Tuesday, January 21, 2020
သောက်ပြောကြီးခဲ့တဲ့  ပြသနာ
,
၁။ အစိုးရသစ် ရင်ဆိုင်နေရတဲ့  အကြီးမားဆုံးပြသနာဟာ ငြိမ်းချမ်းရေး ကိစ္စ မဟုတ်သလို တိုင်းပြည်စီးပွားရေး ကျဆင်းလာတာလဲ မဟုတ် ။ ရခိုင်အရေးမဟုတ်သလို မြစ်ဆုံတို့  လက်ပန်းတောင်းတို့ လဲ မဟုတ်။
တကယ့်တကယ် အစိုးရသစ် ရင်ဆိုင်နေရတဲ့ ပြသနာအစစ်အမှန်ဟာ အရင်က သောက်ပြောကြီးခဲ့တဲ့  ပြသနာ ၊ မစားရ ၀ခမန်း အပေါစား စည်းရုံးရေးတွေ လုပ်ခဲ့တဲ့ ပြသနာသာ ဖြစ်တယ် ။
-----------------------------------
ဒီအစိုးရမှာ ပိုကောင်းလာ နောက်အစိုးရ ဒီထက်ပိုကောင်းလာ ဒီလိုပဲ တစ်ဆင့်ချင်း သွားရမှာပဲ ။ ဘယ်အစိုးရကများ ဟတ်ချလောင်းဆိုပြီး အရာအားလုံးတန်းဖြေရှင်းနိုင်ပါ့မလဲ ။
ဒါတွေဟာ အရင်ကလဲ ကျွန်တော်တို့ တောက်လျောက်ပြောနေခဲ့ပြီးသား ။ ခင်ဗျားတို့ ကမှ လက်မခံခဲ့တာ ။
-----------------------------------------
၃။ အတိုက်အခံ အုပ်စုရဲ့ အိုင်ဒီယိုလော်ဂျီက စစ်အစိုးရက တိုင်းပြည်ဖျက်ဆီးခဲ့တယ် ။ နေ၀င်း ၊ စောမောင် ၊ သန်းရွှေ အာဏာရူးပြီး အာဏာသိမ်းခဲ့တယ် ။ တိုင်းရင်းသားတွေကို ဖိနှိပ်ထားခဲ့တယ် ။ စစ်ပွဲတွေရှိမှ စစ်တပ်က နေရာရမှာမို့  စစ်ပွဲတွေကို တာရှည်ဆွဲထားခဲ့တယ် ။
သူတို့ လို သူရဲကောင်းတွေကို စစ်အစိုးရက မတရားဖမ်းဆီးခဲ့တယ် ။ ထောင်ချခဲ့တယ် ။ စစ်ထောက်လှမ်းရေးတွေက ဘယ်လို ဘယ်ချမ်းသာ နှိပ်ကွပ်ခဲ့တယ် ။ ဟုတ်တယ်မဟုတ်လား ခင်ဗျားတို့ ဒီလိုထင်ခဲ့တာ ။
------------------------------
၎။ ၂၀၁၄ မှာ စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့တယ် ။ အဲဒီစာအုပ်ထဲမှာ ချေမှုန်းခဲ့ခြင်းမဟုတ် ရင်ဆိုင်ထိန်းချုပ်ခဲ့ခြင်းသာ ဖြစ်သည်ဆိုတဲ့  ဆောင်းပါးတစ်ပိုဒ်ပါတယ် ။
၁၉၈၈ တိုင်းပြည်ဟာ အောက်ဆုံးထိရောက်သွားခဲ့ချိန် ကုန်ကုန်ပြောရလျှင် ကားတွေမှာ ထည့်မောင်းစရာ ဓာတ်ဆီမရှိတော့လို့  မက်သနောတွေထည့်ပြီး ညှော်နံ့  တထောင်းထောင်းနဲ့  မောင်းနေရချိန် အဲဒီအချိန်ကစ စစ်အစိုးရက တာဝန်ယူပြီး တိုင်းပြည်ကို ပြန်မောင်းနှင်ခဲ့တယ် ။
ခင်ဗျားတို့ ကြိုက်တာတွေလဲ ရှိမယ် မကြိုက်တာတွေလဲ ရှိမယ် ။ သို့ သော်လည်း သူ့ ခေတ် သူ့ စနစ် သူ့ အယူအဆနဲ့  တိုင်းပြည်ကို မောင်းခဲ့တယ် ။
ခင်ဗျားတို့  သူ့ အယူအဆကို လက်ခံလား ။ လက်မခံဘူး ။ လက်မခံတော့ ဘာလုပ်လဲ မှတ်မိလား ။ အစိုးရ ပြုတ်ကျဖို့  ခင်ဗျားတို့  ကန့် လန့် တိုက်ခဲ့တာပေါ့ ။
