Sunday, December 29, 2019

ကာကွယ်ရေးဦးစီးချုပ် အခုနှုတ်ထွက်ပါ

,
တပ်မတော်ရဲ့ လက်ရှိအခြေအနေက
Standard Army တည်ဆောက်နေတယ်သာ
ကာချုပ်ကပြောနေတယ်။
တပ်ထဲမှာရှိတဲ့ စစ်သားတွေက ထွက်ချင်နေကြတယ်၊
လေဖြတ်နေတဲ့ စစ်သားအဘိုးကြီးတွေတောင်
ရှေ့တန်းလိုက်နေရပြီး ...
အရှင်ထွက်မရ အသေထွက်ပဲရမယ်...တဲ့။

သေသွားတဲ့ နေရာတွေအတွက် အစားထိုးစရာ
တိုင်းပြည်ချစ်စိတ် လူမျိုးချစ်စိတ်နဲ့ ဝင်လာမယ့်
တပ်သားသစ်က မရှိတော့ဘူး။

သာမန်စစ်ပွဲတွေကို မုန်းတီးရွံရှာနေကြတဲ့
ပြည်သူတွေအနေနဲ့ တပ်ထဲကို စစ်သားအဖြစ်နဲ့
ဝင်ဖို့ မဆိုထားနဲ့၊ တပ်မတော်ကို ထောက်ခံပါတယ်လို့
ထောက်ခံပွဲရှိတိုင်း ရှေ့ဆုံးက ရောက်နေကျ
၁၀၉ ၊ ၁၁၀ အလုပ်အကိုင်မရှိ နေ့စားမျိုးချစ်တွေကအစ
တပ်သားသစ်အတွက် ငွေ ၇ သိန်း ဆန်တစ်အိတ်၊
ဆီတစ်ပုံး ပေးခေါ်နေတာတောင် ဝင်မယ့်သူမရှိ။

ဒီတော့ ...
တပ်ရဲ့ အင်အားပြတ်လာတဲ့ အခြေအနေကို
နားလည်တဲ့ ကာချုပ်က ဗိုလ်လောင်းသင်တန်းဆင်းပွဲ
မိန့်ခွန်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက်
ယောကျာ်း၊ မိန်းမတိုင်း ထမ်းဆောင်ရမယ့်
သမိုင်းပေးတာဝန်လို့ ထည့်သွင်းပြောကြားသွားတယ်။

နိုင်ငံတော် ကာကွယ်ရေး ဆိုတာကို ပြန်တွေးကြည့်တော့
ပြည်တွင်းရန်လား...?
ပြည်ပရန်ကနေ ကာကွယ်ရမှာလား...?
ပြည်သူ့ဘက်က မေးစရာ ရှိလာပြီ။

ပြည်တွင်းရန်က ကာကွယ်ဖို့ ဆိုပြန်တော့
နှစ် ၆၀ ကျော် တိုက်လာတဲ့ ပြည်တွင်းစစ်မှာ
ဘယ် သူပုန်ကိုမှ အမြစ်မပြတ်နိုင်ပဲ
အောက်ခြေစစ်သားတွေသာ အသက်တွေ
သိန်းသောင်းချီပြီး သေကျေပျက်စီး ခဲ့ရပြီးပြီ။

နှစ်ဖက်စစ်ခေါင်းဆောင်တွေသာ ထားစရာမရှိအောင်
ကြီးပွားချမ်းသာနေကြပြီး စစ်ဗိုလ်ချုပ်တွေရဲ့
သားသမီးတွေက အခွင့်ထူးခံနေရပေမယ့်
မုဆိုးမ စစ်သားမယားတွေ၊ စစ်သား သမီးတွေ
လိုင်းခန်းက နှင်ချ၊ ဖာဖြစ်၊ လမ်းဘေးရောက် ဘဝပျက်ပြီး အောက်ခြေမှာ မရေမတွက်နိုင်အောင် ဘဝတွေ ပျက်နေကြရပြီ။

စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစု အသိုင်းအဝိုင်းသာ
တစ်နေ့တခြား ထားစရာမရှိအောင် ချမ်းသာပြီး၊
အောက်ခြေမှာ စစ်သားတွေရဲ့ အသက်တွေ ဘဝတွေ
စတေးပြီး ကာကွယ်နေရတဲ့ ပြည်တွင်းစစ်ကြီးက
နောက်ထပ် ဘယ်နှစ်နှစ် ဆက်ဖြစ်နေဦးမှာလဲ ....?
ဘယ်တော့မှ မပြီးဆုံးတဲ့ ပြည်တွင်းစစ်အတွက်
နောက်ထပ် ဘယ်လောက်များတဲ့ စစ်သားတွေနဲ့
သူတို့မိသားစု ဘဝတွေ စတေးခံနေရဦးမှာလဲ။

ပြည်ပစစ်လား ....?
ပြည်တွင်းစစ်တောင် နိုင်အောင်မတိုက်နိုင်သူတွေက
ပြည်ပရန် ကာကွယ်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားနဲ့။
ဓါတ်ခဲလို တပ်မျိုးတောင် တိုင်ပတ်နေတဲ့ ကာကွယ်ရေး
အဆင့်နဲ့ ပြည်ပရန် ကာကွယ်ဖို့ အိမ်မက်တောင် မမက်ကြနဲ့။

ယောင်္ကျား မိန်းမတိုင်း တိုင်းပြည်ကာကွယ်ဖို့
စစ်ထဲဝင်စေချင်လား၊ လွယ်ပါတယ်။
အသက် ၂၀ ပြည့်ပြီး နိုင်ငံသားတိုင်း (၁) နှစ်တိတိ
စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်လိုက် ...

ပြည်သူတွေလက်ထဲ လက်နက်ထည့်ပေးလိုက်တဲ့နေ့၊
တစ်နိုင်ငံလုံး သေနတ်ဘယ်လိုပစ်ရတယ်ဆိုတာ
နားလည်သွားတဲ့နေ့၊ တိုင်းပြည်မှာ စစ်ပွဲတွေနဲ့
လုပ်စားနေတဲ့ စစ်အာဏာရှင်တွေအတွက်
နေဝင်ရမယ့် နေ့ပါပဲ။

https://m.facebook.com/story.php?story_fbid=579666779523233&id=100024397491012

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကာကွယ်ရေးဦးစီးချုပ် အခုနှုတ်ထွက်ပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...