Thursday, January 2, 2020

ဖွတ်ကြံ

,
အမျိုးသမီးဦးရေ သိသိသာသာ ပိုများလာခြင်းကြောင့် အမျိုးဂုဏ် ဇာတိဂုဏ်အရေးကြီးလာကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုးပြောကြား
---                  ---               ---

အမျိုးသမီးဦးရေသိသိသာသာ ပိုများလာခြင်းကြောင့် အမျိုးဂုဏ်ဇာတိဂုဏ် အရေးကြီးလာကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး ဦးသန်းထွန်းက ပြောကြားလိုက်သည်။

ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် တိုက် နယ် ငါးခုမှဒေသခံအမျိုးသမီး ၆ဝဝ ခန့် ပါတီသို့ဝင်ရောက်ခဲ့မှု စုပေါင်းပါတီဝင်အဆိုပြုလွှာပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုးဦးသန်းထွန်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 ပြည်ခိုင်ဖြိုးပါတီသို့ အမျိုး သမီးအင်အား ဝင်ရောက်လာမှု အပေါ် များစွာကြိုဆိုဂုဏ်ပြု ကြောင်းနှင့်အမျိုးသမီးများ၏အခန်း ကဏ္ဍအနေဖြင့် များစွာပါဝင် ကြောင်း၊ ယနေ့မြန်မာ့လူဦးရေ အချိုးအစားမှာ အမျိုးသားထက် အမျိုးသမီးဦးရေက ပို၍များနေ သည်။ ရုံး၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ လမ်း၊ ဘတ်စ်ကားအား လုံးသောနေရာတွင် အမျိုးသမီးဦး ရေက သိသိသာသာပိုများနေ ကြောင်း၊ ထို့ကြောင့်လည်းအမျိုး ဂုဏ်ဇာတိဂုဏ်က ပိုအရေးကြီးလာ သည်။ နိုင်ငံခြားသားဖြူနီကြောင် ကျားများလည်း စီးပွားရေး၊ လူမှု ရေး၊ယဉ်ကျေးမှုစသောအကြောင်း အရာစုံဖြင့် ဝင်ထွက်သွားလာနေရာ ဇာတိပုည၊ ဂုဏ်မာန အထူးလို အပ်ကြောင်း ပါတီ ဗဟိုအတွင်းရေးမှုး ဦးသန်းထွန်းကပြောကြားခဲ့သည်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီးကလည်း ပါတီဝင်အမျိုး သမီးထုနှင့် တွေ့ဆုံပွဲများတွင် အမျိုး သမီးများဘဝလုံခြုံရေးနှင့်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ အား ပေးဆောင်ရွက်သွားရေး၊ ပါတီနှင့် နိုင်ငံတော်အတွက် အမျိုးသမီးများ ၏အခန်းကဏ္ဍအရေးကြီးမှုကိုအလေး အနက်လမ်းညွှန်ထားကြောင်းနှင့် အမျိုးသမီးများအနေဖြင့် မိုးစွန် တမွတ်ကြယ်ကိုဆွတ်ဖို့ အခွင့်အ ရေးမြန်မာအမျိုးသမီးများ၏အခန်း ကဏ္ဍသည် လွန်စွာအရေးကြီး ကြောင်း  ဦးသန်းထွန်းကပြောကြားခဲ့သည်။

The Ladies News

#Unicode
အမျိုးသမီးဦးရေသိသိသာသာပိုများလာခြင်းကြောင့် အမျိုးဂုဏ်ဇာတိဂုဏ် အရေးကြီးလာကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုးပြောကြား
---                ---                 ---

အမျိုးသမီးဦးရေသိသိသာသာပိုများလာခြင်းကြောင့် အမျိုးဂုဏ်ဇာတိဂုဏ် အရေးကြီးလာကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး ဦးသန်းထွန်းက ပြောကြားလိုက်သည်။

ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် တိုက် နယ် ငါးခုမှဒေသခံအမျိုးသမီး ၆ဝဝ ခန့် ပါတီသို့ဝင်ရောက်ခဲ့မှု စုပေါင်းပါတီဝင်အဆိုပြုလွှာပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုးဦးသန်းထွန်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 ပြည်ခိုင်ဖြိုးပါတီသို့ အမျိုး သမီးအင်အား ဝင်ရောက်လာမှု အပေါ် များစွာကြိုဆိုဂုဏ်ပြု ကြောင်းနှင့်အမျိုးသမီးများ၏အခန်း ကဏ္ဍအနေဖြင့် များစွာပါဝင် ကြောင်း၊ ယနေ့မြန်မာ့လူဦးရေ အချိုးအစားမှာ အမျိုးသားထက် အမျိုးသမီးဦးရေက ပို၍များနေ သည်။ ရုံး၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ လမ်း၊ ဘတ်စ်ကားအား လုံးသောနေရာတွင် အမျိုးသမီးဦး ရေက သိသိသာသာပိုများနေ ကြောင်း၊ ထို့ကြောင့်လည်းအမျိုး ဂုဏ်ဇာတိဂုဏ်က ပိုအရေးကြီးလာ သည်။ နိုင်ငံခြားသားဖြူနီကြောင် ကျားများလည်း စီးပွားရေး၊ လူမှု ရေး၊ယဉ်ကျေးမှုစသောအကြောင်း အရာစုံဖြင့် ဝင်ထွက်သွားလာနေရာ ဇာတိပုည၊ ဂုဏ်မာန အထူးလို အပ်ကြောင်း ပါတီ ဗဟိုအတွင်းရေးမှုး ဦးသန်းထွန်းကပြောကြားခဲ့သည်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီးကလည်း ပါတီဝင်အမျိုး သမီးထုနှင့်တွေ့ဆုံပွဲများတွင် အမျိုး သမီးများဘဝလုံခြုံရေးနှင့်အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ အား ပေးဆောင်ရွက်သွားရေး၊ ပါတီနှင့် နိုင်ငံတော်အတွက် အမျိုးသမီးများ ၏အခန်းကဏ္ဍအရေးကြီးမှုကိုအလေး အနက်လမ်းညွှန်ထားကြောင်းနှင့် အမျိုးသမီးများအနေဖြင့် မိုးစွန် တမွတ်ကြယ်ကိုဆွတ်ဖို့ အခွင့်အ ရေးမြန်မာအမျိုးသမီးများ၏အခန်း ကဏ္ဍသည် လွန်စွာအရေးကြီး ကြောင်း  ဦးသန်းထွန်းကပြောကြားခဲ့သည်။

The Ladies News

https://www.facebook.com/178829095625401/posts/1378692058972426/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖွတ်ကြံ”

Post a Comment

Related Posts Plugin for WordPress, Blogger...