---------------------------------------
၅။ ကန့် လန့် တိုက်နည်းတွေဟာ နည်းပေါင်းစုံတယ် ။ လမ်းပေါ်တက်တယ် ဆန္ဒပြတယ် ။ လက်နက်ကိုင်တိုက်တဲ့သူက တိုက်တယ် ။ တောထဲက သူပုန်နဲ့  အဆက်အသွယ်လုပ်သူက လုပ်တယ် ။ ပြည်ပ နိုင်ငံက အဖွဲ့ တွေနဲ့  ဆက်သွယ်ပြီး အဖျက်အမှောက်တွေလုပ်သူက လုပ်တယ် ။
တိုင်းပြည်ကို စီးပွားရေး ပိတ်ခိုင်းတဲ့ သူက ပိတ်ခိုင်းတယ် ။ ပြည်ပ အသံလွှင့်ဌာနတွေ ညှိပြီး အချိန်ကိုက် ၀ါဒဖြန့် တဲ့ သူတွေက ဖြန့် တယ် ။ ဟုတ်လား မဟုတ်လား ပြန်စဉ်းစားကြည့် ။ မတရားတဲ့  အမိန့် ဟူသမျှ ဖီဆန်ကြဆိုတဲ့  ဒေးဗစ်သော်ရိုးရဲ့ စကားဟာ အလတ်ကြီး ရှိပါသေး ။
ခင်ဗျားတို့  လုပ်ခဲ့ကိုင်ခဲ့ကြပုံများ နောက်ဆုံးအချိန်အထိ NCA စာချုပ်ကို အရင်စလို လက်မှတ်မထိုးသင့်ဘူးလို့ ပြောခဲ့တာ ။
-----------------------------------
၆။ ဒါဆို တပ်မတော်အစိုးရက ဘာလုပ်လဲ ။ ခင်ဗျားတို့ ကန့် လန့် တိုက်တာ  ဒီအတိုင်း ထိုင်ကြည့်နေလား ။ ဟာ ဘယ်ကြည့်မလဲ ။ သူ့ အယူအဆအတိုင်း လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးနေတဲ့ သူတွေကို ဘယ်ဒီအတိုင်း လွှတ်ထားမလဲ  ။ ပြန်သမတာပေါ့ ။ လုပ်ချင်တာ လုပ်လို့ မရအောင် ပြန်ထိန်းချုပ်တာပေါ့ ။ 
ဘယ်သူတွေက အဲဒီ ထိန်းချုပ်မှုတွေ တာဝန်ယူလုပ်လဲ ။ စစ်ထောက်လှမ်းရေးတွေက လုပ်တာပေါ့ ။ ဘယ်လောက်အတိုင်းအတာထိလုပ်လဲ ။ ဒါတော့ ခင်ဗျားတို့  မှန်းကြည့်ပေါ့ ။
အဲဒီတုန်းက ဖမ်းခံရတဲ့ အထဲက လူများစုက အခု လူကြီးတွေ ဖြစ်နေပြီပဲ ။ ကျိုးသွားတာ ဘယ်နှစ်ယောက်လဲ ကန်းသွားတာ ဘယ်နှစ်ယောက်လဲ ကိုယ်လက်အင်္ဂါ ပျက်စီးသွားတာ ဘယ်နှစ်ယောက်လဲ တစ်ရာလား နှစ်ရာလား တစ်ထောင်လား တစ်သောင်းလား ။
ပြောစမ်းပါ စစ်အစိုးရ ၂၂ နှစ်အတွင်း နိုင်ငံရေးသမား ဘယ်နှစ်ယောက် ဖမ်းခံရပြီး သေခဲ့လဲ ။ ကိုမင်းကိုနိုင်တို့  ကိုကိုကိုကြီးတို့  ကိုဇာဂနာတို့ လောက် ဖမ်းခံရသူတွေ ရှိအုန်းမလား ။ ဇာဂနာကို ထောက်လှမ်းရေးက ရိုက်လို့ သွားတွေ အတုစိုက်ရတယ်ဆို ။ အခု ဇာဂနာ့ သွားတွေ အတုလား အစစ်လား ကို ဇာဂနာ့ ဆီ သွားပြီး မျက်နှာကို သွားနဲ့  အခုတ်ခံကြည့်ပါလား ။
----------------------------------
၇။ ဒါဆို ထောက်လှမ်းရေးက လူကောင်းလား စစ်အစိုးရက ခြောက်ပြစ်ကင်း သဲလဲစင်လား ။
