်​ဓာတ်​၊
လူသားစိတ်​မရှိကြတာထူးထူးခြားခြား​တွေ့ရတယ်​။
ကိုယ်​ပြု ​သောကံကိုယ်​ထံပြန်​ဆိုသလို ကိုယ်
ဘယ်​လိုစိတ်​ထားမလဲ ကိုယ်​လဲအဲဒီအ​ခြေ​နေ
အတိုင်းဖြတ်​သန်းရမှာက​တော့​သေချာတယ်​။
ဒါဟာလူ့အခွင့်အ​ရေးနဲ့ပက်​သက်​ပြီး
မြန်​မာ့လူ့အဖွဲ့စည်းကိုတိုင်းတာကြည့်​တာပါ။
လူ့အခွင့်အ​ရေးဆိုတာ မြန်​မာပြည်​မှာ ဗုဒ္ဓဘာသာ
ဝင်​​တွေကိုအရင်​​ပေးပြီးမှကျန်​ဘာသာဝင်​​တွေကို
ပေးရမယ်​ဆိုတဲ့ ခပ်​တုံးတုံး ခပ်​ညံ့ညံ့ မုန့်​​ဝေတဲ့
တန်းစီတိုးစနစ်​ပုံစံနဲ့ လူ့အခွင့်အ​ရေးကိုဖွင့်ဆို
ထားကြပုံရတယ်​။

ဒါ​ကြောင့်လည်း ဒီ​နေ့အထိ တစ်​မျိုးသားလုံးဟာ
သူနဲ့ထိုက်​တန်​တဲ့အရာကိုရ​နေကြတာဖြစ်​တယ်
လို့ထင်​တာပါပဲ။တရားသ​ဘောဆိုတာ ​တော
ထွက်​တရားကျင့်မှရတယ်​မထင်​ဘူး။လူ​တောထဲ
နေပြီးလူ​တွေရဲ့ ဖြစ်​စဉ်​​တွေကိုကြည့်​ရင်​လည်း
ရနိုင်ပါတယ်​။

၁၉ရာစုအ​စောပိုင်းကပြင်​သစ်​သမ္မတနိုင်​ငံကို
တစ်​ပြည်​​ထောင်​အမျိုးသားနိုင်​ငံပုံစံနဲ့တည်​​ထောင်
ခဲ့ကြတယ်​။နိုင်​ငံသားအားလုံးကိုတစ်​ခုတည်း​သော
ယဉ်​​ကျေးမှုဓ​လေ့ထုံးစံနဲ့နိုင်​ငံ​ရေးအမှတ်​လက္ခဏာ
တစ်​ခုတည်း​အောက်​ကိုသွတ်​သွင်းဖို့အတွက်​မူဝါဒ
မျိုးစုံအင်​အားသုံးပြီးချမှတ်​ခဲ့တယ်​။ပြင်​သစ်​ဘာသာ
စကားကိုနိုင်​ငံတစ်​၀ှမ်းလုံးမှာအသုံးပြု တဲ့တစ်​ခု
တည်း​သောဘာသာစကားအဖြစ်​ အတင်းအကြပ်
ပြဋ္ဌာန်းတယ်​။ဒေသနဲ့လူမျိုးအ​ပေါ်အ​ခြေပြု တဲ့
ဘယ်​ဘာသာစကား၊ကိုးကွယ်​မှုကိုမှအာဏာပိုင်
တွေကလက်​မခံဘူး။နိုင်​ငံကိုစီမံအုပ်​ချုပ်​တဲ့
အင်​စတီကျူးရှင်းအားလုံးမဖြစ်​မ​နေလိုက်​နာရ
မယ့် တစ်​ပြည်​​ထောင်​အမျိုးသားနိုင်​ငံကိုသစ္စာ
စောင့်သိလာ​စေဖို့​ကျောင်းပညာ​ရေးမှာပါသွတ်
သွင်းတယ်​။ဝန်​ထမ်း​တွေကိုဖိအား​ပေးပြီး​ပြောင်း
လဲ​စေတယ်​။အဲဒီနည်းနဲ့ လူမျိုးဘာသာနဲ့​ဒေသ​ပေါ်
အ​ခြေခံတဲ့ကွဲလွဲမှုအားလုံးကိုအပြင်းအထန်​စုတ်​ဖြဲ
ဖျက်​သိမ်းပြီးတစ်​ခုတည်း​သောပြင်​သစ်​အမျိုးသား
ကြန်​အင်​လက္ခဏာကိုတည်​​ဆောက်​ယူခဲ့တယ်​။
အဲဒီတုန်းကပြင်သစ်မှာ ဖက်​ဒရယ်​အ​ကြောင်း
ပြောရင်​နိုင်​ငံ​တော်​ပုန်​ကန်​မှုပဲ။မြန်​မာ​လောက်
ကွဲပြားမှုမများတာ​ကြောင့် ပြင်​သစ်​ရဲ့ တစ်​ပြည်
ထောင်​အမျိုးသားနိုင်​ငံတည်​​ထောင်​မှု​အောင်​မြင်
သွားတယ်​လို့ဆိုရပါမယ်​။

