Sunday, January 12, 2020

ကုလားမ၀င်ရရွာအတွင်း မိတ်ဆွေလိုက်ပို့သူ မွတ်စလင်မ်တစ်ဦးကို ဥပဒေပဒဏ်ကြေးတပ်

,
ဇန်န၀ါရီ ၁၂၊ ၂၀၁၇

ကရင်ပြည်နယ်ဘားအံ့၊ကော့စိန်ဘန်အောက်ကျေးရွာအုပ်စုရှိကော့သင်္ခရွာမှ အစ္စလာမ်ဘာသာဝင်တစ်ဦးကို ဘာသာခြားကုလားမ၀င်ရနယ်မြေအတွင်းဝင်ရောက်သည် ဟုဆိုကာ မူးတခွီး ကျေးရွာမျိုးဆက်သစ်အဖွဲ့ ဥက္ကဌနှင့် နောက်လိုက်များက ဖမ်းဆီးကာကျပ်ငွေတစ်သိန်းကို ဥပဒေပတောင်းခံမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။

“မွတ်စလင်မ်တွေသူတို့ရွာကို ၀င်လို့မရဘူး၊ဖြတ်လို့မရဘူး ဆိုင်းဘုတ်ချိတ်ထားတယ်  အဲဒါကြောင့်ဒဏ်ငွေရိုက်တာလို့ ကျော်ပဲကပြောတယ်”ဟု ကိုယ်တွေ့ကြုံခဲ့သူ ဦးကျော်မင်းက Myanmar Muslim Media သို့ပြောသည်။

အစ္စလာမ်ဘာသာဝင် ဦးကျော်မင်း(ခ)မာရီမိုး သည် ရွာသစ်ရွာတွင်ကြက်ဝယ်နေစဉ် မူးတခွီးရွာမှ သူငယ်ချင်းဖြစ်သူ ကပ်ပလီဆိုသူက အကူအညီတောင်းသဖြင့် “ဘာသာခြားကုလားမ၀င်ရ” ဆိုင်းဘုတ် စိုက်ထူထားသည့် မူးတခွီးရွာသို့ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူကို ပို့ဆောင်အပြီး အပြန်တွင် မူးတခွီးမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဌ ကျော်ပဲနှင့်အပေါင်းအပါ ၆ ဦးက မိမိအား ဟန့်တားဖမ်းဆီးပြီး ကျပ်ငွေတစ်သိန်းတောင်းခံရာတွင် ငွေကျပ်တစ်သိန်းမပါသဖြင့် စီးလာသည့်ဆိုင်ကယ် သိမ်းယူခံရမှု တစ်ရပ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဦးကျော်မင်းကပြောသည်။

“ဒဏ်ငွေရိုက်တဲ့အပြင်ဆိုင်ကယ်ကိုလည်းဖျက်ဆီးထားတော့ စိတ်မကောင်းဘူးပေါ့။ ဒဏ်ကြေးတောင် မိတ်ဆွေတွေဆီက ချေးပြီးသွားဆောင်ထားရတာ”ဟု ဦးကျော်မင်းကပြောသည်။

ငွေကျပ်တစ်သိန်းဖြင့်ဒဏ်ငွေဆောင်ရန် သတ်မှတ်ခံရမှုအပေါ် ငွေကြေးမတတ်နိုင်သဖြင့် မူးတခွီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းယုံထံ အကူအညီတောင်းသော်လည်း အကူအညီမရသည့်အပြင် ဆိုင်ကယ်ရွေးရန် ကူညီလုပ်ဆောင်ပေးခ ကျပ်တစ်သောင်းခွဲ ထပ်မံပေးခဲ့ရကြောင်းလည်း ဦးကျော်မင်းကပြောသည်။

မူးတခွီးရွာတွင် ၉ ၆၉  လှုပ်ရှားမှု၏ အနှစ်သာရများဖြစ်သည့် အစ္စလာမ်ဘာသာဝင်များအား စီးပွားရေး၊လူမှုရေးတွင်အဆက်ဖြတ်ရန် အဓိကထားလှုံ့ဆော်ထားသည့်အချက် ၅ ချက်ပါ ကြေညာချက်တစ်ရပ်ကိုဒေသခံ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအချို့ဦးဆောင်ကာ ကော့စိန်ဘန်အောက် ကျေးရွာအုပ်ချုပ်ရေးမှုးအပါအ၀င်ပုဂ္ဂိုလ် ၇ ဦးက ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။

မူးတခွီးကျေးရွာတွင် ဘာသာခြားကုလားများ လုံးဝ မ၀င်ရဟု ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် စာရွက်ဖြန့်ဝေခြင်းတို့ အတွက် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု  ပြည်နယ် သာသာနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ယမန်နှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောကြားထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာဆောင်ရွက်မှုမရှိသောကြောင့် အထက်ပါ ဖြစ်စဉ်ဖြစ်ပွားခြင်းဖြစ်သည်။

ဓာတ်ပုံ။    ။ဒဏ်ကြေးဆောင်ခဲ့ရသူ ဦးကျော်မင်း၊
                 မျိုးဆက်သစ်လူငယ်အဖွဲ့ထုတ်ပြန်ထားသည့်       
                  ဥပဒေပကြေညာချက်။

Credit-Myanmar Muslim Media

https://www.facebook.com/100026107853984/posts/439778566902401/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကုလားမ၀င်ရရွာအတွင်း မိတ်ဆွေလိုက်ပို့သူ မွတ်စလင်မ်တစ်ဦးကို ဥပဒေပဒဏ်ကြေးတပ်”

Post a Comment

Related Posts Plugin for WordPress, Blogger...