Monday, January 20, 2020

လူမျိုးတုံးသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မရှိဟုဆို

,
မောင်တောဒေသတွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် မရှိဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ် မောင်တောဒေသအကြမ်းဖက်မှုတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ကို တွေ့ရ သော်လည်း လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း မရှိကြောင်း မြန်မာအစိုးရက ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုင်ငံတော်သမ္မတထံသို့ ယနေ့ (ဇန်နဝါရီ ၂၀) အစီရင်ခံစာ တင်လိုက်ပြီ ဖြစ်သည်။

နိုင်ငံတကာက ပုဂ္ဂိုလ် ဦးဆောင်သည့် အဆိုပါကော်မရှင်က နောက်ဆုံးအစီရင်ခံစာတင်သွင်းရန် နောက်ဆုံးအကြိမ်အစည်းအဝေးကို ယနေ့ နေပြည်တော်တွင် ကျင်းပပြီး ကော်မရှင်ဝင်များ လက်မှတ်ရေးထိုးကာ စာမျက်နှာ ၄၆၀ ကျော်ရှိသည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်သွင်းလိုက်ပြီဖြစ်သည်။ ယင်းအပြင် ကော်မရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

စုံစမ်းစစ်ဆေးရရှိသည့် အချက်အလက်များအရဆိုလျှင် မောင်တောဒေသအကြမ်းဖက်မှုတွင် စစ်ရာဇဝတ်မှုများ၊ ပြင်းပြင်းထန်ထန် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို ချိုးဖောက်မှုများ ရှိခဲ့သည်ကို တွေ့ရကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

ယင်းသို့ ပြင်းထန်သည့် ပြစ်မှုများကို ကျူးလွန်ရာတွင် ကျူးလွန်သူမျိုးစုံပါဝင်ခဲ့ပြီး မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင် များလည် ပါဝင်နေသည်ကို တွေ့ခဲ့ရကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်ရာတွင် စည်းရုံး ထားသည့် ကျေးရွာသား မြောက်များစွာကို အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံအသုံးပြုကာ တုံ့ပြန်ရှင်းလင်းခဲ့ပြီး ယင်းသို့ရှင်းလင်းရာတွင် အပြစ်မဲ့ကျေးရွာသားများကို သတ်ဖြတ်မှု၊ နေအိမ်များကို ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

သို့သော် သတ်ဖြတ်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတို့မှာ ကြိုတင်ကြံစဉ်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ကိုမှု မတွေ့ရကြောင်း၊ အမျိုးသားရေး၊ တိုင်းရင်းသားအရေး၊ လူမျိုးရေး၊ ဘာသာရေး အုပ်စု တစ်ခုခုကို ဖျက်ဆီးလိုသည့် အထောက်အထားလည်း မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်လိုသည့် ရည်ရွယ်ချက်မရှိသည်ကို တွေ့ရကြောင်းလည်း ကော်မရှင်က ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်များကို အစိုးရနှင့် တပ်မတော်တို့က ဆက်လက် စုံစမ်းစစ်ဆေးမည်ဟုလည်း ကော်မရှင်ထံမှ သိရသည်။

ကော်မရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းက လူအသိုင်းအဝိုင်းမျိုးစုံမှ သက်သေ ၁၅၀၀ ခန့်ကို မေးမြန်းခဲ့ပြီး ယင်းအနက် မွတ်ဆလင်၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ စစ်ဘက်နှင့် ရဲဘက်က ပုဂ္ဂိုလ်များ ပါဝင်ကြောင်း၊ မြေပြင်စုံစမ်းစစ်ဆေးရာတွင် အဆိုပါအဖြစ်အပျက်တွင် ထိခိုက်ခံစားရသူများ၏ ထုတ်ပြန်ချက်များ၊ မျက်မြင်သက်သေများအပြင် ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ ရယူခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြား ရေးဝန်ကြီးဟောင်းရိုဆာရီယိုမယ်နာလို ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အဆိုပါကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်သည် NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီများအနက် ခုနစ်ခုမြောက်ဖြစ်သည်။