ဗြိတိန်​ဟာ နိုင်​ငံများစွာ ပြည်​နယ်​မင်း ​စော်​ဘွား
ပေါင်းများစွာရဲ့ အိန္ဒိယနိုင်​ငံကိုသိမ်းပိုက်​ပြီးတဲ့
နောက်​ ဘာသာစကား၊ကိုးကွယ်​ယုံကြည်​မှု၊
ဓ​လေ့ထုံးစံ၊သမိုင်းအမှတ်​အသားမတူတဲ့ လူမျိုး
တိုင်းအချုပ်​အခြာအာဏာပိုင်​စိုးတဲ့ သီးခြား
အမျိုးသားနိုင်​ငံ​တွေအဖြစ်​ တည်​ရှိ​နေတဲ့​တောင်​ဘက်
အိန္ဒိယသမုဒ္ဒရာက​နေ ​မြောက်​ဘက်​ဟိမ၀န္တာ
တောင်​တန်း​တွေအထိ အပြန့်​ကျယ်​တဲ့​တောင်
အာရှတိုက်​နယ်​ တစ်​နည်းအားဖြင့် အိန္ဒိယတိုက်​ငယ်
(Indian Subcontinent) တစ်​ခုလုံးက
မင်းညီမင်းသားနဲ့တစ်​ဗိုလ်​တစ်​မင်းအုပ်​ချုပ်​​နေတဲ့ အမျိုးသား
နိုင်​ငံ၅၆၈နိုင်​ငံကို စုစည်းပြီးတစ်​ခုတည်း​သော
နိုင်​ငံ​တော်​ဖွဲ့စည်းအုပ်​ချုပ်​ပုံစနစ်​၊တစ်​ခုတည်း
သောစီမံအုပ်​ချုပ်​မှုဆိုင်​ရာဘုံဘာသာစကား
(အင်္ဂလိပ်​)၊အရပ်​သားအမှုထမ်း၊အရာထမ်း​တွေ
နဲ့ဖွဲ့စည်းတဲ့တစ်​ပုံစံတည်း​သောဗျူရိုကရက်​စီမံ
အုပ်​ချုပ်​မှုအစဉ်​အလာ၊တစ်​ခုတည်း​သောစစ်​တပ်
နဲ့အခြား​သောနိုင်​ငံကို​မောင်းနှင်​​နေတဲ့ယန္တရား
အားလုံးကို အ​နောက်​လစ်​ဘရယ်​စံနှုန်း တန်​ဖိုး
တွေအတိုင်းတည်​​ဆောက်​​ပေးပြီးအိန္ဒိယဆိုတဲ့
ခေတ်​သစ်​နိုင်​ငံကိုတည်​​ထောင်​ခဲ့တယ်​။အရင်​က
အိန္ဒိယဟာ ယ​နေ့ပုံစံမျိုးမဟုတ်​ဘူး။

မဂိုအင်​ပါယာက သူ့အပိုင်​သက်​သက်​။အခြား
စော်​ဘွား​တွေရဲ့ မြို့ပြအမျိုးသားနိုင်​ငံ​တွေ
ကသက်​သက်​ မိမိတို့အချုပ်​အခြာအာဏာ
ကိုယ်​စီနဲ့ ​နေထိုင်​​နေကြတာဖြစ်​ပါတယ်​။ဒါ​တွေ
အားလုံးကို​ပေါင်းပြီး အိန္ဒိယကြီးတစ်​ခုလုံးကို
ဗြိတိန်​က စုစည်းပြီးဖွဲ့စည်းခဲ့တယ်​။

