Sunday, December 8, 2019

ဒဲ့​ရေးတဲ့_စာ ... #ဖတ်​ရဲကြသူများအတွက်​ပါ ...

,
လူအစုလိုက်အပြုံလိုက်သတ်တာဟာ နိုင်ငံတော်အကျိုးစီးပွားလား။
လူအစုလိုက်အပြုံလိုက်သတ်တာကို ပျော်ပျော်ပါးပါး အားပေးထောက်ခံကာကွယ်တာဟာ နိုင်ငံအကျိုးစီးပွားလား။
အစုလိုက်အပြုံလိုက်လူသတ်မှုကို အလိုတူအလိုပါ ရပ်တည်ကာကွယ်တာဟာ နိုင်ငံသားတာဝန်တဲ့လား။
.
.
မြန်မာတပ်ဟာ ပြည်မက ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကိုလည်း ရက်ရက်စက်စက် ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်။
လက်ရှိအချိန်မှာလည်း ကျေးလက်နေတိုင်းရင်းသားတွေကိုလည်း ရမ်းရမ်းကားကား ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပစ်သတ်နေတဲ့စစ်တပ်။
၈၈၈၈နဲ့ ၂၀၀၇အဖြစ်အပျက်တွေဟာ ပြည်မမှာတောင် လူအစုလိုက်အပြုံလိုက် ရိုက်နှက်ပစ်ခတ်သတ်ဖြတ်တဲ့ သက်သေတွေပဲ။
ပြည်တွင်းစစ်သတင်းတွေဟာ တိုင်းရင်းသားတွေအပေါ် အစုလိုက်အပြုံလိုက် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တဲ့ သက်သေတွေပဲ။
.
.
ပြည်မကလူတွေနဲ့ တိုင်းရင်းသားတွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့စစ်တပ်ဟာ နယ်စပ်ဒေသက ခိုးဝင်လို့ သူတို့ ယူဆတဲ့သူတွေအပေါ် ဘယ်လောက်အထိ ကြမ်းကြမ်းတမ်းတမ်း ဆိုးဆိုးရွားရွား ပစ်သတ်ကြလိမ့်မယ်ဆိုတာ အထောက်အထားတောင် မလိုဘူး။

မြန်မာစစ်တပ်ဟာ ဂျီနိုဆိုက်ကို တကယ်ကျူးလွန်ခဲ့တယ်။
.
.
နယ်စပ်က ခိုးဝင်တယ်လို့ သူတို့ ယူဆတဲ့သူတွေအပေါ်မှာလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို အဲဒီကာလတွေမှာ လူမဆန်စွာ ကျူးလွန်ခဲ့တယ်။
တိုင်းရင်းသားတွေအပေါ်မှာလည်း လက်ရှိအချိန်မှာကို war crimes တွေ အဆက်မပြတ် ကျူးလွန်နေဆဲ။
ပြည်မသားတွေအပေါ်မှာလည်း နောင်ဘယ်အချိန်မှာ ထပ်မံ ဖမ်းဆီးရိုက်နှက်ပစ်ခတ်ဦးမယ် မသိရသေး။
.
.
ကောင်းပါတယ်။ အားပေးကြပါ။
ပြည်မထဲနေတဲ့ ခင်ဗျားတို့ကို နောက်တခါ ဖမ်းဆီးရိုက်နှက်ပစ်သတ်တဲ့အထိ မြန်မာစစ်တပ်ရဲ့ လူသတ်မှုတွေကို ဖုံးဖိကာကွယ်ပေးကြပါ။ အဲဒီအချိန်အထိ မြန်မာစစ်တပ်နဲ့အတူတူ ရပ်တည်ကြပါ။
.
.
ခင်ဗျားတို့ သမိုင်းတွင်မှာပါ။ ခင်ဗျားတို့ သမိုင်းဝင်မှာပါ။
လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သူတွေကို တနိုင်ငံလုံး ရပ်တည်ကာကွယ်ပေးကြတဲ့ (လူသတ်မှု ကြံရာပါ) သမိုင်းဝင်လူမျိုးကြီးတခုအနေနဲ့ ကမ္ဗည်းတင်ကျန်မှာပါ။
.
.
https://m.facebook.com/story.php?story_fbid=1183380668521671&id=100005492472548


https://m.facebook.com/story.php?story_fbid=2424875647724529&id=100006063519423

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒဲ့​ရေးတဲ့_စာ ... #ဖတ်​ရဲကြသူများအတွက်​ပါ ...”

Post a Comment

Related Posts Plugin for WordPress, Blogger...