ဟားးး အဲလိုလဲ မဟုတ်ဘူးဗျ  ထောက်လှမ်းရေးလဲ မကောင်းတာတွေ အများကြီး ၊ မောက်မာတာတွေ အများကြီး ခိုးတာတွေ အများကြီး ၊ စစ်အစိုးရထဲက လူကြီးတစ်ချို့  လဲ ခိုးတာတွေ အများကြီး ။ ထိုနည်းတူ စစ်အစိုးရလက်ထက် စစ်အစိုးရကလုပ်တဲ့  စီမံကိန်းတွေမှာ တပျော်တစ်ပါးကြီး ခိုးကြ ၀ှက်ကြသူတွေ အများကြီး ။
သို့ သော် မူတွေ တည်ဆောက်ခဲ့တာတွေကတစ်ခြား ။ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရင်း မသမာမှုတွေ ဖြစ်ကြတာက တစ်ခြား ။ အဲဒီနှစ်ခုကို မြင်အောင်ခွဲကြည့်ဗျ ။
---------------------------------------
၈။ သောက်ပြစ်ဟာ ပြောချင်လျှင်တော့ ဘယ်လွှတ်ပါ့မလဲ ။ အခု ခင်ဗျားတို့  အတိုက်အခံတွေ အာဏာရပြီ ။ ကျွန်တော်လဲ ပြန်ပြောပြမယ် ။
(က) ခင်ဗျားတို့ တစ်ချိန်လုံး ဒီမိုကရေစီ အကြောင်း ကြွေးကြော်ခဲ့တယ် ။ အခု ခင်ဗျားတို့ ပါတီတွင်းရော ဒီမိုကရေစီ နည်းလမ်းနဲ့  အုပ်ချုပ်လား ။
(ခ) ခင်ဗျားတို့ ပါတီက အမတ်တွေ လွှတ်တော်မှာ ကိုယ်တင်ချင်တဲ့ အဆို လွတ်လွတ်လပ်လပ်တင် ၊ ဆွေးနွေးချင်သလို ဆွေးနွေးလို့ ရလား ။
(ဂ) ခင်ဗျားတို့  အတိုက်အခံတုန်းက ပိုင်ဆိုင်မှုတွေ ချပြသင့်တယ်ဆို အခု ခင်ဗျားတို့ လဲ အစိုးရဖြစ်ရော ဘာလို့  မချပြတော့လဲ ။
(ဃ) ခင်ဗျားတို့  အတိုက်အခံတုန်းက ခင်ဗျားတို့ ရော ခင်ဗျားတို့ လော်ဘီတွေရော ငြိမ်းစုစီကို တစ်ချိန်လုံး ဆဲခဲ့တာ မှတ်မိလား ။ အခု ငြိမ်းစုစီ မတင်လို့ ဖမ်းခံနေရတဲ့  သူတွေ အများကြီးပဲ ။ ခင်ဗျားတို့ ဘာလို့ အဲဒီ ဥပဒေ မဖျက်လဲ ။
(င) ခင်ဗျားတို့ အတိုက်အခံတွေ အရင်က ဦးနေ၀င်းသားတွေ ဦးသန်းရွှေ မြေးတွေ ရစရာမရှိအောင် ဆဲခဲ့တယ် ။ ခရိုနီတွေ ခရိုနက်တွေ ပြဲလန်နေအောင် တုပ်ခဲ့တယ် ။ အခု အစိုးရဖြစ်တော့ ဆဲကြသေးလား ။ လက်တွဲပြီး ဟီးဟီးဟားဟား လုပ်နေလား ။
(စ) ခင်ဗျားတို့ အရင်က ပြောတော့ သတင်းစာ လွတ်လပ်ခွင့်တို့  မိမိအယူအဆကို လွတ်လပ်စွာ ပြောရမယ်တို့  လွတ်လပ်စွာဆန္ဒပြခွင့် ရှိတယ်ဆို ။ ရန်ကုန် ဆန္ဒပြတော့ ဖမ်းတာပဲ မဟုတ်လား ။ မန်းလေး သပိတ်စခန်း ကစ်တာပဲ မဟုတ်လား ။ ရခိုင်ကိစ္စ တန်းတရားစွဲတာပဲ မဟုတ်လား ။
(ဆ) ခင်ဗျားတို့ လော်ဘီတွေ ပြောတော့ ခင်ဗျားတို့ တက်လျှင် ပြည်ပအလုပ်သမားတွေ ဘယ်လိုဘယ်ဝါ ဂုဏ်မြင့်လာမှာ အနှိမ်မခံရတော့ဘူးဆို ။ အခု ဘယ်လိုရှိလဲ ဂုဏ်တွေ မြင့်လာပြီလား ။