သို့​သော်​ပြင်​သစ်​​လောက်​အ​ခြေ​နေမလှခဲ့ဘူး။
တမိလ်​နားဒူးပြည်​နယ်​မှာ အစဉ်​အဆက်​​နေထိုင်​ခဲ့
တဲ့ ဒြာဗီဒီးယန်းလူမျိုးစု​ခေါင်း​ဆောင်​​တွေက
ဗြိတိန်​က​ရေးဆွဲ​ပေးတဲ့ အိန္ဒိယနိုင်​ငံဖွဲ့စည်းအုပ်
ချုပ်​ပုံအ​ခြေခံဥပ​ဒေကို စတင်​ပြဋ္ဌာန်းတဲ့​နေ့မှာ
ပဲမီးရှို့ ဆန္ဒပြခဲ့ပြီး လွတ်​လပ်​​ရေး​ကြေငြာတဲ့​နေ့မှာ
အိန္ဒိယအမျိုးသားအလံကိုမီးတင်​ရှို့ ခဲ့ကြတယ်​။
ဒါ့အပြင်​ ပန်​ဂျပ်​၊မီဇိုရမ်​၊နာရ်​ဂလင်း၊ကရှ်​မီးရ်
(သို့မဟုတ်​)ကရှ်​မီးယား ပြည်​နယ်​​တွေရဲ့ အမျိုး
သားကိုယ်​ပိုင်​ပြဋ္ဌာန်းခွင့်နဲ့သီးခြားလွတ်​လပ်​​ရေး
အတွက်​လက်​နက်​ကိုင်​တိုက်​ပွဲဝင်​​တော်​လှန်​မှု​တွေ
ကိုယ​နေ့အထိရင်​ဆိုင်​​ဖြေရှင်း​နေရဆဲပါ။

ကျ​နော်​တို့မြန်​မာနိုင်​ငံကိုကြည့်​ရင်​လည်း ယ​နေ့
မြေပုံ​ပေါ်မြင်​​နေရတဲ့ ဧရိယာစတုရန်းမိုင်​၂သိန်း
၆​သောင်း​ကျော်​ရှိတဲ့ မြန်​မာပြည်​​မြေပုံဟာ
ဗြိတိန်​က​ရေးဆွဲ​ပေးခဲ့တာဖြစ်​ပါတယ်​။ပ​ဒေသ
ရာဇ်​​ခေတ်​အဆက်​ဆက်​ ကိုယ့်​မြေပြင်​​ရေပြင်
ပိုင်​နက်​အတိကျသိခဲ့တာမဟုတ်​သလို ယ​နေ့
မြင်​​နေရတဲ့​မြေပုံမျိုးလည်းမဟုတ်​ဘူး။ဗမာ
ပိုင်​ဆိုလို့ မန္တ​လေး၊စကိုင်း၊မ​ကွေး၊ပဲခူး
အထိပဲရှိတယ်​။ကျန်​တဲ့ မွန်​၊တနသာင်္ရီတို့က
ယိုးဒယားပိုင်​လိုက်​ မွန်​ပိုင်​လိုက်​ဖြစ်​​နေခဲ့တာပါ။
တောင်​တန်း​ဒေသကလည်းသိတဲ့အတိုင်းပဲ
သက်​ဆိုင်​ရာ​စော်​ဘွား​တွေ ရှမ်းပ​ဒေသရာဇ်​​တွေနဲ့
နတ်​ကိုးကွယ်​တဲ့​ဒေသခံ​ခေါင်း​ဆောင်​​တွေရဲ့ 
အစဉ်​အဆက်​အုပ်​ချုပ်​မှု​အောက်​မှာရှိ​နေခဲ့တယ်​။
ဗမာမင်းစစ်​အင်​အားရှိစဉ်​တက်​သိမ်းခဲ့ပြီးပြန်
လာရင်​ပုန်​ကန်​ခွဲထွက်​ရပ်​တည်​ကြနဲ့လုံးချာလည်
လိုက်​​နေခဲ့တာဖြစ်​တယ်​။အဲဒီလိုမတူညီတဲ့လူမျိုး
တွေရဲ့  အုပ်​ချုပ်​​ရေး​တွေကိုစုဖွဲ့ပြီး ဗြိတိန်​က
အိန္ဒိယဗြိတိန်​အင်​ပါယာထဲသွတ်​သွင်းလိုက်​တာ
ပဲဖြစ်​တယ်​။