#Zawgyi

မောင်တောဒေသတွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် မရှိဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ် မောင်တောဒေသအကြမ်းဖက်မှုတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ကို တွေ့ရ သော်လည်း လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း မရှိကြောင်း မြန်မာအစိုးရက ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က နိုင်ငံတော်သမ္မတထံသို့ ယနေ့ (ဇန်နဝါရီ ၂၀) အစီရင်ခံစာ တင်လိုက်ပြီ ဖြစ်သည်။

နိုင်ငံတကာက ပုဂ္ဂိုလ် ဦးဆောင်သည့် အဆိုပါကော်မရှင်က နောက်ဆုံးအစီရင်ခံစာတင်သွင်းရန် နောက်ဆုံးအကြိမ်အစည်းအဝေးကို ယနေ့ နေပြည်တော်တွင် ကျင်းပပြီး ကော်မရှင်ဝင်များ လက်မှတ်ရေးထိုးကာ စာမျက်နှာ ၄၆၀ ကျော်ရှိသည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်သွင်းလိုက်ပြီဖြစ်သည်။ ယင်းအပြင် ကော်မရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

စုံစမ်းစစ်ဆေးရရှိသည့် အချက်အလက်များအရဆိုလျှင် မောင်တောဒေသအကြမ်းဖက်မှုတွင် စစ်ရာဇဝတ်မှုများ၊ ပြင်းပြင်းထန်ထန် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို ချိုးဖောက်မှုများ ရှိခဲ့သည်ကို တွေ့ရကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

ယင်းသို့ ပြင်းထန်သည့် ပြစ်မှုများကို ကျူးလွန်ရာတွင် ကျူးလွန်သူမျိုးစုံပါဝင်ခဲ့ပြီး မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင် များလည် ပါဝင်နေသည်ကို တွေ့ခဲ့ရကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်ရာတွင် စည်းရုံး ထားသည့် ကျေးရွာသား မြောက်များစွာကို အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံအသုံးပြုကာ တုံ့ပြန်ရှင်းလင်းခဲ့ပြီး ယင်းသို့ရှင်းလင်းရာတွင် အပြစ်မဲ့ကျေးရွာသားများကို သတ်ဖြတ်မှု၊ နေအိမ်များကို ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

သို့သော် သတ်ဖြတ်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတို့မှာ ကြိုတင်ကြံစဉ်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ကိုမှု မတွေ့ရကြောင်း၊ အမျိုးသားရေး၊ တိုင်းရင်းသားအရေး၊ လူမျိုးရေး၊ ဘာသာရေး အုပ်စု တစ်ခုခုကို ဖျက်ဆီးလိုသည့် အထောက်အထားလည်း မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်လိုသည့် ရည်ရွယ်ချက်မရှိသည်ကို တွေ့ရကြောင်းလည်း ကော်မရှင်က ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်များကို အစိုးရနှင့် တပ်မတော်တို့က ဆက်လက် စုံစမ်းစစ်ဆေးမည်ဟုလည်း ကော်မရှင်ထံမှ သိရသည်။

ကော်မရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းက လူအသိုင်းအဝိုင်းမျိုးစုံမှ သက်သေ ၁၅၀၀ ခန့်ကို မေးမြန်းခဲ့ပြီး ယင်းအနက် မွတ်ဆလင်၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ စစ်ဘက်နှင့် ရဲဘက်က ပုဂ္ဂိုလ်များ ပါဝင်ကြောင်း၊ မြေပြင်စုံစမ်းစစ်ဆေးရာတွင် အဆိုပါအဖြစ်အပျက်တွင် ထိခိုက်ခံစားရသူများ၏ ထုတ်ပြန်ချက်များ၊ မျက်မြင်သက်သေများအပြင် ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ ရယူခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြား ရေးဝန်ကြီးဟောင်းရိုဆာရီယိုမယ်နာလို ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အဆိုပါကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်သည် NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖွဲ့စည်းသည့် ကော်မရှင်၊ ကော်မတီများအနက် ခုနစ်ခုမြောက်ဖြစ်သည်။

https://www.facebook.com/116494362285184/posts/544869132781036/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူမျိုးတုံးသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မရှိဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...