(ဇ) ခင်ဗျားတို့ ဝန်းရံသူတွေ ပြောတော့ ခင်ဗျားတို့  တက်လျှင် နိုင်ငံတကာကို ရောက်နေတဲ့  ပညာရှင်တွေ အကုန် ပြန်လာကြမှာဆို အခု ပြန်လာကြပြီလား ။
(ဈ) ခင်ဗျားတို့ ဆီမှာ လူတော်တွေ အများကြီးရှိတယ်ဆို အစိုးရဖြစ်တာနဲ့  တန်းအစွမ်းပြမှာဆို ပြောခဲ့တာတွေ မှတ်မိလား လော်ခဲ့တာတွေ သတိရလား ။ အခု အစွမ်းပြနေကြပြီလား ။
(ည) အရင်အစိုးရက ၀န်ကြီးဌာနတွေ အများကြီးထား ဒုဝန်ကြီးတွေခန့် ပြီး ပြည်သူ့ ဘဏ္ဍာတွေ ဖြုန်းနေတာဆို ။ ခင်ဗျားတို့ တက်လျှင် ဒုဝန်ကြီးတွေ မခန့် တော့ဘူးဆို ။ အခု ဘာလို့ ပြန်ခန့် လဲ ။ ခင်ဗျားတို့ မရှက်ဘူးလား ။
---------------------------------
၉။ အထက်မှာ မေးတဲ့  မေးခွန်းတွေဟာ လက်တန်းချရေးလိုက်တာ ။ အချိန်ယူ စဉ်းစားလျှင် ဒီထက်ဆယ်ဆလောက် ထွက်သေး ။ ထားပါတော့ အဲဒီဟာတွေကို ခင်ဗျားတို့  မလုပ်နိုင်တာ အပြစ်တင်နေတယ် ထင်လို့ လား ။
မဟုတ်ဘူးဗျ ။ မတင်ဘူး ။ ဒါတွေက ဘယ်သူတက်တက် တန်းလုပ်လို့ မရဘူး ။ ဒီလိုပဲ တစ်ဆင့်ချင်း သွားရမှာ ။ လူတွေက ဒါကို သဘောပေါက်ပြီးသား ။
ကျွန်တော်တို့ လဲ အရင်ကတည်းက အကြိမ်ကြိမ် ရေးခဲ့ပြောခဲ့ပြီးသား ။
----------------------------------------
၁၀ ။ ခင်ဗျားတို့  ပြသနာက ဘာလဲဆိုတော့ လူပိန်းကြိုက် မဲဆွယ်ခဲ့တာ ။ သူများက တိုင်းပြည်ကို ဖျက်ခဲ့တာ ငါတို့ တက်မှ တိုင်းပြည်ကို တည်ဆောက်တော့မှာ ။ ဆီကို ရေချိုး ဆေးရိုးမီးလှုံ ၊ စပါးတောင်လိုပုံဆိုပြီး သောက်ကြွားပိုခဲ့တာ ။
ရွေးကောက်ပွဲမတိုင်မီမှာ ဒီကိစ္စတွေဟာ အနှစ် ၆၀ ပြသနာတွေ ဖြစ်ပါတယ် အနှစ်၇၀ ပြသနာတွေ ဖြစ်ပါတယ် ။ ကျွန်တော်တို့ လဲ သုံးလေးနှစ်အတွင်း မရှင်းနိုင်ပါဘူးလို့  ဘယ်သူပြောခဲ့လဲ ။ ပြောဖူးလား ။
ခင်ဗျားတို့ တက်လျှင်ပဲ တိုင်းပြည်က ရွှေခေတ် တန်းဖြစ်တော့မယောင် တော်ကီပြစ်ခဲ့တယ်လေ ။ မှတ်မိလား ။
အခု လူတွေက ပျက်ရယ်ပြုတော့မှ လှောင်တော့မှ အစိုးရဟာ မှော်ဆရာမဟုတ်ဘူးတို့  စုန်းမမဟုတ်ဘူးတို့  ငါ့စကားနွားရ လျှောက်ပြောနေတာ ။
----------------------------------------------
၁၁။ တကယ့် တကယ့် တော့ ခင်ဗျားတို့ ပြသနာဟာ မှော်ဆရာမဟုတ်တဲ့  ပြသနာ မဟုတ် ။
သောက်ပြော ကြီးခဲ့တဲ့  ပြသနာ ။
------------------------------------
Crd, YeMoe
0 ယောက်မှတ်ချက်ပြုခဲ့သည် to “သောက်ပြောကြီးခဲ့တဲ့  ပြသနာ”
Post a Comment
Related Posts Plugin for WordPress, Blogger...