မြန်​မာပြည်​နယ်​ထဲမှာ သူအုပ်​ချုပ်​စဉ်​က တစ်​ဆင့်
ခံပြီး ​တောင်​တန်းနဲ့ပြည်​မကိုခွဲခြားအုပ်​ချုပ်​​ရေး
ကျင့်သုံးခဲ့ပြန်​တယ်​။ဒါ​ကြောင့်မြန်​မာပြည်
လွတ်​လပ်​​ရေးရတဲ့အခါ ဘယ်​တုန်းကမှ ပြည်
ထောင်​မစုခဲ့တာ​ကြောင့် ပုန်​ကန်​မှု​တွေ လက်​နက်
ကိုင်​တိုက်​ပွဲဝင်​မှု​တွေဖြစ်​​ပေါ်ခဲ့ရတာဖြစ်​တယ်​။
ပြည်​​ထောင်​စုဆိုတာ မြန်​မာပြည်​မှာစာရွက်​​ပေါ်က
စကားလုံးသက်​သက်​သာဖြစ်​တယ်​။

ဖက်​ဒရယ်​ကို Confederal ခွဲထွက်​ခွင့်ပါလို့
စစ်​အစိုးရက လူထုကိုလိမ်​ညာဖြီးဖြန်းပြီးဝါဒ
ဖြန့်​ထားတယ်။လူထုကပညာမတတ်​​တော့လိမ်
လို့ရတယ်​။လူထုဟာတကယ်​တမ်း အာဏာရှင်
စရိုက်​ အာဏာရှင်​အုပ်​ချုပ်​ရေးကိုပိုပြီးသ​ဘော
ကျတယ်​။ဒါ​ကြောင့်လူထုဟာသူနဲ့ထိုက်​တန်​တဲ့
အစိုးရ​တွေကိုရခဲ့တာဖြစ်​ပါတယ်​။နိုင်​ငံ​ရေးမပီ
မပြင်​ဖြစ်​​နေရတဲ့အထဲ ဘာသာ​ရေးပြသနာကိုပါ
ယူထည့်​လာပြန်​တယ်​။

ကိုယ့်ထက်​ဆိုးတဲ့ ကိုယ့်ထက်​လူဦး​ရေ​ရော
လူမျိုးစု​ရော ဘာသာစကား​ရောအားလုံးမှာ
များပြားလွန်းတဲ့အိန္ဒိယကိုကြည့်​ပါ။၁၉၄၇
ဗြိတိန်​အိန္ဒိယက​နေထွက်​မသွားခင်​ကတည်းက
အိန္ဒိယ​ခေါင်း​ဆောင်​​တွေမှာ နိုင်​ငံတည်​​ထောင်​ဖို့
အစီအမံ​တွေချမှတ်​ထားပြီးပြီး။ဘာသာစကား
ကိုးကွယ်​ယုံကြည်​မှုအလွန်​ကွဲပြားတဲ့အပြင်​​ဒေသ
အများစုဟာ လူမျိုးစု​ဒေသ​တွေဖြစ်​​နေပြီး ဖွံ့ဖြိုး
မှု​နောက်​ကျ​နေတယ်​။လွတ်​လပ်​​ရေးယူမတတ်
ရင်​ တစ်​နိုင်​ငံလုံးအပိုင်းပိုင်းကွဲထွက်​သွားနိုင်​တဲ့
နိုင်​ငံမျိုးဖြစ်​ပါတယ်​။ကမ္ဘာ​ပေါ်မှာရှိတဲ့ဘာသာ
စကား​ပေါင်း၁၄မျိုး​လောက်​​ပြောဆို​နေကြတဲ
နိုင်​ငံလည်းဖြစ်​တယ်​။

ကမ္ဘာ​ပေါ်မှာရှိတဲ့ ကိုးကွယ်​ရာဘာသာအားလုံး
အိန္ဒိယမှာရှိတယ်​။ဟိန္ဒူ၊အစ္စလာမ်​နဲ့ခရစ်​ယာန်​တို့
ဟာ ထုနဲ့ထည်​နဲ့ရှိတယ်​။အဲဒီနိုင်​ငံဟာ ၀င်​​ငွေမြင့်မား
တဲ့နိုင်​ငံလည်းမဟုတ်​ဘူး။ဖွံ့ဖြိုးဆဲရုန်းကန်​​နေရဆဲ
နိုင်​ငံသာဖြစ်​တယ်​။သို့​သော်​အခက်​အခဲအမျိုးမျိုးကို
ရင်​ဆိုင်​​ကျော်​လွှား​ပေးဆပ်​ပြီး အိန္ဒိယဖက်​ဒရယ်​ကို
တည်​​ထောင်​ခဲ့တယ်​။ဘာသာ​ရေးကိုးကွယ်​ယုံကြည်
မှုနဲ့ပက်​သက်​ပြီး ဆုံးဖြတ်​လုပ်​ကိုင်​ထားတာ​တွေဟာ
လေးစားအတုယူဖွယ်​​တွေဖြစ်​တယ်​။ဘယ်​ဘာသာတရားကိုမှ
နိုင်​ငံ​တော်​ဘာသာအဖြစ်​မပြဋ္ဌာန်းရဘူးလို့တားမြစ်​လိုက်​တယ်​။
တစ်​ဖက်​မှာဘာသာတရားအားလုံးကိုတန်းတူအသိအမှတ်​ပြု
ပြီးဘာသာ​ရေးအဖွဲ့အစည်း​တွေကိုဝန်​​ဆောင်​မှု
ပေးတယ်​။အိန္ဒိယမှာလူများစုဟိန္ဒူ ဘာသာဝင်
တွေအတွက်​ ဘာသာ​ရေးရုံးပိတ်​ရက်​၅ရက်​​ရှိ​နေ
စဉ်​ အခြားဘာသာဝင်​​တွေအတွက်​ ဘာသာ
ရေးရုံးပိတ်​ရက်​၁၀ရက်​ရှိပြီး အဲဒီထဲက၅ရက်​ဟာ
အစ္စလာမ်​ဘာသာဝင်​​တွေအတွက်​ ဘာသာ​ရေး
အထွဋ့်​အမြတ်​ရက်​​တွေဖြစ်​တယ်​။အဲဒီလို
ဘာသာ​ရေးဆိုင်​ရာ သမာသမတ်​ကျမှုကို ဖွဲ့စည်း
ပုံ​အ​ခြေခံဥပ​ဒေနဲ့အကာအကွယ်​​ပေးထားတဲ့အတွက်
ဘယ်​ပုဂ္ဂိုလ်​ ဘယ်​နိုင်​ငံ​ရေးအဖွဲ့စည်းကမှ မိမိတို့
ကိုယ်​စားပြုတဲ့ဘာသာတရားကို ဦးစား​ပေးအ
ထောက်​အကူပြုတဲ့လုပ်​ရပ်​မျိုးမလုပ်​​နိုင်​​တော့ဘူး။
ဥပမာ ဟိန္ဒူ အမျိုးသား​ရေးဝါဒအ​ပေါ်အ​ခြေခံတဲ့
ဘရာတီယာဂျာနာတာပါတီအနိုင်​ရပြီးအစိုးရဖွဲ့နိုင်
ခဲ့တဲ့ကာလ​တွေမှာ​တောင်​အစ္စလာမ်​ဘာသာ
ဝင်​​တွေကိုမက္ကာဟ်​ဘုရားဖူးခရီစဉ်​အတွက်​အစိုးရ
က​ထောက်​ပံ့​ကြေး​ပေးတဲ့အစီစဉ်​ကိုဖျက်​သိမ်းတာ
မလုပ်​ခဲ့ဘူး။ဒါဟာစံပြု​လောက်​တဲ့အိန္ဒိယရဲ့ လူမျိုး
စုဖက်​ဒရယ်​ဒီမိုက​ရေစီစနစ်​ပါပဲ။အဲဒါ​ကြောင့်
ဟိန္ဒူဘာသာနဲ့ဟိန္ဒူ ဘာသာဝင်​​တွေ​ပျောက်​ကွယ်
သွားကြလား?

လူမျိုးစုက၁၃၅မျိုးပါ၊ပြည်​တွင်းစစ်​ကလည်းရှိ
နေ​သေးတယ်​။ပြည်​တွင်းစစ်​နှစ်​၆၀ရှိလာပြီး
အခုထိမပြီး​သေးဘူး စတဲ့ ​သောက်​​ပေါ ဆင်​​ခြေ
တွေ​တစ်​ခု​ပေးတိုင်းမြန်​မာထက်​ဆိုးတဲ့အခြား
နိုင်​ငံများရဲ့ ဒုက္ခဖြစ်​စဉ်​​၃ခုယှဉ်​ပြလို့ရတယ်​။
မျက်​ရည်​ခြူလည်းအဆင့်အတန်းရှိရှိခြူပါ။
အုပ်​ချုပ်​မတတ်​တာကို အခက်​အခဲအ​ကြောင်း
ပြပြီး ​ရှောင်​မထွက်​သင့်ဘူးထင်​တာပဲ။အုပ်​ချုပ်
ရေးဟာ အဲ​လောက်​လွယ်​​နေရင်​ ခင်​ဗျားတို့ကို
တစ်​လသိန်း၅၀​ပေး​နေစရာမလိုဘူးထင်​တာပဲ။
လူ​တွေဗျ ထမင်းစားကြီးလာတာ။

ယှဉ်​တွဲစဉ်းစားကြည့်​ပါ။တစ်​နိုင်​ငံလုံး ​တော
တောင်​မချန်​​မြေပြန့်​​နေရာလွတ်​မရှိ​အောင်
ဘုန်းကြီး​ကျောင်း​တွေ​ဆောက်​၊ဘုရား​တွေတည်
တယ်​။လမ်းလယ်​​ခေါင်​ခွပြီး ဓမ္မာရုံဆိုတာ​တွေ
ဂရန်​မလိုဘဲ​ဆောက်​တယ်​။

လမ်းနဲ့မလွတ်​လို့ လမ်းက ဓမ္မာရုံကို​ကွေ့ဝိုက်​ပြီး
ရှောင်​​ဖောက်​ရတဲ့အထိ ဓမ္မာရုံ​တွေ​ပေါ​နေခဲ့တာပါ။
တစ်​နိုင်​ငံလုံးရုံးပိတ်​ရက်​ဟာဗုဒ္ဓဘာသာနဲ့ဗမာကို
ကိုယ်​စားပြုတဲ့ရုံးပိတ်​ရက်​​တွေချည်းပဲ။အစိုးရသခင်
ကိုယ်​​တော်​မြတ်​​တွေသံဃာတစ်​ပါးကိုဆွမ်း​ကြွေးပြီး
သိန်း၁၀၀လှူ ဒါန်း​နေစဉ်​ ဗလီဆရာ​တွေ၊ချခ်ျ
ကျောင်းက ဖာသာ​တွေက သူတို့ဘာသာဝင်​​တွေရဲ့ 
ပေးစာကမ်းစာ​ကို​မျှော်​ကိုးစား​သောက်​​နေကြရတယ်​။
တောင်​ပို့မြင်​တာနဲ့ဘုရားတက်​တည်​တယ်​။ရှီခိုးမဲ့သူ
မရှိဘူး။ဟိုး​တောထဲမှာ ​တောင်​ထဲမှာ ဘုရား​တွေ 
ကျောင်း​တွေ​ဆောက်​တယ်​ တည်​တယ်​။လူမရှိဘူး။
တစ်​နိုင်​ငံလုံး​ ​ဝေဟင်​က၀င်​လာရင်​ပဲဖြစ်​ဖြစ်​ ​မြေပြင်
က၀င်​လာရင်​ပဲဖြစ်​ဖြစ်​ စုလစ်​မွန်​ချွန်​​ရွှေ​ကျောင်း
ပြောင်​​ပြောင်​​တွေကို မြင်​ရမှာမလွဲဘူး။ဒါကိုလည်း
ဂုဏ်​ယူကြတာပဲ​လေ။ကျောင်း​ပေါလို့ဗုဒ္ဓသာသနာ
စည်​ပင်​တယ်​ဆိုပဲ။အံ့သြပါရဲ့ ဗျာ။ရှီခိုးမယ့်လူမရှိ
လို့ ထုထားတဲ့ဗုဒ္ဓရုပ်​ပွား​တော်​သာ စကား​ပြောနိုင်
ရင်​ ထွက်​သွားကြလို့​မောင်းထုတ်​မှာ​သေချာတယ်​။
လပြည့်လကွယ်​​နေ့​တွေအတွဲချိန်းဖို့ မ​တော်​မ​ရော်
လုပ်​ဖို့ ဘုရား​ပေါ်လာတယ်​။တော်​​တော်​တိုးတက်​ပါ
လိမ့်မယ်​။တရားစခန်းဝင်​သူ​တွေကိုကြည့်​ရင်​လည်း
အငြိမ်းစား​တွေ။အငြိမ်းစားဆိုတာ​သေခါနီး​တွေ။
သေခါနီးလာရင်​လူဟာအသုံးမ၀င်​​တော့ဘူး။

စီးပွားလည်းမရှာနိုင်​​တော့ဘူး။ကျားအိုကြီးကို
ခွေးအ​တွေမ​လေးစားကြ​တော့ဘူး။အဲဒီမှာကျား
အိုကလည်းသိတယ်​။ ​အေး​ဆေး သားသမီး​ကျေ
နပ်​​အောင်​ တရားစခန်းဝင်​ပြီးနှပ်​မှန်​​အောင်​စား
သောက်​တာကပို​ကောင်းတယ်​ဆိုတာပဲ။အဲဒီလို
သုံးစားမရ​တော့တဲ့အခါမှ ဘုရား တရားလုပ်​ကြ
သူခပ်​များများပါ။လမ်းပိတ်​ပြီး ပွင့်လင်းရာသီ
၈လစလုံး တရားပွဲ​တွေကျင်းပတယ်​။ဘယ်​ဘာ
သာခြားမှဘာမှမ​ပြောဘူး။နေ့ညပဋ္ဌာန်း မပြတ်
စေရဘူး။ကျောင်းမှာဆွမ်းကွမ်းအလျှံပယ်​။
တရားပွဲက ဓမ္မပူဇာ​တွေက ဆင်းရဲသား​တွေဆီ
မ​ရောက်​ဘူး။ကျောင်း​တော်​၀ိဟာရမှာ ​နောက်​ဆုံး
ပေါ်လဲန်​ခရူဇာကြီးစီးပြီး ဟင်းပွဲ၃၆၀​လောက်​နဲ့ပွဲ
တော်​တည်း​နေတဲ့ ပြည်​တွင်းပြည်​ပ Intrefaith
မဟာသာသနာပြုကြီး​တွေ​ ဒီဖီးကိုမသာယာပဲ​နေ
မလား။ဒီထက်​​ကောင်းတဲ့​လောကစည်းစိမ်​နတ်
ပြည်​မှာ​တောင်​ရှိမယ်​မထင်​ဘူး။အသိဥာဏ်ရှိသူ
တွေ နပ် မယ်ထင်ပါတယ်။

ဘုန်းကြီး​ကျောင်းကအရာအားလုံးက​နေလွတ်
မြောက်​ဖို့ ကြိုးစား​နေတဲ့ ဘုန်းကြီးကိုသွား​ပေး
တဲ့ဓမ္မပူဇာ​တွေကို ဆင်းရဲသား​ရပ်​ကွပ်​ထဲက
ဆင်းရဲသား​တွေဝမ်းဝဖို့ ခါးလှဖို့ သွား​ပေးတာပိုပြီး
အကျိုးမရှိဘူးလား။

ဘုန်းကြီး​ကျောင်းဆိုတာ သိတဲ့အတိုင်းပဲ ကြွက်​တွင်း။
အ၀င်​ပဲရှိတယ်​အထွက်​မရှိဘူး။အဲဒီလိုသံဃာ၅သိန်း
စစ်​သား၅သိန်းစုစု​ပေါင်း၁၀သိန်းကို ကျန်​တဲ့
လူထုသန်း၅၀က နှစ်​စဉ်​​သေတစ်​ပန်​သက်​တစ်​ဆုံး
လုပ်​​ကြွေးပြုစု​နေဖို့ဆိုတာ တိုင်းပြည်​စီးပွား​ရေး
ကောင်းမှဖြစ်​မှာပါ။အခြားဘာသာဝင်​​တွေရဲ့ 
ကျောင်းကန်​ကို​ဆောက်​လုပ်​ခွင့်တားမြစ်​ပြီး
ဘုန်းကြီး​ကျောင်းအကြိုက်​​ဆောက်​လို့ရ​အောင်
အနိုင်​ကျင့်တယ်​။အားမရလို့ ချခ်ျ​​တွေ ဗလီ​တွေ
ကိုဖြို ချတယ်​။လူမိုက်​ငှါးပြီးဖြိုတယ်​။ခါးပိုက်
ဆောင်​သံဃာ​တွေနဲ့ဖြိုတယ်​။တောင်​တန်း
ပေါ်ကခရစ်​ယာန်​ချခ်ျ​​အလုံး၁၀၀နီးပါးဖြို ချခံ
လိုက်​ရတယ်​။အင်္ဂလိပ်​​တွေပင်​ပင်​ပမ်းပမ်းသာ
သနာပြု ထားလို့ ခရစ်​ယာန်​ဘာသာဝင်​​တွေဖြစ်
နေတဲ့​တောင်​တန်းသား​တွေကိုမနာလိုတိုရှည်​ဖြစ်​ပြီး 
တောင်​တန်းသာသနာပြု ဆိုတာကိုတီထွင်​တယ်​။
ဘုန်းကြီး​ကျောင်း​တွေအကြိုက်​​ဆောက်​ပြီး
သာသနာပြုတယ်​။အတင်းထိုးထည့်​​တယ်​။
ကျ​နော်​​ပြောတာဟုတ်​လား မဟုတ်​လား
ခင်​ဗျားတို့သိပြီးသားပါ။ချခ်ျ​​တွေ ဗလီ​တွေခိုး
ဆောက်​ထားတယ်​လို့ရမ်းသမ်းမ​ပြောနဲ့​နော်​။
တကယ်​တမ်း​မြေဂရန်​လိုက်​စစ်​ရင်​အရင်​ဆုံး
ဓမ္မာရုံ​တွေ ဘုန်းကြီး​ကျောင်း​တွေပိတ်​သိမ်းခံ
လိုက်​ရမှာဗျ။သူတစ်​ပါးကိုပိုးစိုးပက်​စက်​​ပြော
အမာနာပ​တွေ​ပြော ရက်​ရက်​စက်​စက်​​စော်​ကား
တယ်​။ကိုယ့်ထက်​အားနည်းသူ​တွေဝိတ်​နဲ့အနိုင်
ကျင့်ဖို့မြတ်​ဗုဒ္ဓသင်​​ပေးထားပါသလား?

စဉ်းစား​ပေါ့။ကမ္ဘာကို​အော်​​အော်​ပြီး​ပြောတယ်​။
ဘာသာ​ရေးလွတ်​လပ်​ခွင့်​ပေးထားပါတယ်​ဆိုပြီး။
ဒေါ်စု​ခေတ်​အထိ ဒီအတိုင်း​အော်​​နေတုန်းပဲ။သူတို့
လက်​ညိုးထိုးပြတဲ့ ဆူး​လေနားက ဧမာ​နွေလချခ်ျ
တွေဗလီ​တွေဟာ ဗမာအမျိုးသားအစိုးရ​ကောင်းမှု
မဟုတ်​ဘူးဗျ။မသိရင်​မှတ်​ထားပါ။

ကိုလိုနီအစိုးရ​ကောင်းမှု။မြန်​မာနိုင်​ငံမှာရှိတဲ့
ဘာသာခြားဘုရား​ကျောင်းကန်​စရင်း​ကောက်
လိုက်​။အဲဒီစရင်းထဲက ကိုလိုနီ​ခေတ်​ကခွင့်ပြုမိန့်
နဲ့ရခဲ့တာ​တွေကိုဖယ်​ပြီး ဗမာအမျိုးသားအစိုးရ
လက်ထက်​ ဘာသာ​ရေးဆိုင်​ရာတည်​​ဆောက်
ခွင့်​ပေးတာ ဘယ်​နှစ်​ခုရှိမလဲဆိုတာစရင်း​ကောက်
ကြည့်​ရင်​အရှက်​ကွဲတာပဲအဖတ်​တင်​လိမ့်မယ်​။
ကျုပ်​က ground ကိုဆင်း​လေ့လာပြီမှစာကို
ရေးတယ်​။ကြားဖူးနားဝ၊ဆရာ​တော်​စကား၊ငါ့
အ​ဖေစကား၊မျိုးချစ်​​သောက်​ပိန်းစကား၊
ဘိုးဘွားစကား ဆိုပြီးယူသုံးတဲ့အ​လေ့အထမရှိဘူး။
တိုက်​ဆိုင်​စစ်​​ဆေးပြီးမှသုံးတယ်​။ဘာလို့ဆို​တော့ 
ပေါက်​လွတ်​ပဲစား​ပြောတာမြန်​မာနိုင်​ငံလူထုကြီး
တစ်​ခုလုံးရဲ့ စရိုက်​ဖြစ်​​နေလို့ပဲ။

ဆက်ပါဦးမည်။

https://m.facebook.com/story.php?story_fbid=168387420970131&id=100033966230641

0 ယောက်မှတ်ချက်ပြုခဲ့သည် to “History of Modern Burma....11”

Post a Comment

Related Posts Plugin for WordPress, Blogger...